Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၆.၃.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ဂျပန်နိုင်ငံ၏ စားသုံးသူဈေးနှုန်းသုံးလဆက်တိုက် ကျဆင်း

(BBC News မှ Japan’s consumer prices fall for third straight monthကိုဘာသာပြန်ဆိုသည်။)

**********************************************************************

ဘာသာပြန်သတင်းများ

ဂျပန်နိုင်ငံ၏ စားသုံးသူဈေးနှုန်းသုံးလဆက်တိုက် ကျဆင်း

(BBC News မှ Japan’s consumer prices fall for third straight monthကိုဘာသာပြန်ဆိုသည်။)

ငွေကြေးဖောင်းပွမှုကို မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာရန် ကြိုးစားဆောင်ရွက်နေချိန်တွင် မူဝါဒချမှတ်သူများရင်ဆိုင်နေရသည့် စိန်ခေါ်မှု၏ အဓိက အကြောင်းအရင်းမှာဂျပန်နိုင်ငံ၏ စားသုံးသူ ကုန်ပစ္စည်းဈေးနှုန်းသုံးလတိုင်တိုင် ဆက်တိုက် ကျဆင်းနေခဲ့မှုဖြစ်သည်။ စားသောက်ကုန်မှ အပကျန် ကုန်စည်များမှာ  လွန်ခဲ့သည့် တစ်နှစ်ကထက်စာလျှင် ယခုနှစ် ဇန်နဝါရီလအတွင်း ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ သည်။ ဂျပန်နိုင်ငံသည် ငွေကျုံ့မှုကို နှစ်ပေါင်း များစွာခက်ခက်ခဲခဲရင်ဆိုင်နေခဲ့ရသည်။ ဂျပန်နိုင်ငံ၏ စားသုံးသူများအနေဖြင့် နောင်အခါဈေးချိုလာမှ ဝယ်ယူမည်ဟုဆို  သောအခါ ပြည်တွင်း ဝယ်လို အားကိုထိခိုက်ခဲ့ရသည်။

စားသုံးသူဈေးနှုန်း မြန်မြန်ဆန်ဆန် မြင့်မားလာခြင်းသည် နှေးကွေးနေသောဂျပန်စီးပွားရေးကို ပြန် လည် ခိုင်မာအားကောင်းစေသည့် အဓိက အချက်ဖြစ်သည်ဟုဂျပန်အစိုးရကဆိုသည်။ စားသုံးသူဈေးနှုန်းနောက်တစ်ကြိမ် ပြန်မြင့်လာလျှင်စားသုံးသူများသည် များမကြာမီပင်(ရွေ့ဆိုင်းခြင်းထက်) ကုန်စည်များကို  ပြန်လည် ဝယ်ယူလာလိမ့်မည်ဟုမျှော်လင့်ရသည်။ (နောင်အခါ၌စားသုံးသူများသည် ကုန်စည်များအတွက် ကျသင့်တန်ဖိုး ကိုပိုမိုပေး အပ်နိုင်ဖွယ်ရှိပါသည်။)

ယင်းမှာပြည်တွင်းစားသုံးမှု မြန်မြန်ဆန်ဆန် မြှင့်တင်ရာ၌ အကူအညီ ဖြစ်ပြီးဂျပန်၏ စီးပွားရေးဖွံ့ဖြိုးမှု ကိုမြှင့်တင်ရာရောက်ပါသည်။       ပြည်တွင်းဝယ်လိုအားသည် ကမ္ဘာဝယ်လိုအားကျဆင်းမှုကြောင့် ဒဏ်သင့်နေသည့် (လွန်ခဲ့သည် ဆယ်စုနှစ်များက ဂျပန်စီးပွားရေး ဖွံ့ဖြိုးမှုကို အကြီးမား ဆုံးမောင်းနှင်ခဲ့သည့်) ပို့ကုန်ကဏ္ဍနည်းတူဂျပန်၏ စီးပွားရေးအတွက် အလွန်အရေးပါသည်။ နာတာရှည် ဖြစ်စဉ် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် နှေးကွေးလေးလံနေသောဂျပန်၏ စီးပွားရေးကို ပြန်လည် အားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟုကတိကဝတ်ဖြင့် အနိုင်ရခဲ့သည့် ဂျပန်ဝန်ကြီး ချုပ် Shinzo Abe သည် ဗဟိုဘဏ်အားငွေကျုံ့မှု တိုက်ဖျက်ရေး ကိုပိုမိုလုပ်ဆောင်ရန် တောင်းဆိုထားသည်။

သူ၏ ရွေးကောက်ပွဲမဲဆွယ်ကာလတွင်တောင် ဗဟိုဘဏ်အား စားသုံးသူဈေးနှုန်း မြန်မြန်ဆန်ဆန် တိုးတက်  လာစေရန်ငွေကြေးကို အကန့် အသတ်မဲ့ရိုက် ထုတ်သင့်ကြောင်းအကြံပေးခဲ့သည်။ ဈေးကွက်ထဲငွေများများလိမ့်ဝင်သွားစေခြင်းဖြင့် စားသုံးသူများသည် သုံးစွဲဖို့ ငွေသားများပိုမိုရရှိလိမ့် မည်ဖြစ်ပြီး ၎င်းကပင် ဈေးကွက်ဝယ်လိုအားသာမကဈေးနှုန်းများကိုပါ ဆွဲတင်သွားမည်သဘောဖြစ်သည်။ Mr Abe ၏ ဖိအားအောက်မှာပင်ဂျပန် ဗဟိုဘဏ်သည်ယခု နှစ်အစောပိုင်းကာလက ၎င်း၏ ငွေဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်းထိ မြှင့်တင်နိုင်ခဲ့သည်။ သို့သော် သုံးသပ်သူများက စားသုံးသူ ဈေးနှုန်းများဆက်လက်ကျဆင်းနေခြင်းဟာငွေဖောင်းပွမှု ၂ ရာခိုင်နှုန်းရဖို့ လွယ်လွယ်ကူကူနှင့် အောင်မြင်လိမ့်မည် မဟုတ်ကြောင်း ဖော်ပြနေသည်ဟု ဆိုသည်။

“အစိုးရဟာစားသုံးသူဈေးနှုန်း မြင့်မားလာမှုကိုတွေ့မြင်ချင်ကြသော်လည်းသတ်မှတ်စံနှုန်းကိုရရှိဖို့ ခက်ခဲရုံသာမကစီးပွားရေးနာတာရှည်ဖြစ်စဉ် ဖြတ်သန်းမှုကိုအောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ် ကြောင်းရှင်းရှင်းလင်းလင်းညွှန်ပြထားသည်။” ဟု Fujistu Research Institute မှ Martin Schulz က ပြောကြားသွားခဲ့သည်။ “လာမည့် လအနည်းငယ်အတွင်းတော့ ဘာမှဖြစ်လာဦးမှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။ ဂျပန်စားသုံးသူများ သည် နောက်တစ်ကြိမ် သုံးစွဲမှုကိုစတင်နိုင်ရန်အတွက် သူတို့၏ လစာဝင်ငွေ မြင့်မားလာဖို့အပါအဝင် သူတို့၏ ပိုင်ဆိုင်မှုတန်ဖိုးများပါ တိုးမြှင့်လာဖို့ လိုအပ် ကြောင်း၊ ဒါမှသာသူတို့ဟာဘဏ္ဍရေးအရပိုမိုလုံခြုံမှုရှိတယ်လို့ ခံစားရမှာဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ယင်းအဆင့်နှစ်ဆင့်စလုံး လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်ကြာမြင့်မည် ဖြစ်ကြောင်း နှင့် ရလဒ်အားဖြင့် စားသုံးသူဈေးနှုန်းများဂျပန်နိုင်ငံတွင် နောက်တစ်ကြိမ် စတင်မြင့်မားလာ ရန်အချိန်ကြာမြင့်မည်ဖြစ်ကြောင်းပြောကြားသွားခဲ့သည်။

************************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment