Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၁.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနှင့်တရုတ်တို့၏ ဝိရောဓိဖြစ်နေသော ဆက်ဆံရေး

(18 jan 2013 ရက်စွဲပါ The Economist မှ “Myanmar and China have a conflicted friendship ကိုဘာသာပြန်ပါသည်)

  1. ထိုင်းဗိုလ်ချုပ်က ရိုဟင်ဂျာဒုက္ခသည်စခန်း ဖွင့်လှစ်ရန်ဆန့်ကျင်

(18 Jan 2013 ရက်စွဲပါ UPI မှ Thailand general against refugee camp ကို ဘာသာပြန်ပါသည်)

  1. တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စေချင်

(UPI News မှ 18 Jan 2013 ရက်စွဲပါ “China wants Northern Myanmar cease-fire” သတင်းကိုဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနှင့်တရုတ်တို့၏ ဝိရောဓိဖြစ်နေသော ဆက်ဆံရေး

(18 jan 2013 ရက်စွဲပါ The Economist မှ “Myanmar and China have a conflicted friendship ကိုဘာသာပြန်ပါသည်)

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားကချင်သူပုန်များကြား တိုက်ပွဲများအတွင်း တရုတ်နယ်မြေအတွင်းသို့ ဗုံးတစ်လုံးကျရောက်ခဲ့ကြောင်း တရုတ် အစိုးရ တာဝန်ရှိသူများက ဇန်နဝါရီလ (၁၇) ရက်နေ့က အတည်ပြု ခဲ့ပါသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ မြန်မာစစ်တပ်နှင့် ကေအိုင်အေ တို့၏စစ်ပွဲများ ပြန်လည်ဖြစ်ပွားကတည်းက တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံသည် ခြိမ်းခြောက်မှုများ ရှိလာပါသည်။ ၂၀၁၂ ခုနှစ် အတွင်းဝယ် တရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်းသို့ ဒုက္ခသည် (၁၀၀၀၀) ခန့် ဝင်ရောက် လာခဲ့ပါသည်။ တရုတ်အစိုးရသည် ဒုက္ခသည်ပြဿနာကို တရားဝင်အသိအမှတ်ပြုခြင်းမရှိပဲ၊ ဝင်ရောက်လာသူ အချို့ကို မြန်မာနိုင်ငံသို့ပြန်လည် နှင်ထုတ် ခဲ့ပါသည်။ နယ်စပ်တစ်လျှောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ လုံခြုံရေး ပြဿနာကို လျှော့ပေါ့စဉ်းစားရန်မှာ စမ်းသပ်မှုတစ်ခု ဖြစ်လာပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် တရုတ်ပိုင်နက်အတွင်း မီတာ (၅၀၀) ခန့်အထိ ဗုံးတစ်လုံးကျရောက်ခဲ့ခြင်းနှင့် ပက်သက်၍ မြန်မာအစိုးရအပေါ် ကျေနပ်မှုမရှိခြင်းနှင့် ကြီးစွာသောစိုးရီမ် ပူပန်ရမှုကို လျင်မြန်စွာဖေိာပြခဲ့ကြပါသည်။ အဆိုပါဗုံးကို မည်သူပစ်သည်ဟု အတည်မပြု နိုင် ပါ။ ဒီဇင်ဘာလကုန်ပိုင်းကလည်း ဗုံးသုံးလုံး (လက်နက်ဗုံး ဖြစ်နိုင်ပါသည်) တရုတ်နယ်ထဲသို့ ကျရောက်ခဲ့ပါသေးသည်။ ထိုကိစ္စကို အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်မှသာ နောင်အလားတူဖြစ်ရပ်မျိုး ကြိုတင်ကာကွယ်နိုင်မည်ဟု ဝန်ကြီးဌာနက ပြောပါသည်။ ယခုအခါ တရုတ်က နှစ်ဖက်တိုက်ပွဲဝင်နေသူများ အား ချက်ခြင်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ပါသည်။

ယခု အဖြစ်အပျက်များနှင့် ပတ်သက်၍ တရုတ်အစိုးရသည် ဆုံးဖြတ်ရခက်သော အခြေအနေကို ဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသည် နိုင်ငံရေးအရ ဖြေလျှော့မှုများ ပြုလုပ်နေခြင်းကြောင့်အမေရိကန်ကဲ့သို့သော အနောက်နိုင်ငံများနှင့် ပိုမိုနီးစပ် သွားခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ခြင်းကြောင့် တရုတ်၏သြဇာလွှမ်းမိုးမှုကို အားနည်းသွားစေပြီး မြန်မာနိုင်ငံမှ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ၏ အခြေအနေကို စိုးရိမ်ရမှုတိုးပွါးစေပါသည်။ တရုတ်၏ မြန်မာအစိုးရနှင့်၎င်း၊ မြန်မာစစ်တပ်နှင့်၎င်း ဆက်ဆံရေးမှာ အားကောင်းနေဆဲ ဖြစ်ပါသည်။ သို့သော် တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံကို အနောက်နိုင်ငံများနှင့် များစွာနီးစပ်မှုကို မလိုလားပေ။ ထို့အတွက်ကြောင့် တရုတ်တို့အနေဖြင့်၎င်းတို့နယ်မြေ အတွင်းဗုံး                                                                                                                                                                                                                                                                       ကျ ရောက်လာမှုကို ထိထိရောက်ရောက် တုန့်ပြန်ရေးအတွက် အကန့်အသတ် ဖြစ်နေပါသည်။

မြန်မာအစိုးရသည် တိုင်ပွဲများ ရပ်ဆိုင်းသွားရေးအတွက် အနည်းငယ်သာလုပ်ဆောင်နိုင်ခဲ့ပါသည်။ အစောပိုင်းက အစိုးရ၏ တိုင်းရင်းသား သူပုန်များ  အပေါ် တိုက်ခိုက်မှုများရပ်ဆိုင်းရန် တောင်းဆိုမှုကို မြန်မာစစ်တပ်က လစ်လျူရှုခဲ့ပြီး ဖြစ်ပါသည်။ တိုင်းရင်းသားကိစ္စများတွင် စစ်တပ်အား စိန်ခေါ်ရခြင်းမှာ မြန်မာအစိုးရအတွက် အန္တရာယ်ရှိပါသည်။ စစ်တပ်မှ အာဏာရှိသော ပုဂ္ဂိုလ်များက ဦးသိန်းစိန်၏ အစိုးရသည် အမျိုးသား စည်းလုံး ညီညွတ်ရေးကို ခြိမ်းခြောက်လာသည်ဟု ရှုမြင်လာပါက စစ်တပ်သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးနှင့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွား နိုင်သည့် လုပ်ဆောင်မှုများလုပ်ဆောင်လာနိုင်ပေသည်။

-----------------------------------------------------------------------------

ထိုင်းဗိုလ်ချုပ်က ရိုဟင်ဂျာဒုက္ခသည်စခန်း ဖွင့်လှစ်ရန်ဆန့်ကျင်

(18 Jan 2013 ရက်စွဲပါ UPI မှ Thailand general against refugee camp ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်း တည်ထောင်ပေးခြင်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြာင်း ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး တစ်ဦး ကသောကြာနေ့က ပြောဆိုခဲ့ပါသည်။

ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ Thanasak Patimapakorn ကပြောကြားရာတွင် ရိုဟင်ဂျာများအတွက် ထိုင်းနိုင်ငံတွင်ဒုက္ခသည်စခန်း တည်ထောင်သင့်သလော။ ထိုင်းနိုင်ငံသည် ဒုက္ခသည်များ ကိစ္စကို အပြည့်အဝတာဝန်ယူရလိမ့်မည် ဖြစ်ကြောင်းဆိုခဲ့သည်ကို Bangkok Post ကသတင်း ရေးသားဖော်ပြခဲ့ပါသည်။

လက်ရှိအားဖြင့် ရိုဟင်ဂျာဒုက္ခသည်များသည် Songkhla ၏ Hat Yai နယ်ရှိ Thung Lung ရဲစခန်းတွင် ထိန်းသိမ်းခြင်း  ခံထားရပါသည်။

“ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒုက္ခသည်စခန်း ထူထောင်ပေးမယ်၊ မပေးဘူးဆိုတာကတော့ အစိုးရက ဆုံးဖြတ်ရမှာပါ။ လူသားချင်းစာနာမှု အရ အစပိုင်းမှာ သူတို့ကို ဥပဒေနှင့် အညီနေစရာ၊ စားစရာတွေ ပေးသင့်ပေမယ့် ရေရှည်မှ သူတို့ပြန်လည် ထွက်ခွာသွားရမှာ ဖြစ်ပါတယ်” ဟု Thanasak ကပြောပါသည်။

“နိုင်ငံခြားတိုင်းပြည်တွေက ထိုင်းနိုင်ငံကို ရိုဟင်ဂျာတွေအပေါ် အကူအညီပေးစေလိုကြပါတယ်။ ဒါပေမယ့် ထိုင်းကို ဝင်ကူညီပေးဖို့ သူတို့ မပြော ကြဘူး” ဟု ၎င်းကပြောပါသည်။

ဒုတိယဝန်ကြီးချုပ် Chalerm Yubamrung ကပြောကြားရာတွင် ရိုဟင်ဂျာ ဒုက္ခသည်များကို အခြားတိုင်းပြည်များသို့ ပို့ရမည် ဖြစ်ကြောင်း ဆိုခဲ့ပါ သည်။

“ရိုဟင်ဂျာတွေကို နှင်ထုတ်ရင် နိုင်ငံတကာအသိုင်းအဝိုင်းက ထိုင်းနိုင်ငံကို ရက်စက်တယ်လို့ မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် တချိန်တည်းမှာ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်ရပါလိမ့်မယ်” ဟု Chalerm ကပြောပါသည်။

ထိုင်းနိုင်ငံရှိ Human Rights Watch အာရှဌာနခွဲ၏ အကြီးတန်း သုတေသနပြုသူ Sunai Phasuk က အာဆီယံအနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အား ရိုဟင်ဂျာများအပေါ် နိုင်ငံသားခွင့်ပြုရေး ဖိအားပေးရန် တောင်းဆိုခဲ့ပါသည်။

-------------------------------------------------------------------

တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စေချင်

(UPI News မှ 18 Jan 2013 ရက်စွဲပါ “China wants Northern Myanmar cease-fire” သတင်းကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမြောက်ပိုင်းမှ ပဋိပက္ခတွင်ပါဝင်ပတ်သက်နေကြသော အုပ်စုအားလုံးအား အပစ်ရပ်သဘော တူညီချက် မြန်မြန်ရရှိအောင် ကြိုးပမ်း ကြရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါသည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် မြန်မာနယ်စပ်မှ တစ်မို်ငခန့်အကွာ တရုတ်ပိုင်နက်ထဲသို့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပြောကြားကြောင်း Xinhua သတင်းဌာနက ကြာသာပတေးနေ့ တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံက ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ ကြီးမားစွာစိုးရိမ်မှု၊ စိတ်အနှောင့်အယှက် ဖြစ်ရမှုတို့ကို ဖော်ပြရန် မြန်မာနိုင်ငံသို့ အရေးပေါ် အကြောင်း ကြားစာပေးပို့ထားသည်ဟု ဟောင်လီက ပြောကြားသည်။

မြန်မာနိုင်ငံဖက်မှ ပဋိပက္ခကြောင့်တရုတ်ပိုင်နက်အတွင်းသို့ လေးကြိမ်မြောက်ကျရောက်လာသော ဗုံးကြောင့် သေကြေထိခိုက်မှုတစ်စုံတရာ မရှိဟု သိရှိရသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအား၎င်းကိစ္စကို စုံစမ်းစစ်ဆေးရန်နှင့် အလားတူဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မဖြစ်အောင် အာမခံရန် တောင်းဆိုထား သည်။

ကချင်ပြည်နယ်တွင် ရင်ဆိုင်တိုက်ခိုက်နေကြသော အုပ်စုများအား ဟောင်လီက “အဆုံးစွန် စိတ်ရှည် သည်းခံကြရန်၊ စေ့စပ်ညှိနှိုင်းမှုမှ တဆင့် ဖြေရှင်းကြရန်၊ နှစ်နိုင်ငံနယ်စပ်အနီး တည်ငြိမ်မှုကို ထိန်းသိမ်းကြရန်” တိုက်တွန်းပြောကြားပါသည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အနေအထားတိုးတက်မှုတွေ နယ်စပ်နယ်မြေစိုးမိုးမှုတွေ ကို အရင်ကတည်းက အနီးကပ်စောင့်ကြည့် နေခဲ့ပါတယ်။” ဟု ဟောင်လီက ဆိုသည်။

မြန်မာနယ်စပ်မှ ပဋိပက္ခကြောင့် တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ကချင်ဒုက္ခသည်အရေအတွက်တိုးပွားလာကြောင်း တရုတ်သတင်းဌာနများက ရေးသားကြသော်လည်း အရေအတွက် ခန့်မှန်းပြောကြားခြင်းမရှိဟု New York Times က သတင်းဖော်ပြသည်။

အိုးမဲ့အိမ်မဲ့ ဖြစ်၍ ရောက်ရှိလာကြသော ဒုက္ခသည်များအတွက် သောက်ရေ သုံးရေနှင့် လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းပေးထားသော ဒုက္ခသည် စခန်းကို ယူနန်ပြည်နယ် ယင်ဂျန်းခရိုင် တာဝန်ရှိသူများက ထူထောင်ပေးထားသည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ဇွန်လ၌ ၁၇ နှစ်အကြာ အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားပြီးနောက်ပိုင်း ဒေသတွင်းနယ်မြေအများစု ထိန်းချုပ်ထား သော ကေအိုင်အေ တပ်ဖွဲ့ကို မြန်မာအစိုးရတပ်များက တိုက်ခိုက်လျက်ရှိသည်။ ပြီးခဲ့သော ဒီဇင်ဘာလလယ်တွင် မြန်မာအစိုးရတပ်ဖွဲ့များက ထိုးစစ် အသစ်စတင်ခဲ့ပြီး ကေအိုင်အေ ဌာနချုပ် လိုင်ဇာ၏ အနီးတဝိုက် စခန်းများကို သိမ်းပိုက်ရန်အတွက် လက်နက်ကြီးများ၊ ရဟတ်ယဉ်များ၊ တိုက်လေယာဉ် များ ကို အသုံးပြုခဲ့သည်ဟု အကဲခတ်လေ့လာသူများက ပြောကြားကြသည်။

ထို့နောက်တွင် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှု ရပ်ဆိုင်းကြောင်း အစိုးရတာဝန်ရှိသူများက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment