Transparency Myanmar

transparency.myanmar@gmail.com

QUOTES AND COMMENTS
Document QUOTES AND COMMENTS

Snapshot of the item below:
QUOTES AND COMMENTS

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“စာရွက်ထဲမှာရော ဟိုလိုလုပ်ရမယ်၊ ဒီလိုလုပ်ရမယ် ပါတာပေါ့။ တကယ်ရော ဦးပိုင်တို့ ဝမ်ပေါင်တို့က လိုက်လုပ်နိုင်ပါ့မလား။ စောင့်ထိန်း နိုင်ပါ့မလားပေါ့။ အဲဒါကတော်တော်အရေးကြီးတယ်ဗျ။ သူတို့ထဲက အကြံပေးချက်အတိုင်း ဘယ်သူကလုပ်မှာလဲ။ သေချာလုပ်မှာလား။ အဲဒါကို ဘယ်သူက enforce လုပ်မှာလဲ။”

မတ်လ ၁၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၅၊ အမှတ် ၅၀ ပါ ‘လက်ပံတောင်းတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်အကြံပေးသည့်အတိုင်း လုပ်ဆောင်ပါက အကျိုးရှိစေနိုင်သည့် အချက်များ ပါဝင်သော်လည်း ဒေသခံများအတွက်မူ အငြင်းပွားစရာများ ရှိနေဆဲဖြစ်’ သတင်းမှ မုံရွာဒေသခံဖြစ်သည့် စာရေးဆရာ ကိုတာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


‘ဒီအစီရင်ခံစာထုတ်ပြန်မှုဟာ ကျွန်မမှာ အဓိကတာဝန်ရှိပါတယ်။ တကယ်လို့ ဒေသခံတွေအနေနဲ့ မကျေနပ်လို့ ဆန္ဒပြချင်ရင် ကျွန်မအိမ် ကိုလာပြီးဆန္ဒပြလို့ရပါတယ်။ ဘာမှမဆိုင်တဲ့ ဝမ်ပေါင်ကို သွားပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆန္ဒပြစရာ မလိုပါဘူး။’

၂၀၁၃ မတ်လ ၁၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၅၊ အမှတ် ၅၀ ပါ ‘ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ဒေသသို့ ရောက်ရှိခဲ့ပြီး ဒေသခံများ၊ ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် သဘောမတူကြောင်း ပြသ သည့်အနေဖြင့် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့ကြ’ သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


‘ပြည်တွင်းကလာတဲ့ နေပြည်တော်ကိုယ်စားလှယ်အဖွဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ KIO ကိုယ်စားလှယ်အဖွဲ့ပဲဖြစ်ဖြစ် တော်တော်များများ အခြေခံသဘောတူညီချက် ရကြတယ်။ သို့သော်လည်းပဲ အခုအိမ်ရှင်အဖြစ် ကျင်းပပေးတဲ့ တရုတ်ကိုယ်စားလှယ်တွေက ကြားဝင်ပြီးတော့ တချို့အချက်တွေကို ကြိုက်တယ်၊ တချို့ စာလုံးတွေပြင်ပေးပါ။ စာလုံးတွေက ဘာဖြစ်သင့်တယ်ဆိုပြီးတော့ ဝင်ရောက်အကြံပေး တာပေါ့ ဗျာ။ ရိုးရိုးပြောရရင်တော့စွက်ဖက်တဲ့သဘောမျိုး။ intervene များတဲ့အခါကျတော့ အဲဒီအပေါ်မှာ နှစ်ဖက်လုံးက သိပ်စိတ်မကောင်း ကြဘူး’

၂၀၁၃ မတ်လ ၁၅ ရက်နေ့ထုတ် Fresh News ဂျာနယ် အမှတ် ၁/၀၅၁ ပါ ‘ခိုင်မာသော အပစ်အခတ် ရပ်စဲရေးရအောင် ဆောင်ရွက်မည်’ သတင်းမှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


‘ဒီဥပဒေကို ပယ်ဖျက်ဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး၊ ဒီတော့ ဆိုင်းငံ့ပြီးထားမယ်။ တတ်နိုင်သမျှ ပြင်ဆင်မယ်။ အကယ်၍ မီဒီယာဥပဒေ ထွက်မယ်ဆိုရင် ဒီဥပဒေနှစ်ခုကို ပေါင်းလို့ရရင်လည်း ပေါင်းနိုင်အောင် ကြိုးစားသွားမယ်’

၂၀၁၃ မတ်လ ၁၄ ရက်ထုတ် Venus News Weekly ဂျာနယ်  အတွဲ ၄၊ အမှတ် ၃၄ ပါ ‘ပုံနှိပ်သူများနှင့် ထုတ်ဝေရေးလုပ်ငန်း ဥပဒေမူကြမ်း ရွှေ့ဆိုင်းထားရန် ကြိုးစားမည်’ဟု သူရဦးအေးမြင့်ဆို သတင်းမှ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံ ရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


‘အခုခရီးစဉ်က သံခင်းတမန်ခင်းသွားတဲ့သဘောပါ။ ဟိုဘက်နိုင်ငံတွေက အရင်းအနှီးနဲ့ဖိတ်သလို ဒီဘက်ကလည်း အရင်းအနှီးနဲ့သွားတဲ့ သဘောပါ။ စီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေလည်း ပါနိုင်မယ်။ ဒီမိုကရေစီသမ္မတတစ်ယောက်အနေနဲ့ကတော့ နိုင်ငံတကာခရီးစဉ်တွေ ကို သွားသင့်တယ်။ အဲဒါမှ နိုင်ငံရဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးကဏ္ဍမှာ နိုင်ငံတကာရဲ့အထောက်အပံ့တွေ ရလာနိုင်မယ်’

၂၀၁၃ မတ်လ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၉၊ အမှတ် ၁၁ ပါ ‘သမ္မတဦးသိန်းစိန် ဓနသဟာယနိုင်ငံများ သို့ လေ့လာရေးသွားမည်’ သတင်းမှ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင့်ဦး၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

                 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment