Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၈.၁.၂ဝ၁၃

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်ပြည်၏ ကြားဝင်စွက်ဖက်မှုမပြုရေးမူဝါဒကို ကချင်စစ်မက်ပဋိပက္ခ သွေးတိုးစမ်း

(VOA News မှ 16 Jan 2013 ရက်စွဲပါ Burma Conflict Tests China’s Policy of Non-Interference ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

တရုတ်ပြည်၏ ကြားဝင်စွက်ဖက်မှုမပြုရေးမူဝါဒကို ကချင်စစ်မက်ပဋိပက္ခ သွေးတိုးစမ်း

(VOA News မှ 16 Jan 2013 ရက်စွဲပါ Burma Conflict Tests China’s Policy of Non-Interference ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်း ကေအိုင်အေနှင့် အစိုးရ စစ်တပ်အကြား ပစ်ခတ်တိုက်ခိုက်မှုများမှာ တစ်စထက်တစ်စ ပြင်းထန်လာသလို ကြောက်မက်ဖွယ်ရာလည်းကောင်းလာသည်။

အဆိုပါ ကြမ်းတမ်းသည့် စစ်မက်ပဋိပက္ခကြီးမှာ အိမ်နီးချင်းတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တဖြည်းဖြည်းချင်း ကူးစက်ပြန့်နှံ့မည့် အနေအထား သို့ရောက်ရှိလာရာ သမ္မတဦးသိန်းစိန် အစိုးရအတွက် အရေးကြီးသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ရုံသာမက  တရုတ်အစိုးရအတွက်လည်း စိုးရိမ်သောက တိုးပွားစေသည့် ပြဿနာတစ်ရပ်ဖြစ်လာသည်။

ကချင်သူပုန်များက မြန်မာစစ်တပ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တရုတ်ပြည်နှင့် နီးကပ်နေသည့် လိုင်ဇာမြို့သို့ မော်တာကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား သုံးဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိသွားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း လိုင်ဇာနှင့် တရုတ်ပြည် Nabang မြို့များတွင် နေထိုင်သော ကချင်တိုင်းရင်းသားများက နယ်စပ်ဂိတ်သို့စုဝေးရောက်ရှိလာကာ လက်ရှိဖြစ်ပေါ်နေသာ စစ်မက်အား ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံဘက်အခြမ်းတွင် ရပ်နေသော ကချင်များက လက်ကိုင်ပိုစတာများကိုင်ဆောင်ထားကြပြီး တရုတ်နိုင်ငံဘက်အခြမ်းတွင် ရပ်နေသော ကချင်များက လက်ချင်းချိတ်ကာ တိတ်တဆိတ်ဆန္ဒပြကြသည်။

ကချင်သူပုန်များနှင့် မြန်မာအစိုးရသည် လွန်ခဲ့သည့် ၁၈ လ မတိုင်မီကာလအထိ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထိန်းသိမ်းနိုင်ခဲ့သည်။ လတ်တလော ရက်သတ္တပတ်များတွင်မူ မြန်မာအစိုးရစစ်တပ်က ကချင်ပြည်နယ်ထဲသို့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်တိုက်ခိုက်လာကြသည်။ လိုင်ဇာမှာမူ စစ်မက်ဇုန်တစ်ခုသဖွယ်အသွင်ပြောင်းသွားသည်။

အရှေ့တောင်အာရှဆိုင်ရာလေ့လာရေးအင်စတီကျုမှ လုံခြုံရေးဆိုင်ရာလေ့လာဆန်းစစ်သူ Ian Storey က “ကချင်ပြည်နယ်တွင်း စစ်မက်များက တရုတ်နယ်စပ်ဒေသသို့ နီးစပ်လာသောကြောင့် တရုတ်အစိုးရက လွန်စွာစိုးရိမ်သောကဖြစ်နေသည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်ကြောင်း” ပြောကြားသည်။

“အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသမှာ ပဋိပက္ခဖြစ်တာတို့၊ မတည်မငြိမ်ဖြစ်တာတို့ စတာတွေကို တရုတ်နိုင်ငံက မဖြစ်စေချင်ဘူး။ အကြောင်းအရင်းတစ်ခုကတော့ ပဋိပက္ခတွေကြောင့် ယူနန်ပြည်နယ်ထဲကို ဒုက္ခသည်တွေဝင်ရောက်လာမယ့်အရေးကိစ္စပါ။ မြန်မာပြည်မှာ ဒီလိုဖြစ်ရပ်တွေကြောင့် ဒုက္ခသည်တွေ တခြားနိုင်ငံထဲဝင်ပြေးကြရတာမျိုး ကျွန်တော်တို့တွေ မြင်တွေ့ဖူးပါတယ်။ နောက်ပြီးတော့ နယ်စပ်ဒေသ မြန်မာနိုင်ငံပိုင်နက်ထဲမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေလည်းရှိနေပါတယ်” ဟု ၎င်းကပြောကြားသည်။

တရုတ်နိုင်ငံသည် ၎င်း၏ “အခြားနိုင်ငံများအရေးကိစ္စ ဝင်ရောက်စွက်ဖက်မှုမပြုရေး” ဟူသောမူဝါဒနှင့်ပတ်သက်၍ ကာလကြာရှည်စွာ ကိုယ့်ကိုယ်ကို ဂုဏ်ယူခဲ့သည်။ အခြားသော တရုတ်နိုင်ငံရေးလေ့လာဆန်းစစ်သူများက အဆိုပါ မူဝါဒသည် ယေဘုယျအားဖြင့် ကောင်းမွန်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အရေးကိစ္စမျိုးက တရုတ်ပြည်အပေါ် ထိခိုက်နစ်နာမှုမျိုးဖြစ်လာနိုင်သည်ဟု ထောက်ပြကြသည်။

Chinese Academy of Social Sciences မှ အရှေ့တောင်အာရှမူဝါဒရေးရာ လေ့လာဆန်းစစ်သူ Du Jifen က အကယ်၍ တရုတ်နိုင်ငံက ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်မှုမပြုလုပ်ပါက ကချင်စစ်မက်ပဋိပက္ခ ဆိုးရွားလာဖွယ်ရှိကြောင်း ပြောကြားသည်။

စစ်မက်ပဋိပက္ခတွင် နှစ်ဖက်စလုံးတွေ့ဆုံဆွေးနွေးနိုင်မည့် နေရာဖန်တီးပေးရေးနှင့် နှစ်ဖက်စလုံးက သဘောတူညီမှု၊ လေးစားလိုက်နာမှုရှိမည့် စေ့စပ်ညှိနှိုင်းမှုများပေါ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက တက်ကြွစွာလုပ်ကိုင်ပေးနိုင်ကြောင်း ၎င်းကပြောကြားသည်။ မြန်မာအစိုးရဘက်က တရုတ်ပြည် လေကြောင်းနှင့် မြေပိုင်နက်ဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်လာချိန်တွင် တရုတ်နိုင်ငံဘက်က ကန့်သတ်ထိန်းချုပ်မှုများကို လျှော့ပေးလာနိုင်ကြောင်းလည်း ၎င်းကပြောဆိုသည်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မြန်မာအစိုးရနှင့် ကေအိုင်အေ အကြားတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် တရုတ်အစိုးရက ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ကြားဝင်ကမ်းလှမ်းခဲ့ဖူးသည်။  သို့သော် စစ်မက်ပဋိပက္ခမှာ ပိုမိုဆိုးရွားလာသည်ဖြစ်ရာ ယင်းဆွေးနွေးပွဲကျင်းပရေးမှာလည်း ရှင်းရှင်းလင်းလင်းမရှိတော့ပေ။

Ian Storey အဆိုအရ ငြိမ်းချမ်းရေးအကျိုးဆောင်ပြုလုပ်နိုင်သည့် တရုတ်နိုင်ငံ၏ အရည်အချင်းမှာ အကန့်အသတ်များရှိနေသည်။

“အတိတ်ကာလတုန်းက တရုတ်အရာရှိတွေက ကြားဝင်ဖျန်ဖြေသူတွေအဖြစ် ပါဝင်လုပ်ကိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ သဘောတူညီချက်ရလဒ်ထွက်ဖို့လုပ်ရမှာက မြန်မာအစိုးရနဲ့ ကချင်ကေအိုင်အေတွေပဲဖြစ်ပါတယ်။ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်အောင် တရုတ်နိုင်ငံက ကြိုးစားအကူအညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ နှစ်ဖက်စလုံးကို ဘာလုပ်ရမယ်ဆိုပြီး သတ်မှတ်ပြောဆိုပေးနိုင်မှာတော့ မဟုတ်ပါဘူး” ဟု Ian Storey ကပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကမဟာမိတ်နိုင်ငံအဖြစ် ကာလကြာရှည်စွာ ရပ်တည်ခဲ့သည်။ သို့သော် လတ်တလော နှစ်များအတွင်း မြန်မာအစိုးရက နိုင်ငံတကာဆက်ဆံရေးပုံစံကို တဖြည်းဖြည်းချင်းပြောင်းလဲပစ်လျက်ရှိပြီး ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ အီးယူ အစရှိသည်တို့နှင့် ဆက်ဆံမှုများတိုးမြှင့်လာသည်။

မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒနှင့် ချဉ်းကပ်မှုများကို ထိန်းညှိလျက်ရှိရာ တရုတ်နိုင်ငံကလည်း ယင်းသို့လိုက်ပါလုပ်ဆောင်သင့် သည်ဟု Du ကပြောကြားသည်။

တရုတ်နိုင်ငံသည် ယခင်အတိတ်ကာလက မြန်မာဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အရေးတကြီးလုပ်ဆောင်ပေးခဲ့ကြောင်း၊ သို့သော် လာမည့် အနာဂတ်ကာလတွင် တရုတ်အနေဖြင့် မြန်မာနိုင်ငံမှ ပြည်နယ်အစိုးရများ၊ အစိုးရအတိုက်အခံအင်အားစုများအပါအဝင် အခြားသော အခန်းကဏ္ဍများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

မြန်မာတိုင်းရင်းသား လူနည်းစုများနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ အထူးသဖြင့် ပြည်နယ်အစိုးရအဆင့်နှင့် ဆက်ဆံရေးအားကောင်းအောင်ပြုလုပ်ခြင်း အစရှိသည်တို့ကသာ အငြင်းပွားမှုများကို ဖြေရှင်းရန် အကူအညီပေးရာရောက်မည်ဖြစ်ကြောင်း၊ သို့သော် စစ်မက်ပဋိပက္ခများ နယ်စပ်ဒေသတစ်လျှောက်ကူးစက်ပြန့်နှံ့မသွားအောင် အသေအချာလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment