Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၀.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ထိုင်းစီးပွားရေးပြန်လည်နိုးထလာမှု နှစ်တစ်နှစ်၏ နောက်ဆုံးပတ်အတွင်း မြန်မြန်ဆန်ဆန် ပုံပေါ်လာ

(BBC news ၏ 19 Feb 2013 ရက်စွဲပါ ‘Thailand Economic recovery picks pace in fourth quarter’ကို ဘာသာပြန်ဆိုသည်)

  1. ကလေးစစ်သားများ လွှတ်ပေးခြင်းအတွက် မြန်မာ ဂုဏ်ပြု

(18 Feb 2013 ပါ UPI မှ "Myanmar lauded for child soldiers' release"အား ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ပဓာနကျလှသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

(Bangkok Post သတင်းစာ၏ 19 Feb 2013 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Myanmar war on drugs vital ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ထိုင်းစီးပွားရေးပြန်လည်နိုးထလာမှု နှစ်တစ်နှစ်၏ နောက်ဆုံးပတ်အတွင်း မြန်မြန်ဆန်ဆန် ပုံပေါ်လာ

(BBC news ၏ 19 Feb 2013 ရက်စွဲပါ ‘Thailand Economic recovery picks pace in fourth quarter’ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ၂၀၁၂ ခုနှစ်နောက်ဆုံးသုံးလအတွင်းမျှော်မှန်းထားသည်များထက်ပိုမိုခဲ့ပြီး အဆိုပါဖွံ့ဖြိုးမှုသည် မနှစ်ကဖြစ်ပွားခဲ့သည့် အပျက်အစီးကြီးမားသော ရေဖုံးလွှမ်းမိုးမှုများ မှပြန်လည် နိုးထလာသည်အထိတိုးတက်နှုန်းဆက်တိုက်မြင့်မားခဲ့သည်။

နိုင်ငံ၏ စုစုပေါင်းအသားတင် ကုန်ထုတ်လုပ်မှုမှာနှစ်အစပိုင်းလောက်မှ စတင်၍ တဟုန်ထိုးတိုးတက်လာခဲ့ပြီး အောက်တိုဘာ - ဒီဇင်ဘာ ကာလတွင် တိုးတက်နှုန်းမှာ ၁၈.၉ ရာခိုင်နှုန်းရှိခဲ့သည်။ စီးပွားရေးသုံးသပ်သူ အများစုမှာ ၁၅ရာခိုင်နှုန်းနီးပါးလောက် တိုးတက်မည်ဟု ခန့်မှန်းခဲ့ကြသည်။

ပြီးခဲ့သည့် သုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ ၃.၆ ရာခိုင်နှုန်းဖွံ့ဖြိုးခဲ့သည်။

သုံးသပ်သူများက ပြောကြားရာတွင် အဆိုပါကိန်းဂဏန်းသည် ဗဟိုဘဏ်အပေါ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးဆိုင်ရာမူဝါဒ ဖြေလျော့ပေးရန် ဖိအားပေးမှု လျော့သွားနိုင်သည်ဟုဆိုပါသည်။

“အားလုံးကို ခြုံကြည့်လျှင် ထိုင်းစီးပွားရေးမှာယခုအချိန်တွင် ပုံကောင်းကောင်းပေါ်နေပါပြီ” ဟု ဘာကလေရင်းနှီးမြှုပ်နှံမှုမှ စီးပွားရေးပညာရှင် Rahul Bajoriaမှ ဘီဘီစီသို့ ပြောကြားသွားခဲ့သည်။

“ဗဟိုဘဏ်ကနေ မကြာမီ အချိန်မရွေးအတိုးနှုန်းကို ဖြတ်တောက်လိမ့်ဦးမှာ မဟုတ်ပါဘူး။ ကိန်းကဏန်းများက ချက်ခြင်းအရေးတကြီး ဆောင်ရွက်ဖို့ မလိုသေးဘူးဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြ နေပါတယ်”ဟု၎င်းမှ ဆက်လက်ပြောကြား သွားခဲ့သည်။

ငွေကြေးဖောင်းပွမှု နှင့် ပတ်သက်၍ ထိုင်းတွင် ဖြစ်ပွားခဲ့သည့် ရေဖုံးလွမ်းမှုသည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးစက်မှုဇုန်နယ်မြေများပေါ် သက်ရောက်မှုကြီးမားခဲ့ပြီး စက်ရုံအများအပြား ပိတ်ပစ်လိုက်ရသည် အထိဆိုးကျိုးရလဒ်များပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့်  ထိုင်းစီးပွားရေးဖွံ့ဖြိုးမှု၏ အကြီးမားဆုံး မောင်းနှင်အားများထဲမှ တစ်ခုဖြစ်သောထိုင်းနိုင်ငံ၏ ပို့ကုန်များကိုထိခိုက်စေခဲ့သည်။ အဓိကကျသော ကမ္ဘာ့ဈေးကွက်များမှ ဝယ်လိုအားနှေးကွေးလာမှုသည်လည်း ပို့ကုန်ကဏ္ဍကိုပိုမိုဆိုးရွှားစေခဲ့သည်။

ရလဒ်အားဖြင့် ထိုင်းအစိုးရမှာစီးပွားရေးဖွံ့ဖြိုးမှု စဉ်ဆက်မပြတ်ဖြစ်စေရန်နှင့် ထိုင်းကုန်စည်တင်ပို့မှု ကျဆင်းလာမှုကိုပြည်တွင်းဝယ်လိုအား တက်လာအောင်လုပ်ဆောင်ခြင်းဖြင့် ထေရန် ကြိုးစားမှု အစရှိသော များစွာသောအဆင့်များကို အကောင်အထည်ဖော်ခဲ့ရသည်။ သို့နှင့် နိုင်ငံ၏ နေရာအနှံ့အပြားတွင် အနိမ့်ဆုံးလုပ်ခလစာနှုန်းများ   မြှင့်ပေးခဲ့ပြီး အချို့နေရာများ အများဆုံး ၄၀ ရာခိုင်နှုန်းအထိရှိခဲ့သည်။

ထိုင်းအစိုးရသည် အပျက်အစီးကြီးမားသည့်ရေဖုံးလွှမ်းမှုများ အပြီးအခြေခံအဆောက်အုံ တည်ဆောက်ရေးစီမံကိန်းများအတွက် အမေရိကန် ဒေါ်လာသန်း ၆၅ ဘီလီယံ(သို့) ၄၀ ဘီလီယံအသုံးပြုရန် အစီအစဉ်များရှိကြောင်းကိုလည်းကြေညာထားခဲ့သည်။

ထိုင်းနိုင်ငံ၏ဗဟိုဘဏ်ဖြစ်သောThe Bank of Thailand သည် ယမန်နှစ်အောက်တိုဘာလ အတွင်းအတိုးနှုန်းကို ၃ရာခိုင်နှုန်းမှ ၎င်း၏ အဓိကအရေးပါသော နှုန်းဖြစ်သည့် ၂.၇၅ ရာခိုင်နှုန်း သို့ ဆွဲချဖြတ်တောက်ခဲ့ခြင်းပင်ဖြစ်သည်။

သုံးသပ်သူများက ပြောကြားရာတွင်  ခိုင်မာသော ပြည်တွင်းဝယ်လိုအားရှိပြီး အစိုးရ အသုံး စရိတ်တိုးလာသော်လည်း လူသုံးကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာမှုမှာ စိုးရိမ်ဖွယ် ကိစ္စတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း၊ ဗဟိုဘဏ်ကလည်းအဆိုပါအတိုးနှုန်းကို ဆက်လက် ထိန်းထားနေနိုင်သေးကြောင်း ဆိုပါသည်။

“ပြည်တွင်းဝယ်လိုအားအရှိန်ဟာ အသေအချာကိုတိုးတက်နေဦးမည်ဖြစ်ပြီး ယင်းမှာ ၂၀၁၃ ခုနှစ်အတွင်း ဆက်လက်ပျံ့နှံသွားပါလိမ့်မည်”ဟု DBS Bank မှ Eugene Leowမှ ပြောကြားခဲ့သည်။

"ငွေကြေးဖောင်းပွမှုကို အာရုံလှည့်သွားနိုင်ပါတယ်။ အားကောင်းတဲ့တိုးတက်မှုနှုန်း ရှိမယ့်ကိန်းဂဏန်းတွေကို စဉ်းစားလာပါ လိမ့်မယ်"ဟုပြောပါသည်။

----------------------------------------------------------------------------------------------

ကလေးစစ်သားများ လွှတ်ပေးခြင်းအတွက် မြန်မာ ဂုဏ်ပြု

(18 Feb 2013 ပါ UPI မှ "Myanmar lauded for child soldiers' release"အား ဘာသာပြန်ဆိုသည်)

photo credit - UPI

ကလေးစစ်သား ၂၄ ဦးကို မြန်မာစစ်တပ်မှ လွှတ်ပေးခြင်းသည် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုများ မကြာခင် အဆုံးသတ်ရေး ကတိပြုထားမှုကို ကူညီရာရောက်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ကလေး နှစ်ဒါဇင်ကို တနလာင်္နေ့က တရားဝင် လွှတ်ပေးသည့် အခမ်းအနား ရန်ကုန်တွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ တပ်မတော် အကြီးတန်းအရာရှိများ၊ အစိုးရတာဝန်ရှိသူများနှင့် ကုလသမဂ္ဂအရာရှိများ တက်ရောက်ခဲ့ကြသည်ဟု ထုတ်ပြန်ကြေညာချက်တစ်ခုတွင် UNICEF က ပြောကြားခဲ့သည်။

'ဒီလို ကလေး ၂၄ ဦးကို ပြန်လွှတ်ပေးတာဟာ အစိုးရရဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် လုပ်ဆောင်ချက်ထဲက အကြိုအဆင့် တစ်ခုဖြစ်ပါတယ်။  စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ကလေးစစ်သား စုဆောင်းတာ ကလေးတွေကို အသုံးချတာဟာ မလုပ်သင့်တဲ့ မလုပ်ရတော့မယ့် ကိစ္စဆိုတာကို ပြတဲ့ သူတို့ ဆန္ဒပြင်းပြမှုကို ထင်ဟပ်ရာရောက်ပါတယ်'ဟု မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂညှိနှိုင်းရေးမှူး Ashok Nigam က ပြောကြားခဲ့သည်။ 'ဒီလိုကလေးတွေအားလုံးကို လွှတ်ပေးဖို့ကိစ္စကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ တပ်မတော်ကို တိုက်တွန်းပါတယ်။ တပ်မတော်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကိုလည်း အလားတူဆောင်ရွက်စေချင်ပါတယ်။' ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်လျှက်ရှိသော ကလေးသူငယ်များအား ပြန်လွှတ်ပေးရေးနှင့် ပြန်ပေါင်းစည်းရေး အတွက်သာမက အနာဂတ်တွင် အလားတူ ကလေးစစ်သားစုဆောင်းသည်များအား ကာကွယ်သွားရန်အတွက် အချိန်ဇယားနှင့် တိုင်းတာနိုင်သော လှုပ်ရှားမှု လုပ်ငန်းစဉ်များကို UN နှင့် မြန်မာအစိုးရက  ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံသည် အဆုံးစွန်သောကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည့် လက်နက်ကိုင်အဖွဲ့အစည်း၊ အုပ်စုများ ရှိနေသည်ဟု သတ်မှတ်ခံထားရသော နိုင်ငံ ၁၄ ခုထဲတွင် ပါဝင်နေသည့် နိုင်ငံတစ်ခုဖြစ်သည်။ လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများဖြစ်ပွားနေသည့် အခြေအနေထဲတွင် ယင်းကဲ့သို့သော ကလေးသူငယ် အကြမ်းဖက်မှုများအား အဆုံးသတ်ရန် မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့်အတူ လက်တွဲလုပ်ဆောင် လျှက်ရှိသည်။

'ဒီလို ဆက်တိုက်လွှတ်ပေးတာမျိုးတွေကို လာမယ့် လတွေမှာလည်း အရှိန်မြှင့်လုပ်ဆောင်သွားရမယ်။ ဒါမှ အရွယ်မရောက်သေးတဲ့ စစ်သား စုဆောင်းမှုတွေကို လုံးဝတိုက်ဖျက်ပစ်မယ့် ရည်ရွယ်ချက်နဲ့လက်နက်ကိုင်စစ်တပ်ထဲက ၁၈ နှစ်အောက်ကလေးအားလုံး လွတ်မြောက်ရေးဆိုတဲ့ ရည်ရွယ်ချက် နှစ်ရပ်ပေါင်းကို မြန်မြန်ဆန်ဆန် အောင်မြင်အောင် လုပ်နိုင်မယ်။'ဟု မြန်မာနိုင်ငံမှ ကုလသမဂ္ဂ ကိုယ်စားလှယ် Bertrand Bainvel က ပြောကြားခဲ့သည်။

------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏ ပဓာနကျလှသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

(Bangkok Post သတင်းစာ၏ 19 Feb 2013 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Myanmar war on drugs vital ကိုဘာသာပြန်ဆိုသည်)

သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် မြန်မာနိုင်ငံတွင်း အရေးကြီးသော အပြောင်းအလဲများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား အတော်များများလည်း လွတ်မြောက်လာပြီဖြစ်သလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်အစရှိသည် အခြေခံ လွတ်လပ်မှုတို့ရရှိနိုင်ရေးအတွက် စစ်မှန်သော လုပ်ငန်းအဆင့်များကိုလည်း လုပ်ဆောင်ထားပြီးဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံ မြန်မာ ပါလီမန်လွှတ်တော်သည်လည်း (အထူးသဖြင့် ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အချိန်မှစ၍) ပွင့်လင်းသော ဒိုင်ယာလော့ခ်နှင့် ဝေဖန်ပြောဆိုမှုများကို လုပ်ဆောင်နေပြီဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေအရပ်ရပ်ကို လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သည့်တိုင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန်ဖြစ်ခဲ့သည့် အကျိုးဆက်ဂယက်များကို ယနေ့အချိန်အထိ ခံစားနေရဆဲပင်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုများအပေါ် မြန်မာနိုင်ငံ၏ ပြုမူဆက်ဆံမှုမှာ အဂတိပါသော ဘက်လိုက်မှုတစ်ခုသက်သက်မျှပင်မဟုတ်ပေ။ ၂၁ ရာစုခေတ်ကြီးထဲတွင် အာဆီယံနှင့် အခြားသော ကမ္ဘာ့နိုင်ငံကြီးများ မည်သို့မျှ လက်သင့်မခံနိုင်သည့် လူမျိုးခြားမုန်းတီးဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုတို့ပင်ဖြစ်တော့သည်။

ရိုဟင်ဂျာမွတ်စလင်များ၊ ကချင်၊ ကရင်နှင့်  အခြားသော တိုင်းရင်းသားများအပေါ် ပြုမူဆက်ဆံမှုများအား ဖုံးကွယ်ရန် မြန်မာအစိုးရက ကြိုးပမ်းနေခြင်းမှာ ပြဿနာတစ်ရပ်ပင်ဖြစ်လေသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ၎င်း၏ ရပ်တည်ချက်သဘောထားကို ပြန်ပြောင်းပြုပြင်ကာ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားလူမျိုးစုများအပေါ် နားလည်အသိအမှတ်ပြုရေး၊ မတူကွဲပြားခြားနားမှုအပေါ် လက်သင့်ခံရေး အစရှိသည်တို့ကို ဦးဆောင်လုပ်ကိုင်ရမည်သာပင်ဖြစ်သည်။

သို့သော် တရားမဝင်မူးယစ်ဆေးဝါးများအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အပြောင်းအလဲလုပ်နိုင်သည့် မူဝါဒ မည်မည်ရရ မရှိသေးဟုသိရသည်။ ယခင်စစ်အစိုးရလက်ထက်ကဆိုလျှင် အာဏာပိုင်အရာရှိကြီးများက မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ကတိကဝတ်များစွာပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် အနည်းငယ်သာ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

မြန်မာအစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အကြီးအကျယ် ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့သည့်တိုင် မြန်မာပြည်သည် ကမ္ဘာပေါ်တွင်

မီသာအဖက်တမင်းထုတ်လုပ်သည့် အကြီးဆုံးဌာနေ တစ်ခုဖြစ်နေပါသည်။ မြန်မာသည် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဘိန်းနှင့် ဘိန်းဖြူ ဒုတိယအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ရုံမျှမကပါ။ ယမန်နှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းနှင့် ဘိန်းဖြူထုတ်လုပ်မှုမှာ သိသိသာသာပင် မြင့်တက်လာခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အဆိုပါ ပြဿနာကြီးနှစ်ရပ်နှင့်ပတ်သက်၍ ထူးဆန်းသော လော့ဂျစ်တစ်ခုကို ရွေးချယ်အသုံးပြုခဲ့သည်။ ဦးသိန်းစိန်က “အစိုးရနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ပတ်သက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးသဘောတူညီချက်များက ပြည်တွင်းပဋိပက္ခနှင့် တရားမဝင်မူးယစ်ဆေးဝါးကိစ္စနှစ်ရပ်စလုံးကိုပါ ဖြေရှင်းသွားပေလိမ့်မည်” ဟု ပြောဆိုထားသည်။

ထိုသို့ဆိုလျှင် လေ့လာစောင့်ကြည်သူ မိတ်ဆွေတိုင်းက ဦးသိန်းစိန်ကို အစပိုင်းတွင်ပြောခဲ့သလိုဆိုရပါမည်။ “အဆိုပါ လော့ဂျစ်ဖြင့် ပြဿနာနှစ်ရပ်စလုံးကို မဖြေရှင်းနိုင်” ဟူ၍သာ။ ပို၍ရှင်းရှင်းလင်းလင်းဖြစ်စေရန် ညီညွတ်သော ‘ဝ’ တပ်မတော်ကိစ္စကိုပြန်ကြည့်ပါမည်။ မကြာခဏဆိုသလို အကြမ်းဖက်တိုက်ခိုက်လေ့ရှိသည့် ‘ဝ’ တပ်ဖွဲ့သည် ၁၉၉၀ ပြည့်နှစ်အတွင်း မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ ‘ဝ’ တပ်ဖွဲ့သည် ရာဘအမည်ရ စိတ်ကြွရူးသွပ်ဆေးပြားဈေးကွက်ကို ပိုမိုထိရောက်စွာပင် နှစ်စဉ်နှစ်တိုင်းထိန်းချုပ်လာသည်ကိုတွေ့ရသည်။

မြန်မာစစ်အစိုးရလက်ထက်တွင် ‘ဝ’ တို့အနေဖြင့် အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှုမပြုသရွေ့ စိတ်ကြွရူးသွပ်ဆေးပြားများကို လွတ်လပ်စွာထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရောင်းချခွင့်ရရှိခဲ့ကြသည်။

ပို၍ဝမ်းနည်းစရာကောင်းသည်မှာ ယခုပြုပြင်ပြောင်းလဲရေးသမ္မတ ဦးသိန်းစိန်လက်ထက်တွင် အလားတူမူဝါဒမျိုး ကျင့်သုံးတော့မည့်သဘောမျိုးကိုတွေ့မြင်နေရခြင်းပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အစိုးရကမူ “ဝ လက်နက်ကိုင်တပ်ဖွဲ့သည် အရှေ့တောင်အာရှဒေသတွင် အကြီးဆုံးနှင့် ပါဝါအရှိဆုံး မူးယစ်မှောင်ခိုဂိုဏ်းပင်ဖြစ်သည်” ဟု လွန်ခဲ့သည့် ၅ နှစ်နီးပါးကာလခန့်က ထုတ်ပြန် ကြေညာသည်။ အမေရိကန်ပြည်ထောင်စု၏ ကြေညာချက်မှာ ယနေ့ထက်တိုင် မှန်ကန်နေဆဲပင်ဖြစ်သည်။

ထိုင်းနိုင်ငံကတော့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်စွာရယူရကာ အန္တရာယ်များလွန်းပြီး တခါတရံ ညစ်ညမ်းသည့်လုပ်ရပ်များပါဝင်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟူသောအချက်ကို ကောင်းစွာသိရှိထားပြီးဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့်မူ ယနေ့အချိန်ထိ မူးယစ်မှောင်ခိုမှုတိုက်ဖျက်ရေး လုပ်ကိုင်ခြင်းမရှိသေးပေ။ ရှမ်းပြည်နယ်ကို မူးယစ်ဆေးဝါးကင်းစင်သော ပြည်နယ် သို့မဟုတ် ဇုန်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်မည့် နောက်ဆုံးသတ်မှတ်ကာလကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရွှေ့ပြောင်းလိုက်သည်ဟုပင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သမ္မတဦးသိန်းစိန်သည်လည်း ဘိန်းစိုက်တောင်သူများ၏ ဆင်းရဲနွမ်းပါးမှုကိစ္စကိုဖြေရှင်းပေးနိုင်ခြင်းမရှိသေးပေ။ အမှန်တွင် ၎င်းအနေဖြင့် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးအစီအစဉ်များ၊ လမ်းတံတားဖောက်လုပ်ရေးအစီအစဉ်များအစရှိသည်တို့ဖြင့် ဖြေရှင်းပေး၍ရနိုင်သည်သာပင်ဖြစ်၏။

ဦးသိန်းစိန်သည် မူးယစ်ဆေးဝါးမှောင်ခိုကူးသူများ နှိမ်နင်းရေးကိစ္စထက် ရိုဟင်ဂျာလူမျိုးများအပေါ်ထိန်းချုပ်ရေးအတွက် စစ်ဘက်အင်အားများကို ပိုမိုအသုံးပြုထားသည်။ မြန်မာနိုင်ငံသည် ပင်မမူးယစ်ရာဇာဂိုဏ်းကြီးများကို နှိမ်နင်းဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟုအစွမ်းကုန်ထုတ်ဖော်ပြောဆိုထားသော်လည်း အမှန်တကယ်လုပ်ဆောင်မှုများကိုပြသနိုင်သည့် အောင်မြင်ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ အနည်းအကျဉ်းသားပြောနိုင်ပါသေးသည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment