Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၈.၁.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ကျွန်တော်တို့ UNFC နဲ့နိုင်ငံရေးအကြိုဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ဒီဇင်ဘာလအတွင်းက တရားဝင် ဖိတ်ခေါ်ထားပါတယ်။ ဇန်နဝါရီလအတွင်းမှာ ဆွေးနွေးနိုင်ဖို့ မျှော်မှန်းထားပေမယ့် UNFC က အကြောင်းပြန်ကြားခြင်း မရှိတဲ့အတွက် ဒီလထဲမှာ မဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ ကျွန်တော်တို့အနေနဲ့ UNFC နဲ့ ဆွေးနွေးဖို့ အမြဲကမ်းလှမ်းထားပါတယ်။ သူတို့ရဲ့ အကြောင်းပြန်တာကို စောင့်နေတာပါ။ ဖေဖဝါရီလထဲမှာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၁၇) အမှတ် (၈) တွင်ပါရှိသော “UNFC နှင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲကို ဖေဖဝါရီလတွင် ပြုလုပ်နိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ မျှော်မှန်း” သတင်းမှ ဒေါက်တာမင်းဇော်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

“သူတို့ဘက်ကသာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ၊ ထိုးစစ်လုပ်ခဲ့တာတွေ ရှိခဲ့တာပါ။ ပြန်ကြားရေးက သတင်းထုတ်ပြီးတော့ ကျွန်တော်တို့လည်း တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ သူတို့ဘက်က ထိုးတက်လာခဲ့ရင်တောင် ရှောင်ပေးခဲ့တာတွေရှိပါတယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၁၇) အမှတ် (၈) တွင်ပါရှိသော “လိုင်ဇာအနီးရှိ ခိုင်ယာဘွမ်စခန်းကို တပ်မတော်မှ ထိုးစစ်ဆင်ပြီး ဆက်လက်သိမ်းယူ လဂျားယန်ဒေသမှလွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ” သတင်းမှ KIO ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး  ဦးဖော်ဒွဲ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 “ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တရုတ်အစိုးရက အမြဲအာမခံချက်ပေးပါတယ်။ကျွန်တော်တို့ကလည်းလက်ခံပါတယ်”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၅) တွင်ပါရှိသော “ ‘ဝ’ တပ်မတော်ကို တရုတ်က လက်နက်များရောင်းချ ” သတင်းမှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ပြီးခဲ့တဲ့ နှစ်က ရင်းနှီးမြှုပ်နှံသူအများအပြားဟာ ကျွန်တော်တို့နိုင်ငံအပေါ် လေ့လာမှုတွေ အများကြီး ပြုလုပ်ခဲ့ကြပြီးပါပြီ။ ဒီနှစ်မှာတော့ အဲဒီလူတွေနဲ့ ကျွန်တော်တို့ ပိုပြီးရင်းနှီးမှုရှိလာတဲ့အတွက် ရင်းနှီးမြှုပ်မှုတွေကလည်း တိုးတက်လာပါလိမ့်မယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၅) တွင်ပါရှိသော “ တိုက်ပွဲများဖြစ်ပွားနေသော်လည်း  မြန်မာနိုင်ငံသို့လာရောက်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား” သတင်းမှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

“Sing Tel ဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ဖို့ စိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံလို ဈေးကွက်မျိုးကို ဝင်ရောက်ဖို့ဆိုတာ အပြောင်းအလဲဖြစ်နေတဲ့ အခြေအနေတစ်ရပ်ဖြစ်တာကြောင့် အရမ်းကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်လို့ဆိုနိုင်ပါတယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၅) တွင်ပါရှိသော “ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတကာ ကုမ္ပဏီလေးခု စီစဉ်နေ” သတင်းမှ Singapore Telecommuncation မှ တာဝန်ရှိသူတစ်ဦး ၏ပြောကြားချက်အားကောက်နှုတ်ချက် 

**************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment