Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၈.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်ပြည်နယ်တွင်းတိုက်ပွဲများအပေါ် အမေရိကန်အထူးစိုးရိမ်နေ

 (VOA သတင်းဌာနမှ 24 Jan 2013 ရက်စွဲပါ US Deeply Concerned About Burma Fighting ကိုဘာသာပြန်ဆိုသည်)

  1. ကြွေးကျန်များပေးဆပ်ရေး နှင့် ဖွံ့ဖြိုးရေးချေးငွေသစ်များရနိုင်ရေးအတွက် မြန်မာကိုဂျပန်ကူညီ

(Global Post မှ 27 Jan 2013 ရက်စွဲပါ Japan helps Myanmar clear debts, qualify for new development loans ကိုဘာသာပြန်ဆိုသည်)

  1. သမ္မတလောင်းစာရင်းမဝင်အောင် ပိတ်ပင်ထားမှုအဆုံးသတ်ရေးဒေါ်အောင်ဆန်းစုကြည်မျှော်လင့်

(The Associated Press မှ 26 Jan 2013 ရက်စွဲပါ “Suu Kyi hopeful on ending Myanmar presidency ban”သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်တွင်းတိုက်ပွဲများအပေါ် အမေရိကန်အထူးစိုးရိမ်နေ

 (VOA သတင်းဌာနမှ 24 Jan 2013 ရက်စွဲပါ US Deeply Concerned About Burma Fighting ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကေအိုင်အေသူပုန်များအကြား ဖြစ်ပွားလျက်ရှိသောအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အလွန်အမင်းစိုးရိမ်ပူပန်ရကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကထုတ်ပြန်သော ကြေညာချက်တွင် "မြန်မာစစ်တပ်သည် မြောက်ပိုင်းဒေသရှိကချင်ပြည်နယ်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း၊ ယင်းသို့ထိုးစစ်ဆင်မှုများက အရပ်သားများထိခိုက်သေဆုံးမှုကို ဖြစ်ပေါ်စေပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးပမ်းမှုများကိုလည်း ထိခိုက်နစ်နာစေကြောင်း" မီဒီယာများနှင့် NGO များ၏ သတင်းပေးပို့ချက်များကို ကိုးကားဖော်ပြသည်။

မြန်မာသမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သံရုံး၏ ကြေညာချက်သည် မျှတမှု မရှိကြောင်း ပြောကြားသည်။

“ကချင်ပြည်နယ်တွင်း အခြေအနေအရပ်ရပ်အတွက် အမေရိကန်အစိုးရက စိုးရိမ်ပူပန်တယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမဲ့ မျှမျှတတဖြစ်အောင်ပြောရမယ်ဆိုရင် သူတို့အနေနဲ့ နှစ်ဖက်စလုံးရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကို ထုတ်ဖော်ပြောဆိုရမှာ ဖြစ်ပါတယ်။ အစိုးရဘက်ကိုချည်းပဲ အပြစ်ပုံချပြောဆိုတာ မျှတမှုမရှိပါဘူး” ဟု သမ္မတဦးသိန်းစိန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ပြောကြားသည်။

မြန်မာအစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကေအိုင်အေနှင့် အပစ်အခတ်ရပ်စဲမည်ဟု တစ်ဖက်သတ် ကြေညာခဲ့သည်။ သို့သော် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ မျက်မြင်သက်သေများနှင့် လက်နက်ကိုင်သူပုန်အဖွဲ့မှ တာဝန်ရှိသူများက VOA သို့ ပြောပြချက်အရ မြန်မာစစ်တပ်သည် ကေအိုင်အေလက်နက်ကိုင်များ၏ အခြေအနေအပေါ် အသာစီးရရန်အလို့ငှာ ခဏတာမျှ နှစ်သိမ့်မှုပေးခြင်းပင် ဖြစ်သည်ဟုသိရသည်။

သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် အစိုးရတပ်ဖွဲ့ဝင်များသည် တရုတ်နယ်စပ်ဒေသလိုင်ဇာမြို့ရှိ ကေအိုင်အေဌာနချုပ်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ဘဲနေကြောင်းပြောကြားသည်။

မြန်မာတပ်မတော်မှ စစ်ကြောင်းများအားစိတ်ရင်းစေတနာမှန်ကို ထုတ်ဖော်ပြသသည့်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ရန် အမိန့် ပေးထားကြောင်း ဦးသိန်းစိန်က ပြောကြားပြီး ကေအိုင်အေတို့အနေဖြင့်လည်း ဆွေးနွေးပွဲစကားဝိုင်းသို့ အမြန်ဆုံးပြန်လည်ဝင်ရောက်ရန် တိုက်တွန်းသည်။

အမေရိကန်သံရုံး၏ ကြေညာချက်တွင်မူ နှစ်ဦးနှစ်ဖက်အနေဖြင့် ဒိုင်ယာလော့ခ်ပြုလုပ်နိုင်မည့် အနေအထားတစ်ခုကို ဖန်တီးနိုင်မည့် အဆင့်သို့ တက်လှမ်းသင့်ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီများအနေဖြင့် အကူအညီလိုအပ်နေသော ဒုက္ခသည်များအား ကူညီခွင့်ရရှိအောင် ပြုလုပ်ပေးသင့်ကြောင်း တိုက်တွန်းဖော်ပြသည်။

မြန်မာနိုင်ငံတွင် အစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်သူပုန်များသည် နှစ်ပေါင်း ၁၇ နှစ်ကြာ ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပယ်ပျက်သွားပြီးနောက် ၂၀၁၁ ခုနှစ်မှစတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းတိုက်ပွဲများသည် မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးသော ပြည်တွင်းစစ်တစ်ရပ်လည်းဖြစ်သည်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှာမူ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားပြီးဖြစ်သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းထွက်ပြေးခဲ့ကြရသလို လက်ရှိအစိုးရကအကောင်အထည်ဖော်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာလည်း များစွာထိခိုက်နစ်နာလျက်ရှိသည်။

                                        --------------------------------------------------------------------------------------------------

ကြွေးကျန်များပေးဆပ်ရေး နှင့် ဖွံ့ဖြိုးရေးချေးငွေသစ်များရနိုင်ရေးအတွက် မြန်မာကိုဂျပန်ကူညီ

(Global Post မှ 27 Jan 2013 ရက်စွဲပါ Japan helps Myanmar clear debts, qualify for new development loans ကိုဘာသာပြန်ဆိုသည်)

photo credit - AFP

ယခုအခါ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအနေဖြင့် ပေးရန်ရှိသည့် ကြွေးကျန် ဒေါ်လာသန်း ၉၀၀ ကိုပေးဆပ်နိုင်ရေးအတွက် ပေါင်းကူး ချေးငွေ (Bridge Loan) တစ်ရပ် ထောက်ပံ့ပေးလိုက်ပြီဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) သို့ပေးရန်ကျန်ရှိနေသောကြွေးမြီ ဒေါ်လာသန်း ၉၀၀ ပေးဆောင်နိုင်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ် ကပေါင်းကူးချေးငွေ ထောက်ပံ့ပေးခဲ့ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။

ရိုက်တာသတင်းအဆိုအရ မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခြင်းကြောင့် အနောက်နိုင်ငံများက ၎င်းတို့၏ ပိတ်ဆို့အရေးယူမှုများကို စတင်ဖယ်ရှားပေးခဲ့သည်။

သို့သော် မြန်မာသည် ၁၉၈၇ ခုနှစ်ဝန်းကျင်ခန့်လောက်က ပေးရန်ရှိသောကြွေးမြီများ ပေးဆပ်မှု မပြုလုပ်ခဲ့သောကြောင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများထံမှ ကြွေးမြီသစ်များထပ်မံရယူရန် အခက်အခဲကြုံတွေ့နေရကြောင်း AP သတင်းဌာနကဆိုသည်။

ADB ၏ ကြေညာချက်အရ မြန်မာနိုင်ငံက ပေးရန်ရှိသည့်ကြွေးကျန်များ ရှင်းလင်းသွားသည်နှင့် ချေးငွေသစ် ဒေါ်လာ ၅၁၂ သန်း ပေးမည်ဖြစ်ကြောင်း၊ ယင်းချေးငွေသည် မြန်မာနိုင်ငံတစ်ဝန်း၊ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဘဏ်လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွန်းလာရေးအတွက်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမျိုးသားဘတ်ဂျက်ဆိုင်ရာလုပ်ငန်းစဉ် ပြင်ဆင်ရေးအတွက် အစိုးရ၏ကြိုးပမ်းချက်များ အထောက်အပံ့ဖြစ်ရေးနှင့် အခွန်ကောက်ခံမှုစနစ်ခေတ်မီဆန်းသစ်ရေးအတွက်လည်း ရည်ရွယ်ကြောင်း ADB ကဆိုသည်။

ရိုက်တာသတင်းဌာနအဆိုအရ ADB သည်နှစ်ပေါင်း ၃၀ အတွင်းပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကိုချေးငွေထုတ်ပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ကြွေးကျန်များရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက်တည်း ကမ္ဘာ့ဘဏ် (World Bank) ကလည်း လက်ရှိဦးသိန်းစိန်အစိုးရ အကောင်အထည်ဖော်လျက်ရှိသော အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှုများကိုထောက်ပံ့ပေးရေး၊ မက်ခရိုစီးပွားရေးတည်ငြိမ်မှု အင်အားကောင်းမွန်လာရေး၊ အများပြည်သူဘဏ္ဍာရေးစီမံခန့်ခွဲမှုများ တိုးတက်ကောင်းမွန်ရေး၊ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်များ တိုးတက်ကောင်းမွန်ရေး တို့အတွက် ချေးငွေ ဒေါ်လာသန်း ၄၄၀ ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာသည်။ AP သတင်းအဆိုအရ ကမ္ဘာ့ဘဏ်၏ ချေးငွေများဖြင့် ဂျပန်နိုင်ငံ၏ ပေါင်းကူးချေးငွေများကို ပြန်လည်ပေးဆပ်မည်ဟုသိရသည်။

------------------------------------------------------------------------------------------------------------

သမ္မတလောင်းစာရင်းမဝင်အောင် ပိတ်ပင်ထားမှုအဆုံးသတ်ရေးဒေါ်အောင်ဆန်းစုကြည်မျှော်လင့်

(The Associated Press မှ 26 Jan 2013 ရက်စွဲပါ “Suu Kyi hopeful on ending Myanmar presidency ban”သတင်းကိုဘာသာပြန်ဆိုသည်)

photo credit - internet

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမသမ္မတတာဝန်ထမ်းဆောင်ခွင့်ရအောင် အခြေခံဥပဒေပြေင်းလဲပြင်ဆင်ရေးကို နိုင်ငံ၏ အင်အားကြီးတပ်မတော်က ထောက်ခံလိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

လက်ရှိ ပြုပြင်ပြောင်းလဲမှုများမတိုင်ခင်အထိ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ ဒီမိုကရေစီခေါင်းဆောင်က လွှတ်တော်တွင်းအရေးကြီးသောနေရာအရေအတွက်ကို တပ်မတော်ကထိန်းချုပ်ထားသည့်တိုင်အောင် အခြေခံဥပဒေ ပြင်ဆင်မှုကို လွှတ်တော်ကအတည်ပြုလိမ့်မည်ပာု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မဒီကိစ္စကိုအလွန်အကျွံ့မစိုးရိမ်ပါဘူး။ ကျွန်မတို့ရဲ့ တပ်မတော်သားတွေပာာလည်း ကျန်တဲ့တစ်နိုင်ငံလုံးကသူတွေလိုပဲ ပိုပြီးပျော်စရာ၊ ပိုပြီးခိုင်မာ၊ ပိုပြီးညီညွှတ်မျှတတဲ့ မြန်မာနိုင်ငံကို မြင်ချင်ကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်”ပာုသူမကဆိုပါသည်။

“ဒီအတွက်ကြောင့် ညှိနှိုင်းအလျှော့အတင်းလုပ်မှုကတစ်ဆင့် ပြင်ဆင်နိုင်မယ့်အလားအလာကို ကျွန်မလျှော့မတွက်ပါဘူး”ပာု ပာာဝိုင်ရီတွင် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က East-West Center တွင် သောကြာနေ့က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိသမ္မတဦးသိန်းစိန်သည် ၂၀၁၁ မတ်လတွင် အာဏာလွှဲပြောင်းလက်ခံပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများစွာ လွှတ်ပေးခြင်း၊ ဆင်ဆာပိတ်ပင်မှုကိုဖြေလျှော့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုလွှတ်တော်ရွေးကောက်ပွဲ ဝင်ခွင့်ပေးခြင်းတို့အပါအဝင် တစ်သီတစ်တန်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခင်ပြစ်တက်ဝေဖန်သူများပင် အံအားသင့်ခဲ့ကြရသည်။

သမ္မတဦးသိန်းစိန်ကလာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိပါက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်လက်ခံမည် ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။ သို့သော်လည်း သဘောထားတင်းမာသူများက တပ်မတော်အာဏာစွန့်ရန် လိုလားပါ့မလားပာု အကဲခတ် လေ့လာသူများက သံသယရှိနေကြသည်။

၂၀၀၈ အခြေခံဥပဒေအရမိသားစုဝင်များ ပြည်ပနိုင်ငံသားအဖြစ်ခံယူထားသော မည်သူမဆိုသမ္မတလောင်းမဖြစ်နိုင်ပာုတားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကွယ်လွန်သူ ဗြိတိသျှပါမောက္ခ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။

သမ္မတတာဝန်ထမ်းဆောင်လိုကြောင်း မကြာသေးမီကထုတ်ဖော်ပြောကြားထားသူ ဒေါ်အောင်ဆန်းစုကြည်က “တစ်ယောက်ယောက်ကို တစ်သက်လုံး အာဏာရနိုင်အောင် ဒါမှမဟုတ် တစ်ယောက်ယောက်ကို တစ်သက်လုံးအာဏာမရနိုင်အောင် ရည်ရွယ်ရေးဆွဲထားတဲ့ ဘယ်လိုအခြေခံဥပဒေကိုမဆို မှန်ကန်တယ်လို့ ကျွန်မမယူဆပါဘူး”ပာု ပြောကြားသည်။

“ဒါကိုလက်မခံနိုင်ရုံသာမကပါဘူး။ ဒါပာာဒီမိုကရေစီနည်းလမ်းမကျသေးပါဘူး။ ဒါပာာအခြေခံဥပဒေနဲ့ပတ်သက်လို့ အကုန်မပာုတ်သေးပါဘူး” ပာု သူမကဆိုပါသည်။၏

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုင်ငံရေးအရာရောက်မှုများကြောင့်သာမကပဲ သူမ၏ ဖခင် တပ်မတော်ကိုထူထောင်သူ ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းပြု၍ အချို့အရာရှိများအကြား လေးစားခြင်းခံရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၏ တန်ဘိုးများဝေမျှရေးအစီအစဉ်အရ ပာာဝိုင်ရီသို့ ရောက်ရှိနေခြင်းဖြစ်သည်။                  

                                        **********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment