Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၇.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. မြန်မာအစိုးရ တိုင်းရင်းသားအရေး ဖြေရှင်းမှုအပေါ်ဥရောပသမဂ္ဂအရေးယူပိတ်ဆို့နိုင်
  2. ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတင်ဒါခေါ်ရာတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများစိတ်ဝင်စားလာ

နိုင်ငံရေးသတင်း

  1.  ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲမည်
  2. ဆက်သွယ်ရေးနှင့် သာသနာရေး ပြည်ထောင်စုဝန်ကြီးနှစ်ဦးအား ရာထူးမှနုတ်ထွက်ခွင့်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

မြန်မာအစိုးရ တိုင်းရင်းသားအရေး ဖြေရှင်းမှုအပေါ်ဥရောပသမဂ္ဂအရေးယူပိတ်ဆို့နိုင်

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် အစိုးရနှင့်တပ်မတော်၏ ကိုင်တွယ်ဖြေရှင်းမှုများအပေါ် မူတည်ကာ ဥရောပသမဂ္ဂအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ ရပ်တန့်ထားခြင်းကို ပြန်ရုပ်သိမ်းကာ လုံးဝပိတ်ဆို့မှုများ  ပြန်လည်ပြုလုပ်လာနိုင်ကြောင်းကို အင်္ဂလန်နိုင်ငံရှိ  Fpreign and Common Wealth affairs မှ ဒုဝန်ကြီး Mr Alistair Burt က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားသည်။

လာမည့်နှစ် ဧပြီလတွင် ဥရောပသမဂ္ဂ အနေဖြင့်မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ဆိုင်းငံခြင်းနှင့် လုံးဝရုတ်သိမ်းခြင်းသည် မြန်မာအစိုးရ၏ တိုင်းရင်းသားအရေးဖြေရှင်မှုကိုကြည့်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၎င်းပါလီမန်အမတ်များက မြန်မာနိုင်ငံရှိ ကချင်အရေးကို မေးမြန်းရာတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

ကချင်နှင့်ဖြစ်ပွားနေသောစစ်ပွဲများကို ရပ်စဲရန်၊ တိုက်ပွဲဖြစ်ပွားခြင်းကြောင့်တိမ်းရှောက်နေရသော ဒုက္ခသည်များကို ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများမှ ကူညီရာတွင် အတားအဆီးများမရှိဘဲ လွတ်လပ်စွာကူညီထောက်ပံ့ခွင့်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံးပြုလုပ်ရန်စသောအချက်များကို ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အဖွဲ့ဝင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတို့ဖြစ်ပွားနေသောစစ်ပွဲများအတွင်း စစ်ဘေးရှောင်တိမ်းနေသော ဒုက္ခသည်များကို ထောက်ပံ့ကူညီရာတွင် အင်္ဂလန်နိုင်ငံသည် ပေါင်သန်းပေါင်း ၃.၅ သန်းအထိ အများဆုံးထောက်ပံပေးသော အလှူရှင်နိုင်ငံ လည်းဖြစ်ကြောင်းသိရသည်။

YC

-------------------------------------------------

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတင်ဒါခေါ်ရာတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများစိတ်ဝင်စားလာ

ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများပြုပြင်ရန်နှင့် ဝန်ဆောင်မှုများပေးရာတွင် အများပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်ခွင့် တင်ဒါများကို ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာ များကိုတင်သွင်းရမည်ဖြစ်ကြောင်းကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားကြောင်းသိရသည်။

အဆိုပါတင်ဒါခေါ်ယူမှုကို မလေးရှားနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေသော Axiatia Bhd နှင့်Telekom Malaysia Bhd တို့သည် မြန်မာဆက်သွယ်ရေးလုပ်ငန်းများတွင် စိတ်ဝင်စားနေကြပြီး သက်မှတ်ရက်မတိုင်ခင် လျှောက်လွှာများကို ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

တင်ဒါခေါ်ယူရာတွင် သက်မှတ်ထားသော စည်းကမ်းချက်များဖြစ်သာ ကုမ္ပဏီ၏အတွေ့အကြုံနှင့် လုပ်ငန်းလုပ်ကိုင်မှုသက်တမ်းများ၊ ၎င်းတို့၏ ဆက်သွယ်ရေးဝန်ဆောင်မှုကို အသုံးပြုနေသောလူဦးရေ စသောအချက်များအရ ပြည်တွင်း ကုမ္ပဏီများထက် ပြည်ပကုမ္ပဏီများက လုပ်ကိုင်နိုင်သည့် အခွင့်အရေးများ ပိုမိုရရှိနေကြောင်းကို ယခုလက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်ပူးပေါင်းထားသော ကုမ္ပဏီတစ်ခုမှတာဝန်ရှိသူတစ်ဦးမှပြောသည်။

မြန်မာနိုင်ငံတွင်ယခုလက်ရှိ ဆက်သွယ်ရေးနှင့်ဆိုင်သော ဝန်ဆောင်မှုများ ပေးနေသော Myanmar Telecom ကုမ္ပဏီနှင့် Yatanarpon Telecom ကုမ္ပဏီ တို့နှင့်အပြိုင်သီးခြားကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေးဆိုင်ရာဥပဒေများဖြင့် ယှဉ်ပြိုင်လုပ်ကိုင်စေမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်မိုဘိုင်းဖုန်း သုံးစွဲသူများသည်တစ်နိုင်ငံလုံးတွင်ရှိသောလူဦးရေ၏ တစ်ဆယ် ရာခိုင်နှုန်းအောင်သာ ရှိကြောင်းကို HTC Mobile Phone ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ပီတာချူကသုံးသပ်ပြောကြားသည်။

YC 

***********************************************************************

နိုင်ငံရေးသတင်း

 ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲမည်

ယခင်ရှိနေသော ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေကို မြန်မာ့စက်မှုလုပ်ငန်းဥပဒေအဖြစ် ခေတ်ကာလနှင့်အညီ ပြောင်းလဲပြင်ဆင်ရေးဆွဲမည် ဖြစ်ကြောင်းကို အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဗဟိုဌာန ဒုတိယညွှန်ကြားရေးမှုး ဒေါ်အေးအေးဝင်းက ပြောကြားကြောင်း သိရသည်။

အဆိုပါဥပဒေကို စက်မှုဝန်ကြီးဌာနမှဦးဆောင်ကာ ပြည်ထောင်စုမြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများနှင့် ပြင်ပမှညာရှင်များအပါအဝင် ခေတ်ကာလနှင့် ညီညွတ်မှုရှိအောင် ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုရေးဆွဲသော ဥပဒေတွင်စက်မှုလုပ်ငန်းများအတွက်သာ သီးသန့်ရေးဆွဲထားခြင်းဖြစ်ပြီး စက်မှုဝန်ကြီးဌာနမှ ရေးဆွဲလျှက်ရှိသော အသေးစားနှင့် အလတ်စားဖွံ့ဖြိုးမှု ဥပဒေ SMEs နှင့်တူညီမှုမရှိကြောင်း၊ SMEs တွင် ကုန်သွယ်ရောင်းဝယ်မှုများပါ ပါဝင်ကာ ယခုဥပဒေသည် စက်မှုလုပ်ငန်းကြီးများပါအကြုံးဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေသည် ၁၉၉၀ ခုနှစ်ကထွက်ရှိခဲ့ကာ ယခုအခါတွင်အဆိုပါဥပဒေကို မြန်မာ့စက်မှု လုပ်ငန်းဥပဒေအဖြစ် ပြန်လည်ပြင်ဆင် ရေးဆွဲခြင်းဖြစ်သည်။

YC

-----------------------------------------------------

ဆက်သွယ်ရေးနှင့် သာသနာရေး ပြည်ထောင်စုဝန်ကြီးနှစ်ဦးအား ရာထူးမှနုတ်ထွက်ခွင့်ပြု

ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်တို့ကို နိုင်ငံတော်သမ္မတအနေဖြင့် ၎င်းတို့၏သဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၂/၂၀၁၃) ဖြင့်နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်းသိရသည်။

ဦးသိန်းထွန်းသည် ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှုး ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ကာ နောက်ပိုင်းတွင် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဖြစ်လာသူဖြစ်သည်။

သူရဦးမြင့်မောင်မှာ ယခင်တပ်မတော်အစိုးရ လက်ထက်တွင် သာသနာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ကာ ယခု အစိုးရသစ်လက်ထက်တွင်လည်း သာသနာရေးဝန်ကြီးအဖြစ်ပြန်လည်ခန့်အပ်ခြင်းခံရသူဖြစ်သည်။

အဆိုပါပြည်ထောင်စုဝန်ကြီးနှစ်ဦးသည် ယခုအစိုးရသစ်လက်ထက်တွင် မိမိတို့သဘောဆန္ဒအလျောက် ပထမဆုံး ရာထူးမှနှုတ်ထွက်သော ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်ကြောင်းသိရသည်။

 YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတစ်ဦးစီက ကြားရတယ်။ အခု ကာကွယ်ရေးအသုံးစရိတ်က တိုင်းပြည် အသုံးစရိတ်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်း လို့သိရတယ်။ ဂျီဒီပီရဲ့ ၅ ပုံ ၁ပုံ ဖြစ်နေတယ်။ မနှစ်က ၁၅၊၁၆ ရာခိုင်နှုန်း ပဲရှိတယ်။ အဓိက တိုက်ပွဲဖြစ်နေတာ မြင်တွေ့ရတယ်။ ရာခိုင်နှုန်းတွေကလည်း တက်လာတယ်။ ဖွဲ့စည်းပုံ ဥပဒေမှာ တပ်မတော်ပိုင်းကလွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိပေမယ့် ပြည်သူ့ငွေဖြစ်တဲ့အတွက် သုံးမဲ့သူရော၊ ခွင့်ပြု မယ့်လွှတ်တော်ကိုယ်စားလှယ်မှာတွေရော လက်လွတ်စပယ်သုံး လို့မရပါဘူး။”

(ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၁) အမှတ် (၁၇) တွင်ပါရှိသော “စစ်တပ်အသုံးစရိတ်ဘတ်ဂျက်၏ ၅ ပုံ ၁ ပုံတောင်းခံမှု လွှတ်တော်ကိုယ်စားလှယ်များဝေဖန်” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်)

----------------------------------------------------------------------------------------

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ပွဲဦးထွက်ကတော့သိပ်မလှဘူး။ ပွဲဦးထွက်ကဘာလဲဆိုရင် နှစ်ဖက်ပြဿနာကို ဖြေရှင်းဖို့ရာ ပြောတာကို တစ်ဖက်ကတော့ ကျွန်တော်တို့ လိုချင်တာက လက်ပံတောင်းတောင် မပျောက်ရေးကို လိုချင်ကြတာပါ။ အဲဒါကို ကျွန်တော်တို့ ပြောနေ လုပ်နေတုန်း ကော်မရှင်က ဝင်ပြီးတော့ ထင်သာမြင်သာရှိအောင်ဆိုပြီး ကြေးနီစီမံကိန်း လုပ်လက်စအတိုင်း ဆက်လုပ်ပါဆိုတော့ ဟောဗျာ ကျွန်တော်တို့ဆန္ဒနဲ့က တခြားစီ ဖြစ်သွားတယ်။ ပွဲဦးထွက်မလှတဲ့သဘောမျိုး လိုဖြစ်နေတယ်။ ဒါက ကျွန်တော့အမြင်ပါ။ နှစ်ဦးနှစ်ဖက် မျှမျှတတလုပ်တယ်ဆိုရင် တော်သေးတာပေါ့”

(ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Unity Journal အတွဲ (၂) အမှတ် (၃) တွင် ပါရှိသော “လက်ပံတောင်းတောင် မပျောက်ပျက်ရေး အများ၏ လိုလားချက်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် အလေးထားစေလို” သတင်းမှ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီနာယက ဦးထွန်းရှိန် (စာရေးဆရာ-ဓနထွန်း) ၏ပြောကြားချက် အားကောက်နှုတ်ချက်)

----------------------------------------------------------------------------------------

“ပစ်တဲ့လူလာရင်တော့  ကိုယ့်ဘက်ကလည်း ပစ်ရမှာပေါ့။ ပစ်တဲ့လူမလာရင် ဘယ်သူလာပစ်မှာလဲ။ အခု တပ်မတွေအားလုံးက ကချင်ကို ရောက်နေတာ လေ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုရင် စစ်အင်အားတွေ ရုပ်သိမ်းဖို့လိုတယ်။ အခုလောက် အပြင်းအထန်တိုက်နေရင် ဆွေးနွေးပွဲဖြစ်မှာ မဟုတ်ဘူး”

(ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Unity Journal အတွဲ (၂) အမှတ် (၃) တွင် ပါရှိသော “ကချင်ငြိမ်းချမ်းရေး ကိစ္စနည်းပညာသုံး ဆွေးနွေးရေး ထက် အပစ်အခတ်ရပ်ဖို့က ပိုအရေးကြီးသည်ဟု ဒေါ်ဒွဲဘူ ပြောကြား” သတင်းမှ ပြာ်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက် အားကောက်နှုတ်ချက်)

*********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment