Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၃.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

 “မိမိတို့အနေနဲ့ တစ်စုံတစ်ရာ အခက်အခဲဖြစ်နေတာမျိုး၊ ပြဿနာကြုံတွေ့နေရတာမျိုးရှိလာရင် ကျွန်တော်တို့ထံ စာဖြင့်ရေးပြီး လာရောက်တိုင်ကြား နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြောမှသိမှာဖြစ်ပါတယ်။ အခုလောလောဆယ် အောက်ခြေအဆင့်တွေမှာ စနစ်ပြောင်းတာကို မသိတဲ့အတွက် အထူးအဆန်းဖြစ်နေကြသလို လုပ်ပိုင်ခွင့်တွေကို အပြည့်အဝမပေးတာမျိုး ရှိချင်ရှိနိုင်မယ်။ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေနဲ့အညီလုပ်ဖို့ပဲ အရေးကြီးတယ်။ ဥပဒေ အတွင်းက မရတာမျိုးကို ကျွန်တော်တို့ထံ စာနဲ့ရေးတိုင်နိုင်ပါတယ်။”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၅) တွင်ပါရှိသော “မိမိတို့၏ အခက်အခဲများကို MPC ၌ လာရောက်တိုင်ကြားနိုင်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား” သတင်းမှ ဦးအောင်မင်း ၏ပြောကြားချက် အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ပါရီကလပ်ဆိုတာ နိုင်ငံတကာက မြီရှင်နိုင်ငံတွေလေ။ ပိတ်ဆို့မှုတွေရှိနေတော့ အရင်က ဒီလိုအကူအညီတွေ ပေးလို့မရခဲ့ဘူး။ အခုမှ သူတို့က အကြွေးတွေ လျှော်ပေးပြီး ကူညီတာလေ။ သူတို့ဆီက အတိုးနှုန်းလျှော်ပေး တာတွေ ဘာတွေလည်း ရနိုင်တယ်။”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၅) တွင်ပါရှိသော  “မြန်မာ့အကြွေး ၆ ဘီလီယံကျော် နိုင်ငံတကာ မြီရှင်များ လျှော်ပစ်မည်” သတင်းမှ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင် ၏ပြောကြားချက်အားကော်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ပွင့်လင်းမြင်သာမှုရှိဖို့ လုပ်ဆောင်သွားမယ်။ တိုင်းရင်းသားတွေ လက်မခံတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ကျွန်တော်တို့ ဆက်ပြီး ခွင့်မပြုတော့ဘူး”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၅) တွင်ပါရှိသော  “သယံဇာတ ထုတ်ရင်းနှီးမြှုပ်နှံမှု တိုင်းရင်းသား ခေါင်းဆောင်များ သဘောမတူလျှင်ခွင့်မပြု” သတင်းမှ ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ပီအာစနစ်အတွက် ဥပဒေရေးဆွဲတဲ့အခါ မူရင်းဥပဒေကို ပြင်ဆင်ရေးဆွဲရင် အချိန်ကြာမြင့်နိုင်တဲ့အတွက် မူရင်းဥပဒေကအချက်ကို ဆွဲထုတ်ပြီး နည်းဥပဒေရေးဆွဲနေခြင်း ဖြစ်ပါတယ်”

ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် နေပြည်တော်တိုင်း(မ်) ဂျာနယ် အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ နေထိုင်နိုင်သည့် PR စနစ်အား လပိုင်းအတွင်း ဆောင်ရွက်ပေးမည်” သတင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၏ပြောကြားချက် အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အမြင်မတော်ရင်ဝိုင်းလုပ်ရမှာပေါ့ဗျာ။ ရခိုင်ကိစ္စလည်း အမြင်မတော်ရင်ဝိုင်းလုပ်ရမယ်။ လက်ပံတောင်းတောင်ကိစ္စလည်း အမြင်မတော်ရင် ဝိုင်းလုပ်ပေးမယ်၊ နိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ပေါ့ဗျာ”

ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် နေပြည်တော်တိုင်း(မ်) ဂျာနယ် အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “မြန်မာငြိမ်းချမ်းရေးစင်တာ ငြိမ်းချမ်းရေးကိစ္စရပ်များ တစ်ထိုင်တည်းဆုံးဖြတ်နိုင်ရန် နိုင်ငံတော်သမ္မတမှ တာဝန်ပေးထား” သတင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတိုးကျော်လှိုင် ၏ပြောကြားချက် အားကောက်နှုတ်ချက်။

  **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment