Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၈.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1.  မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခန်းဖွင့်လှစ်ဖွယ်ရှိကြောင်း AIA မှ ပြောကြား

(Reutersသတင်းဌာနတွင်ပါသည့် AIA say will open representative office inMyanmarကိုဘသာပြန်ဆိုသည်။)

  1. တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး နှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ

( Christian Today မှ 27 Feb 2013 ရက်စွဲပါ “ Arch bishop Tutu meets Suu Kyi သတင်းကို ဘာသာပြန် ဆိုသည်။ )

***************************************************************

ဘာသာပြန်သတင်းများ

 မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခန်းဖွင့်လှစ်ဖွယ်ရှိကြောင်း AIA မှ ပြောကြား

(Reutersသတင်းဌာနတွင်ပါသည့် AIA say will open representative office in Myanmarကိုဘသာပြန်ဆိုသည်။)

အာရှ၏ အကြီးမားဆုံးသောအာမခံကုမ္ပဏီကြီးဖြစ်သည့် AIA Group Ltd သည်ဖွံ့ဖြိုးမှုအမြန်ဆုံး ဖြစ်သောအရှေ့တောင်အာရှ ဒေသတွင်း ဈေးကွက်တွင် ဝယ်လိုအား ပြည့်မီအောင် အကောင်အဖော်သည့် မဟာဗျူဟာအစိတ်အပိုင်းတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ဖို့ စီစဉ်လျက်ရှိကြောင်းဗုဒ္ဓဟူးနေ့၌ ပြောကြားသွားခဲ့သည်။

ကုမ္ပဏီဟာ ရုံးခွဲဖွင့်ဖို့ “ပဏမသဘောတူညီမှု” ရရှိခဲ့ပြီးဖြစ်ကြောင်း နားထောင်ရန်နှင့် စောင့်ကြည့်လေ့လာရန်ဖြစ်ကြောင်း AIA၏ အမှုဆောင်အရာရှိချုပ် Mark Tuckerမှ အစည်းအဝေးပွဲ၌ သတင်းထောက်များကို ပြောကြား သွားခဲ့သည်။ “တစ်ခါက မြန်မာနိုင်ငံဟာအလွန်စိတ်ဝင်စား ဖို့ကောင်းတဲ့ ဈေးကွက်ဖြစ်ခဲ့ဖူးပါတယ်။ ယခုနောက်တစ်ကြိမ် ဖြစ်လာပါဦးမည်” Tucker ကဆိုသည်။

ကိုယ်စားလှယ်ရုံးသည် မြန်မာနိုင်ငံတွင်ကုမ္ပဏီတည်ထောင် ခွင့်ပြု  မည်ဖြစ်သော်လည်း ကုမ္ပဏီအားစီးပွားရေးလုပ်ဆောင်ခွင့်  ပေးမည် တော့မဟုတ်ပါ။ AIA ၏ ပြိုင်ဖက်ကုမ္ပဏီဖြစ်သော Prudential Plc မှလည်းများမကြာမီကနှစ်စဉ် အာမခံဈေးကွက် အတွင်းအာမခံကြေး အမေရိကန် ဒေါ်လာ ၁.၆ ဘီလီယံထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံကို စိတ်ဝင်စားကြောင်းဖော်ပြခဲ့သည်။

အရွယ်ရောက်သူဦးရေ မြင့်မားမှုနှင့်အညီ စုဆောင်းမှုနှုန်းမြင့်မားပြီး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေသော အရှေ့တောင်အာရှဒေသမှာ အနောက်၏ စီးပွားရေးကျဆင်းမှုနှင့် အတိုးနှုန်းနိမ့်ပါးမှု ဒဏ်သင့်နေသော အသက်အာမခံလုပ်ငန်းများအတွက် စွဲဆောင်မှုအား မြင့်မားလျက်ရှိနေသည်။

 AIA သည် မနှစ်ကသီရိလင်္ကာနှင့် မလေးရှားနိုင်ငံတို့ရှိအာမခံစီးပွားရေးလုပ်ငန်းများကိုဝယ်ယူခဲ့သည်။ AIAကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်

ကိုယ်စားလှယ်ရုံးလာရောက်ထူထောင်ခြင်းမှာမလေးရှားတွင် ၎င်းဝယ်ယူထားသည့်လုပ်ငန်းအချို့ကို ဘဏ္ဍာငွေဖြည့်တင်းရန်  ငွေရမည့်အလယ်အလတ်

ကာလအစီအစဉ်တစ်ရပ ထူထောင်မည် ဖြစ်ကြောင်းဗုဒ္ဓဟူးနေ့၌ ပြောကြားသွားခဲ့သည်။

စီးပွားရေးလုပ်ငန်းသစ်များ၏ တန်ဖိုးမှာကုန်လွန်ခဲ့သည့် ဘဏ္ဍနှစ်အတွင်း၂၇ ရာခိုင်နှုန်း မြင့်မားသွားခဲ့ကြောင်းကုမ္ပဏီကတင်ပြခဲ့သည်။ အနာဂတ်စီးပွားရေး၏ လက်ရှိတန်ဖိုးကိုဖော်ပြနေသော ယင်းပမာဏမှာဘဏ္ဍနှစ်အကုန် နိုဝင်ဘာ ၃၀ အရောက်တွင် အမေရိကန်ဒေါ်လာ ၁.၁၉ ဘီလီယံ

မြင့်မားလာခဲ့သည်။ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းသစ် အမြတ်ပမာဏမှာလည်း ၆.၄ ရာခိုင်နှုန်းမှ ၄၃.၆ ရာခိုင်နှုန်းခုန်တက်ခဲ့သည်။ AIA၏ အသားတင်အမြတ်မှာ ၃.၂ဘီလီယံရှိပြီး ရှယ်ယာတစ်စု၏ တန်ဖိုးမှာ ၁၈ ဆင့် ရှိခဲ့သည်။

Thomson Reuters ၏ အချက်အလက်များအရစိစစ်သုံးသပ်သူများကအဆုရှယ်ယာတစ်စုလျှင် ပျှမ်းမျှအားဖြင့်၂၂ ဆင့်ရှိဖို့ မျှော်လင့်ထား ခဲ့ကြောင်းသိရသည်။

AIA ရှယ်ယာများသည် ပင်မဌာနချုပ်ရှိရာ ဟောင်ကောင်၌ မနက်ပိုင်းရောင်းဝယ် (ကုန်သွယ)် မှုတွင်   ၂.၁ ရာခိုင်နှုန်းမြင့်တက်သွားခဲ့သည်။ HangSeng ညွှန်းကိန်း စံ   ၀.၆  ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် မြင့်လာသည်ဟုဆိုနိုင်ပါသည်။

**********************************************************************

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး နှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ

( Christian Today မှ 27 Feb 2013 ရက်စွဲပါ “ Arch bishop Tutu meets Suu Kyi သတင်းကို ဘာသာပြန် ဆိုသည်။ )

Photo Credit by AP

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်အာဖရိက ဘုန်းတော်ကြီး ဒတ်စမွန်တူးတူး နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

နိုဘယ်ဆုရှင်တကယ့်ခေါင်းဆောင်ကို သူမ၏ ရန်ကုန်မြို့နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကပြောကြား ခဲ့သည်။

ဒက်စမွန်တူးတူးက ၎င်းအနေဖြင့် ဤျနိုင်ငံတွင် ရောက်ရှိနေစဉ် ကျောချမ်းမိကြောင်း၊ မြန်မာနိုင်ငံ အမှန်တကယ် စစ်မှန်စွာ လွတ်လပ်ခွင့်ရချိန် တွင် ပြန်လည်လာရောက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

“ မြန်မာနိုင်ငံရဲ့ အလားအလာဟာ ကောင်းပေမဲ့ ငုပ်လျိုးနေပါတယ်။ တိုင်းရင်းသားပြဿနာတွေ မရှိတော့တဲ့အချိန်မှာ အလားအလာအပြည့်အဝ ကောင်းမွန်နေတာကို ကျွန်တော်မြင်တွေ့ချင်ပါတယ်” ဟု ၎င်းက ဆိုပါသည်။

မြန်မာအစိုးရကိုလည်း ဒီမိုကရေစီ ဦးတည်သော ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်ရန် ဒက်စမွန်တူးတူးက တိုက်တွန်း အားပေးသည်။

ဧရာဝတီ သတင်းဌာန အဆိုအရ ဒတ်စမွန်တူးတူးသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီစဉ်မရှိဟု သိရှိရသည်။

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၈.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ထားဝယ်လမ်းချဲ့မည့် အစီအစဉ် ရပ်ဆိုင်း

(Feb 26 2013 ရက်စွဲပါ Bangkok Post မှ “Dawei road expansion plan shelved”အား ဘာသာပြန်ဆိုသည်)

  1. မအူပင်မြေအပိုင်စီးမှုဆန္ဒပြပွဲတွင် ရဲတစ်ဦးသေဆုံး၍ နှစ်ဖက်စလုံး အမြောက်အများဒဏ်ရာရ

(AFP News မှ 27 February 2013 ရက်စွဲပါ “Policemen killed scores injured in Myanmar Land clash” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မဲခေါင်မြစ်လူသတ်မှုကြိုးကိုင်သူများကိုမတ်လ(၁)ရက်တွင်ကွပ်မျက်မည်

 (CNTV News မှ 28 Feb 2013 ရက်ဆွဲပါ “Mekoung River murderers to be executed on March 1st” သတင်းကိုဘာသာပြန်ဆိုသည်။)

        

                ***********************************************************************

ဘာသာပြန်သတင်းများ

ထားဝယ်လမ်းချဲ့မည့် အစီအစဉ် ရပ်ဆိုင်း

(Feb 26 2013 ရက်စွဲပါ Bangkok Post မှ “Dawei road expansion plan shelved”အား ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိရာနေရာနှင့် ထိုင်းနိုင်ငံသို့ ချိတ်ဆက် ဖောက်လုပ်ရန် စီစဉ်ထားသည့် ကားလမ်း ထပ်ချဲ့မည့်အစီအစဉ်အား ရွှေ့ဆိုင်းလိုက်သည်။ ထိုင်းဘက်မှ လေးလမ်းသွားမှ ရှစ်လမ်းအထိ ထပ်ချဲ့ပြီး ဖောက်လုပ်ရန် ယခုအချိန်တွင် မလိုအပ်ကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ကြောထိန်းသိမ်းမှု မူဝါဒနှင့် စီမံဌာန (OTTPP) က ပြောခဲ့သည်။

၁၁၀ ကီလိုမီတာ ရှည်လျားသော လမ်းမကြီးက မြန်မာနိုင်ငံ ထားဝယ်နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီသို့ ဆက်သွယ်ပေးလိမ့်မည်ဖြစ်သည်။ OTTPP ၏ ဒါရိုက်တာ Chula Sukmanop က ထားဝယ်လမ်းပိုင်းထပ်ချဲ့မည့်စီမံချက်မှာ ရင်းနှီးမြှုပ်နှံမှု စွန့်စားရမှု ကြီးလိမ့်မည်ဟု ပြောကြားခဲ့သည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီး Chadchat Sittipunt အား တင်ပြထားသည့် ထားဝယ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအစီရင်ခံစာတွင် သူ၏ တွေ့ရှိချက်ကို ထည့်သွင်းထားသည်။

ထိုအစီရင်ခံစာသည် Chon Buri တွင် မတ်လ ၆-၈ ရက်နေ့များတွင် ကျင်းပရန်ရှိသည့် ထားဝယ်စီမံကိန်း၏ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ တတိယအကြိမ်အစည်းအဝေး  မတိုင်မှီထွက်ပေါ်လာသည့် အစီရင်ခံစာဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတွင်  ကိုင်တွယ်နိုင်မည့် ကုန်ပစ္စည်း ပမာဏ ခန့်မှန်းချက်ကို OTTPP က စီစစ်ပြီးဖြစ်ကာ ကိန်းဂဏန်းတန်ဖိုးမှာ အလွန်မြင့်မားကြောင်း တွေ့ရှိခဲ့သည်။

သယ်ယူပို့ဆောင်ရမည့် ကုန်ပမာဏများမှာ ကားလမ်းထပ်ချဲ့ရုံနှင့် လုံလောက်မည်မဟုတ်ဟု အစီရင်ခံစာက ဆိုသည်။ အစီရင်ခံစာက ဆိုရာတွင် ကုန်ပစ္စည်းကွန်တိန်နာများသည် ဆိပ်ကမ်းမှစက်မှုပစ္စည်းများ၊ ကချာနာဘူရီအထူးစီးပွားရေးဇုန်နှင့် အနောက်ပိုင်းပြည်နယ်များထံမှ အခြား ပစ္စည်းများတင်ဆောင်မည်ဟုဖေါ်ပြထားပါသည်။ သူ (Chula Sukmanop) ၏ ရုံးကလည်း ရေနက်ဆိပ်ကမ်းကို ပထမအဆင့်တွင် စက်မှုဆိပ်ကမ်း (industrial port) အနေဖြင့် ဒီဇိုင်းလုပ်ရန် ထောက်ခံခဲ့သည်။

ဒုတိယအဆင့်တွင်မှ ကုန်ပစ္စည်းပမာဏတိုး တက်လာပြီး  နောက်ပိုင်းတွင် ကွန်တိန်နာဆိပ်ကမ်းအနေဖြင့် အဆင့်မြှင့်သင့်သည်။ မစ္စတာချူလာ က မြန်မာနိုင်ငံသည် ဆိပ်ကမ်းအား အုပ်ချုပ်စီမံရန်အတွက် ပုဂ္ဂလိက အော်ပရေတာများကို ခွင့်ပြုရန် ဥပဒေပြင်ဆင်သင့်သည်ဟု ပြောကြားခဲ့ပါသည်။ အစီရင်ခံစာတွင် ၎င်းက မြန်မာနိုင်ငံအနေဖြင့် ရထားလမ်းကို တစ်မီတာအကျယ် ထားရေးပြန်လည်သုံးသပ်ရန် နှင့် သို့မှသာ ထိုင်းနိုင်ငံရှိကွန်ရက်များနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး သယ်ယူနေစဉ်အတွင်း ကုန်ပစ္စည်းပြန်ချရခြင်းကို ရှောင်ရှားနိုင်မည်ဟု ဖေါ်ပြထားပါသည်။

----------------------------------------------------------------------------------

မအူပင်မြေအပိုင်စီးမှုဆန္ဒပြပွဲတွင် ရဲတစ်ဦးသေဆုံး၍ နှစ်ဖက်စလုံး အမြောက်အများဒဏ်ရာရ

(AFP News မှ 27 February 2013 ရက်စွဲပါ “Policemen killed scores injured in Myanmar Land clash” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွက် မြေပိုင်ဆိုင်မှုဆိုင်ရာ ဆန္ဒပြပွဲဖြစ်စဉ်အတွင်း ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး လယ်သမားအမြောက်အများထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့နှစ်ဖက်စလုံးက AFP သို့ဗုဒ္ဓဟူးနေ့ တွင်ပြောကြားသည်။

၁၉၉၆ ခုနှစ်တွင် တပ်မတော်အစိုးရက သိမ်းယူထားခဲ့သော ဧရာဝတီမြစ်ဝကျွန်းပေါ်မှ မြေဧက ၅၀၀ ခန့်ကို ပြန်ပေးရန် လယ်သမားများက တောင်းဆိုသော အင်္ဂါနေ့ညက ဆန္ဒပြမှုတွင် နောက်ထပ်ရဲတပ်ဖွဲ့ဝင် ၂၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခင် အစိုးရလက်ထက် အာဏာပိုင်များ၏ မြေအပိုင်စီးမှုနှင့် ပတ်သက်ပြီး လယ်သမား ၃၀၀ ခန့်က ယခင်အပတ်ကစ၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

လက်နက်အားကိုးအုပ်ချုပ်သော စစ်အုပ်ချုပ်ရေးအစား ရွေးကောက်တင်မြှောက်သော အရပ်ဖက် အစိုးရဖြင့် အစားထိုးအုပ်ချုပ်ခဲ့ချိန် ၂၀၁၁ နောက်ပိုင်းတွင် အလားတူဆန္ဒပြပွဲများ မြန်မာနိုင်ငံတစ်လွှားတွင် ဖြစ်ပေါ်ခဲ့သည်။ ရာနှင့်ချီ၍ ပေါ်ထွက်လာသော မြေအငြင်းပွားမှုပြဿနာများ ဖြေရှင်းခြင်း ကို လွှတ်တော်က တာဝန်ယူဆောင်ရွက်နေရသည်။

အင်္ဂါနေ့က မအူပင်မြို့နယ်တွင် ဖြစ်ပွားသော ပဋိပက္ခသည် ပြီးခဲ့သောနိုဝင်ဘာလက ကြေးနီမိုင်း ဆန္ဒပြမှုနှိမ်နှင်းမှု နောက်ပိုင်းတွင် အဆိုးဝါးဆုံး ဖြစ်စဉ်တစ်ခုဖြစ်သည်။

“ဓါးထိုးခံရလို့ ရန်ကုန်ကိုပို့ပြီး ဆေးကုနေရတဲ့ ရဲတပ်ဖွဲ့ဝင်က သေဆုံးသွားပါပြီ” ဟု မအူပင်မှ အမည်မဖော်သော ရဲအရာရှိတစ်ဦးက AFP သို့ပြောကြားသည်။

“အရပ်သားတွေထိခိုက်မှာကို ကျွန်တော်တို့ မလိုလားတဲ့အတွက် သီးခံစိတ်ရှည်ပြီး လုပ်ဆောင်ခဲ့ကြပါ တယ်။ ဒါ့ကြောင့် ရဲတပ်ဖွဲ့ဝင် အမြောက်အများထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။ ကျွန်တော်တို့ ရဲအရာရှိတွေက သတိပေးတဲ့ ပစ်ခတ်မှုလောက်ပဲပြုလုပ်ခဲ့တာပါ” ဟု အဆိုပါ ရဲအရာရှိက ရှင်းလင်းပြောဆိုသည်။

ဆန္ဒပြလှုပ်ရှားသူများကမူ အခင်းဖြစ်ရပ်အပေါ်ကွဲပြားသော မှတ်ချက်ပေးခဲ့ကြပြီး “၎င်းနေရာကို ရဲတပ်ဖွဲ့က ပိတ်ဆို့ပြီး ပစ်ခတ်ခဲ့သောကြောင့် သေနတ်ဒဏ်ရာရသူ ၃ ဦးအပါအဝင် လယ်သမား ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟုပြောဆိုကြပါသည်။

အခင်းဖြစ်ရပ်နှင့် အနီးဆုံးတွင်ရှိနေသော လယ်သမားအရေးလှုပ်ရှားသူ ထွန်းနိုင်က “ရဲတွေက အချက်ပေါင်း ၁၀၀ ကျော်လောက် ပစ်ခတ်ခဲ့ ပါတယ်။ သူတို့ဒီလို ပစ်လိမ့်မယ်လို့ ကျွန်တော်တို့မထင်မိပါဘူး။ ဒီဒေသအနီးတဝိုက် ရွာ ၆ ရွာကနေ သိမ်းယူထားတဲ့ မြေတွေပြန်ရအောင် လယ်သမား တွေက ကြိုးစားနေကြတာပါ။ ဒီမြေတွေကို အာဏာပိုင်တွေက ရောင်းစားသွားပြီး၊ ဝယ်ယူထားတဲ့ မွေးမြူရေးကုမ္ပဏီ ကလည်း အသုံးမပြုပဲပစ်ထား တာပါ” ဟု AFP သို့ပြောကြားသည်။

“ကုမ္ပဏီက စိုက်ပျိုးမွေးမြူရေးဘာမှမလုပ်ပဲ မြေကိုဒီအတိုင်းထားတာပါ။ ဒါ့ကြောင်းလယ်သမားတွေက ပြန်လိုချင်ကြတာပေါ့။ သူတို့ မြေကိုပြန်ရတဲ့အထိ ဆက်လက်တောင်းဆိုသွားကြမှာပါ” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

ယခင် တပ်မတော်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံတစ်လွှားမှမြေများကို ဓလေ့ထုံးစံသဖွယ် အလွယ်တကူ သိမ်းယူလေ့ရှိပြီး၊ ခရိုနီများ အသုံးပြုရန် လက်လွှဲပေးခြင်း (သို့) ပုဂ္ဂလိကကုမ္ပဏီများသို့ ပြန်ရောင်းစားခြင်းတို့ကို အဟန့်အတားမရှိ ကျူးလွန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြဿနာများ ရှုပ်ထွေးနေရ ခြင်းဖြစ်သည်။

“ယခင် အာဏာပိုင်များ အဂတိလိုက်စားပြီး ချန်ထားခဲ့သော ဆိုးမွေများကို ပြည်သူများ ခံစားနေရခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့မှာ ကြားညှပ်နေ ခြင်းဖြစ်သည်” ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူအချို့က မှတ်ချက်ပေးထားသည်။

------------------------------------------------------------------------------------

မဲခေါင်မြစ်လူသတ်မှုကြိုးကိုင်သူများကိုမတ်လ(၁)ရက်တွင်ကွပ်မျက်မည်

 (CNTV News မှ 28 Feb 2013 ရက်ဆွဲပါ “Mekoung River murderers to be executed on March 1st” သတင်းကိုဘာသာပြန်ဆိုသည်။)

၂၀၁၁ခုနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား (၁၃) ဦးသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသော မြန်မာမူးယစ်ရာဇာ နော်ခမ်းနှင့် အပေါင်းအပါ (၃)ဦး ကိုမတ်လ(၁)ရက်တွင် သေဒဏ်ပေးတော့မည်ဟုသိရှိရ သည်။

၎င်းတို့လေးဦးကို ယူနန်ပြည်နယ်ကူမင်းမြို့တော် တွင်ဆေးထိုးကွပ်မျက်မည်ဟု ကူမင်းပြည်သူ တရားရုံးကဗုဒ္ဓဟူးနေ့တွင်ပြောကြားသည်။

ကူမင်းရှိထိုင်းနှင့်မြန်မာကောင်စစ်ဝန်များ၊ တရားခံတို့၏ ဆွေမျိုးများအား တရားခံများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးထားသည်ဟု တရားရုံးက ဆိုသည်။

၂၀၁၁ အောက်တိုဘာလ မဲခေါင်မြစ်အတွင်းတရုတ်သဘောင်္များ ကိုတိုက်ခိုက်ရာတွင်နော်ခမ်းနှင့် ဂိုဏ်းဝင်များ ကကြိုးကိုင်စီမံခဲ့ပြီး ၊ထိုင်းစစ်သားများနှင့် အတူပူးပေါင်း ကျူးလွန်ခဲ့ကြောင်း တရုတ်တရားရုံး ကစစ်ဆေးတွေ့ရှိခဲ့သည်။ ဂေါ့ဖားသားဟု အမည်ဝှက်ပေးထားကြသော စိုင်းနော်ခမ်းသည် မဲခေါင်မြစ်အတွင်း လှုပ်ရှားသော အကြီးဆုံးလက်နက်ကိုင် မူးယစ်ဆေးဝါးဂိုဏ်း၏ အကြီးအကဲဖြစ်သည်။

တရုတ်သဘောင်္သား(၁၃)ဦး အသတ်ခံရခြင်းကြောင့် လွန်စွာဒေါသထွက်သွားသော တရုတ် အာဏာပိုင်များသည် မဲခေါင်မြစ်အတွင်း(၄)နိုင်ငံ ပူးတွဲကင်းလှည့်အစီအစဉ်က ဖိအားပေး ဆောင်ရွက်ခဲ့ပြီး၊ နော်ခမ်းရှိသောနေရာကိုမောင်းသူမဲ့ ဒရုန်းလေယာဉ် အသုံးပြုတိုက်ခိုက်ရန် အထိပင်စဉ်စား ခဲ့သည် ဟုမကြာသေးမှီက သတင်းများထွက်ပေါ် လာခဲ့သည်။

**************************************************************

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၈.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ကျွန်တော်တို့ဟာ ဒီနေ့မြန်မာပြည်မှာ အပြောင်းအလဲဖြစ်တယ်ဆိုတဲ့ဟာကို လက်မခံနိုင်သေးလို့ ကျွန်တော် တို့ ဒီမှာလာပြီး ဆန္ဒပြတာဖြစ်ပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းစွာလာပြီး ဆန္ဒပြတာပါ။ ဒီနေ့ ကျွန်တော်တို့ပြောရမယ့် တိုင်းရင်းသားအခွင့်အရေးတို့ လူ့အခွင့်အရေးတို့ ဆိုတာလည်း မရှိသေး ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအတိုင်းပဲ ဆက်သွားပါ။ ကျွန်တော်တို့ ဗမာပြည်ဟာ နောက်ထပ်နှစ်ပေါင်း  ၅၀ စစ်အစိုးရ အောက် မှာပဲရှိနေဦးမှာပါ။ ကျွန်တော်တို့နှစ်ပေါင်း ၅၀ ဖြတ်ခဲ့ပြီးပြီ။ စစ်အစိုးရအောက်မှာ။ မပြောင်းသေးပါဘူး။ ဘာမှမပြောင်းသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ က ဒီမိုကရေစီလို့ ပြောတဲ့လူတွေကို ထောင်ချခဲ့တဲ့ အစိုးရဟာ ဒီနေ့ဒီမိုကရေစီလို့ပြောပြီး လျှောက်လည်နေတယ်”

မတ်လ ၁ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၄၀) အမှတ် (၅) တွင်ပါရှိသော “နော်ဝေနိုင်ငံသို့ ရောက်ရှိခဲ့သော သမ္မတဦးသိန်းစိန်နှင့် ကိုယ်စားလှယ်အဖွဲ့ကို နော်ဝေရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများ ဆန္ဒပြ” သတင်းမှအဆိုတော် မွန်းအောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------

“အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံတဲ့နေရာမှာ စီးပွားရေး အရ ပိတ်ဆို့ထားတာတွေကို တဖြည်းဖြည်း ဖြေလျော့ပေးတဲ့အနေနဲ့ အခုအချိန်မှာ နှစ်နိုင်ငံဘဏ်ချင်း ချိတ်ဆက် ပြီး၊ အမေရိကန်ဒေါ်လာသုံးငွေလွှဲနိုင်ဖို့အတွက်ခွင့်ပြုပေးလိုက်ပါပြီ။ ဒီအနေအထားက စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းတွေပါ။ အခုဆို Cheveron တို့လို စွမ်းအင် ကုမ္ပဏီတွေ၊ Caterpillar တို့လို ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ Microsoft တို့လို အမေရိကန်ဆော့ဖ်ဝဲ ကုမ္ပဏီတွေကလည်း စိတ်ဝင်စားနေပါတယ်။”

မတ်လ ၁ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၄၀) အမှတ် (၅) တွင်ပါရှိသော “အမေရိကန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ အိုင်တီကဏ္ဍနှင့် အခြားကဏ္ဍ အသီးသီးမှ စီးပွားရေး ကော်ပိုရေးရှင်း ကြီးများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဆွေးနွေးနေ” သတင်းမှ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------------------------

“တောင်သူကို ပိုက်ဆံပေးလိုက်ရုံနဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးမှာ ပြီးမသွားဘူး။ ကျေးရွာတွေမှာရှိနေတဲ့ လောင်းကစားဝိုင်းတွေ ပပျောက်အောင် အုပ်ချုပ်ရေးပိုင်းက သေသေချာချာလုပ်ပေးရမယ်။ ပြီးတော့ စပါးဈေး ကျနေတာကိုလည်း အစိုးရပိုင်းကကြားဝင်ဖြေရှင်းနိုင်အောင် နည်းလမ်းတွေ ရှာပေးရမယ်။ သေချာတဲ့ သီးနှံဈေးကွက်သစ်တစ်ခု ဖော်ဆောင်ပေးမယ်ဆိုရင် ဆင်းရဲမှုလျော့ကျရေးအောင်မြင်မှာပါ။ ဥက္ကဋ္ဌကြီး ပြောတာကိုလည်း အားရပါတယ်။ လက်တွေ့လုပ်ဖို့အများကြီးလိုပါသေးတယ်။”

မတ်လ (၂) ရက်နေ့ထုတ် Trade Times Journal အတွဲ (၁) အမှတ် (၄၇) တွင်ပါရှိသော “ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းများ ကိုလိုက်နာရန်လို” သတင်းမှ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးကျော်စွာစိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------

“မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံကိုဖြတ်သန်းပြီး ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့်ကျောက်ဖြူရေနံနဲ့ သဘာဝဓါတ်ငွေ့စီမံကိန်းကို ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းထက် ပိုမိုစိတ်ဝင်စားနေပံရပါတယ်။ ပြီးတော့ ထားဝယ်စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် မြေယာရွှေ့ပြောင်းမှု ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ဆန္ဒကို အရင်ကထက်ပို အလေးထားနေတာကြောင့် အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စိတ်ထက်သန်မှု လျှော့နည်းသွားတာ ဖြစ်နိုင်ပါတယ်”

မတ်လ (၂) ရက်နေ့ထုတ် Trade Times Journal အတွဲ (၁) အမှတ် (၄၇) တွင်ပါရှိသော “ဂျပန်ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုလျှော့ နေခြင်းက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တန့်နေရခြင်း အကြောင်းလား” သတင်းမှ စီးပွားရေးပညာရှင်တစ်ဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်

-----------------------------------------------------------------------------

“ကချင်က မြန်မာပြည်ရဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခုပါ။ ဒီလိုကိစ္စကို ဖြေရှင်းတဲ့အခါ အမျိုးသမီးတွေကိုလည်း အမျိုးသားတွေနဲ့တန်းတူ ပါဝင်ခွင့်ပေးဖို့၊ အကြံဥာဏ်တွေရယူဖို့ တိုက်တွန်းထားတာပါ။ ကျွန်မတို့ အမျိုးသမီး တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လေ့လာသူအဖြစ် တရားဝင်တက်ရောက် နိုင်ဖို့ ဒုက္ခသည်စခန်း တွေမှာ မော်နီတာအဖြစ်စောင့်ကြည့် ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်”

 မတ်လ ၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၀) တွင်ပါရှိသော “ကချင်ပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်ခွင့်ပြုရန် တောင်းဆိုထား” သတင်းမှ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးဌာနမှ မနီလာသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

*********************************************************************

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive