Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၃၀.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. တောင်ကိုရီးယားနှင့် မြန်မာ အမျိုးသမီးခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

(The National News မှ 30 Jan 2013 ရက်စွဲပါ “ South Korea and Myanmar is Women Leaders meet” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာတို့၏ ဆီးဂိမ်း ကစားနည်းရွေးချယ်ပုံကို ပြိုင်ပွဲဝင်နိုင်ငံများ စိတ်ပျက်

(AFP News မှ 30 Jan 2013 ရက်စွဲပါ “Myanmar annoys rivals with SEA Games Picks” သတင်းကို ဘာသာပြန် ပါသည်)

  1. တယ်လီကွမ်းလိုင်စင်အဆိုပြုလွှာတင်ရန်နောက်ဆုံးရက်ကိုမြန်မာထပ်ဆုတ်ပေး

(Total Telecom News မှ 28.Jan 2013 ရက်စွဲပါ “Myanmar extends deadline“ သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာတွင် သြစတြေးလျ ကုန်သွယ်ရေးရုံးသစ် ဖွင့်လှစ်ရန် စီစဉ်

(AP သတင်းဌာနမှ 29 Jan 2013 ရက်စွဲပါ Austrade office to open in Myanmar ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

တောင်ကိုရီးယားနှင့် မြန်မာ အမျိုးသမီးခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

(The National News မှ 30 Jan 2013 ရက်စွဲပါ “ South Korea and Myanmar is Women Leaders meet” သတင်းကို ဘာသာပြန်ဆိုသည်)

photo credit - internet

ပစ်ခတ်လုပ်ကြံခံရမှုကြောင့် သူတို့ဖခင်များကို ဆုံးရှုံးခဲ့ကြသော တောင်ကိုရီးယားနှင့် မြန်မာအမျိုးသမီး ခေါင်းဆောင် နှစ်ဦးလုံးသည် ကြေကွဲ ဖွယ်ဖြစ်ရပ်များကို ကျော်လွှားကာ ယောင်္ကျားများ အုပ်ချုပ်လွှမ်းမိုးထားသော တိုင်းပြည်များတွင် နိုင်ငံရေးခေါင်းဆောင်များ ဖြစ်လာကြပြီး သူတို့ ဖခင်များ ၏ နိုင်ငံရေး အမွေကို ဆက်ခံခဲ့ကြသည်။

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေး စွန့်ခွာအသွင်ကူးပြောင်းမှု၏ စတင်တာထွက်ခြင်းကို ထင်ဟပ်နေသူ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်လတွင် တောင်ကိုရီးယား၏ ပထမဦးဆုံး အမျိုးသမီး သမ္မတ ဖြစ်လာတော့မည့် ပတ်ဂွန်ဟေးတို့နှစ်ဦး မနေ့က ဆိုးလ် မြို့တွင် တွေ့ဆုံခဲ့ကြသည်။

အာရှ၏ အထင်ရှားဆုံး အမျိုးသမီးနှစ်ဦး၏ တွေ့ဆုံမှုသည် သူတို့၏ မိသားစုသမိုင်းကြောင်းမှ ကြေကွဲဖွယ် ဖြစ်ရပ်များ တိုက်ဆိုင်မှုကိုလည်း ဖော်ပြနေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် မြန်မာ့တပ်မတော် တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ်တွင် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ပတ်ဂွန်ဟေး ၏ဖခင် တောင်ကိုရီးယား သမ္မတ (ဗိုလ်ချုပ်ကြီးဟောင်း) ပတ်ချုံဟီး သည်လည်း ၁၉၇၉ တွင် သူ့ထောက်လှမ်းရေး အကြီးအကဲ၏ လုပ်ကြံမှုကို ခံခဲ့ရသည်။

အမျိုးသမီးခေါင်းဆောင်နှစ်ဦးစလုံးသည် သူတို့ဖခင်များ၏ ကျော်ကြားမှုဂုဏ်ပုဒ်ကြောင့် အကျိုးဖြစ်ထွန်းခဲ့ကြသည်။ ကိုယ်ပိုင်နိုင်ငံရေး ဂုဏ်ပုဒ် ဖြင့်တောက်ပနေသူ ဒေါ်အောင်ဆန်းစုကြည်သည်ပင် သူမ ဖခင်ကို ချစ်မြတ်နိုးသော မဲဆန္ဒရှင်များအား ကိုယ်စားပြုကာ မနှစ်လွှတ်တော်သို့ တက်လှမ်း လာခြင်းဖြစ်သည်။ အသက် ၆၀ အရွယ် မစ္စစ် ပတ်ဂွန်ဟေး သည်လည်း သူမ ဖခင်လက်ထက်က မြန်ဆန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ကိုအမှတ် ရနေကြသူ သက်ကြီးပိုင်း တောင်ကိုရီးယားပြည်သူများထံမှ ခိုင်ခိုင်မာမာအားပေးထောက်ခံမှုကို ရရှိထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလမ်းကြောင်းသည် အတိုက်အခံဖြစ်ခဲ့သော်လည်း မစ္စစ်ပတ်ဂွန်ဟေး မှာမူ တောင်ကိုရီးယားတွင် ၁၉၆၁ ခုနှစ်က အာဏာသိမ်းပြီး တင်းကြပ်စွာ အုပ်ချုပ်ခဲ့သူ အာဏာရှင် ဖခင် ပတ်ချုံဟီး ကို အကြောင်းပြု၍ အာဏာရပါတီအမတ် အဖြစ် နိုင်ငံရေးဘဝကို တည်ဆောက်ခဲ့သည်။

ပတ်ဂွန်ဟေးက ဒီမိုကရေစီ ပုံရိပ်နဲ့ဝေးတဲ့ မိသားစု သမိုင်းကို သယ်ယူနေရပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီမိုကရေစီ သင်္ကေတ အဖြစ် ရှင်းရှင်းလင်းလင်း ရပ်တည်နေပါတယ် ဟု ကိုရီးယား တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လီရှင်းဝှာ ကပြောကြားသည်။

တောင်ကိုရီးယားတွင် မစ္စစ်ပတ် ၏ ဖခင် ပတ်ချုံဟီး ကွယ်လွန်ပြီးနောက်ပိုင်း ဒီမိုကရေစီ ခိုင်မာစွာ အမြစ်တွယ် လာကာ နောက်ထပ် ၁၀ နှစ် ကျော်ကြာခန့်တွင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ပြုပြင် ပြောင်းလဲရေးအစိုးရတက်လာသော်လည်း နောက်ကွယ် တွင်အာဏာရှင်နှင့် တပ်မတော်ရှိနေဆဲဖြစ်သောကြောင့် ယိုင်နဲ့နဲ့ ဒီမိုကရေစီကို ပြုစုပျိုးထောင်နေရသည်။

သမ္မတ လီမြောက်ဘက် နှင့် သမ္မတဦးသိန်းစိန်တို့ နှစ်ဦးစလုံးနှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြင့်တင်ရေးအတွက် ကိုယ်စားလှယ် အဖွဲ့များကို ဦးဆောင်ကာ အပြန်အလှန် လည်ပတ်ခဲ့ကြသော ခရီးစဉ်များအပါအဝင် တောင်ကိုရီးယား -မြန်မာ အပြန်အလှန်ချစ်ကြည်ရေး ဖလှယ်မှုများ ဆက်တိုက်ပြုလုပ်နေ ခြင်းကြောင့် ယခုကဲ့သို့ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်နှစ်ဦး တွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာသမ္မတဦးသိန်းစိန်က ပြုံယမ်းမှ လက်နက်မဝယ် တော့ပါဟု မေလက ကတိပေးထားရာ နိုင်ငံခြားရေးမူဝါဒ တိုးတက်မှုဟု လီမြောင်ဘက်က ချီးကျူးကြိုဆိုခဲ့သည်။

သမ္မတ လီမြောက်ဘက်၏ မေလက မြန်မာခရီးစဉ်သည် ၁၉၈၃ ခုနှစ်က တောင်ကိုရီးယားအကြီးအကဲ ချပ်ဒူးဝှမ်၏ ခရီးစဉ်တွင် မြောက်ကိုရီး ယား အေးဂျင်းများ၏ ဗုံးခွဲလုပ်ကြံမှုကြောင့် တောင်ကိုရီးယား အရာရှိကြီး ၁၇ ဦး ကျဆုံးခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ တောင်ကိုရီးယား ခေါင်းဆောင် တစ်ဦးပထမဦးဆုံး ပြန်လည်သွားရောက် လည်ပတ်ခြင်း ဖြစ်သည်။

-----------------------------------------------------------------------

မြန်မာတို့၏ ဆီးဂိမ်း ကစားနည်းရွေးချယ်ပုံကို ပြိုင်ပွဲဝင်နိုင်ငံများ စိတ်ပျက်

(AFP News မှ 30 Jan 2013 ရက်စွဲပါ “Myanmar annoys rivals with SEA Games Picks” သတင်းကို ဘာသာပြန် ပါသည်)

photo credit - internet

မြန်မာနိုင်ငံက တင်းနစ်အပါအဝင် အားကစာနည်းအချို့ကို ယခုနှစ်ဆီးဂိမ်းတွင် မထည့်သွင်းဟု အင်္ဂါနေ့ကပြောကြားခဲ့ရာ၊ အိမ်ခံအားကစား သမားများ အသာရမည့် ခရမ်းချဉ်သီးကောက်ပြိုင်ပွဲမျိုး ဖြစ်နေပြီဟူသော ပြိုင်ပွဲဝင်နိုင်ငံများ၏ စွပ်စွဲမှုများပေါ်ထွက်လာစေပါသည်။

၂၀၁၃ ဆီးဂိမ်းသည် လွန်ခဲ့သော နှစ်နှစ်က စစ်အစိုးရ အာဏာစွန့်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲတစ်ခု ဖြစ်သည်။

သို့သော် ခြင်းလုံးအကနှင့် တူသော အားကစား၊ ကာယအလှစသော အိမ်ရှင်တို့ကျွမ်းကျင်သည့် အားကစားနည်းများ အပေါ် အိုလံပစ် စည်းမျဉ်း၊ စည်းကမ်းများ ကွပ်ညှပ်သင့်သည်ဟု ပြောဆိုနေကြသူ ဒေသတွင်း အိမ်နီးချင်းများကို ယခုပြိုင်ပွဲဝင် အားကစားနည်းစာရင်းက ဒေါသထွက်စေပါသည်။

အားကစားဝန်ကြီးဌာန တာဝန်ရှိသူ ဦးဠေးအောင်က “အားကစားနည်းတွေ ထပ်တိုးဖို့၊ ဖယ်ရှားဖို့စတဲ့ တောင်းဆိုမှုတွေ အများကြီးပါ။ ဆွေးနွေးမှု တွေလုပ်ပြီးတဲ့နောက် တစ်ချို့ကို ထပ်တိုးပြီး၊ တစ်ချို့ကို ဖယ်ရှားခဲ့ပါတယ်။ အင်္ဂါနေ့က နေပြည်တော်မှာ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံ ဆွေးနွေးပြီးတဲ့ နောက်မှာ ဟော်ကီ၊ စားပွဲတင်တင်းနစ် နဲ့ ကြက်တောင် တို့ကို ပြန်ထည့်သွင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်မရတဲ့ အားကစားနည်း အချို့ကိုတော့မ ထည့် တော့ပါဘူး” ဟု ရှင်းလင်းပြောကြားခဲ့ရာ အိမ်ရှင်မြန်မာတို့ တံဆိပ်များစေမည့် ကစားနည်း များကိုသာ ရွေးချယ်ခဲ့သည်ဟူသော သံသယများကို အတည်ပြုရာရောက်သွားပါသည်။

ထိုင်းနိုင်ငံ အမျိုးသားအိုလံပစ် ကော်မတီဒုတိယဥက္ကဋ္ဌ ချိုင်ယာပတ်ဆရီဝပ်က “တင်းနစ်ဟာ ဆီးဂိမ်းမှာ ထည့်သွင်းရမယ့် အိုလံပစ် ကစားနည်း ပါ။ ဒါပေမယ့် ဗမာတွေက သူတို့မှာ တင်းနစ်ကွင်းမရှိဘူးလို့ဆိုပါတယ်။ ကျွန်တော့ အမြင်ကတော့ သူတို့မှာ တင်းနစ်အားကစားသမား ပလေယာတွေ မရှိတာလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

၎င်းက ဆက်လက်၍ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ်နှင့် ရုံးတွင်းအားကစားနည်း တစ်ချို့ကို ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပနိုင်အောင် ထိုင်းနိုင်ငံက စည်းရုံးလှုပ်ရှားခဲ့ရသည်ဟု ပြောကြားသည်။

အိမ်ရှင်နိုင်ငံများသည် ၎င်းတို့ ဆုတံဆိပ်များများရအောင် သူတို့ကျွမ်းကျင်သော ကစားနည်းများ ထည့်သွင်းရန် ကြိုးစားကြသည်ဟု အမြဲ လိုလို စွပ်စွဲခံရလေ့ရှိသည်။

ပန်ကျပ်ဆီလတ်၊ ဗီယက်နမ်၏ ဗိုဗီနမ်သိုင်း၊ ဘောလုံးနှင့် ဘော်လီဘောအကြား ဟိုမရောက်၊ ဒီမရောက် ဆီပတ်တာဂရော စသော အားကစား နည်းများသည် ထုံးတမ်းစဉ်လာ အိုလံပစ်ကစားနည်းများကို ကျင်းပလေ့ရှိသည့် ကျန်ကမ္ဘာ့ဒေသများတွင် အကျွမ်းမဝင်ကြပါ။

အိမ်ရှင်နိုင်ငံများသည် ဆီးဂိမ်းအရည်အသွေး နိမ့်ပါးစေမည့် အားကစားနည်းများကို ထည့်သွင်းကာ ဆုတံဆိပ် တိုးအောင် လုပ်နေကြသည်ဟု ဝေဖန်သူများ က မကြာခဏထောက်ပြ နေကြသည်။ အိမ်ရှင်နိုင်ငံများသည် ဆီးဂိမ်းဆုတံဆိပ် ဇယားတွင် ပုံမှန်အားဖြင့် ထိပ်ဆုံးမှ နေရာယူလ့ရှိကြသည်။

မြန်မာနိုင်ငံတွင် ဆီးဂိမ်းပြန်လည်ကျင်းပရေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကန့်လန့်ကာနောက်ကွယ်သို့ နေရာမရွှေ့ခင်စတင်စီစဉ် ခဲ့ခြင်းဖြစ်သည် ဟုသိရှိရသည်။

--------------------------------------------------------------------------------

တယ်လီကွမ်းလိုင်စင်အဆိုပြုလွှာတင်ရန်နောက်ဆုံးရက်ကိုမြန်မာထပ်ဆုတ်ပေး

(Total Telecom News မှ 28.Jan 2013 ရက်စွဲပါ “Myanmar extends deadline“ သတင်းကို ဘာသာပြန်ဆိုသည်)

တယ်လီဖုန်းအော်ပရေတာ လိုင်စင်အတွက်စိတ်ဝင်စားကြောင်း အဆိုပြုလွှာတင်သွင်းမှုကို ဖေဖော်ဝါရီ ၈ ရက် အထိ မြန်မာအစိုးရက ထပ်မံ ခွင့်ပြုလိုက်ပြီး ယခုလောလောဆယ်တွင် အဆိုပြုလွှာ(၄) ခုလက်ခံရရှိထားသည်ဟု သတင်းများကဆိုပါသည်။

မြန်မာတယ်လီဖုန်း ကဏ္ဍကို စိတ်ဝင်စားနေသော အော်ပရေတာကုမ္ပဏီများကို အဆိုပြုလွှာတင်ရန် အချိန်ပို၍ရ သွားခြင်းဖြစ်သည်။

ယခုနှစ်အတွင်းနိုင်ငံတစ်ဝှမ်း တယ်လီဖုန်းအော်ပရေတာ လိုင်စင်နှစ်ခု ချထားပေးရန်စီစဉ်နေသော မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာန အဆိုပြုလွှာတင်ရန် နောက်ဆုံးသတ်မှတ်ရက်ကို (၁၀) ရက် နောက်ဆုတ်ပေးကာ ဖေဖော်ဝါရီ ၈ ရက် အထိခွင့်ပြု ပေးထားသည်။

ထိုအတောအတွင်း Simg Tel, Axiata,ST Telemedia နှင့် Telenor စသောကုမ္ပဏီလေးခုထံမှစိတ်ဝင်စားကြောင်း အဆိုပြုလွှာကို လက်ခံ ရရှိထားသည် ဟု Bloomberg သတင်းဌာနက ထုတ်ပြန်ထားသည်။

အဆိုပြုလွှာတင်ထားသော ကုမ္ပဏီများနှင့် နောက်ဆုတ်ပေးသော ရက်တွင်တင်ပြကြမည့် ကုမ္ပဏီများအကြား ကွဲပြားခြားနားမှု ရှိမည် မဟုတ်ဟု သောကြာနေ့က ဝန်ကြီးဌာန ကြေငြာချက်တွင်ဖော်ပြသည်။

ယခု ချထားပေးမည် လိုင်စင်နှစ်ခု၏ သက်တမ်းသည် (၁၀) နှစ် နှင့် (၂၀) နှစ် ကြားဖြစ်ပြီး ထပ်မံ သက်တမ်းတိုးခွင့်ရှိသည်။ လိုင်စင်လျှောက် ထားခြင်းလုပ်ငန်းစဉ်အတွက် နောက်ထပ်အသေးစိတ် စည်းကမ်းများကို အဆိုပြုလွှာ တင်သောကုမ္ပဏီများထံသို့ အရည်အသွေး မစစ်မီကြိုတင် အချက် အလက် အဖြစ်ပေးပို့သွားမည်ဟု သိရှိရသည်။

၂၀၁၅ မတိုင်မီ နိုင်ငံတစ်ဝှမ်း တယ်လီဖုန်းသုံးစွဲမှု ၈၀% သို့မြှင့်တင်မည့် အစိုးရ၏ အစီအစဉ်အရ ယခုကိစ္စကို အကောင်အထည်ဖေါ် ဆောင်ရွက် နေခြင်း ဖြစ်သည်။ သိုရာတွင် SIM ကဒ်ဈေးနှုန်း လျှော့ချခိုင်းခြင်းနှင့် ပတ်သတ်၍ သမ္မတနှင့် အခြေအတင်ဖြစ်ပြီးနောက် ရုတ်တရက် နှုတ်ထွက်သွားသူ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းက အော်ပရေတာလိုင်စင် လျှောက်ထားခြင်း လုပ်ငန်းစဉ်အပေါ် လောင်းရိပ်မိုးမှုရှိခဲ့သည်ဟု အချို့သတင်းများက ဆိုပါသည်။

မြန်မာနိုင်ငံသည် SIM ကဒ်ဈေးနှုန်း မတရားကြီးမြင့်မှုကြောင့် ကမ္ဘာ့ပေါ်တွင် မိုဘိုင်ဖုန်း သုံးစွဲမှုအနည်း ဆုံး၊အနိမ့်ဆုံး နိုင်ငံဖြစ်နေပါသည်။ SIM ကဒ်ဈေးနှုန်းကို ဦးသိန်းထွန်း တင်ပြထားသော ဈေးနှုန်းကျပ်နှစ်သိန်းထက် များစွာလျှော့၍ ကျပ်ငါးသောင်းသာ သတ်မှတ်ရန် မကြာသေးမီက သမ္မတ ဦးသိန်းစိန်က အကြံပြုထားသည်။

--------------------------------------------------------------------------------

မြန်မာတွင် သြစတြေးလျ ကုန်သွယ်ရေးရုံးသစ် ဖွင့်လှစ်ရန် စီစဉ်

(AP သတင်းဌာနမှ 29 Jan 2013 ရက်စွဲပါ Austrade office to open in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် သံတမန်ရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ အသစ်တစ်ဖန်ပြန်လည် တည်ဆောက်ရယူရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် စီးပွားရေးမြို့တော် ရန်ကုန်တွင် သြစတြေးလျနိုင်ငံက ကုန်သွယ်ရေးရုံးဖွင့်တော့မည်ဖြစ်ကြောင်း သိရသည်။

သြစတြေးလျ စီးပွားရေးလုပ်ငန်းများနှင့် ကုမဏီများအနေဖြင့် တံခါးဖွင့်စနစ် စတင်ကျင့်သုံးလာသော မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်း များရယူနိုင်ရေးအတွက် မြို့တော်ဟောင်း ရန်ကုန်တွင် သြစတြေးလျကုန်သွယ်ရေးရုံး ယခုနှစ်အတွင်း ဖွင့်လှစ်သွားရန် သြစတြေးလျ ဖက်ဒရယ်အစိုးရက စီစဉ်လျက်ရှိသည်။

အဆိုပါ ကုန်သွယ်ရေးရုံးကို သြစတြေးလျ ကုန်သွယ်ရေး မဟာမင်းကြီးနှင့် ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးရေး မန်နေဂျာများက ဦးဆောင် လုပ် ကိုင်သွားမည်ဖြစ်သည်။

ယခုအစီအစဉ်သည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုများ ပြန်လည် ထူထောင်နိုင်ရေး အတွက် သြစတြေးလျအစိုးရ၏ နောက်ဆုံးခြေလှမ်းတစ်ခုလည်းဖြစ်သည်။

သြစတြေးလျသည် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သသောအားဖြင့် ပိတ်ဆို့အရေးယူမှုများကို စတင် ဖယ်ရှားပေးခဲ့သည်။

ယခုလို ကုန်သွယ်ရေးရုံးဖွင့်လှစ်မှုသည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆက်ဆံမှုသစ်တစ်ရပ်ပေါ်ထွန်းလာခြင်း၏ ရလဒ်ဖြစ်ပြီး သြစတြေးလျ ကုမ္မဏီများ မြန်မာပြည်တွင်း စီးပွားရေး အခွင့်အလမ်းကောင်းများ ရယူနိုင်ရေးအတွက် ယင်းကုန်သွယ်ရေးရုံးက အကူအညီ ပေးဆောင်ရွက် မည်ဖြစ်သည်။

အရှေ့တောင်အာရှတွင် မြေနေရာအားဖြင့် အကြီးမားဆုံးဖြစ်သော မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၃ ခုနှစ်အတွင်း ၆ ရာခိုင်နှုန်းဝန်းကျင်ခန့် တိုးတက် လိမ့်မည်ဟု ခန်းမှန်းခံထားရသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် မြင့်တက်လာသော လူဦးရေ အစရှိသကဲ့သို့သော သဘာဝရင်းမြစ်များကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နိုင်ငံတကာကုမ္မဏီများကို ဆွဲဆောင်လျက်ရှိသည်။

“ဒါဟာ အာရှဒေသမှာ သြစတြေးလျနိုင်ငံရဲ့ သံတမန်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ချဲ့ထွင်နိုင်ရေးအတွက် အစိုးရရဲ့ နောက်ထပ်ခြေလှမ်း တစ်လှမ်းပဲ ဖြစ်ပါတယ်” ဟု ကုန်သွယ်ရေးဝန်ကြီး Craig Emerson ကပြောကြားသည်။

“သြစတြေးလျရဲ့ ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ တယ်လီဆက်သွယ်ရေး၊ အခြေခံအဆောက်အဦ၊ သတ္တုတူးဖော် ရေးနဲ့ တိုရစ်ဇင် စတဲ့လုပ်ငန်းတွေကို ကုန်သွယ်ရေးရုံးက ကူညီထောက်ပံ့ပေးသွားမှာပါ” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ပတ်သ် မြို့တွင်ယခုလတွင်း ကျင်းပပြုလုပ်သော သြစတြေးလျနှင့် ဗြိတိန်ဝန်ကြီးများ နှစ်စဉ်ပုံမှန် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များကို နှစ်နိုင်ငံစလုံးက အသိအမှတ်ပြုခဲ့ကြပြီး မြန်မာနှင့် ကမ္ဘာ့နိုင်ငံများ ချိတ်ဆက်နိုင်ရေး၊ မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံရေး အစ ရှိသည်တို့အတွက် အားပေးအားမြှောက် ပြုလုပ်ကိုင်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံ ဝန်ကြီးများက ကတိကဝတ်ပြုခဲ့ကြသည်။

**********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment