Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

၁၉.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ထားဝယ်စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ရန် ဂျပန်နိုင်ငံကို ထိုင်းအစိုးရ တိုက်တွန်း

(Xinhua သတင်းဌာနမှ 18 Jan 2013 ရက်စွဲပါ Thailand urges Japan to join in Myanmar’s Dawei Projects ကို ဘာသာပြန်ဆိုသည်)

*************************************************************************************

ဘာသာပြန်သတင်းများ

ထားဝယ်စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ရန် ဂျပန်နိုင်ငံကို ထိုင်းအစိုးရ တိုက်တွန်း

(Xinhua သတင်းဌာနမှ 18 Jan 2013 ရက်စွဲပါ Thailand urges Japan to join in Myanmar’s Dawei Projects ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းကြီးတွင် ပါဝင်လက်တွဲ လုပ်ကိုင် ဆောင်ရွက် ရန်ထိုင်းနိုင်ငံက ဂျပန်နိုင်ငံကို တိုက်တွန်းပြောဆိုလိုက်ကြောင်းသိရသည်။

ဘန်ကောက်မြို့၊ အစိုးရရုံးတော်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “လက်ရှိ Italian-Thai Development Co.,Ltd က တည်ဆောက် လျက်ရှိသော ထားဝယ်စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိုင်း၊ မြန်မာတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဂျပန်ကို ဖိတ်မန္တကပြုထားကြောင်း” ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က ပြောကြားသည်။

မစ္စရင်လတ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး တက်ရောက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ဖိတ်ခေါ်ပြောဆိုခြင်းဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်သည် ထိုင်း-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုထိန်းသိမ်းရေး၊ မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသသို့ တိုးချဲ့လုပ်ကိုင်ရေး အစ ရှိသည်တို့ကို သဘောတူညီထားပြီးဖြစ်သည်။

“ထားဝယ်စီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော်သင့်ပါတယ်” ဟု ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က နိဂုံးချုပ်ပြောဆိုသည်။

မစ္စရင်လတ်ရှင်နာဝပ်နှင့် ၁ နာရီခွဲကျော်ကြာ စီးပွားရေးကိစ္စများဆွေးနွေးခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက “ထိုင်းနိုင်ငံ၏ အခြေခံ အဆောက်အဦ စီမံကိန်းများတွင် ပူးပေါင်းလုပ်ကိုင်ရန် ဂျပန်နိုင်ငံက စိတ်ဝင်စားလျက်ရှိကြောင်း” ပြောကြားသည်။

“ထိုင်းနိုင်ငံဟာ ဒေသတွင်း ဂိတ်ပေါက်တစ်ခုအဖြစ်ဆက်လက် တည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့် ဂျပန်အနေ နဲ့ထိုင်းနိုင်ငံရဲ့ အခြေခံ အဆောက်အဦစီမံကိန်းတွေကို အကူအညီပေးချင်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပြောသည်။

ထိုင်းနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ လုံခြုံရေးအရေးကိစ္စ အစရှိသည်တို့နှင့် ပတ်သက်၍ အာဆီယံတွင် ခေါင်းဆောင် နိုင်ငံဖြစ်လာနိုင်ကြောင်း မစ္စတာ ရှင်ဇိုအဘေးက ထုတ်ဖော်ပြောဆိုသည်။

ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် စီးပွားရေးအင်အားကောင်းမွန်အောင်ပြုလုပ်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး၊ လူသားအရင်းအမြစ် တိုးမြှင့်ရေး အစရှိသည်တို့အတွက် မဟာဗျူဟာ မိတ်ဖွဲ့မှုကို အခိုင်အမာ လုပ်ဆောင်သွားကြမည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံစလုံးတွင် တူညီသည့် တန်ဖိုးများနှင့် စီးပွားရေး ဆိုင်ရာ အကျိုးစီးပွားများရှိနေကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားသည်။

အာဆီယံ အသိုင်းအဝိုင်းတွင်း အခြေအနေများမှာ မဟာဗျူဟာကျစွာ ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် ထိုင်းနှင့် ဂျပန်စီးပွားရေး  ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့မြှင့်တင်ရာတွင် နှစ်နိုင်ငံ အပြန်အလှန် အဆင့်မျိုးသာမက ဒေသတွင်းအဆင့်များတွင်ပါ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသည်။

ဂျပန်-ထိုင်း စီးပွားရေးမဟာမိတ်ဖွဲ့မှုသဘောတူညီချက်အတိုင်း စီးပွားရေးအရဆက်ဆံမှုများကို နှစ်နိုင်ငံစလုံး အနေဖြင့် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

မစ္စတာ ရှင်ဇိုအဘေးသည် ဗီယက်နမ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ဆက်လက် သွားရောက်ရန်စီစဉ်ထားသည်။

ဧရာမထားဝယ်စီမံကိန်းကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ်လာမည်ဖြစ်ပြီး ရေနက်ဆိပ် ကမ်း၊ သင်္ဘောကျင်းများ၊ စက်မှုဇုန် များ၊ ရေနံဓာတုစက်ရုံများ၊ ရေနံချက်စက်ရုံများ၊ စတီးစက်ရုံများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများ၊ ထားဝယ်-ဘန်ကောက် မော်တော်ကားနှင့် ရထားလမ်းများ၊ ရေနံပိုက်လိုင်းများ ပါဝင်မည် ဖြစ်သည်။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment