Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၎.၃.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. တိုင်းရင်းသားများအား ဥပဒေနှင့်အညီ အာဏာအညီအမျှ ခွဲဝေပေးမှသာ ပြည်တွင်းပြဿနာများပြေလည်နိုင်မည်
  2. ဗပာိုဘဏ်အုပ်ချုပ်ရေးအဖွဲ့အစည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းတော့မည်
  3. ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလသမဂ္ဂကြားဝင်ပေးရန် ကချင်မဟာမိတ်တောင်းဆို
  4. တိုင်းရင်းသားပါတီများ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းဆွေးနွေးပွဲအတွက် ပြင်ဆင်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ 

တိုင်းရင်းသားများအား ဥပဒေနှင့်အညီ အာဏာအညီအမျှ ခွဲဝေပေးမှသာ ပြည်တွင်းပြဿနာများပြေလည်နိုင်မည်

လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပြည်တွင်း ပဋိပက္ခပြဿနာများပြေလည်နိုင်စေရန် တိုင်းရင်းသားများအား ဥပဒေ နှင့်အညီ အာဏာအညီအမျှ ခွဲဝေပေးမှသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တွင် ကျင်းပပြုလုပ်ခဲ့သော Peace Building and Myanmar Transition ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ပောာပြောပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အများစု တောင်းဆိုနေသည့် ကိစ္စရပ်များမှာ တန်းတူညီတူအခွင့်အရေး မရရှိမှုများနှင့် ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းခွင့်များ အားနည်းခြင်းများကြောင့်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေနှင့်အညီ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေး၍ သယံဇာတခွဲဝေမှုများကို ဗပာိုအစိုးရ၊ သက်ဆိုင်ရာဒေသနှင့် ဆင်းရဲသည့်ဒေသတို့အား အချိုးကျခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာများကို ပြေလည်စေနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့၌ အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့သော်လည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးဖြစ်သည့် ရှမ်းတပ်မတော်(SSA)အဖွဲ့များနှင့် တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ရင်ဆိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းမှာ လက်ရှိ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များမှာ လှည့်စားမှု သက်သက်သာဖြစ်သည့်အတွက်ကြောင့်ဖြစ်ကြောင်း SSA အဖွဲ့က စွပ်စွဲထားသည်။

YC

                                                                      ***********************************************************

ဗပာိုဘဏ်အုပ်ချုပ်ရေးအဖွဲ့အစည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းတော့မည်

နိုင်ငံ၏ ငွေကြေးလည်ပတ်မှုဆိုင်ရာ အခန်းကဏ္ဍအတွက် အဓိကအရေးပါသည့် မြန်မာနိုင်ငံတော်ဗပာိုဘဏ်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင်များဖြင့် ပြန်လည်ပြောင်းလဲပင်ဆင်ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗပာိုဘဏ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ မှလက်ရှိအချိန်ထိတိုင် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမရှိသည့် တပ်မတော် သားအဖွဲ့ဝင်များ၏ အုပ်ချုပ်မှုစနစ်အောက်တွင် ဆောင်ရွက်လျက်ရှိသည့်အတွက် ဗပာိုဘဏ်၏တိုးတက်ဖွံ့ဖြိုးမှုနှုန်းမှာ နိမ့်ကျလျက်ပင်ရှိပြီး ယခု အစိုးရသစ်လက်ထက်တွင် နိုင်ငံတွင်း ဘဏ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်စနစ်များပြုပြင်ပြောင်းလဲမှုများ ပြုလုပ်တော့မည်ဖြစ်သည့် အတွက် ယခုကဲ့သို့ ဘဏ်အုပ်ချုပ်ရေးအဖွဲ့အား ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ြော့င်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဘဏ်စနစ်မှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းချက်များစွာ ရှိနေသေးသည့်အပြင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများများမှာလည်း ပြည်တွင်းဘဏ်လုပ်ငန်း အားနည်းချက်များကြောင့် အခက်အခဲများစွာရှိနေသေးကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်မှ ပြည်တွင်းဘဏ်စနစ်ခိုင်မာအားကောင်းလာနိုင်စေရေးအတွက် နိုင်ငံတကာစံနှုန်းနှင့်အညီ ဗပာိုဘဏ်အား လွတ်လပ် သည့်အဖွဲ့အစည်းတစ်ခုအဖြစ် ခွင့်ပြုပေးခဲ့သည့်အပြင် မြန်မာနိုင်ငံတော်ဗပာိုဘဏ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)နှင့် ကမ္ဘာ့ဘဏ်တို့မှ ကူညီပေးလျက်ရှိကြောင်းသိရသည်။

YC

**********************************************************************

 

ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလသမဂ္ဂကြားဝင်ပေးရန် ကချင်မဟာမိတ်တောင်းဆို

ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း လက်တွေ့ကျသော ဆွေးနွေးမှုရလဒ်များ ထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက် ကုလသမဂ္ဂအနေဖြင့် နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားဝင်ဦးဆောင် ဆွေးနွေး ပေးပါရန် အမေရိကုန်ပြည်ထောင်စုရှိ ကချင်အဖွဲ့စည်းများ၏ ကွန်ရက်တစ်ခုဖြစ်သော ကချင်မဟာမိတ်(Kachin Alliance)အဖွဲ့မှ ကုလသမဂ္ဂ လူ့အခွင့် ရေးဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ Navanethem Pillay ထံ စာပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါပေးပို့ထားသော တောင်းဆိုချက်တွင် မိမိတို့အနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)နှင့် မြန်မာအစိုးရတို့အကြား ဆွေးနွေး လျက်ရှိသော ငြိမ်းချမ်းရေးဆွေနွေးပွဲများတွင် ကုလသမဂ္ဂအား ကြားဝင်ညှိနှိုင်းဆွေးနွေးသူအဖြစ် ပါဝင်စေလိုပြီး  ကချင်ပြည်နယ်အတွင်းရှိ လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် ပဋိပက္ခတိုက်ပွဲများ ရပ်တန့်သွားစေရေးအတွက် ကြားဝင်စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) နှင့် မြန်မာအစိုးရတို့အကြား ဆွေးနွေးနေသော ငြိမ်းချမ်းရေး ဆွေနွေးပွဲတိုင်းတွင် ဆွေးနွေးကြသည့် အကြောင်းအရာမှစ၍ လေ့လာစောင့်ကြည့်သည့်အစီစဉ်များအထိ အဆင့်အတိုင်းတွင် ကုလသမဂ္ဂမှ ပါဝင်လာမည်ဆိုပါက လက်တွေ့ကျသည့်ရလဒ်များ အမှန်တကယ်ရရှိလာမည်ဟု ယုံကြည်ကြောင်း သိရသည်။ ထို့ပြင် စစ်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော လူ့အခွင့်ရေး ချိုးဖောက်မှုများကိုလည်း စစ်ဆေးနိုင်ရန် နိုင်ငံတကာစုံစမ်းရေးကော်မရှင်များကို ဖွဲ့စည်းပေးစေလိုကြောင်း တောင်းဆိုချက်တွင် ဖော်ပြပါရှိသည်။

ကချင်မဟာမိတ်အဖွဲ့မှ အဆိုပါပေးပို့သောစာကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ အစီရင်ခံစာတင်းသွင်းသူ မစ္စတာသောမတ်စ်ကင်တားနား၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေး ဗီဂျေနမ်ဘီးယား နှင့် UNDP ၏ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် Ashok Nigam တို့ထံသို့လည်း ပေးပို့ခဲ့ကြောင်းသိရသည်။

YC

*******************************************

တိုင်းရင်းသားပါတီများ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းဆွေးနွေးပွဲအတွက် ပြင်ဆင်

ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် မူဝါဒများချမှတ်နိုင်ရန် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ပါတီညီလာခံတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံသို့ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၄)ဖွဲ့အပါအဝင် တရားဝင်ဖွဲ့စည်းခွင့်ရရှိထား သည့် နိုင်ငံရေးပါတီများနှင့် UNA အဖွဲ့ဝင်ပါတီများအားလုံး တက်ရောက်မည်ဖြစ်ပြီး အဓိကအနေဖြင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ နိုင်ငံရေး ပါတီများကို အဓိကဖိတ်ကြားထားကြောင်း သိရသည်။

အဆိုပါညီလာခံတွင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရန်ကိစ္စရပ်များနှင့် ဒုတိယပင်လုံ သဘောတူညီချက် ဖြစ်ပေါ်လာနိုင်စေရေး အတွက်ပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီပါတီမှ အတွင်းရေးမှူး ဦးဂင်ကမ်းလျန် ကပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ညီလာခံမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ၏ သဘောထားကြေညာချက်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ ရရှိပြီးဖြစ်သော်လည်း ကချင် လွတ်မြောက်ရေးတပ်မတော်(KIO)နှင့်မူ ငြိမ်းချမ်းရေးဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန် သဘောတူညီထားကြောင်း သိရသည်။

YC

**********************************************************

 

 

 

 

 

 

 

 

 

 

 

 

 

                        

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment