Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၃၁.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာပြဿနာ၏ ဇစ်မြစ်ကို အာဆီယံကိုင်တွယ်ဖြေရှင်းသင့်ဟု ပါလီမန်များအဖွဲ့သုံးသပ်

(Bangkok Post သတင်းစာမှ 29 Jan 2013 ရက်စွဲပါ Asean should address root of Rohingya problem, says parliamentary group ကို ဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာပြဿနာ၏ ဇစ်မြစ်ကို အာဆီယံကိုင်တွယ်ဖြေရှင်းသင့်ဟု ပါလီမန်များအဖွဲ့သုံးသပ်

(Bangkok Post သတင်းစာမှ 29 Jan 2013 ရက်စွဲပါ Asean should address root of Rohingya problem, says parliamentary group ကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်တွင်ကျင့်သုံးသော မြန်မာအစိုးရ၏ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာမူဝါဒသည် ရိုဟင်ဂျာလူမျိုးများ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေထိုင်မှုအတွက် အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း အဆီယံပါလီမန်များအဖွဲ့-မြန်မာ(AIPMC) က ထုတ်ဖော်ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာလူမျိုးများအနေဖြင့် အခြားနိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခံရခြင်းမျိုး ခံရဖွယ်ရှိကြောင်း AIPMC မှ ဒုတိယဥက္ကဌ Kraisak Choonhavan ကပြောကြားသည်။

အာဆီယံအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စတွင် ပြဿနာ၏ဇာတ်မြစ်အား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟုလည်း ၎င်းက ကြေညာချက်တွင် အပြစ်တင်ရေးသားထားသည်။

အမှန်တကယ်တွင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအစိုးရအပေါ် ဖိအားပေးမှုများပိုမိုပြုလုပ်ကာ ရိုဟင်ဂျာလူမျိုးစုများ၏ အခြေခံအခွင့်အရေးများရရှိအောင် အခိုင်အမာလုပ်ဆောင်ပေးသင့်သည်ဟု မစ္စတာ Kraisak က ပြောဆိုသည်။

တစ်ချိန်တည်းမှာပင် အာဆီယံအနေဖြင့် ဒေသတွင်းမှ ဥပဒေရေးရာအာဏာပိုင်များ၊ လူ့အခွင့်အရေးအေဂျင်စီများနှင့် အနီးကပ်လက်တွဲပူးပေါင်းကာ ရိုဟင်ဂျာဒုက္ခသည်များ လူမှောင်ခိုကူးခံရမှုကို တိုက်ဖျက်သင့်သည်ဟု ၎င်းကဆိုသည်။

လတ်တလော သက်သေအထောက်အထားများအရ အချို့သောထိုင်းအာဏာပိုင်များသည် လူမှောင်ခိုကူးမှု လုပ်ငန်းစဉ်တွင်ပါဝင်ပတ်သက်နေသည်ဟု AIPMC ကထုတ်ပြန်သော ကြေညာချက်တွင်ပါရှိသည်။

AIPMC ၏ ဥက္ကဌ နှင့် အင်ဒိုနီးရှားပါလီမန်အမတ် Eva Kusuma Sundari ကမူ ရိုဟင်ဂျာလူမျိုးများ၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု မပြုလုပ်နိုင်သည့် အာဆီယံကို ပြစ်တင်ပြောဆိုသည်။ မြန်မာအစိုးရ၏ မူဝါဒသည် ရိုဟင်ဂျာလူမျိုးများကို အပယ်ခံဘဝသို့ရောက်ရှိစေကြောင်း၊ ၎င်းတို့အတွက် အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ယူခွင့် သို့မဟုတ် ဆေးဝါးကုသခွင့်လည်းမရရှိကြကြောင်း ၎င်းကဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံအစိုးရများ လူ့အခွင့်အရေးဆိုင်ရာ ဖိုရမ်တွင် ရိုဟင်ဂျာအရေးကိစ္စကို Ms Eva Kusuma Sundari ကတင်သွင်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။

**********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment