Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၈.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲသည် ပြည်တွင်းစစ်ဖြစ်လာနိုင် ရှမ်းအဖွဲ့သုံးဖွဲမှထုတ်ပြန်
  2. ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကိုင်ရန်တင်ဒါခေါ်ယူ             

နိုင်ငံရေးသတင်း

  1. ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အိုကို ထပ်မံကမ်းလှမ်း
  2. ကချင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်ဆိုင်းရေးနှင့် ပတ်သက်သည့်အရေးကြီးအဆိုတင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲသည် ပြည်တွင်းစစ်ဖြစ်လာနိုင် ရှမ်းအဖွဲ့သုံးဖွဲမှထုတ်ပြန်

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲများသည် ငြိမ်းချမ်းလုနီးပါးဖြစ်နေသောနှစ်ပေါင်း ၆၀ ကျော်က ပြည်တွင်းစစ်ကိုပြန်လည် အသက်သွင်း သကဲ့သို့ဖြစ်နေကြောင်းကို              အဆိုပါစစ်ပွဲနှင့်ပတ်သက်ပြီး အပစ်အခက်ရပ်စဲထားသော ‘ဝ’ အထူးဒေသ ၂၊ SSPP/SSA အထူးဒေသ ၃၊ မိုင်းလားအထူးဒေသ ၄ တို့က ဇန်နဝါရီလ ၁၀ ရက်နေ့တွင်ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုများနှင့် ဖြစ်ပေါ်နေသောပြသနာများကို စစ်ရေးနည်းဖြင်ဖြေရှင်းခြင်းကို ၎င်းတို့အဖွဲ့သုံးဖွဲ့အနေဖြင့် ကန်ကွက်ပါကြောင်း၊ ပြည်တွင်းစစ်ပြန်လည်ဖြစ်ပွားပါက နိုင်ငံတော်၏ ဒီမိုကရေစီလမ်းကြောင်းပ်ါသို့ သွားနေမှု သည်နောက်ကြောင်းပြန်လှည့်နိုင်ကြောင်း၊ တပ်မတော်နှင့် ကေအိုင်အေတို့အနေဖြင့်လည်း စစ်ပွဲများကိုရပ်စဲပြီး တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်စတင်သင်ကြောင်းကို ၎င်းတို့အဖွဲသုံးဖွဲ့မှ တိုက်တွန်း ကြေညာလိုက်ကြောင်း ပူးတွဲထုတ် ပြန်ခဲ့သည်။

ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော စစ်ပွဲများသည် ပြည်တွင်းစစ်ကို ပြည်လည်အသက်သွင်းသကဲ့သို့ ဖြစ်လာနိုင်ကြောင်း၊ မိမိတို့မျှော်မှန်း ထားသော တိုင်းရင်းသာလူမျိုးစုပေါင်းစုံပါဝင်သော ငြိမ်းချမ်းရေးဆိုသည်မှ ကေအိုင်အိုအဖွဲ့မပါဘဲနှင့် မဖြစ်နိုင်ကြောင်းကို အဆိုပါအဖွဲ့သုံးဖွဲ့တွင်ပါဝင်သော SSPP/SSA မှကိုယ်စာလှယ် ဗိုလ်မှူးစိုင်းလှက ပြေကြားသည်။

ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်မှော်များနှင့်နီးသောနေရာများတွင် လက်နက်ငယ်သံများကို နာရီဝက်ခြား တစ်ခါတစ်နာရီခြားတစ်ခါ ကြားရကြောင်း ဗျူဟာကုန်းနှင့်နီးသောအထက်တန်း ကျောင်းနားတွင် သေနတ်သံများကြားသည့်အတွက် ကျောင်းသူကျောင်းသားများကိုပြန်လွှတ်ကာ ကျောင်းကိုလည်း တစ်ရက်ပိတ် လိုက်ရကြောင်းကို ဒေသခံ ကျောင်းဆရာ စိုင်းစေနော်က ပြောကြားသည်။

၁၉၉၄ ခုနှစ်တွင် အစိုးရနှင့်ငြိမ်းချမ်းရေးရယူခဲ့သော ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အိုအဖွဲ့သည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ မှစတင်ကာ တိုက်ပွဲဖြစ်ပွားမှုကြောင့်စစ်ပြေးဒုက္ခသည်များမှာ အဆမတန်များပြားလျှက်ရှိပြီး နိုင်ငံတကာအသိုင်းအဝန်းမှလည်း နှစ်ဖက်စလုံးမှစစ်ပွဲများ အမြန်ဆုံးရပ် ဆိုင်းရန်တိုက်တွန်း ထားသည်။

YC

---------------------------------------------------------------------------------------

ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကိုင်ရန်တင်ဒါခေါ်ယူ

စွမ်းအင်ဝန်ကြီးဌာနမှလုပ်ကိုင်နေသော ရေနံနှင့်သဘာဝဓာတ်ငွေ့ကုန်းတွင် လုပ်ကွက် ၁၈ ခုကို ပြည်တွင်းမှ လုပ်ငန်းရှင်များနှင့် ပြည်ပ လုပ်ငန်းရှင်များအကျိုးတူ ပူပေါင်းလုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းလုပ်ခွင့်တင်ဒါများကို  ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တွင် တင်ဒါခေါ်ယူထားကြောင်းကို စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

တင်ဒါခေါ်ယူထားသော ကုန်းတွင်းလုပ်ကွက် ၁၈ကွက်မှာ ဇီးဖြူတောင်၊ အင်းတော၊ တောင်ငူ၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဖြူ၊ ပုသိမ်၊ ကျောက်ကြီး၊ သဲကုန်း၊ မရမ်း၊ အုန်းတွဲ၊ တပ်မ၊ ပြည်၊ ထန်းတပင်၊ မြန်အောင်၊ ရွှေပြည်သာ၊ ပိတောက်ပင်နှင့် မြင်သာတို့ဖြစ်ပြီးကြောင်းသိရသည်။

တင်ဒါတင်သွင်းလိုကြသောပြည်တွင်း နိုင်ငံတကာမှကုမ္ပဏီများအနေဖြင့်  စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် ၆ သို့ ထုတ်ပြန် ကြေညာထားသော  ဇန်နဝါရီလ ၁၇ ရက်နေ့မှစတင်ကာနှစ်လ အတွင်းတင်သွင်းရမည် ဖြစ်ကြောင်းသိရသည်။

အစိုးရဌာနတစ်ချို့၏ တင်ဒါခေါ်ယူရာတွင် စီမံကိန်းကြီးများကိုတစ်ပတ်အတွင်း၊ တစ်လအတွင်းစသော သက်မှတ်ချက်များရှိသည့်အတွက် ပြင်ဆင်ချိန်လုံလောက်မှုမရှိသည့်အတွက် မမှန်မကန် တင်သွင်းခြင်းများရှိကြောင်း အဆိုပါ တင်သွင်းမှုများကိုလည်း လက်ခံဆောင်ရွက်နေကြောင်းကို စီးပွားရေးနယ်ပယ်များမှ လုပ်ငန်းရှင်များက ပြောကြားသည်။

ဆက်သွယ်ရေးကဏ္ဍတွင်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်း လိုင်စင် နှစ်ခုကို တင်ဒါစိစစ်ရေး ကော်မတီအနေဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လျောက်လွှာများကို ခေါ်ယူခဲ့သည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အိုကို ထပ်မံကမ်းလှမ်း

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့အနေဖြင့်  ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေတို့အကြား တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဇန်နဝါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်းကို  ပြည်တွင်းငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောကြားကြောင်းသိရသည်။

ကေအိုင်အိုအား ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်လည်အကြောင်းပြန်ခြင်းများမရှိသည့်အတွက် ယခုကဲ့သို့ ထပ်မံကမ်းလှမ်း ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ကေအိုင်အိုမှ တာဝန်ရှိသူများအနေဖြင့် မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေပါက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လက်ခံဖို့ဆိုတာမဖြစ်နိုင်သေးကြောင်းကို ကေအိုင်အိုမှငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်းဂွန်ဂျာက ပြောကြားသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အနေဖြင့်လည်း ဇန်နဝါရီလ နောင်ဆုံးပတ်တွင် ကချင်အရေးကိစ္စများကို ဆွေးနွေးရန်အတွက် နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော်သမ္မတအပါအဝင် လွှတ်တော်ဥက္ကဌများနှင့်ပါ သွားရောက်တွေ့ဆုံရန်တင်ပြထားကြောင်းသိရသည်။

နိုင်ငံတော်သမ္မတအနေဖြင့်လည်း ပြည်ထာင်စုလွှတ်တော်သို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ပေးပို့ထားသော နှစ်သစ်ကူးသဝဏ်လွှာတွင် နိုင်ငံရေးဆွေးနွေးပွဲများကို အပစ်အခက်ရပ်စဲထားသောအဖွဲ့များသာမက ကချင်တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း ချန်လှပ်မထားဘဲ ၎င်းတို့ပါဝင်လာနိုင်အောင် မိမိတို့အနေဖြင့် တံခါးဖွင့်ထားပါကြောင်းဖော်ပြထားသည်။

YC

---------------------------------------------------------------

ကချင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်ဆိုင်းရေးနှင့် ပတ်သက်သည့်အရေးကြီးအဆိုတင်

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ပွားလျက်ရှိသော စစ်ပွဲများနှင့်ပတ်သက်ပြီး အမြန်ဆုံးရပ်ဆိုင်းနိုင်ရန်အတွက် အရးကြီးအဆိုတစ်ရပ်ကို  ယခုလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်ဒွဲဘူမှအရေးကြီးအိုတစ်ရပ်ကို တင်သွင်းခဲ့ကြောင်းသိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသောစစ်ပွဲများကို အစိုးရသာမက ကေအိုင်အို/ ကေအိုင်အေအဖွဲ့ကပါ အပစ်အခက်ရပ်စဲပြီး တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်း၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံးစတင် ဆောင်ရွက်ကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှအတည်ပြုရေးအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း တိုင်းပြည်အတွက်အရးတကြီးလိုအပ်သည့် အဆိုဖြစ်နေခြင်း၊ ဆွေးနွေးမှုများ ပြုလုပ်နေမည့် အစား လွှတ်တော်၏ဆုံးဖြတ်ချက်ကို ရယူသွားမည်ဖြစ်ကြောင်း အဆိုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စာလှယ်များ၏ အဆုံးအဖြတ်ကိုရယူရာတွင်ကိုယ်စာလှယ်အားလုံးက ထောက်ခံသဖြင့် ဒေါ်ဒွဲဘူ တင်သွင်းသည့်အဆိုသည် ပြည်သူ့လွှတ်တော်မှလက်ခံ အတည်ပြုခဲ့သည်။

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြည်ထောင်စုအစိုးရအပေါ် ယုံကြည်မှုလည်းရှိတယ်။ ယုံကြည်မှုရှိလို့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင် တာ ဖြစ် တယ်။ အပစ်အခတ်ရပ်စဲရေးလုပ်တာ ယုံကြည်မှု ပထမခြေလှမ်းပဲလေ။ အဲဒီက နေ တစ် ဆင့် ကျွန်တော်တို့ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးလို့ရပြီ၊ ပဋိပက္ခကို ဒီနည်းနဲ့ပြေလည်မယ်လို့ ကျွန်တော်တို့ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ယုံကြည်ထားတယ်”

(ဇန်နဝါရီ ၁၈ရက်ထုတ် နေပြည်တော်တိုင်းမ်ဂျာနယ် အတွဲ(၂) အမှတ်(၆)တွင် ပါရှိသည့် စစ်ပွဲများက ငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းများကို ထိခိုက်စေဟု မန်းငြိမ်းမောင်သုံးသပ်သတင်းမှ ဦးမန်းငြိမ်းမောင်၏ ပြောကြား ချက် အပေါ် ကောက်နှုတ်ချက်။)

----------------------------------------------------------------------------------

“နစ်နာချက်ကို တိုင်ကြားတဲ့ အခါမှာ အထောက်အထားနဲ့ အချက်အလက်အပြည့်အစုံပေးရမယ်၊ ဥပဒေပညာရှင်တွေက မှန်မှန်ကန်ကန် လမ်းကြောင်းပေးမှာဖြစ်တယ်။ ရှေ့နေက တိုင်စာရေး မပေးရဘူး။ လိုင်စင်အသိမ်းခံရမယ်ဆိုတဲ့အယူအဆကို ကျွန်တော်တော်လက်မခံချင်ဘူး။”

(ဇန်နဝါရီ ၁၈ရက်ထုတ် မော်ဒန်ဂျာနယ် အမှတ်(၃၄၂)တွင် ပါရှိသည့် လယ်ယာမြေနစ်နာမှု မဏ္ဍိုင်ဥပဒေ အကယ် ဒမီ အဖွဲ့ ဆောင်ရွက်ပေးမည်သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်း၏ ပြောကြား ချက် အပေါ် ကောက်နှုတ်ချက်။)

----------------------------------------------------------------------------------

“ခရိုနီတွေရဲ့လှူဒါန်းမှုတွေဟာ ကျွန်မတို့ပြည်သူလူထု၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နှင့် ကျွန်မတို့ တိုင်းပြည်ရဲ့ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များအတွက် အကျိုးရှိရင် ခရိုနီတွေ NLD ဒါမှမဟုတ် အခြားအဖွဲ့အစည်းများအား ချဉ်းကပ်တာက်ု ကျွန်မဘယ်လိုမှ သဘောမထားဘူး”

(ဇန်နဝါရီ၁၈ရက်ထုတ် News Watch ဂျာနယ်အတွဲ(၇) အမှတ်(၈၁)တွင်ပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခရိုနီများသတင်းဆောင်းပါးမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။)

*********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment