Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၅.၃.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ဆွေးနွေးပွဲကို ဝန်ကြီးချုပ် ဖွင့်လှစ်

(BBC သတင်းဌာနမှ Wen Jiabao opens China National People’s Congress ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ဆွေးနွေးပွဲကို ဝန်ကြီးချုပ် ဖွင့်လှစ်

(BBC သတင်းဌာနမှ Wen Jiabao opens China National People’s Congress ကိုဘာသာပြန်ဆိုသည်)

Photo Credit by Online

နှစ်စဉ် ကျင်းပမြဲဖြစ်သော တရုတ်နိုင်ငံ ပါလီမန်ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တည်ငြိမ်မှုရှိသော စီးပွားရေး တိုးတက်မှုရှိရန်၊ အဂတိလိုက်စားမှုများတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ချက်များလုပ် ဆောင်ရန် နှင့် ကောင်းမွန်သည့် လူမှုဖူလုံရေးအစီအစဉ်များ ချမှတ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုပြောကြားသည်။

တရုတ်နိုင်ငံတွင် အတိတ်ကာလမှ အောင်မြင်ဖြစ်ထွန်းမှုများနှင့် အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ပိုမို ချိန်ခွင်လျှာမျှသော ဖွံ့ဖြိုးမှုများ ပေါ်ထွန်းရေးအတွက်လည်း ဝန်ကြီးချုပ်ဝမ်ကျားပေါင်က မိန့်ခွန်းပြောဆိုသည်။

ယခုတစ်ကြိမ်ကျင်းပသည့် တရုတ်ပြည်သူ့ကွန်ဂရက်တွင် ဆယ်စုနှစ်တစ်ခုတာကာလအတွင်း တရုတ်ခေါင်းဆောင်ပိုင်းများအပြောင်းအလဲကို တွေ့မြင်ရမည်ဖြစ်သည်။ ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်မှာ ဟူဂျင်တောင်၏ သမ္မတရာထူးကိုအစားထိုးဝင်ရောက်ရယူမည်ဖြစ်သည်။

ထို့ပြင် ယင်းပါလီမန်ဆွေးနွေးပွဲတွင် အခြားသော အစိုးရအရာရှိရာထူးများအား မည်သည့်ပုဂ္ဂိုလ်များက ရယူမည်ဟူသည် ကိုလည်းတွေ့မြင် ရမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က နှစ်စဉ်တင်ပြမြဲဖြစ်သော လုပ်ငန်းဆိုင်ရာအစီရင်ခံစာကို နောက်ဆုံးအကြိမ်အဖြစ် တင်သွင်း သည်။ မစ္စတာ ဝမ်ကျားပေါင်၏ နေရာတွင် Li Keqiang က အစားထိုးဝင်ရောက်မည်ဟု မျှော်လင့်ရသည်။

လုပ်ငန်းဆိုင်ရာအစီရင်ခံစာတွင်မူ စီးပွားရေးတိုးတက်မှုနှုန်းထားကို ၂၀၁၂ ခုနှစ်ကအတိုင်းပင် ၇ ဒဿမ ၅ ရာခိုင်နှုန်းရှိရန် ဦးတည်ထားပြီး ငွေကြေးဖောင်းပွမှုနှုန်းထားကို ၃ ဒဿမ ၅ ရာခိုင်နှုန်းရှိရန် သတ်မှတ်ထားကြောင်းတွေ့ရသည်။ အလုပ်အကိုင်သစ်ပေါင်း ၉ သန်းကျော်ခန့် ဖန်တီးပေး သွားရန်လည်း ကတိကဝတ်ပြုဖော်ပြထားသည်။

“အစပိုင်းမှာကတည်းက ပြည်သူတွေရဲ့ ကြွယ်ဝချမ်းသာမှုတိုးတက်ကောင်းမွန်အောင် ကျွန်တော်တို့မဖြစ်မနေ လုပ်ဆောင်ကြရပါမယ်၊ အစိုးရ လုပ်ငန်းစဉ်တွေရဲ့ပန်းတိုင်အတွက် ဦးစားပေးလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ လူမှုဖွံ့ဖြိုးမှု အင်အားကောင်းမွန်ကြီးထွားလာစေရေး အတွက်လည်း ကြိုးပမ်းလုပ်ဆောင်သွားရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဆင်းရဲနွမ်းပါးသူများအတွက် ပင်စင်ငွေခွဲဝေမှု တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖွံ့ဖြိုးမှုရှိမည့် အကျိုး သကရောက်မှုများဖြစ်ပေါ်ရေး အစရှိသည်တို့နှင့်ပတ်သက်၍လည်း ၎င်းကပြောကြားသည်။ “ဂေဟဗေဒပတ်ဝန်းကျင် အခြေအနေက ပြည်သူတွေရဲ့ ဥစ္စာဓနအဆင့် နဲ့ ကြွယ်ဝချမ်းသာမှုအပေါ်အကျိုးသက်ရောက်မှုရှိသလို အနာဂတ်ကျွန်တော်တို့တိုင်းပြည်အပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါ တယ်” ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကပြောကြားသည်။

တရုတ်ပြည်တွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စကိုလည်း အစိုးရအာဂျင်ဒါတွင်ထည့်သွင်းထားသည်။ သို့အတွက် နိုင်ငံရေး ပေါင်းစည်းမှု နှင့် အာဏာကို ကောင်းစွာထိန်းသိမ်းမှုတို့ ပိုမိုလုပ်ဆောင်ရလိမ့်မည်ဟု ၎င်းကဆိုသည်။ “ပေါ်လစီရေးဆွဲမှု၊ ပေါ်လစီအကောင်အထည် ဖော်ဆောင်ရွက်မှု တို့ကို ကျွန်တော်တို့ အသေအချာလုပ်ဆောင်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။ တရုတ်နိုင်ငံပိုင် မီဒီယာအဆိုအရ ကာကွယ်ရေးအသုံးစရိတ်မှာ ၁၀ ဒဿမ ၇ ရာခိုင်နှုန်း(ယွမ်ငွေ ၇၂၀ ဒဿမ ၂ ဘီလီယံ ယွမ်) အထိမြင့်တက်လာမည်ဖြစ်ကြောင်း သတင်းဖော်ပြသည်။ တရုတ်ပြည်၏ စစ်တပ်အသုံး စရိတ်မှာ နှစ်အတော်များများတွင် နှစ်ဆခန့်မြင့်တက်လာပြီး လေ့လာသုံးသပ်သူများအဆိုအရ အသုံးစရိတ်မှာ ပိုမိုမြင့်တက်လျက်ရှိသည်။

မည်သို့ပင်ဆိုစေ ဘေဂျင်းအစိုးရသည် လတ်တလောအနေအထားတွင် နယ်နမိတ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် ကြုံတွေ့နေရာ တရုတ်ပြည်၏ စစ်အသုံးစရိတ်ကို အမေရိကန်ပြည်ထောင်စုနှင့် အိမ်နီးချင်းနိုင်ငံများက စောင့်ကြည့်လေ့လာကြမည်သာဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ယင်းဆွေးနွေးပွဲသို့ တပ်မတော်မှအဖွဲ့ဝင်များ၊ ဘုန်းတော်ကြီးများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် စီးပွားရေးခေါင်းဆောင်များ အပါအဝင် လူ ၃၀၀၀ ကျော်တက်ရောက်ကြသည်။ သို့သော် တက်ရောက်သူအများစုမှာ ကွန်မြူနစ်ပါတီဝင်များဖြစ်ကြသည်။ ထိုသို့ကျင်းပရာတွင်တက် ရောက်သူကိုယ်စားလှယ်များအနေဖြင့် မူဝါဒများကို အငြင်းအခုန်လုပ်ကြရသည်ထက် ချမှတ်ပြီးသားဆုံးဖြတ်ချက်များကိုသာ အတည်ပြုပေးရသည် ကများသည်။ နှစ်ပတ်တာကြာမျှပြုလုပ်မည့် ယင်းဆွေးနွေးပွဲ အစီအစဉ်ကို လူသိရှင်ကြားထုတ်ဖော်မှုမပြုထားသော်လည်း မစ္စတာရှီကျင့်ဖျင်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရာထူးကို တရားဝင်ရယူမည်ဖြစ်သည်။

***********************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment