Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၅.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာ စက်လှေစီးသူများနှင့် ပတ်သက်၍ ကုလသမဂ္ဂတပ်လှန့်သတိပေး

(The Nation News မှ 23 February 2013 ရက်စွဲပါ “UN alarmed over Myanmar boat people” သတင်း ကိုဘာသာပြန်ဆိုပါသည်)

  1. အကြီးမားဆုံးမူးယစ်ဆေး ဖမ်းဆီးရမိမှုတစ်ခုတွင် အဖမ်းခံရသူ ၆ ဦးအနက်ဗိုလ်မှူးကြီးတစ်ဦးပါဝင်

(DNA India News မှ 24 February 2013 ရက်စွဲပါ “Army Colonel among 6 arrested in one of the biggest drug hauls” သတင်းကိုဘာသာပြန်ဆိုပါသည်)                

                ***********************************************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာ စက်လှေစီးသူများနှင့် ပတ်သက်၍ ကုလသမဂ္ဂတပ်လှန့်သတိပေး

(The Nation News မှ 23 February 2013 ရက်စွဲပါ “UN alarmed over Myanmar boat people” သတင်း ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by Online

အိန္ဒိယသမုဒ္ဒရာကို လူမှောင်ခိုစက်လှေများဖြင့် ဖြတ်ကူးရန် ကြိုးစားရင်းသေဆုံးသူ များပြားလာပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံမဲ့ရိုဟင်ဂျာ အသိုင်းအဝိုင်းမှ အမျိုးသမီးများနှင့် ကလေးများ အရေအတွက်တိုး လာခြင်းကို တားဆီးရန်အတွက် အရေးပေါ်ဆောင်ရွက်ကြရန် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးများ ရုံး UNHCR ကတောင်းဆိုလိုက်ပါတယ်။ “အိန္ဒိယသမုဒ္ဒရာဟာ ကမ္ဘာပေါ်မှာ နိုင်ငံစွန့်ခွာ ထွက်ပြေးတဲ့သူ တွေအတွက် အသေအပျောက်အများဆုံးရေပြင်တစ်ခုဖြစ်ကြောင်း ထင်ရှားနေပြီဟု UNHCR ပြောရေးဆိုခွင့်ရှိ သူ အန်ဒရေမာဟီဆစ် က ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားကြောင်း” နယူးယောက် ကုလဌာန ချုပ်က သတင်းထုတ်ပြန်သည်။

၂၀၁၂ အတွင်း လူမှောင်ခိုစက်လှေများဖြင့် ဖြတ်ကူးသူ ၁၃၀၀၀ ခန့်အနက်မှ ဘင်္ဂလားပင်လယ်အော် အတွင်းစက်လှေပျက်ခြင်း၊မှောက်ခြင်း တို့ကြောင့် သေဆုံးသူ ၅၀၀ နီးပါး ရှိခဲ့သည်ဟု UNHR ကခန့်မှန်းသည်။

“၂၀၁၃ ခုနှစ်ထဲမှာပဲ ဘင်္ဂလားပင်လယ်အော်ကို လူမှောင်ခိုစက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူအရေအတွက် ထောင်ချီနေပြီလို့ ယုံကြည်ရပါတယ်” ဟု မာဟီဆစ် ကဆိုပါသည်။

အထူးစိုးရိမ်ရသူများမှာ မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်မပြုသော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများပင် ဖြစ်သည်။ ပြီးခဲ့သော ဇွန်လက စတင်ဖြစ်ပွားသော ဗုဒ္ဓဘာသာရခိုင်နှင့် မွတ်ဆလင် ရိုဟင်ဂျာ တို့အကြား ပဋိပက္ခကြောင့် ရိုဟင်ဂျာအများစုဖြစ်သော လူပေါင်း ၁၁၅ ၀၀၀ ခန့်အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ၎င်းတို့သည် ပြည်တွင်းဒုက္ခသည်စခန်းများ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

ထုံးစံအားဖြင့် အမျိုးသားများကသာ လူမှောင်ခိုစက်လှေများဖြင့် ပင်လယ်ဖြတ်ကူးထွက်ပြေးလေ့ရှိသော် လည်း ပြီးခဲ့သော သတင်းပတ်များ အတွင်း အမျိုးသမီးများနှင့် ကလေးများတိုးပွားပါဝင်လာခြင်းက မျှော်လင့် ချက်မဲ့ခြင်း၊ ဘဝဆုံးရှုံးခြင်းတို့ ကြီးထွားလာမှုကို ပြသနေသည်ဟု UNHCR က သုံးသပ်သည်။

မကြာသေးမှီက ရိုဟင်ဂျာစက်လှေတစ်စီးစက်ပျက်ကာ ပင်လယ်တွင်းနှစ်လခန့်မျောပါနေစဉ် အစာနှင့် ရေငတ်ပြတ်မှုကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး အသက်ရှင်ကျန်သူ ၃၀ ခန့်ကို သီရီလင်္ကာရေတပ်က ကယ်ဆယ်ခဲ့ရခြင်းမှာ အဆိုးဝါးဆုံး နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။

“UNHCR အနေနဲ့ ဒီကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် များစွာစိတ်မကောင်းဖြစ်ရပြီး သီရိလင်္ကာရေတပ်ရဲ့ မြန်ဆန်တဲ့ ကယ်တင်စောင့်ရှောက်မှုကို ချီးကျူးပါတယ်။ နိုင်ငံတကာ အကာအကွယ်လိုအပ်နေတဲ့လူတွေကို ကူညီရာမှာ သီရိလင်္ကာအာဏာပိုင်တွေကို အားပေးကူညီဖို့ UNHR က အဆင်သင့်ရှိနေပါတယ်” ဟု မာဟီဆစ် ကပြောကြားသည်။

ထိုအတောအတွင်း ရိုဟင်ဂျာဒုက္ခသည်အမြောက်အများကို လက်ခံထားကြသော ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ အပါအဝင်အစိုးရများအား ကယ်ဆယ်ခဲ့သော ခရီးသည်များကို မြန်ဆန်စွာ လှေပေါ်မှချ၍ အရေးပေါ် လူသားချင်းစာနာမှု အကူအညီပေး၍ စောင့်ရှောက်ရန် စည်းမျဉ်းများကို သဘောတူကြရန် UNHCR ကတိုက်တွန်းလျက်ရှိသည်။

မာဟီဆစ်က ဆက်လက်၍ “ဒုက္ခသည်တွေ၊ ခိုလှုံသူတွေ၊ ရွှေ့ပြောင်းသူတွေ၊ ပုံမှန်မဟုတ်တဲ့ ပင်လယ်ခရီးနဲ့သွားလာနေကြတဲ့ ဒေသတွင်း ပုံစံတစ်ခု ဖြစ်လာတာကို UNHCR ကသတိပြုမိပါတယ်။ ဝန်ထုပ်ဝန်ပိုးနဲ့ တာဝန်ယူမှုကို ဝိုင်းဝန်းလုပ်ဆောင်ကြမယ့် စစ်မှန်တဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တွေကသာ ဒီဒုက္ခသည်တွေ၊ အလုပ်အကိုင်ရှာဖွေသူတွေရဲ့ အန္တရာယ်များ၊ ဂုတ်သွေးစုတ်ခံ စက်လှေခရီး တွေကို ရှောင်ရှားစေနိုင်မှာ ဖြစ်ပါတယ်။” ဟု ရှင်းလင်းပြောကြားသည်။

လာမည့်မတ်လတွင် ဂျကာတာ၌ ကျင်းပမည့် ဒေသတွင်းအစည်းအဝေးတွင် အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ဤကိစ္စ ဆွေးနွေးမှုများ အဆင်ပြေချောမွေ့အောင်ဆောင်ရွက်သွားမည်ဟု UNHCR ကပြောကြားခဲ့သည်။

 

*********************************************************************

 အကြီးမားဆုံးမူးယစ်ဆေး ဖမ်းဆီးရမိမှုတစ်ခုတွင် အဖမ်းခံရသူ ၆ ဦးအနက်ဗိုလ်မှူးကြီးတစ်ဦးပါဝင်

(DNA India News မှ 24 February 2013 ရက်စွဲပါ “Army Colonel among 6 arrested in one of the biggest drug hauls” သတင်းကိုဘာသာပြန်ဆိုပါသည်)

Photo Credit by The Nation

တနင်္ဂနွေနေ့က ချန်ဒယ်ခရိုင်တွင် မြန်မာနိုင်ငံဖက်သို့တရားမဝင်ခိုးထုတ်မည့် ရူပီးငွေ ၁၅ ကုဋေ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် အခြားသူ ၅ ဦးတို့ကို မဏိပူရရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးခဲ့ပြီး ၎င်းပြည်နယ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု တစ်ခုဖြစ်သည်ဟု သိရှိရသည်။

မော်တော်ယဉ်သုံးစီးအတွင်းမှ မူးယစ်ဆေးဝါးများကို ပါလယ်မြို့တွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး၊ ဗိုလ်မှူးကြီး အေဂျေးချောင်ဒရီ၊ သူ၏ လက်ထောက် အာကေဘာဘလူး၊ လက်ထောက် မန်နေဂျာ ဘရိုဂျင်ဒရိုဆင်း တို့နှင့် အခြားသုံးဦးတို့ကို ဖမ်းဆီးထားကြောင်း အင်ဖားမှ ပြည်နယ်ရဲတပ်ဖွဲ့ ကပြောကြားသည်။

“ဗိုလ်မှူးကြီး ချောင်ဒရီနဲ့ အခြားသူငါးဦးကို ဒီနေ့မနက်ပဲ မဏိပူရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အခုလို ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိတာကို ကျွန်တော်တို့ တအံ့တသြယုံကြည်လိုက်ရပါတယ်” ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂျာဒစ်ဒါဟီဗာ ကဒေလီ တွင်ပြောကြား လိုက်ပါသည်။

အကယ်၍ ထိုအမှုတွင် ပါဝင်ပတ်သက်ကြောင်းတွေ့ရှိရပါက မည်သူကိုမဆိုစည်းကမ်းအတိုင်း တင်းတင်းကြပ်ကြပ်အရေးယူဆောင်ရွက် သွားမည်ဟု အိန္ဒိယစစ်ဖက်က ကတိပေးထားသည်။

“တကယ်လို့ ဒီနယ်မြေရဲ့ဥပဒေအတိုင်း သူ့မှာ အပြစ်ရှိကြောင်းတွေ့ရှိတယ်ဆိုရင် တိကျတဲ့စည်းကမ်း အတိုင်းသူ့ကို အရေးယူဆောင်ရွက် သွားမယ်ဆိုတာကို ကျွန်တော်တို့အလေးထားပြီး ပြောချင်ပါတယ်။ ကျွန်တော်တို့ဆီကို တရားဝင်အကြောင်းကြားလာတဲ့အခါ ကျွန်တော်တို့လည်း ဒီလုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဒါဟီဗာ ကပြောကြားသည်။

၎င်းတို့ခြောက်ဦးကို အင်ဖားမှ ၄၅ ကီလိုမီတာဝေးသော ပါလယ်ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း နှင့် အမှုကိုစာရင်းသွင်း မှတ်ပုံတင် ထားပြီးဖြစ်၍ သိုဘယ်ခရိုင် ကက်ရှင် ရဲစခန်းသို့၎င်းတို့ကိုပို့ဆောင်မည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့ကပြောကြားပါသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများတွင် Respifed၊ Omkop၊ Hilcold၊ Polyfed နှင့် Actidin ဆေးပြားများ  ပါဝင်ပြီး ရူပီးငွေ ၁၅ ကုဋေခန့်တန်ဖိုးရှိကြောင်းနှင့် ပြည်နယ်တွင်းအကြီးမားဆုံးဖမ်းဆီးရမိမှု တစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုခဲ့သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment