Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံအထည်အလိပ်ကဏ္ဍသို့ ကူညီမည်

(30 March 2013 ရက်စွဲပါ Yorkshire Post မှ Chamber to Provide helping hand to Burma textile sector ကိုဘာ သာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံအား လူလူချင်းခွဲခြားဆက်ဆံမှုကို ကိုင်တွယ်ဖြေရှင်းရန်ပြောကြား

(29 March 2013 ရက်စွဲပါ UPI မှ Address discrimination , Myanmar told ကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံကို အမေရိကန်တို့ အနီးကပ်စောင့်ကြည့်နေ

(The Daily Star မှ 29 March 2013 ရက်စွဲပါ “US Keeping a close eye on Myanmar” သတင်းကို ဘာသာ ပြန်ဆိုပါသည်)

  1. မြန်မာဓါတ်ငွေ့တင်ပို့မှု ဒေါ်လာ ၄ ဘီလီယံ ရောက်ရှိနိုင်

(Natural Gas Asia မှ 27 March 2013 ရက်စွဲပါ “Myanmar gas export may touch $ 4 bn” ကိုဘာသာပြန် ဆိုပါသည်)


ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံအထည်အလိပ်ကဏ္ဍသို့ ကူညီမည်

(30 March 2013 ရက်စွဲပါ Yorkshire Post မှ Chamber to Provide helping hand to Burma textile sector ကိုဘာသာ ပြန်ဆိုပါသည်)

Photo Credit by Online

ရှဖီးကုန်သည်ကြီးများအသင်း (Sheffield Chamber of Commerce) သည် မြန်မာနိုင်ငံမှ အထည်အလိပ်စက်မှု လုပ်ငန်းကို အကူအညီပေးရန်ပညာရှင်များငှားရမ်းပေးမည် ဖြစ်ပါသည်။

၎င်းအသင်းကြီးသသည်မြန်မာနိုင်ငံမှ ဖူးပွင့်စ စီးပွားရေးလုပ်ငန်းများကို အကူအညီပေးနိုင်ရန် နိုင်ငံတကာ ဖက်စပ် လုပ်ငန်းသို့ ဝင်ရောက်မည်ဖြစ်ပါသည်။

ယခု ပရော့ဂျက်သည် ကမ္ဘာလုံးဆိုင်ရာစီးပွါးရေးပါတနာရှစ်များထဲမှ မြန်မာနိုင်ငံတွင် ပထမဆုံးများ တွင်ပါဝင်ပြီး မြန်မာနိုင်ငံ၏ အဝတ်အထည်နှင့် အထည်အလိပ် စက်မှုလုပ်ငန်းကို နိုင်ငံတကာ ပို့ကုန်တင်ပို့သူ ဖြစ်အောင် အကူအညီ ပေးနိုင်မည် ဖြစ်ပါသည်။

ရှဖီးအသင်းကြီးသည် ဥရောပသမဂ္ဂရန်ပုံငွေဖြင့် လုပ်ဆောင်သော စီမံကိန်းဖြစ်သည့် ပေါင် (၂) သန်းတန် Switch Asia စီမံကိန်းသို့ဝင်ရောက်သော တစ်ခုတည်းသော ဗြိတိသျှပါတနာတစ်ဦးဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းသစ်များ စွမ်းရည်နှင့် ဖွဲ့စည်းပုံဖွံ့ဖြိုးတိုးတက်လာရေး အတွက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီရန် ဖြစ်ပါသည်။ ရှဖီးအသင်းကြီးကလည်း ရှဖီးကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရန် ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းကို ရှေ့နှစ်တွင် စတင်မည်ဖြစ်ပြီး သုံးနှစ်လုပ်ဆောင်ရန် မျှော်လင့်ပါသည်။ ရှဖီး ကုန်သည်ကြီးများ အသင်းသည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်းကို ပံ့ပိုးမှုများပေးမည်ဖြစ်ပြီး စီးပွား ရေးတိုက်ရိုက်လုပ်ကိုင်မည်ဖြစ်ပါသည်။

ရှဖီးအသင်းကြီးမှ အမှုဆောင်ဒါရိုက်တာ Richard Wright  ကပြောကြားရာတွင် “Switch Asia ရဲ့ အဓိက ရည်ရွယ် ချက်ကတော့ မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ အကူအညီပေးဖို့ဖြစ်ပြီး အထည်အလိပ်လုပ်ငန်းမှာ အိန္ဒိယ၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ် တို့နဲ့ယှဉ်ပြိုင်နိုင်ဖို့ဖြစ်ပါတယ်။” ဟု ဆိုပါသည်။

စီးပွားရေးလုပ်ငန်းများသည် ပစ္စည်းများ နိုင်ငံခြားသို့တင်ပို့နိုင်ရန် သတ်မှတ်ထားသောအဆင့်အချို့ ပြည့်မှီရမည် ဖြစ်ပါသည်။ ကျန်းမာရေးနှင့် လုံခြုံမှုလိုအပ်ချက်များ၊ သင့်တော်သော လုပ်ထုံးလုပ်နည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ တွင် ကောင်းမွန်သော လုပ်ပုံကိုင်ပုံများရှိရေး၊ အထူးသဖြင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် စွမ်းအင် ချွေတာမှုများရှိရမည် ဖြစ် ပါသည်။

“ကျွန်တော်တို့ ပါဝင်ပတ်သက်ရတဲ့အကြောင်းကတော့ ကဏ္ဍအချို့မှာ ပို့ကုန်ကြီးထွားလာဖို့ အကူအညီတွေပေးပြီး ဒီအဆက်အသွယ်တွေနဲ့ ကျွန်တော်တို့အဖွဲ့ဝင်တွေ စီးပွားရေးနဲ့ အဆက်အသွယ်တွေ ရဖို့ပါပဲ” ဟု ၎င်းကပြောပါသည်။

              “အာရှဒေသဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အရေးပါတဲ့တိုးတက်မှုလုပ်ဆောင်ပေးနိုင်မယ့် ဒေသတစ်ခုအဖြစ် ခန့်မှန်းရပါတယ်။ သူတို့ဟာ ရှဖီးမြို့ဒေသက ထုတ်ကုန်တွေဝယ်ဖို့ ဆန္ဒရှိလိမ့်မယ်ထင် ပါတယ်။ သူတို့ဟာ ရှဖီးမြို့ဒေသက ထုတ်ကုန်တွေဝယ်ဖို့  ဆန္ဒရှိလိမ့်မယ်ထင်ပါတယ်။ တခြား ဥရောပတိုင်းပြည်တွေကလည်း အဲဒီကို သွားနေတော့ ကျွန်တော် တို့လည်း တစ်ခုခုလုပ်ဖို့သွားဖို့ အချိန်ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ရှဖီးအသင်းကြီးသည် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသို့ ပြန်လည်ပို့ချမည့် ပုဂ္ဂိုလ်များသို့လေ့ကျင့်မှု ပြုလုပ်ပေးမည် ဖြစ်ပါသည်။

ထို့အပြင် ၎င်းသည် အီးယူနှင့် အမေရိကန်မှ ကုန်သွယ်မှု အခွင့်အလမ်းသစ်များ ရှာဖွေအသုံးပြုနိုင်ရန် အကူအညီနှင့် လမ်းညွှန်မှုများလည်း  ပေးမည်ဖြစ်ပါသည်။


မြန်မာနိုင်ငံအား လူလူချင်းခွဲခြားဆက်ဆံမှုကို ကိုင်တွယ်ဖြေရှင်းရန်ပြောကြား

(29 March 2013 ရက်စွဲပါ UPI မှ Address discrimination , Myanmar told ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by UN News Center

အမုန်းတရားများခွဲခြားဆက်ဆံမှုများသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဘာသာရေးဆိုင်ရာပြင်းထန် သောဖြစ်ရပ် များဖြစ်စေကြောင်း ကုလသမဂ္ဂမြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။

မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဗုဒ္ဓဘာသာနှင့် မူဆလင်များကြား ပြင်းထန်သော ဖြစ်ရပ်များအတွက် နိုင်ငံရေးအမြတ်ထုတ်သူများနှင့် ဘာသာရေးအစွန်းရောက်များကို အပြစ်တင်ခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ် များတွင် မတ်လ (၂၀) ရက်နေ့က ဖြစ်ပွားသော ဖြစ်စဉ်တွင် အနည်းဆုံး (၄၀) ဦးခန့်သေဆုံးသည်ဟု ဆိုပါသည်။

ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ ဦးသိန်းစိန်က အဆိုပါဖြစ်ရပ်များရပ်ဆိုင်းသွားရေးအတွက် နောက်ဆုံး အဆင့်အနေဖြင့် အင်အာသုံးဖြေရှင်းမည်ဟု ဆိုခဲ့သည်ဟု ဆိုပါသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Quintana က ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ပဋိပက္ခများ ဆက် လက်မပျံ့နှံရန်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အားနည်းမသွားစေရန် လျှင်မြန်သော အရေးယူဆောင်ရွက် မှုများလုပ် ဆောင်ရန် လိုအပ်သည်ဟု ဆိုပါသည်။

“တရားဥပဒေစိုးမိုးရေးထူထောင်ရာမှာ လူလူချင်း ခွဲခြားဆက်ဆံရေးကို ကိုင်တွယ်ရန်မှာ အခြေခံကျပါတယ်။ ပြင်း ထန်တဲ့ လုပ်ရပ်တွေကို ဥပဒေအရအရေးယူမှုမရှိလုပ်ဆောင်တာတွေနဲ့ လူလူချင်း ခွဲခြားဆက်ဆံ တာတွေ ဆက်မရှိသင့် တော့ပါဘူး” ဟု Quintana က ကျေညာချက်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အများက ချီးကျုးကြပါသည်။ သို့သော် ယခုနောက်ဆုံး ဖြစ်သော ပြင်းထန်သည့်ဖြစ်ရပ်များသည် အထက်ပါကြိုးပမ်းမှုများကို ထိခိုက်နိုင်သည့် အန္တရာယ်ရှိကြောင်း လူ့အခွင့်အရေးအုပ်စုများကို ဆိုကြပါသည်။

Quintana က ပြောကြားရာတွင် မူဆလင်လူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် တင်းမာမှုများ တောက် လောင်လာပြီး အဆိုပါဖြစ်ရပ်မျိုး ပြီးခဲ့သည့်နှစ်က ရခိုင်တွင်ဖြစ်ခဲ့ကြောင်း ဆိုပါသည်။

ပြီးခဲ့သည့်အပတ်က ဖြစ်ရပ်ကြောင့် အစိုးရသည် မန္တလေးတိုင်း၏ အချို့အစိတ်အပိုင်းများတွင် အရေးပေါ် အခြေ အနေကြေညာခဲ့ပါသည်။ ကုလသမဂ္ဂက ထိုဖြစ်ရပ်ကြောင့် လူပေါင်း (၁၂၀၀၀) ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသည်ဟု ခန့်မှန်းပါသည်။


မြန်မာနိုင်ငံကို အမေရိကန်တို့ အနီးကပ်စောင့်ကြည့်နေ

(The Daily Star မှ 29 March 2013 ရက်စွဲပါ “US Keeping a close eye on Myanmar” သတင်းကို ဘာသာပြန်ဆိုပါ သည်)

Photo Credit by Reuters

အမေရိကန်ပြည်ထောင်စုသည် မြန်မာခေါင်းဆောင်များက လူမျိုးရေးအကြမ်းဖက်မှု ပြဿနာအား မည်သို့ကိုင် တွယ်ဖြေရှင်းနေသည်ကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီးသွေးစွန်းသော ပဋိပက္ခအဆုံးသတ်ရာတွင် လူ့အခွင့်အရေးကို လေး စားကြရန် တိုက်တွန်းသည်ဟု တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓနေ့တွင်ပြောကြားသည်။

ပြီးခဲ့သော သီတင်းပတ်အတွင်း လူ ၄၀ ကျော်သေဆုံးခဲ့ရသော မူဆလင်-ဗုဒ္ဓဘာသာ အဓိကရုဏ်းသည် လွန်ခဲ့သော ၂ နှစ်က တပ်မတော်အစိုးရအာဏာစွန့်ကာအရပ်ဖက် အစိုးရတက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှ မြန်မာနိုင်ငံ၏ အပြင်းစားစိန်ခေါ်မှုများ ထဲမှတစ်ခုအဖြစ် ထင်ဟပ်နေပါသည်။

ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်က အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် အတွက် အခင်းဖြစ် ဒေသများတွင် အရေးပေါ် အခြေအနေကြေညာကာ လုံခြုံရေးတပ်များကို စေလွှတ်ခဲ့သည်။

ထိုအတောအတွင်း တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကိုလည်း ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။

“မြန်မာနိုင်ငံ အလယ်ပိုင်းမှာဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက် အဓိကရုဏ်းနဲ့ပတ်သက်ပြီး ကျွန်တော် တို့အရမ်း စိုးရိမ်နေတုန်းပါပဲ” ဟု အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ဗင်ထရယ် က သတင်းထောက်များအား ပြောကြားပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးကာလက အရေးယူချမှတ်ထားခဲ့သော Sanctions များ အားလုံးကို ဖြေလျှော့ရုတ်သိမ်းပေးရန်၊ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ရာနှုန်းပြည့် ဒီမိုကရေစီဆီသို့ အသွင်ကူး ပြောင်းနေသည့် အလျှောက်မြန်မာအစိုးရအား အထောက်အပံ့နှင့် အကူအညီများ ပေးသွားမည်ဟု ကတိပြုထားသည်။


မြန်မာဓါတ်ငွေ့တင်ပို့မှု ဒေါ်လာ ၄ ဘီလီယံ ရောက်ရှိနိုင်

(Natural Gas Asia မှ 27 March 2013 ရက်စွဲပါ “Myanmar gas export may touch $ 4 bn” ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by Global times

မြန်မာနိုင်ငံ၏ ဓါတ်ငွေ့တင်ပို့ရောင်းချမှုသည် မနှစ်ကစံချိန်ဒေါ်လာ ၃.၅ ဘီလီယံကို ကျော်သွားပြီ ဖြစ်ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄ ဘီလီယံသို့ရောက်ရှိသွားမည့် အလားအလာရှိနေပါသည်။

မြန်မာဓါတ်ငွေ့ရောင်းချမှုသည် ဒေါ်လာ ၂ ဘီလီယံရရှိခဲ့သော ၂၀၀၆ ဘဏ္ဍာရေးနှစ်နောက်ပိုင်းတွင် တန်ဖိုး ၇၅ ရာခိုင်နှုန်းတက်လာခဲ့သည်ဟု ပြည်တွင်း အလဲဗင်း မီဒီယာကဆိုပါသည်။

ရွှေဓါတ်ငွေ့စီမံကိန်းက မေလတွင်လည်းကောင်း၊ ဇောတိကဓါတ်ငွေ့စီမံကိန်းက ဒီဇင်ဘာလတွင် လည်းကောင်း အသီးသီးစတင် တင်ပို့ရောင်းချနိုင်မည့် အလားအလာရှိသဖြင့် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ဓါတ်ငွေ့ရောင်းရငွေ ကိန်း ဂဏန်းများမှာ ယခုထက်ပိုမိုမြင့်တက်လာမည်ဟု မျှော်လင့်ရပါသည်။

မြန်မာနိုင်ငံသည် သဘာဝဓါတ်ငွေ့နှင့် အခြားသဘာဝသယံဇာတများ တင်ပို့ရောင်းချခြင်းမှ ဒေါ်လာ ဘီလီယံနှင့်ချီ၍ နှစ်စဉ်ဝင်ငွေ ရရှိနေသော်ငြားလည်း ယင်းဘဏ္ဍာငွေများကို အပြည့်အဝအသုံးချနိုင်ရန်အတွက် အစိုးရအနေဖြင့် ပွင့်လင်း မြင်သာမှုရှိရန်လိုအပ်သည်ဟု အကဲခတ်လေ့လာသူများက သုံးသပ်ကြသည်။

အထူးသဖြင့် ဆိုးဆိုးဝါးဝါးနိမ့်ကျနေသော ပညာရေးနှင့် ကျန်းမားရေးကဏ္ဍများကို ရာနှုန်းပြည့် အမြစ်လှန်ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရမည့်အစား အပေါ်ယံပြောင်းလဲမှု အနည်းငယ်ဖြင့် မျက်လှည့်ပြကာ ထိန်းချုပ်နေသည့် အခြေအ နေ၏ နောက်ကွယ်တွင် နိုင်ငံနှင့်ပြည်သူတို့၏ ဖွံ့ဖြိုးမှုကို နောက်ပြန်ဆွဲထားလိုသူ များ၏ စနစ်တကျစီမံမှုများ ရှိနိုင်သည်ဟု ပြည် တွင်းမှ လေ့လာစောင့်ကြည့်သူအချို့က စိုးရိမ်တကြီးမှတ်ချက် ပေးထားသည်။


                               


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment