Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၃၁.၁.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဒီ KIO,KIA တွေကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ။ ပြီးတော့ ဒေသခံပြည်သူတွေခမျာမှာလည်း အိုးမဲ့၊ အိမ်မဲ့အနေအထားတွေ ဖြစ်နေပြီ၊ ဒီလိုအနေအထားမျိုးမှာ မြန်မာ့တပ်မတော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ ဒါကို အမေရိကန်တို့၊ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ၊ ဘာတွေနဲ့ တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေး၊ ဘာလေး ပြောကြတယ်။ တိုက်လေယာဉ်ဝယ်ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ်မှာပေါ့။ စစ်တိုက်စရာမရှိရင် လူတင်လေယာဉ်တွေပဲဝယ်ပြီး ပိုက်ဆံရှာမှာပေါ့။ ပြောရရင် KIO,KIA ကိစ္စ တပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ ဝေဖန်ချက်က လုံးဝအဓိပ္ပါယ်မရှိဘူး။ ”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၇) တွင် ပါရှိသော “ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍ အမေရိကန်၏ပြောဆိုမှုက အဓိပ္ပါယ်မရှိကြောင်း ဦးအောင်သိန်းလင်း ပြော” သတင်းမှ ဦးအောင်သိန်းလင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“စည်းကမ်းပိုင်းက ကျောင်းသား၊ကျောင်းသူတွေရဲ့ အနီးကပ်ကျောင်းတက်ချိန်မှန်ဖို့၊ Assignment ကို ပြင်ပ စာအုပ်တွေကနေ ကူးယူဖြေဆိုတဲ့စနစ်အစား ကျောင်းသား၊ ကျောင်းသူ အနေနဲ့ သင်ခန်းစာအပေါ် သူဘယ်လောက် နားလည်သလဲဆိုတဲ့ စနစ်မျိုးကို အကောင်အထည်ဖော်မယ်။ လက်ရှိကျင့်သုံးနေတဲ့စနစ်က အရမ်းကို နိမ့်ကျနေတယ်။ ဘွဲ့လက်မှတ်တစ်ခု ရရုံသက်သက်အတွက် ကျောင်းလာတက် နေသလို ဖြစ်နေတယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Fresh News Journal အတွဲ (၁/၀၄၅) တွင်ပါရှိသော “အဝေးသင်ပညာရေး အဆင့်နိမ့်လွန်းတယ် ဘွဲ့ရရုံအတွက် ကျောင်းလာနေသလိုဖြစ်နေတယ်” သတင်းမှ အရှေ့ပိုင်းတက္ကသိုလ်မှ ကထိကတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့သူတွေအပါအဝင် မြန်မာပြည်သူတွေရဲ့ ဘဝအခြေအနေတွေကို တိုးတက်စေဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို မကြုံစဖူးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ ရှေ့ဆက်ပြီး ရေရှည်လျှောက်ရဦးမယ့် စီးပွားရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို ရောက်ရှိနေပါပြီ။ လုပ်စရာတွေကတော့ အများကြီးကျန်ပါသေးတယ်။ မြန်မာအစိုးရက လုပ်ဆောင်နေတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ လူတိုင်းအတွက်စီးပွားရေး လုပ်ငန်းတွေ ကောင်းမွန်ဖြစ်ထွန်းလာရေး ဆောင်ရွက်ချက်တွေကို ပိုမိုအားကောင်းလာစေဖို့ ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီဆောင်ရွက်သွားဖို့ ကတိပြုထား ပြီးသား ဖြစ်ပါတယ်။ အာရှ ဖွံ့ဖြိုးဘဏ်အပါအဝင် ကမ္ဘာ့ဘဏ်နဲ့ ပေါင်းစပ်လုပ်ကိုင်တဲ့နေရာမှာ ဂျပန်အစိုးရနဲ့ အခြားမိတ်ဆွေနိုင်ငံများကပါ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရေး၊ တိုးတက်မှုအားကောင်းလာရေးနဲ့ အလုပ်အကိုင်ဖန်တီးရေးကဏ္ဍတွေမှာ ကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Fresh News Journal အတွဲ (၁/၀၄၅) တွင်ပါရှိသော “ရေရှည်လျှောက်ရမည့် စီးပွားရေးပြုပြင်လမ်းကြောင်းပေါ် ရောက်နေပြီ။ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၄၄၀ ပေးအပ်ရန် သဘောတူထားပြီဟုဆို” သတင်းမှ ကမ္ဘာ့ဘဏ်၏ မြန်မာပြည်တာဝန်ခံ ညွှန်ကြားရေးမှူး Annette Dixon  ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက လိုင်ဇာကို သိမ်းပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးလို့ရမယ်လို့ ပြောပါတယ်။ လိုင်ဇာကို သိမ်းရုံနဲ့ ကချင်ကုန်သွားမှာ မဟုတ်ပါဘူး။ ရွှေလက်နဲ့ခေါ်တုန်းလာပါ၊ Bullet နဲ့ခေါ်တာ မလိုချင်ပါနဲ့ ဆိုတဲ့အပေါ်မှာတော့ ကျွန်မအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ရော တိုင်းရင်းသားတစ်ယောက်အနေနဲ့ရော၊ ကချင်တစ်ယောကအနေနဲ့ပါ အဲဒါကို လုံးဝကန့်ကွက်ပါတယ်။ လိုင်ဇာကို သိမ်းပြီးမှ ငြိမ်းချမ်းရေးလုပ်မယ်ဆိုတာ လုပ်လည်းမလုပ်သင့်သလို ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ လိုင်ဇာကို သိမ်းလို့ ကချင်လူမျိုး အမြစ်ပြတ်ပြီး ကျန်တဲ့လူမျိုးတွေနဲ့ပဲ ငြိမ်းချမ်းရေးတည်ဆောက်လို့လဲ မရပါဘူး။ UNFC မှာ ကချင်လည်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်တာဖြစ်လို့ ကချင်မပါဘဲနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ပဲ ဆွေးနွေးသွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကချင်တိုင်းရင်းသားဆိုတာ ကချင်ပြည်နယ်မှ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး တင်မက တစ်ကမ္ဘာလုံးမှာရှိပါတယ်။ ”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၅) အမှတ် (၄၄) တွင်ပါရှိသော “အမျိုးသားလွှတ်တော်၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးချက်အချို့အပေါ် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ကိစ္စကလည်း ခင်ဗျားတို့ပြောတာ ကျွန်တော်တို့က ဝိုင်းကူပေးပါ။ သူ့ကို သမ္မတကြီးက နှုတ်နဲ့လည်းပြောထားပြီးသား ဖြစ်ပါတယ်။ ဒီတော့ သူ ကူညီချင်တဲ အခန်းကဏ္ဍက ဝင်ကူလို့ ရပါတယ်။ သူပါမယ်ဆိုရင် ကျွန်တော်တို့က ဝမ်းသာပါတယ်။ သူ တစ်နေ့ပါလာမှာ ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော်လည်း နီးနီးကပ်ကပ်ဆောင်ရွက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် သူလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခင်ဗျားတို့ မျှော်လင့်သလို ပါလာမှာပါ။”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် 7 Days News Journal အတွဲ (၁၁) အမှတ် (၄၇) တွင်ပါရှိသော “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတော့မည်ဟုဆို” သတင်းမှ ဦးအောင်မင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment