Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၈.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1.  မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခန်းဖွင့်လှစ်ဖွယ်ရှိကြောင်း AIA မှ ပြောကြား

(Reutersသတင်းဌာနတွင်ပါသည့် AIA say will open representative office inMyanmarကိုဘသာပြန်ဆိုသည်။)

  1. တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး နှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ

( Christian Today မှ 27 Feb 2013 ရက်စွဲပါ “ Arch bishop Tutu meets Suu Kyi သတင်းကို ဘာသာပြန် ဆိုသည်။ )

***************************************************************

ဘာသာပြန်သတင်းများ

 မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခန်းဖွင့်လှစ်ဖွယ်ရှိကြောင်း AIA မှ ပြောကြား

(Reutersသတင်းဌာနတွင်ပါသည့် AIA say will open representative office in Myanmarကိုဘသာပြန်ဆိုသည်။)

အာရှ၏ အကြီးမားဆုံးသောအာမခံကုမ္ပဏီကြီးဖြစ်သည့် AIA Group Ltd သည်ဖွံ့ဖြိုးမှုအမြန်ဆုံး ဖြစ်သောအရှေ့တောင်အာရှ ဒေသတွင်း ဈေးကွက်တွင် ဝယ်လိုအား ပြည့်မီအောင် အကောင်အဖော်သည့် မဟာဗျူဟာအစိတ်အပိုင်းတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ဖို့ စီစဉ်လျက်ရှိကြောင်းဗုဒ္ဓဟူးနေ့၌ ပြောကြားသွားခဲ့သည်။

ကုမ္ပဏီဟာ ရုံးခွဲဖွင့်ဖို့ “ပဏမသဘောတူညီမှု” ရရှိခဲ့ပြီးဖြစ်ကြောင်း နားထောင်ရန်နှင့် စောင့်ကြည့်လေ့လာရန်ဖြစ်ကြောင်း AIA၏ အမှုဆောင်အရာရှိချုပ် Mark Tuckerမှ အစည်းအဝေးပွဲ၌ သတင်းထောက်များကို ပြောကြား သွားခဲ့သည်။ “တစ်ခါက မြန်မာနိုင်ငံဟာအလွန်စိတ်ဝင်စား ဖို့ကောင်းတဲ့ ဈေးကွက်ဖြစ်ခဲ့ဖူးပါတယ်။ ယခုနောက်တစ်ကြိမ် ဖြစ်လာပါဦးမည်” Tucker ကဆိုသည်။

ကိုယ်စားလှယ်ရုံးသည် မြန်မာနိုင်ငံတွင်ကုမ္ပဏီတည်ထောင် ခွင့်ပြု  မည်ဖြစ်သော်လည်း ကုမ္ပဏီအားစီးပွားရေးလုပ်ဆောင်ခွင့်  ပေးမည် တော့မဟုတ်ပါ။ AIA ၏ ပြိုင်ဖက်ကုမ္ပဏီဖြစ်သော Prudential Plc မှလည်းများမကြာမီကနှစ်စဉ် အာမခံဈေးကွက် အတွင်းအာမခံကြေး အမေရိကန် ဒေါ်လာ ၁.၆ ဘီလီယံထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံကို စိတ်ဝင်စားကြောင်းဖော်ပြခဲ့သည်။

အရွယ်ရောက်သူဦးရေ မြင့်မားမှုနှင့်အညီ စုဆောင်းမှုနှုန်းမြင့်မားပြီး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေသော အရှေ့တောင်အာရှဒေသမှာ အနောက်၏ စီးပွားရေးကျဆင်းမှုနှင့် အတိုးနှုန်းနိမ့်ပါးမှု ဒဏ်သင့်နေသော အသက်အာမခံလုပ်ငန်းများအတွက် စွဲဆောင်မှုအား မြင့်မားလျက်ရှိနေသည်။

 AIA သည် မနှစ်ကသီရိလင်္ကာနှင့် မလေးရှားနိုင်ငံတို့ရှိအာမခံစီးပွားရေးလုပ်ငန်းများကိုဝယ်ယူခဲ့သည်။ AIAကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင်

ကိုယ်စားလှယ်ရုံးလာရောက်ထူထောင်ခြင်းမှာမလေးရှားတွင် ၎င်းဝယ်ယူထားသည့်လုပ်ငန်းအချို့ကို ဘဏ္ဍာငွေဖြည့်တင်းရန်  ငွေရမည့်အလယ်အလတ်

ကာလအစီအစဉ်တစ်ရပ ထူထောင်မည် ဖြစ်ကြောင်းဗုဒ္ဓဟူးနေ့၌ ပြောကြားသွားခဲ့သည်။

စီးပွားရေးလုပ်ငန်းသစ်များ၏ တန်ဖိုးမှာကုန်လွန်ခဲ့သည့် ဘဏ္ဍနှစ်အတွင်း၂၇ ရာခိုင်နှုန်း မြင့်မားသွားခဲ့ကြောင်းကုမ္ပဏီကတင်ပြခဲ့သည်။ အနာဂတ်စီးပွားရေး၏ လက်ရှိတန်ဖိုးကိုဖော်ပြနေသော ယင်းပမာဏမှာဘဏ္ဍနှစ်အကုန် နိုဝင်ဘာ ၃၀ အရောက်တွင် အမေရိကန်ဒေါ်လာ ၁.၁၉ ဘီလီယံ

မြင့်မားလာခဲ့သည်။ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းသစ် အမြတ်ပမာဏမှာလည်း ၆.၄ ရာခိုင်နှုန်းမှ ၄၃.၆ ရာခိုင်နှုန်းခုန်တက်ခဲ့သည်။ AIA၏ အသားတင်အမြတ်မှာ ၃.၂ဘီလီယံရှိပြီး ရှယ်ယာတစ်စု၏ တန်ဖိုးမှာ ၁၈ ဆင့် ရှိခဲ့သည်။

Thomson Reuters ၏ အချက်အလက်များအရစိစစ်သုံးသပ်သူများကအဆုရှယ်ယာတစ်စုလျှင် ပျှမ်းမျှအားဖြင့်၂၂ ဆင့်ရှိဖို့ မျှော်လင့်ထား ခဲ့ကြောင်းသိရသည်။

AIA ရှယ်ယာများသည် ပင်မဌာနချုပ်ရှိရာ ဟောင်ကောင်၌ မနက်ပိုင်းရောင်းဝယ် (ကုန်သွယ)် မှုတွင်   ၂.၁ ရာခိုင်နှုန်းမြင့်တက်သွားခဲ့သည်။ HangSeng ညွှန်းကိန်း စံ   ၀.၆  ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် မြင့်လာသည်ဟုဆိုနိုင်ပါသည်။

**********************************************************************

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး နှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ

( Christian Today မှ 27 Feb 2013 ရက်စွဲပါ “ Arch bishop Tutu meets Suu Kyi သတင်းကို ဘာသာပြန် ဆိုသည်။ )

Photo Credit by AP

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်အာဖရိက ဘုန်းတော်ကြီး ဒတ်စမွန်တူးတူး နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

နိုဘယ်ဆုရှင်တကယ့်ခေါင်းဆောင်ကို သူမ၏ ရန်ကုန်မြို့နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကပြောကြား ခဲ့သည်။

ဒက်စမွန်တူးတူးက ၎င်းအနေဖြင့် ဤျနိုင်ငံတွင် ရောက်ရှိနေစဉ် ကျောချမ်းမိကြောင်း၊ မြန်မာနိုင်ငံ အမှန်တကယ် စစ်မှန်စွာ လွတ်လပ်ခွင့်ရချိန် တွင် ပြန်လည်လာရောက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

“ မြန်မာနိုင်ငံရဲ့ အလားအလာဟာ ကောင်းပေမဲ့ ငုပ်လျိုးနေပါတယ်။ တိုင်းရင်းသားပြဿနာတွေ မရှိတော့တဲ့အချိန်မှာ အလားအလာအပြည့်အဝ ကောင်းမွန်နေတာကို ကျွန်တော်မြင်တွေ့ချင်ပါတယ်” ဟု ၎င်းက ဆိုပါသည်။

မြန်မာအစိုးရကိုလည်း ဒီမိုကရေစီ ဦးတည်သော ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်ရန် ဒက်စမွန်တူးတူးက တိုက်တွန်း အားပေးသည်။

ဧရာဝတီ သတင်းဌာန အဆိုအရ ဒတ်စမွန်တူးတူးသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီစဉ်မရှိဟု သိရှိရသည်။

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment