Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

 တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးအဟုန်ကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်သည်ဟု OECD၏ သုံးသပ်ချက်မှဆို

(BBC News မှ China needs ‘renewed reform momentum’ says OECD survey သတင်းကိုဘာသာပြန် ဆိုသည်။)

photo credit by AFP

တရုတ်နိုင်ငံသည် ရှေရည်ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန် ပြုပြင်ပြောင်းလဲရေးအဟုန်ကို ပြန်လည်မြှင့်တင်ဖို့  လိုအပ်နေပြီဖြစ်ကြောင်းစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ကပြောကြားသွားခဲ့သည်။

ထိုသို့ ပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျသည့် နေရာများမှာဘဏ္ဍရေးကဏ္ဍ၊ မြို့ပြဖွံ့ဖြိုးရေး၊ နိုင်ငံတော်ပိုင်ဆိုင်မှုနှင့် ဆန်းသစ်တီတွင်မှုတို့ဖြစ်သည်။

သို့သော်တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ကမ္ဘာ့ဘဏ္ဍရေးအကျပ်အတည်းကာလ၌ OECD နိုင်ငံများထက် အကျပ်အတည်းကိုတည်တည်ငြိမ်ငြိမ်ဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်ဟုဆိုသည်။

ဈေးနှုန်းကွာဟချက်များကိုခွင့်ပြုလိုက်ပြီးနောက် တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်အရောက်တွင် ကမ္ဘာ့ အကြီးမားဆုံးသော  စီးပွားရေးနိုင်ငံ ဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီဟုဆိုသည်။

OECD ၏ လေ့လာချက်များအရတရုတ်နိုင်ငံသည် ဖွံဖြိုးတိုးတက်မှုကိုဆယ်စုနှစ် လေးစု အဖြစ် အမီလိုက်နိုင်သည့် အတွက် အခြေအနေကောင်းရှိနေပြီဖြစ်သည်။

စီးပွားရေးတုန့်ဆိုင်းမှုများနှင့် ရင်ဆိုင်ရပြီးနောက် တရုတ်စီးပွားရေးမှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်သည့် လက္ခဏာများတွေ့နေရသည်ဟုဆိုသည်။

သို့သော် ရှေရည်၌ အင်အားအပြည့်နှင့် လူမှုရေးအရပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု ဆက်လက်ရရှိဖို့ တရုတ်နိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေးအဟုန်ကို ပြန်လည်မြှင့်တင်ဖို့လိုအပ်သည်ဟုသတိပေးခဲ့သည်။

OECD အကြံပြုချက်အချို့တွင်အောက်ပါ အချက်များပါဝင်သည်။

(၁)အရင်းအနှီးစီးဝင်မှုများအပေါ် တင်းကြပ်ထားမှုများဖြေလျော့ခြင်းနှင့် ပြည်တွင်း၌ရင်းနှီးမြှုပ်နှံမှုအချိုးကိုမြှင့်တင်ခြင်း။

(၂)ပိုမို၍ ပြောင်းလွယ်ပြင်လွယ်သောငွေလဲနှုန်းခွင့်ပြုခြင်း။

(၃)ပြည်တွင်းနှင့် နိုင်ငံခြားမှတီတွင်ဆန်းသစ်သူများ၏ ဉာဏမူပိုင်ခွင့်ကိုခိုင်မာလာစေဖို့နှင့် ယင်းအခွင့်အရေးများ ထိထိရောက်ရောက်ကာကွယ်ခြင်း။

(၄)အချို့ကဏ္ဍများတွင် နိုင်ငံတော်ပိုင်အဖြစ်မှ လျော့ချခြင်း။

(၅)မြို့ပြနေထိုင်သူများလိုလယ်သမားများအတွက် တူညီသည့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ပေးခြင်း။

(၆)ပြန်လည်ဖြည့်တင်းစွမ်းအင် ကဏ္ဍတွင် ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုများပိုမိုကောင်းမွန်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခြင်း။

(၇)သဘာဝပတ်ဝန်းကျင်ဆိုင်ရာရည်မှန်းချက်များရရှိဖို့နှင့် လေထုညစ်ညမ်းမှုများလျော့ချဖို့ ကျယ်ပြန့်သည့် မူဝါဒအရောအစပ်များချမှတ်ခြင်း။

ပိတ်ဆို့ဟန့်တားမှုများ

သို့သော် တရုတ်စီးပွားရေးမှာကျရာမှ တက်လာခဲ့သော်လည်းများစွာသောစွန့်စားရမှုများနှင့် ရင်ဆိုင်ရဦးမည်ဟု OECD မှ သတိပေးခဲ့သည်။

သုံးသပ်ချက်အရ ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် တရုတ်အတွက် ပြည်ပမျက်နှာစာကဏ္ဍ၌ အဓိကကျသည့် စွန့်စားရမှုဖြစ်သည်။

ပြည်တွင်း၌မူဘဏ်နှင့် ဒေသန္တရအစိုးရ၏ အပိုပြထားသည့် ဘဏ္ဍရေးရှင်းတမ်းများနှင့်အတူပိုင်ဆိုင်မှု တန်ဖိုး မြင့်မားခြင်းကြောင့် ပိုင်ဆိုင်မှုပူပေါင်းအသစ် ဖြစ်လာနိုင်သည့် စိုးရိမ်မှုများပွားများလာမှု အစရှိသည့် အလားအလာရှိသော စိုးရိမ်ဖွယ်ရာများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

တစ်ချိန်တည်းမှာပင် ဝင်ငွေမညီမျှမှုနှင့် လူအဖွဲ့အစည်းအတွင်းအိုမင်းရင့်ရော်သူများပြားလာခြင်းသည်ရေရှည်၌ တင်းမာမှုများဖြစ်လာနိုင်သည့် အရင်းအမြစ်ပြဿနာ များပင်ဖြစ်သည်။

သို့သော် တရုတ်မှယင်းကိစ္စရပ်များကိုအလေးထားသုံးသပ်ပြီးအဓိကကျသည့် ပြုပြင်ပြောင်းလဲမှုများ များမကြာမီကာလတွင် လုပ်ဆောင်သွားရမည်ဖြစ်သည်ဟုဆိုသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment