Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“ဖြေဆိုဆွေးနွေးပေးကြတဲ့ပြည်ထောင်စု အစိုးရအဖွဲ့အစည်းများက လွှတ်တော်ကိုယ်စားလှယ်များမေးတဲ့ မေးခွန်းများ၊ အဆို များဟာ အခက်အခဲဖြစ်စေတယ်။ အကျပ်အတည်းဖြစ်စေတယ်။ ဂုဏ်သိက္ခာထိခိုက် စေတယ်။ ရိုင်းပြရန်လိုတဲ့ သဘော တွေကို အချို့မေးခွန်းနှင့် အဆိုတွေမှာ ပါရှိတယ်လို့အထင်ရှိကြတယ်။ ဒါ့ကြောင့် လွှတ်တော်ထဲကလာဖြေရမှာ ဝန်လေး ကြ တယ်”

မတ်လ ၂၈ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၁၃) တွင်ပါရှိသော “လွှတ်တော်တွင်း မေးခွန်းနှင့် အဆိုအချို့ ပြည်ထောင်စုအစိုးရ ဘဝင်မကျ” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတကြီးက ရိုးရိုးရှင်းရှင်းလေးပဲ အချက်နှစ်ချက် လမ်းညွှန်ထားတယ်။ တစ် အချက်က ကိုယ့်နိုင်ငံသားတွေ အကျိုးမ ထိခိုက်ဖို့၊ နှစ်အချက်က ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက် အာမခံရှိဖို့ပဲ။ ဒီလိုသာ ဖြစ်နေရင်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လို လာရဲမှာလဲ”

မတ်လ ၂၈ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၁၃) တွင်ပါရှိသော “မိတ္ထီလာနှင့် ရခိုင်ပဋိပက္ခ နိုင်ငံတကာအထူးအာရုံပြု စောင့်ကြည့်နေ” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


''နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလိုနောင်လည်းဘယ်တော့မှ ဖြစ်မှာမဟုတ် ဘူး။ တပ်မတော် ဟာနိုင်ငံအတွက်ပဲဖြစ်ရမယ်ဆိုတဲ့နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ထမ်း ဆောင်နေချိန်မှာ ဘယ်တိုင်းရင်းသားလူမျိုးအပေါ်မှ မုန်းတီးစိတ်နဲ့ ဆောင်ရွက် ခြင်းမရှိဘဲလက်နက် ကိုင်ပဋိပက္ခ ဖော်ဆောင် သူတွေကိုသာ တိုက်ခိုက်နေတာဖြစ်လို့ လူမျိုးသုဉ်း သတ်ဖြတ်မှု Genocide ဆိုတာတို့တပ်မတော်ရဲ့သမိုင်း ကြောင်းမှာ လုံးဝမရှိဘူး''”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၆၈) နှစ်မြောက်တပ်မတော်နေ့ မိန့်ခွန်းမှ ကောက်နုတ်ချက်။


“ဝန်ကြီးဌာနအားလုံး၊ အစိုးရတစ်ဖွဲ့လုံးပေါ့၊ လွှတ်တော်နဲ့ ဟန်ချက်မညီသေးဘူး။ လက်ရှိစနစ်နဲ့ အလေ့ အကျင့်မရှိ တာနဲ့လည်း ဆိုင်တယ်။ ဘတ်ဂျတ်နဲ့ စီမံကိန်းပိုင်းမှာ လွှတ်တော်ရဲ့သဘောထားကို အလေးထား ဆောင်ရွက်တာ တွေရှိရ တယ်။ ဌာနဆိုင်ရာနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့အပိုင်းမှာ အစိုးရပိုင်းဆောင်ရွက်မှု အားပျော့တယ်။ နောက်ပိုင်း အဆင်ပြေ သွားမှာပါ။”

မတ်လ ၂၈ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၃၆) တွင်ပါရှိသော “လွှတ်တော်မှ အတည်ပြုပြီး သည့်အဆိုများ ဝန်ကြီးဌာနများ ဆောင်ရွက်နိုင်မှုမရှိ” သတင်းမှ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကားတွေလိုင်စင်အခွန် ကင်းလွတ်ခွင့် ပေးတာ၊ ကျွန်တော်သိသလောက်ကတော့ ဝန်ကြီးဦးအောင်မင်းက ကိုယ်ပိုင် ဆုံးဖြတ် ချက်နှင့် ပေးတာမဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ပေးတာပါ။ အဓိကကတော့ သွားရေးလာရေးအတွက် အဆင်ပြေအောင် ကူညီတဲ့သဘောပါပဲ၊ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေက လိုင်စင်မဲ့ ကားတွေနဲ့ မြို့တက် လာပြီး ယာဉ်မတော်တဆမှု ဖြစ်တဲ့အခါမှာ ဖြေရှင်းဖို့ခက်တယ်လို့ ကြား ဖူးတယ်။ အဲဒါတွေကြောင့် လည်း လုပ်ပေးတာ လို့ထင်တယ် ”

မတ်လ ၂၈ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၃၆) တွင်ပါရှိသော “KNU လက်နက်ကိုင်အဖွဲ့အား ကားအစီးရေ ၁၂၀ အခွန်ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့ခွင့်ပြု” သတင်းမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


NEWS IN BRIEF

ပုဂ္ဂလိကသတင်းစာ (၈) စောင် ယာယီထပ်မံထုတ်ဝေခွင့်ရ

ပြန်ကြားရေးဝန်ကြီးဌာနမှ နေ့စဉ်သတင်းစာထုတ်ဝေခွင့်ရရှိရန် လျှောက်ထားလာသည့် လျှောက်လွှာများကို စိစစ်၍ Eleven Media Group မှ လျှောက်ထားသည့် The Daily Eleven၊ Three Friend Construction Co.,Ltd. မှလျှောက် ထားသည့် စံတော်ချိန်၊ ဒေါက်တာတင်ထွန်းမှ လျှောက်ထားသည့် ခေတ်သစ်နေ့စဉ်၊ ဦးကိုကိုမှလျှောက်ထားသည့် ရန်ကုန် တိုင်းမ်၊ ဦးမြင့်သန်းမှလျှောက်ထားသည့် မြန်မာဓိက၊ ဒေါ်အောင်ဆန်းစုကြည်မှလျှောက်ထားသည့် ဒီလှိုင်း၊ ဒေါ်ဝင်းကလျာ ဆွေ မှလျှောက်ထားသည့် ပြည်သူ့အသံသတင်းစာနှင့် ဦးသောင်းစုငြိမ်းမှလျှောက်ထားသည့် ၇-ရက်နေ့စဉ် သတင်းစာများ အား ဧပြီ ၁ ရက်နေ့မှစတင်၍ ယာယီထုတ်ဝေခွင့်ပြုခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်မှုအားလုံး အစွမ်းကုန်တားဆီးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

လက်ရှိအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသော လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံဆော်မှုများအပါအဝင် အကြမ်းဖက်မှုအားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန်တားဆီးကာကွယ်ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့မှ မတ်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်အမှတ်(၇/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှုများ၊ မီးလောင်ကျွမ်းမှုများနှင့် အဓိကရုဏ်းများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူများ၏ စားဝတ်နေရေးနှင့် လုံခြုံရေးတို့ကို အပြည့်အဝဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ပဋိပက္ခဖြစ်စဉ်များကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှုပြန်လည်တည်ဆောင်နိုင်မည့် ဆွေးနွေးမှုပွဲများ၊ စိတ်ခံစားမှုများ ပြန်လည်ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ကြေညာခဲ့သည်။

ရန်ကုန်ရှိ အရက်ဆိုင်နှင့် ကာရာအိုကေဆိုင်များ ည ၉ နာရီအထိသာဖွင့်လှစ်ရန်ညွှန်ကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ရမ်းကားမှုများနှင့် လူစုလူဝေးစုရုံးမှုများအား ဖြစ်ပေါ်မလာနိုင်စေရန် အရက် ဆိုင်နှင့် ကာရာအိုကေဆိုင်များအား ည ၉ နာရီအထိသာဖွင့်လှစ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတ်လ ၂၆ ရက်နေ့ တွင် ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကြို့ပင်ကောက်၊ သာယာဝတီ၊ လက်ပံတန်း၊ စစ်ကွင်း၊ အိုးသည်ကုန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖိုအစရှိသည့် မြို့များတွင် မတ်လ ၂၆ ရက်နေ့ညပိုင်းမှစတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရသည်။

 

လက်ပံတောင်းတောင်စီမံကိန်း လျော်ကြေးပေးရာတွင် တောင်သူများ ခြိမ်းခြောက်ဖိအားပေးခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်တို့မှဆောင်ရွက်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆောင်ရွက်ရန် သိမ်းဆည်းခံလယ်မြေများ အတွက် လျော်ကြေးပေးရာတွင် တောင်သူများလျော်ကြေးရယူရန် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ ခြိမ်းခြောက်ဖိအားပေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး လှုပ်ရှားသူတစ်ဦးက ပြောကြား သည်။

ထိုသို့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ လျော်ကြေးပေးရာတွင် သုံးရက်အတွင်းလာရောက်ထုတ်ယူခြင်းမရှိသည့် လယ်ယာ မြေများကို လျော်ကြေးမပေးတော့ကြောင်း၊ မြေလျော်ကြေးရယူခြင်းမရှိသည့် အစိုးရဝန်ထမ်းများကို နယ်ပြောင်းရွှေ့ခံခြင်း၊ ရာထူးလျှော့ချခံရခြင်းများရှိနိုင်ကြောင်း မပာုတ်မမှန်သတင်းလွှင့်၍ ခြိမ်းခြောက်ဖိအားပေး လျက်ရှိကြောင်း သိရသည်။

 

တပ်မတော်နေ့တွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား

မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သည့် ၆၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တပ်မတော်၏ စစ်လက်နက်ပစ္စည်းများကို ပြသခဲ့သည့်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏မိန့်ခွန်းတွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲအထောက်အကူဖြစ်စေရန် အမျိုးသားနိုင်ငံရေးဦးဆောင်ကဏ္ဍတွင် တပ်မတော်မှ ဆက်လက်ထောက်ခံပါဝင်သွားရန်နှင့် တပ်မတော်အနေဖြင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်း ရေးကိုလိုလားသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေစီကျင့်စဉ် များနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံအကူအညီရယူ၍ သီလဝါအထူးစီးပွားရေးဇုန် ဆက်လက်တည်ဆောက်မည်

လက်ရှိ မြန်မာနိုင်ငံအတွင်းတည်ဆောက်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ကာလရှည် အတိုးနှုန်းနိမ့်(ODA)ချေးငွေရယူ၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များက နှစ်နိုင်ငံသဘောတူညီမှုများ ဖြင့်တည်ဆောက်သွား နိုင်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများက ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများက ၄၉ ရာခိုင်နှုန်းရယူ၍ လာမည့် ၂၀၁၅ ခုနှစ်အတွင်းအပြီးတည်ဆောက်ရန် သဘောတူညီထားသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

ချင်းပါတီနှစ်ခုမှ နှစ်ပါတီပူးတွဲညီလာခံကျင်းပပြုလုပ်တော့မည်

ပြည်နယ်တစ်ခုအတွင်း နှစ်ပါတီပူးပေါင်းရန် သဘောတူညီမှုရရှိပြီးဖြစ်သည့် ချင်းအမျိုးသားပါတီ(CNP)နှင့် ချင်းတိုး တက်ရေးပါတီ (CPP) တို့မှ လာမည့် ဧပြီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ နှစ်ပါတီပူးတွဲညီလာခံ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ချင်းနှစ်ပါတီပူးပေါင်းရခြင်းမှာ ချင်းပြည်သူများအကြား ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ပြန့်ပွားရေး။ လက်ရှိချင်းပြည်နယ်အစိုးရမှာ ချင်းလူထုအားကိုးယုံကြည်လောက်သည့် အနေအထားမရှိသည့်အပြင် ကိုယ်ပိုင်ဆုံးဖြတ်၊ စီမံအုပ်ချုပ်ခွင့်မရှိ နေပြည်တော်၏ညွှန်ကြားချက်များအတိုင်းသာ သွားနေရသည့်အတွက် လာမည့် ၂၀၁၅ တွင် ဖက်ဒရယ် စနစ်ဖြင့် ချင်းအစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရန်အတွက်တို့ ပူးပေါင်းရခြင်းဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်သို့နိုင်ငံခြားခရီးသည်ဝင်ရောက်မြင့်တက်ရေး မက်လုံးပေး

မြန်မာနိုင်ငံအတွင်းရှိ အစိုးရဝန်ကြီးဌာနများနှင့် နှစ်တော်နှစ်ရပ်ရုံးစိုက်ရာ နေပြည်တော်သို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု မြင့်တက်လာစေရေးနှင့် နေပြည်တော်စည်ပင်ဝပြောရေးအတွက် မက်လုံးပေးသည့် အနေဖြင့် နိုင်ငံခြားလေ ကြောင်းလိုင်းများကို တိုက်ရိုက်ပြေးဆွဲခွင့်ပြုမည်ဖြစ်သည့်အပြင် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ ဆိုက်ရောက်ဗီဇာ ကြေးကိုလည်း ၆ လကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး နေပြည်တော် ပာိုတယ်တည်းခိုခနှုန်း ထားများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ နေပြည်တော်သို့ ပြည်ပဧည့်အဝင်များလာနိုင်စေရန် ပိာုတယ်ခန်းခနှုန်းထားများလျှော့ချ၍ ဝန်ဆောင်မှုများ တိုးမြှင့်လိုက်သော်လည်း ပိာုတယ်လိုအပ်ချက်များမှာမူ မြင့်မားလျက်ရှိနေသေးကြောင်း သိရသည်။

 

တရုတ်ယွမ်ငွေနှင့် ထိုင်းဘတ်ငွေများ လဲလှယ်နိုင်ရန် ငွေလဲကောင်တာများတွင်ခွင့်ပြုမည်

မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာများတွင် တရုတ်ယွမ်ငွေနှင့် ထိုင်းဘတ်ငွေများ တရားဝင် လဲလှယ်ခွင့်ကို တရားဝင်ခွင့်ပြုတော့မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံခရီးသည်များ အဆင်ပြေနိုင်တော့မည်ဖြစ်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ စီးပွားရေးဆက်ဆံမှုများနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အတွက်လည်း အဆင်ပြေနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် တရုတ်လူမျိုးခရီးသည် ၆၆.၃၉ ရာခိုင်နှုန်းဖြင့် လူဦးရေ ၆၃,၀၁၈ ဝင်ရောက်ခဲ့ပြီး ထိုင်းလူမျိုး ၁၅.၇၇ ရာခိုင်နှုန်းဖြင့် ၆၁,၆၉၆ ဦးလာရောက်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက်နိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံနယ်စပ်တို့တွင် အဆိုပါငွေကြေးများကို တရားမဝင် လှည့်လှယ် သုံးစွဲလျက်ရှိကြောင်းသိရသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ကြေညာချက်ထုတ်ပြန်

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ မိတ္ထီလာမြို့နယ်နှင့် နေရာအချို့တွင်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခဖြစ်စဉ်များမှာ ဗုဒ္ဓဘာသာဝင်များနှင့် မစ္စလာမ်ဘာသာဝင်များအကြား ဖြစ်ပွားလျက်ရှိသော ပြဿနာပာု မယူဆကြောင်းနှင့် အကြမ်းဖက် မှုဖြစ်စဉ်များတွင် နောက်ကွယ်မှ စီစဉ်အကွက်ချ ကြိုးကိုင်နေသူများကို ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုထားသည့် သဘောထားကြေညာချက်ကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာ ရေးအဖွဲ့မှ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် လူမျိုးဘာသာမခွဲခြားဘဲ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သော ဆရာတော်များ။ သံဃာ တော်များနှင့် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ပိာန္နူဘာသာဝင်များကို အလေးအနက် ကျေးဇူးတင်ရှိ ကြောင်း ဖော်ပြထားသည်။

 


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment