Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၆.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်ပါ စာသားအချို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကန့်ကွက်
  2. ပြည်တွင်းပဋိပက္ခများရှိသော်လည်း ယခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငါး ဘီလီယံထိခန့်မှန်း
  3.  ရည်ရွယ်ချက်တူသည့်တွက် အလုပ်သမားအရေးဆောင်ရွက်သူများ ပူးပေါင်း၍ကွန်ယက်ဖွဲ့
  4. ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြားလွတ်လပ်သည့်အဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းမည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်ပါ စာသားအချို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကန့်ကွက်

                ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ကချင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသော စစ်ပွဲများနှင့် ပက်သက်၍ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာချက်နှင့်ပတ်သက်ပြီး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ပြန်လည်ကန့်ကွက်ကြောင်းသတင်း ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာမီဒီယာများနှင့် အန်ဂျီအိုများ၏ သတင်းများ ကိုအခြေခံ၍ မြန်မာ့တပ်မတော်ကသာ ကေအိုင်အေ ဌာနချုပ် အနီးတဝိုက်တွင် ထိုးစစ် ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ၎င်းတို့အနေဖြင့် ကန့်ကွက်ကြောင်းနှင့် ကေအိုင်အို၏ အပစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် များကို မှုဖော်ပြမှုမရှိခြင်းစသည့် အချက်များကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝန်းနှင့် အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမား အနေဖြင့်ပင်မြန်မာဟု တလေးတစား ခေါ်ဆိုနေ သည့် အချိန်တွင်အမေရိကန်သံရုံ၏ ကြေညာချက်တွင် မြန်မာနိုင်ငံကို ဘားမားဟု ခေါ်ဆိုခြင်းကြောင့် အမေရိကန်သံရုံးအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှု တို့ကိုထိပါးစေမည့် လုပ်ရပ်များကို နောင်တွင်ပြုလုပ်မည်မဟုတ်ဟု မျှော်လင့်ပါကြောင်းကိုထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို လက်နက်ကိုင် တပ်ဖွဲ့များသာမက နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်းထပ်လောင်းဖော်ပြထားသည်။

နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း အပစ်အခက် ရပ်စဲမှု မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးမှုကို ပြုလုပ်သွားမည် ဖြစ် ကြောင်းကို ဇန်နဝါရီလ ၂၅ ရက် နေ့တွင်ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်သိန်းက ပြောကြားခဲ့သည်။

------------------------------------------------------

ပြည်တွင်းပဋိပက္ခများရှိသော်လည်း ယခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငါး ဘီလီယံထိခန့်မှန်း

Photo: internet

မြန်မာနိုင်ငံတွင် လူမျိုးရေးတင်းမာမှုများနှင့် တိုင်းရင်းသားပဋိပက္ခများရှိသော်လည်း ယခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည်အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိ မြင့်တက်လာနိုင်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆွစ်လန်နိုင်ငံ ဒါးဗိုစ့်မြို့တွင်ပြုလုပ်သည့် ကမ္ဘာ စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများသည် လက်တွေ့လေ့လာမှုများကို ယခင်နှစ်များကလာရောက် လေ့လာခဲ့ကြောင်း၊ ထို့ကြောင့်နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ငါး ဘီလီယံ အထိ မြင့်တက် လာမည်ဟု ခန့်မှန်းရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆက်သွယ်ရေး ကဏ္ဍတွင်လည်း သီးခြားလွတ်လပ်သည့် အော်ပရေးတာ လုပ်လိုသော ကုမ္ပဏီ နှစ်ခုနှင့် ဖက်စက် လုပ်လိုသော ကုမ္ပဏီနှစ်ခုကို ခေါ်ယူရာတွင် နိုင်ငံတကာမှ သီးခြားလွတ်လပ်သည့် အကြံပေး အဖွဲတစ်ခုကိုတာဝန် ပေးထားကြောင်းသိရသည်။

နိုင်ငံတကာနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြေလျော့မှုများ၊ စီးပွားရေး တံခါးဖွင့်ပေးမှုများကြောင့် မြန်မာနိုင်ငံတွင် ပြည်ပမှ ရင်းနှီး မြှုပ်နှံလျက်ရှိ သောလုပ်ငန်းများမှာ ဟော်တယ်နှင့်ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာလုပ်ငန်းနှင့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများတွင်ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ထိုသိုရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်ပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင် ခဲ့ ကြောင်းသိရသည်။

-----------------------------------------------------------------

 ရည်ရွယ်ချက်တူသည့်တွက် အလုပ်သမားအရေးဆောင်ရွက်သူများ ပူးပေါင်း၍ကွန်ယက်ဖွဲ့

မြန်မာနိုင်ငံတွင် အလုပ်သမားရေးရာ ကိစ္စများဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၂ ခုသည် လုပ်နည်း လုပ်ဟန်များကွဲပြားသော်လည်း အလုပ် သမားအရေးကိစ္စများ ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်များ တူညီသည့် အတွက်ကြောင့် အဖွဲ့များပူးပေါင်း၍ အလုပ်သမားကွန်ယက်ကို ယခုလအတွင်း ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

အလုပ်သမားအငြင်းပွားမှုကို တရားမျှတစွာဖြေရှင်းရေးနှင့် အလုပ်သမားအဖွဲ့အစည်းများထူထောင်ရာတွင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးရန် စသော ကိစ္စများကို တစ်ဖွဲ့ခြင်းဖြေရှင်းခြင်းထက် အဖွဲ့လိုက်စုပေါင်းဖြေရှင်းပါက ပိုမိုထိရောက်စွာဖြေရှင်း နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းကို အလုပ် သမား အရေးဆာင်ရွက်နေသူ ရှေ့နေဦးဌေး က ပြောကြားကြောင်းသိရသည်။

အလုပ်သမားများ ဖြစ်ပေါ်နေသော ပြသာနာများနှင့် ပတ်သက်၍ အလုပ်သမားများ ဆန္ဒပြခြင်းသည် လုပ်ခလစာ ငွေပြသနာသာမက နောက် ကွယ်တွင်အကြောင်းအရင်း များစွာရှိကြောင်း၊ အလုပ်သမားဆိုင်ရာ ဥပဒေများတွင် လိုအပ်ချက်များ ရှိပါက လွှတ်တော်တွင် တင်းသွင်း ဆွေးနွေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကာ ဥပဒေကို အကောင်အထည် ဖော်သူများမှ မှားယွင်းပါက သက်ဆိုင်ရာအလုပ်ရှင် အလုပ်သမားများနှင့် အလုပ်အကိုင်နှင့် လူမှုဖုံလှုံရေး ဌာနများသို့ တင်ပြပြီး မိမိတို့အဖွဲ့အနေဖြင့်အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် ပတ်သက်ပြီး ပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြာကြားသည်။

မြန်မာနိုင်ငံ အလုပ်သမားများကွန်ယက်တွင် မြန်မာနိုင်ငံသဘောင်္သားများအဖွဲ့၊ မြန်မာနိုင်ငံစက်မှုဇုန် အလုပ်သမားများသမဂ္ဂ၊ အလုပ်သမား အခွင့် အရေးကာကွယ်မြင့်တင်သူများကွန်ယက် စသည့် အလုပ်သမားဆိုင်ရာ အဖွဲ့အစည်း ၁၂ ခုမှ ပူးပေါင်းဆောင်ရွက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် လူငယ်ကွန်ယက်များမှ ကူညီပံ့ပိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

-------------------------------------------------------------

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြားလွတ်လပ်သည့်အဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းမည်

.Photo: internet

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန လက်အောက်မှနေ၍ သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ အဖြစ် ပြောင်းလည်းရန် စီစဉ်လျက်ရှိကြောင်းကို လှုမှုရေးပြုပြင် ပြောင်လည်းမှုအတွက် ရေးဆွဲထားသည့် အခြေခံဥပဒေ မှုဘောင်တွင် ဖော်ပြထားကြောင်း သိရ သည်။

ထိုသို့သီးခြားလွတ်လပ်စွာ လုပ်ကိုင်နိုင်သည့် အဖွဲ့အစည်းဖြစ်ရန် ဆောင်ရွက်လုပ်ဆောင်မှုရှိခြင်း ကြောင့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များ လုပ်ကိုင် နိုင်ရန်အတွက် လုပ်ငန်းလိုင်စင်များ လုပ်ပိုင်ခွင့်ပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းများ အဆုံးသတ်သွားမည်ဖြစ်ကြောင်း အဆိုပါမှုဘောင်တွင်ဆက် လက်ဖော်ပြထားသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၁၉၉၄ ခုနှစ်တွင် ဦးမောင်မောင်သိမ်းနှင့် ဦးတင်နိုင်သိန်းတို့က ဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် ဥက္ကဌ အဖြစ် သမ္မတရုံးဝန်ကြီးဌာန(၃)  ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီးဌာန(၅)  ပြည်ထောင်စုဝန်ကြီး  ဦးတင်နိုင်သိန်းက ဆောင်ရွက်ကာ စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များ၊ အငြိမ်းစား သံအမတ်များ၊ အသိပညာရှင် အတတ် ပညာရှင်များနှင့် NGO မှ ပုဂ္ဂိုလ်များကို နိုင်ငံတော်သမ္မတရုံး အမိန့် အမှတ် (၇၀/၂၀၁၂) အရထုတ်ပြန်ကြေညာ၍ ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။

စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲရန်အတွက် အခြေခံမှုဘောင်ကိုလည်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဝန်ကြီးဌာနအသီးသီးရှိ အဆင့် မြင့်အရာရှိများဖြင့် တိုင်ပင်ရေးဆွဲကာ နိုင်ငံတော်၏ ရေတို ရေရှည် မျှော်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးသော မှုဝါဒလမ်းညွှန်ဖြစ်ကြောင်း သိရသည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment