Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၈.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ဖိလစ်ပိုင်ကမ်းခြေတွင် နစ်မြှုပ်သွားသော မြန်မာသင်္ဘောမှ တစ်ဦးသေဆုံး၊ ၁၄ ဦးပျောက်ဆုံးနေ

(AFP News မှ 17 Feb 2013 ရက်စွဲပါ “one dead, 14 missing as ship sinks in Philippine”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရှမ်းပြည်နယ်သည် မူးယစ်ကင်းစင်ဇုန် မဟုတ်သေး

(17 February 2013 ရက်စွဲပါ Bangkok Post မှ Shan still not a drug-free zone ကို ဘာသာပြန်ပါသည်)

  1. ကေအိုင်အေနှင့် ဆက်သွယ်သည်ဟု သံသယရှိသူများကို တပ်မတော်က ဖမ်းဆီးနှိပ်စက်နေခြင်းအပေါ် ကုလသမဂ္ဂ စိုးရိမ်

(AFP News မှ 17 feb 2013 ရက်စွဲပါ “Myanmar torturing Kachin rebel suspect : UN” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ဖိလစ်ပိုင်ကမ်းခြေတွင် နစ်မြှုပ်သွားသော မြန်မာသင်္ဘောမှ တစ်ဦးသေဆုံး၊ ၁၄ ဦးပျောက်ဆုံးနေ

(AFP News မှ 17 Feb 2013 ရက်စွဲပါ “one dead, 14 missing as ship sinks in Philippine”သတင်းကို ဘာသာပြန်ဆိုသည်)

photo credit - AFP

ဖိလစ်ပိုင်မြောက်ပိုင်းကမ်းလွန်တွင် မြန်မာနိုင်ငံအလံတင်ကုန်သင်္ဘောတစ်စင်း နစ်မြှုပ်သွားပြီးနောက် တစ်ဦးသေဆုံးကာ ၁၄ ဦး ပျောက်ဆုံးနေသည်ပာု ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဖိလစ်ပိုင်ကမ်းခြေ ဘိုလီနာအိုမြို့အနီး၊ တနင်္ဂနွေနေ့ အာရုဏ်မတက်မှီ MV Arita Bauxite နစ်မြှုပ်သွားခြင်းကြောင့် ပျောက်ဆုံးနေသော မြန်မာနိုင်ငံသား ၁၄ ဦးကို ဆက်လက်ရှာဖွေနေကြောင်း လက်ဖတင်နင် ကွန်မန်ဒါ အာမင်ဘာလီလိုက ပြောကြားပါသည်။

သင်္ဘောအဖွဲ့သား ၂၄ ဦးလိုက်ပါလာသော မြန်မာသင်္ဘောသည် အင်ဂျင်စက်ပျက်ကာ နစ်မြှုပ်သွားခြင်းဖြစ်သော်လည်း သင်္ဘောတွင်းသို့ ရေဝင်ရခြင်း၏ အကြောင်းရင်းကိုမူ မသိရသေးပာု အာမင်ဘာလီလိုက ဆိုပါသည်။

အနီးအနားမှ ဖြတ်သန်းသွားသော တရုတ်သင်္ဘောတစ်စင်းက မြန်မာသင်္ဘောသား ၁၀ ဦးကို ကယ်ဆယ်ခဲ့ပြီးနောက် ကမ်းခြေစောင့်တပ်ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်ပာု သိရှိရသည်။

ကမ်းခြေစောင့်တပ်ပြောရေးဆိုခွင့်ရှိသူ အာမင်ဘာလီလိုက ဆက်လက်၍ “သင်္ဘောနစ်မြှုပ်တဲ့အချိန်မှာ ရာသီဥတုကတော့ ကြည်လင်နေပါတယ်။ ဘာဖြစ်ခဲ့သလဲဆိုတာကိုတော့ သင်္ဘောသားတွေကို မမေးရသေးပါဘူး။ နစ်မြှုပ်သွားတဲ့သင်္ဘောက ဆီယိုဖိတ်မှု ရှိ၊ မရှိ စစ်ဆေးနေပေမယ့် ယိုဖိတ်မှု မတွေ့ရပါဘူး။ ပျောက်ဆုံးသင်္ဘောသားတွေကို ရှာဖို့အတွက် ကမ်းခြေစောင့်တပ်က ရပာတ်ယာဉ်နဲ့ သင်္ဘောကို အဲဒီနယ်မြေကို လွှတ်ထားပါတယ်”ပာု ရှင်းလင်းပြောကြားသည်။

မြန်မာသင်္ဘောနစ်မြှုပ်သည့် ဘိုလီနာအိုမြို့မှ ရေမိုင် ၂၂ မိုင်အကွာ ပင်လယ်ပြင်တွင် နစ်မြှုပ်သွားခြင်းဖြစ်သည်ပာု သိရှိရသည်။ ပနားမားနိုင်ငံတွင် မှတ်ပုံတင်ထားသော My Harita Bauxite သည် သင်္ဘောအဖွဲ့ဝင် ၂၄ ဦးလိုက်ပါကာ ထိုင်းနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့အသွား လမ်းခရီးတွင် ယခုကဲ့သို့ နစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။

  ---------------------------------------------------------------------------------------------------------

ရှမ်းပြည်နယ်သည် မူးယစ်ကင်းစင်ဇုန် မဟုတ်သေး

(17 February 2013 ရက်စွဲပါ Bangkok Post မှ Shan still not a drug-free zone ကို ဘာသာပြန်ပါသည်)

photo credit - Nyein Chan Naina

အသက် (၂၈) နှစ်ရှိပြီ ဖြစ်သော စိုင်း သည် ဘောလ်ပင်နှစ်ချောင်း အင်္ကျီထဲတွင် မယူပဲအပြင်သို့မထွက်ပေ။ သို့သော် ထိုဘောလ်ပင်များကို ဘယ်သောအခါမှ စာရေးရာတွင် မသုံးပေ။

ထိုဘောလ်ပင်များကို ၀.၄ စင်တီမီတာရှိသော မက်သာဖက်တမင်းဆေးပြားများ ထည့်သွင်းထားပါသည်။ ထိုင်းနိုင်ငံတွင် အဆိုပါ ဆေးပြားများကို ရာဘဟုခေါ်ပြီး၊ ရှမ်းပြည်နယ်မှ ဒေသခံများကမူ ရာမဟုခေါ်ပြီး မြင်းဆေးဟုလည်းခေါ်ကြပါသည်။ နာမည်ကျော်ဆေးပြားတွင် မြင်းပုံစံကို တံဆိပ်တွင် ထည့်သွင်းထားပြီး ထိုင်းနိုင်ငံရှိဆေးဝါးရောင်းသော ဆိုင်များတွင် အာဟာရထိန်းရန်ဆေးပြား (diet pill) အဖြစ် ရောင်းပါသည်။

(ပါးစပ်ရာဇဝင်တွင်မူ အဆိုပါဆေးသုံးစွဲသူသည် မြင်းကဲ့သို့ သန်စွမ်းသည်ဟု ဆိုပါသည်)

စိုင်း (အမည်လွှဲထားသူ) သည် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦး ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်နှစ်က ရွှေတြိဂံနယ်မြေသည် ကမ္ဘာပေါ်တွင်အကြီးဆုံး ဘိန်းနှင့်အဆင့်မြင့် ဟီရိုးအင်းရောင်းဝယ်ရာဌာန ဖြစ်ခဲ့ပါသည်။ ယနေ့အချိန်တွင်မူ အရှေ့တောင်အာရှ၏ မက်သာဖက်တမင်း ဆေးပြား အဓိက ထုတ်လုပ်သူဖြစ်လာပါသည်။

ယခုရက်များတွင် စိုင်း သည်၎င်း၏ ဖောက်သည်များကို ပိုမိုစီစစ်ရွေးချယ်လျက်ရှိပါသည်။

“လူတိုင်းကို မရောင်းရဲဘူး။ နယ်မြေခံရဲတွေကို ကျွန်တော်သိပေမယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့ကရဲတွေကို ကျွန်တော်မသိဘူး။ ” ဟု ၎င်းကပြောပါသည်။

မြန်မာအာဏာပိုင်များသည်ပြီးခဲ့သည့်နှစ်က မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွင် စံချိန်တင်ခဲ့ကြောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) ၏ အဆိုအရသိရှိရပါသည်။

ထိုသို့ ဖမ်းဆီးရရှိမှုမြင့်မားရခြင်းသည် ရဲများပို၍ အလုပ်လုပ်ခြင်းကြောင့်လော သို့မဟုတ် မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့်လော ဆိုသည်ကို သဲသဲကွဲကွဲ မသိရှိနိုင်ပါ။ သို့သော် ဖမ်းဆီးရမိမှု အများအပြားသည် ရန်ကုန်တွင် ဖြစ်နေရာ ကောင်းမွန်သော သတင်းတစ်ခုမဟုတ်သည်က သေချာပါသည်။

“ဆိုလိုတာက ရဲတွေရဲ့စစ်ဆေးရေးစခန်းတွေ ကောင်းကောင်းအလုပ်မလုပ်လို့ မူးယစ်ဆေးဝါးတွေ ရန်ကုန်အထိရောက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု ထွန်းနေစိုး ကပြောပါသည်။

ရန်ကုန်သို့ရောက်လာသည့် တရားမဝင် မူးယစ်ဆေးဝါးများမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော တရားဥပဒေမရှိသည့် ရှမ်းပြည်နယ်မှ လာပါသည်။

ဘိန်းထုတ်လုပ်မှုသည် ၁၉၉၈ ခုနှစ်တွင် အစိုးရ၏ တိုက်ဖျက်ရေးအစီအစဉ်များကြောင့် အမြင့်ဆုံး တန်ချိန် (၁.၃) သန်းမှ ကျဆင်းလာခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်က ထွက်ရှိမှုမှာ ၂၀၁၁ ခုနှစ်ကထက် ၁၇% မြင့်တက်ခဲ့ပြီး တန်ချိန် (၆၉၀) ပိုလာပါသည်။ မြန်မာနိုင်ငံသည် ဒုတိယအကြီးဆုံး စိုက်ပျိုးသူ ဖြစ်နေဆဲ ဖြစ်ပြီး၊ ဟီရိုအင်း တန် (၇၀) နီးပါး ထုတ်လုပ်နိုင်ဆဲဖြစ်ပါသည်။

ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် ၂၀၀၀ ခုနှစ်များအစောပိုင်းကတည်းကစ၍ မက်သာဖက်တမင်း ထုတ်လုပ်မှုသို့ ပြောင်းသွားခဲ့ရာ ဘိန်းစိုက်ပျိုးမှုထက် ပိုမိုလွယ်ကူပြီး မြန်ဆန်လာပါသည်။

ရှမ်းပြည်နယ်သည် အရှေ့တောင်အာရှတွင် မူးယစ်ဆေးဝါးအဓိကထုတ်လုပ်သည့် ဌာနချုပ်ဖြစ်လာသည်ဟု UNODC ၏ အဆိုအရ သိရှိရပါသည်။

မူးယစ်ဆေးဝါးထုတ်လုပ်ရေးသည် ဒေသခံသူပုန်များနှင့် ဆက်စပ်မှုရှိပါသည်။ သို့သော် သမ္မတဦးသိန်းစိန်၏ ပြုပြ