Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၇.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. တရုတ်ကမြန်မာကိုလက်လွှတ်ဆုံးရှုံးရပြီလော

(16 Jan 2013 ရက်စွဲပါ Foreign Policy မှ Yun Sun ရေးသားသော Has China Lost Myanmar? ကို ဘာသာပြန်ပါသည်)

  1. ၂၀၁၃ လန်ကာဝီ ရေကြောင်းနှင့် လေကြောင်းပြပွဲတွင် မြန်မာရေတပ်သဘောင်္ပါဝင်ဆင်နွှဲတော့မည်

(New Straits Times မှ 17 Jan 2013 ရက်စွဲပါ “Myanmar Naval ship to take part in Lima 2013” သတင်းကို ဘာသာပြန်ပါသည်)

  1. မော်စကိုက မြန်မာနိုင်ငံတွင် တံခါးဖွင့်ချင်

(UPI News မှ 16 Jan 2013 ရက်စွဲပါ “Moscow wants open doors in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

*************************************************************************************

ဘာသာပြန်သတင်းများ

တရုတ်ကမြန်မာကိုလက်လွှတ်ဆုံးရှုံးရပြီလော

(16 Jan 2013 ရက်စွဲပါ Foreign Policy မှ Yun Sun ရေးသားသော Has China Lost Myanmar? ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနျစ် သမ္မတဦးသိန်းစိန် တက်လာပြီး လျှင်မြန်သောပြောင်းလဲမှုများ ပြုလုပ်လာ ကတည်းက တရုတ်အတွက် ပြဿနာ ဖြစ်လာခဲ့ပါသည်။ တရုတ်သည် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင် အိမ်နီးချင်းနှင့် အေးချမ်းသော ဆက်ဆံရေးရှိခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတနှင့် နိုင်ငံခြားရေးမူဝါဒတွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်လုနီးပါးရှိခဲ့ပါသည်။ယခုအခါ မြန်မာနိုင်ငံသည် စနစ်တကျမရှိသေးသော ဒီမိုကရေစီ ဖော်ဆောင်လာနေပါသည်။ ၎င်း၏ ပြည်သူများသည် စစ်အစိုးရအပေါ်ထောက်ပံ့ကူညီခဲ့ခြင်းနှင့် တိုင်းပြည်အပေါ် စီးပွားရေးအရ ခေါင်းပုံဖြတ်ခဲ့ခြင်းကြောင့် တရုတ်အပေါ်မကျေနပ် ဖြစ်လျှက်ရှိပါသည်။ မြန်မာနိုင်ငံသည် ဒေသတွင်းတွင် လုံခြုံရေးအရ ခြိမ်းခြောက်နေပါသေးသည်။ တရုတ်နယ်စပ်တွင် မြန်မာအစိုးရနှင့် သူပုန်အုပ်စုများတိုက်ပွဲ ဖြစ်နေခြင်းကြောင့် ဇန်နဝါရီလအစောပိုင်းတွင် တရုတ်ကနယ်စပ်သို့ တပ်များ စေလွှတ်ခဲ့ရပါသည်။ အခြေအနေယခုထက်ဆိုးလာပါက တရုတ်နယ်ထဲသို့ ကျွံ့ထွက်လာနိုင်သော ကြောင့်ဖြစ်ပါသည်။

တရုတ်သည် မြန်မာနိုင်ငံအပေါ် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရမည့် မဟာဗျူဟာစင်္ကြတစ်ခုအဖြစ် ဆက်လက်မတွက်ဆနိုင်တော့ပေ။ အာဆီယံမှ သစ္စာရှိ ထောက်ခံသူတစ်ဦးအဖြစ်လည်း မတွက်ဆနိုင်တော့ပေ။ နေပြည်တော်သည် ဝါရှင်တန်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာရာ၊ Beijing သည် အမေရိကန်၏ အာရှတွင် ပြန်လည်ချိန်ခွင်လျှာညှိရန် ကြိုးပမ်းမှုအပေါ် စိုးရိမ်ပူပန်လာရပြီ ဖြစ်ပါသည်။ အရာရာသည်Beijing အတွက် ပိုမိုဆိုးရွားလာနေပါသည်။ တရုတ်နှင့် မြန်မာစစ်တပ် ဥိးပိုင်ကုမ္ပဏီတို့ ဖက်စပ်ပြုလုပ်သောမုံရွာကြေးနီ စီမံကိန်းတွင် ရွာသားများနှင့် ဘုန်းတော်ကြီးများသည် လအတန်ကြာ ဆန္ဒပြခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ်က သမ္မတဦးသိန်းစိန်သည် တရုတ်တို့ဆောက်လုပ်နေသော ဒေါ်လာ (၃.၆) ဘီလီယံတန် မြစ်ဆုံရေလှောင်တမံစီမံကိန်းကို ပြည်သူလူထုဆန္ဒအရဆိုကာ ရပ်ဆိုင်းခဲ့ပါသည်။ မုံရွာတွင် ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံရှိ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ အန္တရာယ်ရှိနေကြောင်း စိုးရီမ်မှုတိုးပွားလာရ ပါသည်။

Beijing အနေဖြင့် နေပြည်တော်က ၎င်း၏အကျိုးစီးပွားများကို ထိခိုက်အောင် လုပ်ဆောင်လာမှုအား ကာကွယ်ရန်စွမ်းရည်အနည်းငယ်သာရှိ သည်ကိုတွေ့ရပါသည်။ အစိုးရ သုံးသပ်သူများနှင့် အရှေ့တောင်အာရှ ကျွမ်းကျင်သူများ အပါအဝင် တရုတ်နိုင်ငံခြားရေးမူဝါဒ အသိုင်းအဝိုင်း၏ ကြီးမားသောအစိတ်အပိုင်းက မြန်မာနိုင်ငံတွင် သြဇာဆက်လက်လွှမ်းမိုးနိုင်ရန် ၎င်း၏မိတ်ဆွေဟောင်းများထံ ပြန်လည်ဦးလှည့်သင့်ကြောင်း ငြင်းချက် ထုတ်ကြပါသည်။ မိတ်ဆွေဟောင်းများဆိုသည်မှာ နေပြည်တော်နှင့် စစ်ပွဲလေးများဖြစ်နေသော နယ်စပ်မှ တိုင်းရင်းသားအုပ်စုများ ဖြစ်ပါသည်။  ယူနန် Police Collage မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Liang Jinyun သြဇာရှိသော ၂၀၁၁ ခုနှစ်အစီအရင်ခံစာတွင် အဆိုပါ တိုင်းရင်းသားအုပ်စုများကို ကောင်းစွာအသုံးပြုနိုင်ပါက မြန်မာနိုင်ငံ၌ အမေရိကန်နှင့် တရုတ်တို့ ထိပ်တိုက်တွေ့ဆုံမှုတွင် ရှေ့တန်းမှ သစ္စာရှိ မိတ်ဆွေများဖြစ်လာနိုင်ပါသည်။

တရုတ်သည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော ‘ဝ’ နှင့် ‘ကချင်’ တို့ဖြင့် နီးကပ်သော ဆက်ဆံရေးကို အချိန်အတော်ကြာကပင် ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ ဆက်ဆံရေး အကောင်းဆုံးမှာ ၁၉၆၀ ခုနှစ်များက ဖြစ်ရာတရုတ်က ဗမာကွန်မြူနစ်ပါတီကို ‘ဝ’ ရော ကချင်ရော၊ တရုတ်အမျိုးသားများရောပါဝင်ခဲ့ပြီး ဗဟိုအစိုးရကို တစိတ်တပိုင်းအောင်မြင်သည်ဟု ပြောနိုင်သည့် ဆန့်ကျင်မှုများ ပြုနိုင်ခဲ့ပါသည်။ Beijing သည် ရုပ်ပိုင်းဆိုင်ရာ သာမက လူအင်အားပါအကူအညီပေးခဲ့ပြီး အဆိုပါ အကူအညီများသည် ၁၉၉၀ ခုနျစ်များအစော ပိုင်းတွင် ရပ်ဆိုင်းသွားခဲ့ပါသည်။ သို့သော် ယူနန်ဒေသ အစိုးရမှာမူ နယ်စပ်တွင် စီးပွါးရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ ဘိန်းအစားထိုးစိုက်ပျိုးမှုများဖြင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့ ပါသည်။ နေပြည်တော်သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ‘ဝ’ နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရခဲ့သော်လည်း ကချင်နှင့်စစ်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပါသည်။ ဇန်နဝါရီလ (၂) ရက်နေ့တွင်မြန်မာအစိုးရက ကချင်ကို တိုက်ခိုက်ရာတွင် လေယာဉ်များအသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပါသည်။

Beijing က လူသိရှင်ကြားပြောကြားမှု အနည်းငယ်သာရှိပါသေးသည်။ တရုတ်နိုင်ငံခြားရေးဌာနက တရုတ်နှင့် မြန်မာနိုင်ငံသည် အရေးကြီးသော အိမ်နီးချင်းများ ဖြစ်ကြကြောင်း နေပြည်တော်နှင့် ဝါရှင်တန်ကြားဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုကို တရုတ်အနေဖြင့် ကြိုဆိုကြောင်း ဖော်ပြခဲ့ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင် မြန်မာနိုင်ငံအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်းအတွက် လိုချင်သောရလာဒ် မထွက်ဟု တရုတ်က ခံစားနေရပါသည်။ ထို့ကြောင့် တရုတ်အနေဖြင့် မူကွဲသော ချဉ်းကပ်မှုကို အသုံးပြုသင့်သည်ဟု နိုဝင်ဘာလက ပုဂ္ဂလိက တွေ့ဆုံပွဲတစ်ခုတွင် တရုတ်အစိုးရ ဝေဖန်သုံးသပ်သူတစ်ဦးက ပြောပါသည်။ “နယ်စပ်ကတိုင်းရင်းသားအုပ်စုတွေဟာ ကျွန်တော်တို့ရဲ့ ဖဲချပ်တွေပါ၊ တရုတ်က ဒါကိုကောင်းကောင်း ကိုင်ကစားဖို့ပဲလိုတာပါ” ဟု Beijing သြဇာရှိ တရုတ်သုံးသပ်သူတစ်ဦးက ပြောပါသည်။ ၎င်း၏ အမြင်ကို စာရေးသူနှင့် စကားပြောဖူးသူ ဝေဖန်သုံးသပ်သူ အများစုက သဘောတူကြသော်လည်း တစ်ဦးတစ်ယောက်က မျှလူသိရှင်ကြား ပြောကြားမှုမရှိသေးပေ။

အဆိုပါ သုံးသပ်သူများက တရုတ်သည် ကချင်နှင့်နေပြည်တော်ကြား ကြားဝင်ဆောင်ရွက်သင့်ကြောင်း ယုံကြည်နေကြပါသည်။ နယ်စပ်ဒေသ တွင် တည်ငြိမ်ရေးအတွက် လုပ်ဆောင်ပေးရန်နှင့် Beijing ၏သြဇာလွှမ်းမိုးမှုကို မြန်မာအားသတိပေးရမည် ဖြစ်ပါသည်။ တချိန်တည်းမှာပင် တရုတ်သည် နယ်စပ်မှ နေပြည်တော်ကို ဆန့်ကျင်နေကြသော တိုင်းရင်းသားအုပ်စုများ ကို ထောက်ခံကူညီပြီး မြန်မာအစိုးရက တိုက်ခိုက်နေမျှုား ဖြေလျှော့သွားရေး ဖိအားပေးရမည်ဟု ၎င်းတို့င ငြင်းချက် ထုတ်ပါသည်။ ထို့အပြင် နယ်စပ်တွင် သစ်၊ ကျောက်စိမ်းနှင့် အခြား သဘာဝသယံဇာတများအလွယ်တကူ စီးဆင်းနိုင်ရေး ဖိအားပေးသင့်သည်ဟု ဆိုပါသည်။ (ယိုပေါက်များစွာရှိသော နယ်စပ်တွင် မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုမှာ မရှောင်နိုင်သော ဘေးထွက်ဆိုးကျိုးဖြစ်ပါသည်) အဆိုပါသုံးသပ်သူများ၏ အဆိုအရ တိုင်းရင်းသားအုပ်စုများအပေါ် အကူအညီပေးရင်း နေပြည်တော်အပေါ်တရုတ်၏ သြဇာလွှမ်းမိုးမှု ပြန်လည်တည်ဆောက်ရန်နှင့် တရုတ်အမျိုးသားအကျိုးစီးပွားကို လေးစားရန် မြန်မာအားတိုက်တွန်း ရမည်ဟု ဆိုပါသည်။ နောက်ဆုံးတွင် ၎င်းတို့၏အမြင်တွင် မြန်မာနိုင်ငံက အနောက်၏ရင်ခွင်သို့ ပစ်၍ဝင်ချိန်တွင် တရုတ် တို့အရှုံးမရှိရေးနှင့် အရာရာအမြတ်ထွက်ရေး ဖြစ်ပါသည်။

ပုဂ္ဂလိကပြောဆိုမှုများ၊ တွေ့ဆုံမှုများတွင် နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်ဆက်နွယ်သော သုံးသပ်သူများက အဆိုပါအမြင်ကို ဆန့်ကျင်ကြပါသည်။ ၎င်းတို့က တရုတ်တို့ ၏အချိန်ကာလကြာရှည်က ရပ်တည်ခဲ့သော သူတပါးနိုင်ငံအတွင်းရေးဝင်ရောက် မစွက်ဖက်ရေးမူဝါဒကို ထောက်ပြကြပါသည်။ မြန်မာနိုင်ငံ နှင့်နှစ်နိုင်ငံဆက်ဆံရေးကောင်းစွာ ထူထောင်ထားပြီးဖြစ်ရာ တိုင်းရင်းသားများကို မြှောက်ပင့်ပေးခြင်းသည် နေပြည်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း ဆိုပါသည်။  မြန်မာရေးရာ ကျွမ်းကျင်သူ ထင်ရှားသူတစ်ဦးက မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ထိန်းမနိုင်သိမ်းမရ အရူးအမူးဖြစ်နေမှု Democracy Frenzy ဟု ခေါ်ဝေါ်ခဲ့ပြီး လက်ရှိတရုတ် အကျိုးစီးပွားထိခိုက်နေမှုများသည် တဖြည်းဖြည်းမှေးမှိန်သွားမည်ဟု ဆိုပါသည်။ နေပြည်တော်သည် Beijing ၏ ထောက်ခံမှုအတွက်ပြန်လာရမည် ဖြစ်ပါသည်။သို့မဟုတ်ပါက တိုင်းပြည်သည် ကစဥ့်ကလျား ဖြစ်သွားနိုင်ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ငြင်းချက်ထုတ်သည့်အချက်မှာ နှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့ပြီး တရုတ်သည် ယနေ့တိုင် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမျြုပ်နှံသူ ဖြစ်ဆဲဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။

တိုင်းရင်းသားအုပ်စုများဖက်တွှုမူ တရုတ်ပါဝင်ပတ်သက်လာမှုကို ကြိုဆိုကြမည် ဖြစ်ပါသည်။ ကေအိုင်အေ (KIA) အတွင်း သတင်းးများအရ တရုတ်၏ ကျောထောက်နောက်ခံမရဘဲ ယုံကြည်ဖွယ်မကောင်းသော တယူသန်မြန်မာများသည်မည်သည့်သဘောတူညီချက်မျှမရနိုင်ဟု ဆိုပါသည်။ အမေရိကန်ပြည်ထောင် စုသည် ကျေနပ်ခြင်းမရှိသည့် တိုင်းရင်းသားအုပ်စုများကို ဘေးဖယ်ထားပြီး နေပြည်တော်ကို အကူအညီပေးရန် သာ ပိုမိုအာရုံပြုပါက ကချင်နှင့် ‘ဝ’ တို့သည် တရုတ်သည်သာ ၎င်းတို့၏အားအကောင်းဆုံးမဟာမိတ်အဖြစ် မျှော်လင့်နေမည် ဖြစ်ပါသည်။ ကချင်တို့သည် ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ကိုယ်စားလှယ်အဖွဲ့အချို့ဝါရှင်တန်သို့ စေလွှတ်ခဲ့ပြီးနောက် ပြောကြားရာ၌ အမေရီကန်ပြည်ထောင်စုက ၎င်းတို့အပေါ်စိတ်ဝင်စားမှုမရှိခြင်းအတွက် ဝမ်းနည်းကြောင်းဆိုခဲ့ပါသည်။ တရုတ်ဒေသဆိုင်ရာ တာဝန်ရှီသူများ ၏အဆိုအရ ‘ဝ’ တို့သည် အမေရိကန်က၎င်းတို့အပေါ် မူးယစ်ရာဇာနှင့် လက်နက်ရောင်းဝယ်သူအဖြစ် မြင်နေစေရန် လုပ်ဆောင်နေမှုများကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။ မြန်မာနိုင်ငံသည် တရုတ်တို့နှင့် ဝေးရာခွာလာသည့် အတွက် Beijing ၏ စိုးရိမ်မှုကို နားလည်သည့်အလျှောက် ‘ကချင်’နှင့် ‘ဝ’ တို့က တရုတ်သည် ၎င်းတို့၏ နိုင်ငံရေးအရအဖြေရရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းမှုကို ထောက်ခံကူညီသင့်ကြောင်း ငြင်းချက်ထုတ်ပါသည်။ တိုကိစ္စသည် တရုတ်အတွက် ပိုမိုဆိုးဝါးစေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တိဗက်နှင့် Uyghurs တို့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုထားရာ တရုတ်က ဖိနှိပ်ထားရခြင်းကြောင့် ဖြစ်ပါသည်။ သို့သော် နိုင်ငံရေးဆိုသည် ထူးဆန်းသည့် မထင်မှတ်ထားသည့် ဆက်စပ်မှုများ လုပ်ဆောင်နိုင်သည် ဖြစ်ရာ တရုတ်ကဗဟိုအစိုးရအပေါ် ဆန့်ကျင်နေသည့် တိုင်းရင်းသားအုပ်စုများ အပေါ် ထောက်ခံကူညီမှုသည် ထူးထူးခြားခြားဖြစ်လာရန် ခဲယဉ်းနေသေးသည်ဟု ဆိုချင်ပါသည်။

-------------------------------------------------------------------------------------------------------------

၂၀၁၃ လန်ကာဝီ ရေကြောင်းနှင့် လေကြောင်းပြပွဲတွင် မြန်မာရေတပ်သဘောင်္ပါဝင်ဆင်နွှဲတော့မည်

(New Straits Times မှ 17 Jan 2013 ရက်စွဲပါ “Myanmar Naval ship to take part in Lima 2013” သတင်းကို ဘာသာပြန်ပါသည်)

၂၀၁၃ လန်ကာဝီ နိုင်ငံတကာရေကြောင်းနှင့် လေကြောင်းပြပွဲ LIMA သို့ မြန်မာနိုင်ငံက ရေတပ်သဘောင်္တစ်စင်းစေလွှတ်ပေးခြင်းသည် အာဆီယံအိမ်နီးချင်းများနှင့်ကုန်သွယ်ရေး၊ သံတမန်ရေး ဆက်ဆံမှုများတိုးမြှင့်ရန် ပွင့်လင်းလာမှုကို အကောင်းဆုံးပြသနေသည်ဟု မလေးရှားနိုင်ငံက ဆိုပါသည်။

စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဆက်တိုက်ပြုလုပ်နေသော မြန်မာနိုင်ငံ၏အစီအစဉ်ဇယား တွင် ၂၀၁၃ လန်ကာဝီ နိုင်ငံတကာ ရေကြောင်းနှင့် လေကြောင်းပြပွဲ LIMA ပါဝင်သည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး အာမက်ဇာဟစ်ဟာမီဒီ ကပြောကြားသည်။

မနေ့က ဂျာလန်ပါဒန်းတင်ဘတ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံနှုတ်ဆက်ကြစဉ် မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကရေတပ်သဘောင်္စေလွှတ်ပေးမည်ဟု အသိပေး ခဲ့ခြင်း ဖြစ်ကြောင်း ဇာဟစ်ဟာမီဒီ ကပြောကြားသည်။

မလေးရှားကာကွယ်ရေးဝန်ကြီးက ဆက်လက်၍ “ဒုတိယဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင် လာရောက်လည်ပတ်မှုဟာ ၁၉၇၅ နောက်ပိုင်း မြန်မာစစ်တပ်အကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး မလေးရှားနိုင်ငံအပြင် အာဆီယံနိုင်ငံတွေ၊ အာရှနိုင်ငံတွေနဲ့ပါ စစ်ဖက်သံတမန်ရေး တိုးမြှင့်ဖို့ အကောင်းဆုံး တာထွက်မှု တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ရေးပစ္စည်းကဏ္ဍအတွက် ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို လေ့လာ ခြေဆန့်နိုင်မယ့်ကြီးမားတဲ့ အခွင့်အလမ်းကိုပါ ပွင့်သွားစေပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဖြင့် ကူညီပံ့ပိုးပေးခဲ့ပြီး မနှစ်ကရန်ကုန်နှင့် မန္တလေးမြို့များ၌ လျှပ်စစ်ဓါတ်အား ပြတ်တောက်စဉ်ဓါတ်အားပေး ဂျင်နရေတာများ သယ်ဆောင်ရန်အတွက် မလေးရှားတော်ဝင်လေတပ်က C.130 ဟာကျူလီ ကုန်တင်လေယာဉ်ကြီးများကို စေလွှတ်ပေးခဲ့သည်ဟု ဇာဟစ်ဟာမီဒီ ကဂုဏ်ယူစွာ ပြန်လည်ပြောဆိုခဲ့သည်။

-------------------------------------------------------------------------------------------------------------------

မော်စကိုက မြန်မာနိုင်ငံတွင် တံခါးဖွင့်ချင်

(UPI News မှ 16 Jan 2013 ရက်စွဲပါ “Moscow wants open doors in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအနေအထားကြောင့် ယင်းနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု Sanctions များဆက်လက်ချမှတ်ထားစရာ အကြောင်းမရှိတော့ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်တွင်ပြောကြားလိုက်ပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာခြင်း ဖြစ်သည်။ အနာဂတ်ကာလတွင် စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုကို အကဲဖြတ်ရေးအတွက် ပူးတွဲအဖွဲ့ထူထောင်ရန်အတွက်လည်း နှစ်ဖက်သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်ခဲ့ခြင်းကြောင့် နိုင်ငံတကာ၏ ချီးကျူးသြဘာပေးမှုကို လက်ခံရရှိနေသည်။ ကရင်မလင် အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းကို အားပေးထောက်ခံလျှက်ရှိပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် တံခါးဖွင့်ထားသည်ဟု လာဗရော့ ကပြောကြားသည်။

“လက်ရှိ ပြုပြင်ပြောင်းလဲမှု အနေအထားအရ မြန်မာနိုင်ငံအပေါ် ဘယ်လို Sanctions မှ ချမှတ်စရာ အကြောင်းမရှိတော့ပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီး လာဗရော့ ကပြောကြားကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန RIA Novosti က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် အမေရိကန်တို့ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်ကို မနှစ်က လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။

ထိုသို့ မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို ခွင့်ပြုသည့် ဆုံးဖြတ်ချက်အပေါ် အထူးစိုးရိမ်ပူပန်သည်ဟု နိုင်ငံတကာလူ့အခွင့်အရေး အုပ်စုများက ကြေညာချက်ထုတ်ပြန်ထားပြီး၊ အာဏာရှင်စနစ် အမြစ်တွယ်နေဆဲ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအနေအထားကို ပိုဆိုးသွားစေနိုင်သည်ဟု ထောက်ပြပြောဆိုခဲ့ကြသည်။

ရုရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နျူကလီးယားဓါတ်အားပေးစက်ရုံများ တည်ဆောက်ရန် သဘောတူညီမှုရရှိထားပြီးဖြစ်၍ အာရှဈေးကွက် ကို မျှော်မှန်းလာခြင်း ဖြစ်သည်ဟု အကဲခတ်လေ့လာသူများက သုံးသပ်ပြောဆိုထားသည်။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment