Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၅.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ အခွင့်ပေးထားပေမယ့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေမှာက ဆန္ဒပြချင်ရင်မြို့နယ်ရဲတပ်ဖွဲ့မှူးဆီ တင်ပြရတယ်။ ဒီလို ကိုယ့်ကိုဖမ်းမဲ့သူတွေကို တင်ပြရတော့ ဘယ်လိုပဲဥပဒေနဲ့ အညီပဲတင်တင် ခွင့်မပြုဘူး။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာဆို ငြိမ်းချမ်းစွာလမ်းလျှောက်တဲ့ လူငယ်တွေကို မြို့နယ် ၁၀ မြို့နယ်က အမှုဖွင့်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာပဲ ပါတယ်။ ရဲမှူးဆီတင်ပြရမယ်လို့ မပါပါဘူး။”

ဖေဖော်ဝါရီ ၆ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၁၈) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ရမည့် အချက်များရှိနေ၍ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအနေဖြင့် ပြင်ဆင်သင်သည့် အချက်များကို ကောက်ယူနေပြီး အခွင့်သင့်ပါက ပြင်ဆင်မည်ဟုဆို” သတင်းမှ တရားလွှတ်တော် ရှေ့နေဦးကိုနီ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

“အခုခေတ်ကို ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဆက်ဆံရေးက အဆင်ပြေတာမြင်ရတော့ နှစ်ဦးနှစ်ဖက်စလုံးအတွက် အဆင်ပြေတာပေါ့။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီအသွင်သို့ ကူးပြောင်း အောင်လုပ်ရမယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် အခြား ကိစ္စတွေလည်း အဆင်မပြေနိုင်ဘူး။ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းချင်ရင်တော့ ဒီဖွဲ့စည်းပုံကို ပြင်ကိုပြင်ရမယ်။ ဒီ ဖွဲ့စည်းပုံဥပဒေကို ပြင်ဖို့အတွက် အားလုံးဝိုင်းဝန်း လုပ်ဆောင်ရမယ်။ ဒါ့ကြောင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ဖို့အတွက် လူထုတစ်ရပ်လုံး နိုးနိုးကြားကြားရှိဖို့လိုအပ်တယ်။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “အစိုးရကို မကျေနပ်သဖြင့် နိုင်ငံရေးဝင်လုပ်ခြင်းသည် နိုင်ငံရေး သမားစစ်စစ် မဟုတ်ဟုဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦး သုံးသပ်” သတင်းမှ အောင်သာ (ပီသုံးလုံး) ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အခုတလော ပုဒ်မ ၁၈ နဲ့အရေးယူတာတွေ အရမ်းများနေတယ်။ အလုပ်သမားက အလုပ်ရှင်ဆီက ရသင့်တာတောင်းတာလည်း ပုဒ်မ ၁၈ နဲ့ လူတွေကို တော်တော်ဒုက္ခပေးနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကိုက လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိပြီးသား ဘယ်သူ့ဆီမှာမှ ခွင့်တောင်းစရာမလိုဘူး။ စီတန်းလှည့်လည်တဲ့နေရာမှာ ဥပဒေအရတားမြစ်ထားတာတွေ လုပ်မှသာ အရေးယူခွင့်ရှိတယ်။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “ရဲတပ်ဖွဲ့မှူးသည် အခြေခံဥပဒေ အထက်ရောက်သွားသကဲ့သို့ ဖြစ်နေကြောင်း ဦးကိုနီပြော” သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ  ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“လယ်၊ ဆည် ဝန်ကြီးဌာနကတော့ တောင်သူတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို အကြွေးမကြေ သေးတဲ့လူတွေကလွဲလို့ အားလုံးမှတ်ပုံတင်ပေါင်နှံလို့ရတယ်လို့ ပြောထားပေမယ့် တစ်ကယ်တမ်းချေးငွေ ပေးမယ့် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ကဘာမှမပြောသေးဘူး။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “လယ်ယာမြေများ မှတ်ပုံတင်ပြီးပါက အစိုးရ အသိအမှတ်ပြု ဘဏ်များတွင် ချေးငွေရယူနိုင်” သတင်းမှ မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း  ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“လိုင်ဇာဘက်ကို အလှူရှင်တွေလာဖို့က မလွယ်ဘူးဖြစ်နေတယ်။ ကျွန်မတို့ကတော့ ဒေသခံတွေလာတော့ သွားလို့ရတာပေါ့။ အလှူရှင်အများကြီး လိုအပ်ပါတယ်။ နိုင်ငံခြားရန်ပုံငွေ ၇၄ ရာခိုင်နှုန်း လိုအပ်နေတယ်”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၃၈) တွင်ပါရှိသော “လိုင်ဇာမှ ဒုက္ခသည်စခန်းများတွင် အကူအညီများ ပိုမို လိုအပ်နေဟုဆို” သတင်းမှ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မခွန်ဂျာ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

   **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment