Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၇.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်ပြည်နယ်တွင် စစ်ပွဲရပ်အောင် ကူညီကြရန် တရုတ်နှင့် အမေရိကန်ကို ကချင်တို့တောင်းဆို

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “China,US asked to help and war in Kachin State” သတင်းကို ဘာသာပြန်ပါသည်)

  1. တယ်လီကွမ်း ကုမ္ပဏီ ၄ ခုခန့် မြန်မာကိုစိတ်ဝင်စား

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “4 Telecom Firms eye Myanmar” သတင်းကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်တွင် စစ်ပွဲရပ်အောင် ကူညီကြရန် တရုတ်နှင့် အမေရိကန်ကို ကချင်တို့တောင်းဆို

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “China,US asked to help and war in Kachin State” သတင်းကို ဘာသာပြန်ပါသည်)

Photo: internet

ပြည်ပရောက် ကချင် ၁၀၀ ခန့်သည် သောကြာနေ့က ချင်းမိုင်မြို့ရှိ တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများ သို့ချီတက်ကာ ကချင်   ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တိုက်ပွဲများ ရပ်ဆိုင်းအောင် မြန်မာ အစိုးရအား ဖိအားပေးရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ကချင်ပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား မြန်မာအစိုးရတပ် က လေကြောင်းအင်အား သုံးချေမှုန်းနေခြင်းကို ပြစ်တင်ရှုံချ သည့်ပေးစာကို တင်ပြခဲ့ကြ ပြီးကေအိုင်အေနှင့် နေပြည်တော် စေ့စပ်ညှိနှိုင်းအောင် ဘီဂျင်းက ဖိအားပေးရန်နှင့် ကချင်စစ်ပြေး ဒုက္ခသည်များအား နိုင်ငံရေးအရ ခိုလှုံခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် ဆက်လက်၍ အမေရိကန် ကောင်စစ်ဝန်ရုံးသို့ ချီတက်သွားကြပြီး ကချင် ဒုက္ခသည် များအား လူသားချင်းစာနာမှု အကူအညီ ပေးရန် မြန်မာအစိုးရအား စီးပွားရေး Sanction ပိတ်ဆို့ရန် တောင်းဆို ခဲ့ကြသည်။

ထို့အပြင်ဆန္ဒပြသူများက ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး UNHCR အား ကချင်ဒုက္ခသည် များကို အထူးသဖြင့်ကူညီရေးအတွက် အရှေ့တောင်အာရှတွင် ရုံးခွဲဖွင့်ရန်နှင့် ၎င်းတို့၏ကိစ္စကို ကုလသမဂ္ဂညီလာခံသို့ တင်ပြ ပေးရန်တောင်းဆိုခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲ ထားခဲ့သော်လည်း ၂၀၁၁ ဇွန်လ နောက်ပိုင်းတွင် မြန်မာ့ တပ်မတော်က ရေအားလျှပ်စစ် တမံ စီမံကိန်း တစ်ခုအနီးမှ ကေအိုင်အေ ဆက်ဆံရေးရုံးကို အတင်းအကျပ် ဖယ်ရှားခိုင်းခြင်းဖြင့် ရန်စကာ တိုက်ခိုက်ရာမှ စစ်ပွဲပြန်လည် ဖြစ်ပွားကာ ဒေသခံ ပြည်သူ တစ်သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

------------------------------------------------------------

တယ်လီကွမ်း ကုမ္ပဏီ ၄ ခုခန့် မြန်မာကိုစိတ်ဝင်စား

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “4 Telecom Firms eye Myanmar” သတင်းကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးကာလက လစ်လျူရှုထားခဲ့သော ဆက်သွယ်ရေးကဏ္ဍကို မှန်ကန်သောကွန်ယက်ဖြစ်အောင် ဖန်တီးတော့မည် ဖြစ်ရာ တယ်လီကွန်းလိုင်စင်အတွက် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုမှု ၄ ခုခန့်ကို အနည်းဆုံးရရှိဆွဲဆောင်ထားပြီး ဖြစ်သည်။

အလားအလာရှိသော အော်ပရေတာ ကုမ္ပဏီများမှာ နော်ဝေး Telenor၊ ထိုင်း DTAC ၊ မလေးရှား Axiata ၊စင်ကာပူ Sing Tel နှင့် ST Telemedia တို့ဖြစ်သည်။

Bloomberg News သို့ အီးမေးလ်ဖြင့်ပြန်ကြား သောAxiataကုမ္ပဏီက “မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုအတွက် စဉ်းစားဖို့ဆီလျော်ပြီး စိတ်ဝင် စားစရာ ကောင်းတဲ့ဈေးကွက်ပါ။ ဖွံ့ဖြိုးဖို့အလားအလာကောင်းတဲ့ မဟာဗျူဟာ ဈေးကွက် အဖြစ်ထင်ဟပ်နေပါတယ်” ဟုပြောကြားသည်။

ဇန်နဝါရီလ ၁၇ရက်က နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ကြား၍ တင်ဒါခေါ်သော မြန်မာအစိုးရက ၂၀၁၆ခုနှစ်တွင် နိုင်ငံတော်၏ ၈၀ရာခိုင်နှုန်း တယ်လီဖုန်းအသုံးပြု နိုင်စေရန်အတွက် ကွန်ယက်တိုးချဲ့ရန် တယ်လီကွမ်းနှစ်ခု ချပေးမည်ဟု ပြောကြားသည်။

ပြီးခဲ့သောလအထိ  ပြည်တွင်းမိုဘိုင်း သုံးစွဲမှု ၉ရာခိုင်နှုန်းမျှသာရှိပြီး ကမ္ဘောဒီးယားတွင် ၇၀%၊ လာအိုတွင် ၆၇%၊ ထိုင်းနိုင်ငံတွင် ၁၀၀% အသီး သီးရှိကြသည်ဟု ဝန်ကြီးဌာနကဆိုသည်။ မြန်မာနိုင်ငံတွင် အထိုင်လိုင်းဖုန်းသုံးစွဲမှုမှာ ၁% သာရှိသည်ဟု သိရှိရသည်။

အလားအလာကောင်းသော တင်ဒါဆွဲသူများကို ကြေညာပေးမည်ဟု ဝန်ကြီးဌာနမှ ညွှန်မှူး ဦးသန်းဇော်က ပြောကြားသော်လည်း အချိန်ကာလ ကိုအတိအကျပြောကြားခြင်းမရှိပါ။ ရွေးချယ်ရေးဘုတ်အဖွဲ့တွင် ပါဝင်သော ဘဏ္ဍာအခွန်ဒုဝန်ကြီးဦးမောင်မောင်သန်းက လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်း ထံအကြောင်းမကြားသေးဟု ပြောကြားသည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကမူ ချက်ခြင်းမှတ်ချက်မပေးနိုင်ပါ။

စင်ကာပူ၏ အကြီးဆုံး တယ်လီဖုန်း ကုမ္ပဏီ Sing Tel က အီးမေးလ် ဖြင့်ထုတ်ပြန်ကြေညာ ရာတွင် “ကြီးမား၍ မဖွံ့ဖြိုးသေးသော ဈေးကွက်များ တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း၊ ယင်းကဲ့သို့ အခွင့်အလမ်းများအား အကဲဖြတ်ခြင်းကို ငွေရေးကြေးရေးအရ စည်းကမ်းသတ်မှတ်မည် ဖြစ်ကြောင်း” ဖော်ပြထားသည်။

လိုင်စင်များကို ဇွန်လတွင် ချပေးမည်ဖြစ်ပြီး နှစ် ၂၀ ကန်ထရိုက်သက်တမ်းဖြစ်၍ သက်တမ်းတိုးခွင့်ရှိသည်ဟု ဝန်ကြီးဌာနက  ဇန်နဝါရီလ ၁၅ ရက်တွင်ထုတ်ပြန်ထားသည်။

၂၀၁၅ နောက်ဆုံးထား၍ လွတ်လပ်သော လုပ်ငန်းဖြစ်အောင်ဖန်တီးခြင်း အပါအဝင် တယ်လီဖုန်းဆက်သွယ်ရေး ဥပဒေမူကြမ်းကို ယခုနှစ်ပထမ နှစ်ဝက် အတွင်းလွှတ်တော်က အတည်ပြုဖွယ်ရှိ သည်ဟုလည်း သိရှိရသည်။

သြစတြေးလျား ဒုတိယအကြီးဆုံးဖုန်း ကုမ္ပဏီကိုပါ ပိုင်ဆိုင်ထားသူ Sing Tel သည် ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ နိုင်ငံများရှိ မိုဘိုင်းဖုန်း အော်ပရေ တာလုပ်ငန်းများတွင် ရှယ်ယာပိုင်ဆိုင်ထားသည်။ မလေးရှား ကုမ္ပဏီ Axiata ကလည်း အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံ များရှိ မိုဘိုင်းဖုန်း ကွန်ယက်တွင် ခြေချထားပြီး ဖြစ်သည်။

စင်ကာပူ၏ ဒုတိယ အကြီးဆုံး Star-Hub တယ်လီဖုန်းအော်ပရေတာ အပါအဝင် အခြားဖုန်း ကုမ္ပဏီများတွင် ရှယ်ယာပိုင်ဆိုင်ထားသူ ST Telemedia သည်လည်း မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံများမှ မိုဘိုင်းဖုန်း ကုမ္ပဏီ များတွင် ရှယ်ယာပါဝင်ထားသည်။

နော်ဝေး အော့စလိုအခြေစိုက် Telenor ကုမ္ပဏီသည် မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဝါယာလက်စ် ကွန်ယက်လုပ်ငန်းကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းကွန်ယက် အောင်မြင်ဖွံ့ဖြိုးရေးမှာပါဝင်ဖို့ ကျွန်တော်တို့အခြေအနေ ကောင်းနေတယ် လို့ယုံကြည်ပါတယ်” ဟု ထိုင်း နိုင်ငံမှ Telenor ပြောရေးဆိုခွင့်ရှိသူ ဂလင်းမင်ဒဲလစ် ကပြောကြားပါသည်။

***********************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment