Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၆.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အခွန်တိုးကောက်တာထက် Tax base လို့ခေါ်တဲ့ အခွန်ကောက်ခံတဲ့ နည်းလမ်းတွေမှာ လွတ်ကွက် ၊ဟာကွက် မရှိအောင်ကြိုးစားနေတယ်။ ကိုယ်တိုင် အခွန်ဆောင်တဲ့ စနစ်ကို သွားနိုင်အောင်သွားရမယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ အညီအခွန်ကို လိုလိုလားလား ပေးဆောင်လာတဲ့ စနစ် ဖြစ်အောင် ပြုပြင်ဆောင်ရွက် သွားမယ်။”

ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “နိုင်ငံတကာက တင်နေတဲ့ မြန်မာ့အကြွေး ဝန်ကြီးဌာနတွေဆပ်မယ်” သတင်းမှ ဒေါက်တာကံဇော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

“UNDP ကတောင် အဆင်းရဲဆုံးလို့ ပြောနေတယ်။ အခု ပဋိပက္ခကြောင့်ဆို ပိုတောင်ဆင်းရဲသွားပြီ၊ ဒီတော့အကူအညီမပေးတာဟာ အလွန်တရာကို လိုအပ်နေတဲ့နေရာကို ချန်ထားခဲ့သလိုပါပဲ။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ်    Popular News Journal အတွဲ (၅) အမှတ် (၆) တွင် ပါရှိသော “ကျေးလက် ဆင်းရဲမှု လျှော့ချရေး ဂျပန် ကူညီမည့် နေရာများတွင် ရခိုင်ပြည်နယ် မပါ” သတင်းမှ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်ထူးအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားသူကြီးကို ဒီအမှုတက်လာရင်၊ ဒီပြစ်ဒဏ်တွေပေးပါဆိုတာက မဖြစ်သင့်တော့ဘူး။ တရားသူကြီးကသာ ရဲတပ်ဖွဲ့ကို ညွှန်ကြားရမှာ၊ အခုဟာက ရဲတပ်ဖွဲ့က တရားသူကြီးကို ညွှန်ကြားနေတာ။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “တရားစီရင်ရေးကို နောက်ကွယ်မှ ချုပ်ကိုင်နေမှု အန္တရာယ် လွှတ်တော်မှ ကာကွယ်ပေးစေလို” သတင်းမှ ရှေ့နေများကွန်ယက်မှ ဦးအောင်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“တိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့မူတွေ ပြင်ရမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဖြစ်ပါတယ်။ ပြီးတော့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ပတ်သက်လို့ တရားလွှတ်တော်ချုပ်နဲ့ ပတ်သက်တာတွေကိုလဲ ပြင်ရပါမယ်။ နောက်ပြီးတော့ ခေတ်မမှီတော့တဲ့ တရားစီရင်ရေး ဥပဒေများကိုလည်း ပြင်ရပါမယ်။ ဥပဒေအများစုက လွတ်လပ်ရေးမရခင်က ပြဋ္ဌာန်းခဲ့တာ ဖြစ်တဲ့အတွက် အဲဒီ Indian Act တွေကိုပဲ သုံးစွဲနေရပါတယ်။ ဒီ သုံးချက်ပါပဲ။”

ဖေဖော်ဝါရီ ၇ရက် နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉) အမှတ်(၆) တွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ကဏ္ဍသုံးရပ်အား ပြင်ဆင်ရန် ကြိုးပမ်းမည်ဟု သူရဦးအောင်ကို ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုလုပ်ချင်ရင် နိုင်ငံရေးပါတီထောင်မှာပေါ့။ နိုင်ငံရေးလှုပ်ရှားမှု မပါတာကြောင့် အသင်းအဖွဲ့အနေနဲ့ ဖွဲ့စည်းတာပေါ့။ လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေလုပ်မယ်ပေါ့။ နိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးမှုကိုပဲ ဦးစားပေးဆောင်ရွက်ခဲ့တဲ့အတွက် သူတို့ပြောတဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုး ကျွန်တော်တို့အနေနဲ့ မဖြစ်နိုင်ပါဘူး။ ဖြစ်လာစရာလည်း အကြောင်းမရှိဘူး။ သူ (ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်) ထောက်ခံချက်မပေးရင် လောလောဆယ် မှတ်ပုံတင်က မကျနိုင်ဘူး။ သူ့ထက်ကြီးတဲ့သူကပေးမှ ရလိမ့်မယ်။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ (၉) အမှတ် (၆)တွင် ပါရှိသော“လယ်သမားအသင်းဖွဲ့စည်းခြင်း နိုင်ငံရေးရည်ရွယ်ချက် လုံးဝမပါရှိကြောင်း ယင်းအသင်းဥက္ကဋ္ဌ ပြောကြား” သတင်းမှ ယာယီဥက္ကဋ္ဌဒေါက်တာ စိုးထွန်း၏ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment