Transparency Myanmar

transparency.myanmar@gmail.com

CURRENT AFFAIR
Document CURRENT AFFAIR

Snapshot of the item below:
CURRENT AFFAIR

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ

  1. စုံစမ်းရေးကော်မရှင်၏ ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် ဦးပိုင်မှ သဘောထားကြေညာချက်ထုတ်ပြန်
  2. လွှတ်တော်သို့တင်သွင်းထားသည့် ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းအား ပြန်လည်ရုတ်သိမ်းပေးရန် သမ္မတထံ တောင်းဆို
  3. ကရင်ပြည်နယ်မှ လယ်သမားများ အဖွဲ့အစည်းတစ်ခုတည်းကိုသာ အခွန်ဆောင်လို
  4. ရှမ်းတောင်ပိုင်းတွင် မူးယစ်ဆေးကုဌာနဖွင့်လှစ်ရန် ပြည်ထဲရေးကဆေးစွဲသူစာရင်းတောင်း၍ ဒေသခံများ စိုးရိမ်

စုံစမ်းရေးကော်မရှင်၏ ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် ဦးပိုင်မှ သဘောထားကြေညာချက်ထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တာဝန်ပေး အပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ချက်အပေါ် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ မတ်လ ၁၂ ရက်နေ့တွင် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသော မြေယာလျော်ကြေးကိစ္စများ၊ စိုက်ပျိုးမြေပြန်လည်ဖော်ထုတ်ရေး၊ စီးပွားရေးဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အားပြန်လည်ပြင်ဆင်ချုပ်ဆိုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘေးအန္တရာယ် ကင်းရှင်းမှု များ အတွက် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရရှိရေး၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် အကျိုး ကျေးဇူးများရရှိရေးနှင့် ဒေသခံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတကာ ပြည်ပကျွမ်းကျင် ကုမ္ပဏီများ ပညာရှင်များအား ဌားရမ်း၍ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်မည့် ကော်မတီ၏ လမ်းညွှနမချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်(၁၅)ဦးပါဝင်သည့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး အစီ ရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီကို မတ်လ ၁၁ ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ ဝင်းယူနတီပာိုတယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC


လွှတ်တော်သို့တင်သွင်းထားသည့် ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းအား ပြန်လည်ရုတ်သိမ်းပေးရန် သမ္မတထံ တောင်းဆို

မီဒီယာသမားများနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါဝင်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများက ကန့်ကွက်လျက်ရှိသည့်အတွက် ပြန်လည်ရုတ်သိမ်းပေးရန် နိုင်ငံတော်သမ္မတထံသို့ မတ်လ ၁၄ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ပုံနှိပ်ထုတ်ဝေခြင်းဥပဒေကြမ်းတွင် သတင်းမီဒီယာသမားများ၏ လွတ်လပ် ခွင့်၊ သတင်းရေးသားခွင့်၊ သတင်းဖော်ပြခွင့်နှင့် မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်များကို ထိန်းချုပ်ထားကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းပါ ဖော်ပြချက်များသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကိုသာ ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်ပာု ဆိုထား သော်လည်း စာနယ်ဇင်းနှင့် သတင်းမီဒီယာလုပ်ငန်းများဖြစ်သည့် သတင်းစာ၊ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ကိုပါ ထည့်သွင်းထား သည့်အပြင် ပုံနှိပ်ထုတ်ဝေခြင်းနှင့် သက်ဆိုင်ရာခြင်းမရှိသော သတင်းအေဂျင်စီများ၊ ဝက်ဆိုဒ်များကိုပါ အကျုံးဝင်စေရန် ထည့် သွင်းပြဋ္ဌာန်းထားသည့်အပြင် ပြည်တွင်းသတင်းမီဒီယာလုပ်ငန်းများအား ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဆက်လက် ထားရှိရန် ရည်ရွယ်ထားသည့် အချက်များကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါဥပဒေကြမ်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်များကို ပိတ်ပင်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို အပာန့်အတားဖြစ်စေသည့်အတွက် ပြန်လည်ရုတ်သိမ်းပေးရန် သတင်းမီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် နိုင်ငံရေးအဖွဲ့အစည်းများက နိုင်ငံတော်သမ္မတထံသို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်းပာိုတယ်တွင် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအပေါ် သုံးသပ်ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲသို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း(MJA)၊ မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂ(MJU)၊ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)၊ သတင်းလွတ်လပ်ခွင့်ကော်မတီ၊ သတင်းဌာနများ၊ လူမှုရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများဖြစ်ကြသည့် ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစည်းရေး ကော်မတီ(ပြည်တွင်း)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေတွေ့င် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည့်အပြင် ပြည်သူ့လွှတ်တော်သို့လည်း ဥပဒေကြမ်းအဖြစ် တင်သွင်းခဲ့ကြောင်း သိရသည်။

YC


ကရင်ပြည်နယ်မှ လယ်သမားများ အဖွဲ့အစည်းတစ်ခုတည်းကိုသာ အခွန်ဆောင်လို

ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရ အဖွဲ့နှစ်ခုစလုံးကို အခွန်ဆောင်နေရသော ကရင်ပြည်နယ်ရှိ လယ်သမားများက အဖွဲ့အစည်းတစ်ခုတည်းကိုသာ အခွန်ဆောင်လိုကြောင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းမြို့နယ်နှင့် သံတောင် မြို့နယ် များမှ တောင်သူများက ပြောကြားခဲ့သည်။

ထိုသို့ အဆိုပါမြို့နယ်ရှိတောင်သူများထံမှ အခွန်ကောက်ခံသော်လည်း လယ်ယာမြေ သိမ်းဆည်းသည့် ကိစ္စရပ်များတွင်မူ အဖွဲ့အစည်းနှစ်ခုစလုံးမှ လယ်သမားများအတွက် အာမခံပေးထားခြင်းမရှိကြောင်း သိရသည်။ ထို့ပြင် အစိုးရမှ တောင်သူများ လယ်ယာမြေမှတ်ပုံတင်ရန် နှိုးဆော်ထားသော်လည်း တောင်သူများမှာ မည်သည့်လယ်ယာမြေအတွက် မည်သို့မှတ်ပုံတင်ရမည်ကို တိကျသေချာစွာ သိရှိခြင်း မရှိကြောင်း လှိုင်းဘွဲ့ မြို့နယ်မှ ကရင်လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ဒေသခံတောင်သူများ အခွန်နှစ်ခါ ပေးဆောင်နေရသည့် ကိစ္စရပ်များအတွက် အစိုးရနှင့် လာမည့်တွေ့ဆုံပွဲတွင် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဖဒိုမန်းမန်း ကပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်ရေးနယ်မြေတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်နိုင်ရန် ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်၊ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဒူကရခရိုင်၊ ဘားအံခရိုင်တို့ရှိ တောင်သူများထံမှ နှစ်ဖက်အဖွဲ့အစည်းရှိ တာဝန်ရှိသူများက အခွန်ကောက်ခံလေ့ရှိကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

လက်ရှိကရင်ပြည်နယ်အတွင်း တောင်သူများအသုံးပြုလျက်ရှိသည့် မြေဧရိယာမှာ ဧက ၇,၅၀၅,၀၀၀ ရှိပြီး အကြီးစား စိုက်ပျိုးမှုများအတွက် လယ်သမားမဟုတ်သော လုပ်ငန်းရှင်များကို ၂၀၁၁ ခုနှစ်တွင် လယ်မြေဧက ၂,၀၀၀ နှင့် ၂၀၁၂ ခုနှစ်တွင် လယ်မြေဧက ၄,၀၀၀ ကျော် လုပ်ကိုင်ခွင့်ချထားပေးခဲ့ကြောင်း အရပ်ဘက်အဖွဲ့စည်းများက ပြုစုထားသော စာရင်းများအရ သိရသည်။

YC


ရှမ်းတောင်ပိုင်းတွင် မူးယစ်ဆေးကုဌာနဖွင့်လှစ်ရန် ပြည်ထဲရေးကဆေးစွဲသူစာရင်းတောင်း၍ ဒေသခံများ စိုးရိမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအချို့၌် မူးယစ်ဆေးစွဲရောဂါများ ကုသပေးမည့်ဆေးရုံ တစ်ရုံတည်ဆောက်ရန် တောင်းဆို မှုများအပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ ရောဂါကုသလိုသော ဆေးစွဲလူနာ အမည်စာရင်းကို တောင်းခံခဲ့သည့်အတွက် ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မူးယစ်ဆေးဝါးကုသရေး ဆေးရုံတည်ဆောက်ရန် ဆွေးနွေးရာတွင် မူးယစ် ဆေးဖြတ်ချင်သော လူနာရှင်များစာရင်း တောင်းဆိုလာသည့်အတွက် ဒေသခံများမှာ အမည်စာရင်းပေးရန် ထိတ်လန့်လျက်ရှိ ကြောင်း ကွမ်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနုဝါ ကပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်းရှိ နေရာဒေသ အတော်များများ မူးယစ်ဆေးဝါးများ စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး အဆိုပါဒေသတွင် စက်မှုဇုန်၊ စီးပွားရေးဇုန်များမရှိသည့်အတွက် ဒေသခံများ၏ ဘိန်းစိုက်ပျိုးမှု ရပ်နားလိုက်ပါက အလုပ်လက်မဲ့ ပြဿနာများပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်နေဖြင့် အဆိုပါဒေသအတွင်း ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်သင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ဖွင့်လှစ်ထားသော မူးယစ် ဆေးစွဲကုသရေးဌာနမှာ လုပ်ငန်းလည်ပတ်မှုမရှိသည့်အတွက် မူးယစ်ဆေးစွဲကုသရေးဌာနများကို ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်မည့် နေရာများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးစွဲရောဂါကုသရေး စီမံချက် မန်နေဂျာ၊ စိတ်ကျန်းမာရေး ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်ရှိ ကွမ်ဟိန်းမြို့နယ်နှင့် ကာလိမြို့နယ်ခွဲတို့အတွင်း နေထိုင်လျက်ရှိသော ဒေသခံ ပြည်သူစုစုပေါင်း ဦးရေ၏ သုံးပုံနှစ်ပုံမှာ မူးယစ်ဆေးစွဲရောဂါ ခံစားနေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြသည့် အစီရင်ခံ စာအရ သိရသည်။

YC


 

 

 

 

            


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment