Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များ နှင့်သတင်းတို

“ကားတင်သွင်းခွင့်ကို ဘယ်တော့မှမပိတ်ဘူးစိတ်ချ။ ဘာလို့လဲဆိုတော့ ဖွင့်တာ၊ ပိတ်တာ အလုပ်မှမဟုတ်တာ ကားတင် သွင်းခွင့်ဆက်ပေးလို့ ကျွန်တော့်ကို သတ်ချင်တဲ့အကြောင်း၊ စာလဲရေးတယ် ဖုန်းလဲဆက်တယ်”

မတ်လ ၁၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၅၂) တွင်ပါရှိသော “ကားတင်သွင်းမှု ဘယ်တော့မှမပိတ်ဟု စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီးဆို” သတင်းမှ စီးပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“တက္ကစီသမားတွေအင်္ဂလိပ်စကားပြောတတ်ပြီလား၊ အနောက်တိုင်းသားတွေကြိုက်တဲ့ Night Light တွေလုပ် ဖို့လိုတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမှတ်တရအကျီင်္တွေ၊ ရိုးရာတူရိယာတွေကိုလည်း လုပ်သင့်တယ်”

မတ်လ ၁၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၅၂) တွင်ပါရှိသော “အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကနေ စီးပွားရေးအကျိုးအမြတ် ဘယ်လိုရယူမလဲ” သတင်းမှ စီးပွားရေးပညာရှင် ဥိးမျိုးမင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သွေးထွက်သံယိုရှိစရာအကြောင်း မရှိပါဘူး။ ဒါပေမယ့်ဥပဒေဘောင်အတွင်းက လုပ်ရပါမယ်။ စီတန်းလှည့်လည်ခွင့်ဆိုတာ ဥပဒေဘောင်အတွင်းက ခွင့်ပြုချက်တင်ရမယ်။ သူတို့ကပြောတယ်။ ခွင့်ပြုချက် မပေးဘူး။ အဲဒီတော့ ဘယ်တုန်းကတောင်း သလဲဆိုတော့ ၁၀ လပိုင်းကလို့ပြောတယ်။ အမေ အာဏာပိုင်တွေနဲ့ပြောပြီးပြီ။ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက်တောင်းရင် ပေးလိုက်ပါဆိုတော့ ပေးပါမယ်တဲ့။ ခွင့်ပြုချက်တောင်း ပြီး ဆန္ဒပြကြပါ။ ခွင့်ပြုချက်မယူရင်တော့ ဥပဒေဘောင်အတွင်းက လုပ်သွားမှာပဲ။ ဥပဒေက ကိုယ်တစ်ယောက် တည်းကိုပဲ တာဝန်ယူပြီးတခြားသူတွေကို တာမဝန်မယူဘူးဆိုတာမဟုတ်ဘူး။ ကိုယ်လည်း ဥပဒေဘောင်ေ အာက်မှာနေရမယ်။ သူများတွေလည်း ဥပဒေဘောင်အောက်မှာ နေရမယ်။ အာဏာပိုင်တွေ ဘက်ကလည်း အကြမ်းဖက်နှိမ်နှင်းမှုတွေလုပ်ဖို့ အခြေအနေမရှိပါဘူး။ တစ်ဖက်ကနေပြီး ရုန်းရင်းဆန်ခတ်မဖြစ်ဘူး၊ အကြမ်း မဖက်ဘူးဆိုရင် အာဏာပိုင်တွေဘက်က အကြမ်းမဖက်ဖို့ တာဝန်ခံပါတယ်။”

မတ်လ ၂၁ ရက်နေ့ထုတ် NewsWeek Journal အတွဲ (၂) အမှတ် (၇၄) တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ဆန္ဒပြမှုများအပေါ် အာဏာပိုင်များဘက်မှ အကြမ်းဖက်မှုများ မပြုလုပ်ရန် တာဝန်ယူကြောင်း ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးဖော်ဆောင်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ သတ္တိရှိဖို့လိုပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတော်များများမှာ ဖြစ်လေ့ဖြစ်ထရှိသလိုပဲ တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေတာ မှားယွင်းမှုတွေဖြစ်ပေါ်တာ ရှိလာတဲ့အခါ သည်းခံကြဖို့လိုပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်ပေါ်လာအောင် အချိန်ပေးပြင်ဆင်မှုတွေလုပ်ရတဲ့အတွက် ဦးဆောင် လုပ်ကိုင်နေသူတွေကို အပြင်လူတစ်ယောက် အနေနဲ့ လေးစားပါတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ ကျွန်တော့်ဘက်က ကူညီနိုင်တာရှိရင် လည်း ကူညီပံ့ပိုးသွားမှာပါ။”

မတ်လ ၂၁ ရက်နေ့ထုတ် NewsWeek Journal အတွဲ (၂) အမှတ် (၇၄) တွင်ပါရှိသော “ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ငြိမ်းချမ်းရေးအတွက် စိတ်ရှည်ကြရန် တိုက်တွန်းပြောကြား” သတင်းမှ မစ္စတာတိုနီဘလဲ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“သဘောတူညီချက်တွေအားလုံးကတော့ အရေးကြီးတဲ့အချက်တွေပါပဲ၊ ဒီအချက်တွေအားလုံးကို နှစ်ဖက်စစ် ခေါင်းဆောင် တွေနဲ့ ပြည်သူတွေကသာ လိုက်ပါဆောင်ရွက်မယ်ဆိုရင် အားလုံကောင်းလာမှာပါ။ နောက်ပြီး ဒီလိုပွဲမျိုး ဖြစ်လာအောင်လည်း အခက်အခဲကြားထဲကနေ လုပ်ဆောင်ရတာပါ”

မတ်လ ၂၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၉) အမှတ် (၁၂) တွင်ပါရှိသော “အစိုးရနှင့် KIO သဘောတူညီမှု အချက်သုံးချက်တိုင်းပြည်အတွက်အဖိုးတန်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်” သတင်းမှ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment