Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေအတွက် ပေးထားတာတွေကို အမှန်တကယ်ရအောင်၊ အသက်ဝင်အောင်လုပ် ရမယ်။ ဖက်ဒရယ်လို့ပြောပေမယ့် ဗဟို အစိုးရက ချုပ်ကိုင်ထားတဲ့စနစ်နဲ့ သွားနေရင်တော့ မရဘူး”

ဧပြီလ ၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၂) တွင်ပါရှိသော “ဖက်ဒရယ်အာဏာခွဲဝေရေးကို ဖော်ဆောင်မည်” သတင်းမှ ကရင်အမျိုးအသား အစည်းအရုံးဗဟိုကော်မတီ စောသမိန်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒဲရစ်မစ်ချယ်ကနေပြီးတော့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းနဲ့ပတ်သက်လို့ လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေလေးတွေ သူလာ ဆွေးနွေးတယ်။ ကျွန်တော်လည်း ရှင်းပြပါတယ်။ ကျွန်တော်တို့ ဒီလမ်းကြောင်းကိုတကယ်လိုချင်တာပါ။ လိုချင်တဲ့ အတွက် ရအောင်နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ စိန်ခေါ်မှုတွေလဲ အများအပြား ရှိပါတယ်။ ဒီ စိန်ခေါ်မှုတွေကို အောင်အောင် မြင်မြင်နဲ့ ညင်ညင်သာသာနဲ့ ဖယ်ပြီးတော့ ရအောင်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလမ်းကြောင်းကို ရောက်တယ်”

ဧပြီလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၉) အမှတ် (၁၄) တွင်ပါရှိသော “ဒီမိုကရေစီနောက်ကြောင်း ပြန်မည့် အလုပ်ပြည်ခိုင်ဖြိုးက မလုပ်ဟု ဦးဌေးဦးပြော” သတင်းမှ ဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဂူဂဲလ်က အရင်ကဆို မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအရမ်းတင်းကျပ်ထားတာ၊ အမေရိကန်ရဲ့ ဆက်သွယ်ရေးဥပဒေဘောင် တွေက မြန်မာနိုင်ငံနဲ့မတူဘူး။ ဂူဂဲလ် က ဟိုမှာ လွတ်လွတ်လပ်လပ်လုပ်ခဲ့တာဆိုတော့ မြန်မာနိုင်ငံအစိုးရရဲ့ ဥပဒေအရ လွတ် လပ်မှုအပေါ် မူတည်ပြီးဆုံးဖြတ်မယ်ထင်တယ်။”

ဧပြီလ ၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၂) တွင်ပါရှိသော “ဆက်သွယ်ရေးဥပဒေ ပြည်စုံရင်ဝင်ရောက် လာနိုင်တဲ့ ဂူဂဲလ်ကုမ္ပဏီ” သတင်းမှ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင် ဦးသောင်းစုငြိမ်း၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်းကိုင်တွယ်မှုတွေကို ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်ခဲ့တာက အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ် စမ်းသပ်ကျင့်သုံးနေတာ အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှား စေလို တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။”

ဧပြီလ ၃ ရက်နေ့ထုတ် Express Times News Journal အတွဲ (၃) အမှတ် (၅) တွင် ပါရှိသော “လျှောက်လှမ်း ဒီမိုကရေစီ ပျက်စီးမည့်အန္တရာယ်ရှောင်ရှားရန် မိတ္ထီလာအရေး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့သည်ဟု သမ္မတပြော ကြား” သတင်းမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးရဖို့ အားလုံးအပြင်းအထန် တောင်းဆိုခဲ့ကြတာပဲ။ တိုင်းရင်းသားတွေ တန်းတူညီတူအခွင့်အရေးရဖို့လုပ်ကြတာ၊ ဒီအတွက်အားလုံးပါဝင်တဲ့ ဆွေးနွေးမှု တစ်ခုလိုတာတော့အမှန်ပါ။ ဒီလိုတွေဖြစ်ဖို့အတွက်လည်း ကျွန်တော်တို့က တောင်းဆို သွားမှာပါ။”

ဧပြီလ ၃ ရက်နေ့ထုတ် Express Times News Journal အတွဲ (၃) အမှတ် (၅) တွင် ပါရှိသော “ငြိမ်းချမ်းရေး လမ်း လျှောက်အဖွဲ့၏ ငြိမ်းချမ်းရေးအလံကို MPC သို့ပို့ဆောင်မည်” သတင်းမှ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ဦးရန်နိုင်ထွန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 NEWS IN BRIEF

ရခိုင်ပဋိပက္ခအပြီးသတ်အစီရင်ခံစာရွေ့ဆိုင်း

ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာအားယခင် မတ်လ ၃၁ ထုတ်ပြန်မည်ဖြစ်သော် လည်း ဧပြီလ ၂၃ ရက်နေ့အထိထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင် ၏ ပြောကြားချက်မှ သိရသည်။


လယ်သမားအခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်

တောင်သူတွေများ၏ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ရန် အတွက် အစိုးရဘက်မှ အတိုးနှုန်းသက် သက်သာ သာဖြင့် နှစ်ရှည်ချေးပေးနိုင်ရန် ဥပဒေပြဌာန်း ဆောင်ရွက် သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင်မယ့် ဥပဒေ ပြဋ္ဌာန်း နိုင်ရန် အတွက်ဆွေးနွေးပွဲတစ်ရပ် ကို ဧပြီလ ၁ ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့ပါတယ်။ လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချနိုင်ခွင့် စသောအခွင့်အရေးများ အပြင် တခြားဥပဒေအရ ပြဌာန်းသင့်တဲ့အချက်တွေကို ဆွေးနွေး ခဲ့ကြကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း၏ ပြောဆိုချက်မှသိရသည်။


အလုပ်သမားနည်းဥပဒေသစ်

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ ပူးပေါင်း၍ ဆွေးနွေး သော လူမှုဖူလုံရေးနည်းဥပဒေသစ်၌ လူမှုဖူလုံရေးအခမဲ့ စိစစ်ရေးကတ် ပြားများပြုလုပ်ထားသော အလုပ်သမား များအား ပုဂ္ဂလိကဆေးရုံများတွင် ၅၀ ရာခိုင်နှုန်း ကျန်းမာရေးကုသခံယူနိုင်သည့် စနစ်ကို ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း လူမှုဖူလုံ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်မှ ပြောကြားသွားခဲ့ကြောင်း သိရသည်။


 

 ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများအား ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ်ကာလအတွင်း အခမဲ့ကျန်းမာ ရေး စောင့်ရှောက်မှုပေးရေး အဆိုကို ဧပြီလ ၁ ရက်နေ့ ပဉ္စမအကြိမ်တိုင်း ဒေသကြီးလွှတ်တော်ပုံမှန် အစည်းအဝေးတွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာညိုညိုဝင်းတင်သွင်းရာ ကန်ကွက်သူမရှိဘဲအတည်ပြု ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။


 

 အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗပာိုကော်မတီ၏ ပထမအစည်းအဝေးကျင်းပ

 

အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗပာိုကော်မတီ၏ ပထမအကြိမ်(၁/၂၀၁၃) အစည်းအဝေးကို ဧပြီ ၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကော်မတီနှင့် လုံခြုံရေးအဖွဲ့အစည်းများ ထိရောက်စွာ ပူး ပေါင်းဆောင်ရွက်နိုင်ရေး၊ အဓိကရုဏ်းဖြစ်ပွားရာနေရာများသို့ လျင်လျင်မြန်မြန်သွားရောက် နှိမ်နင်းနိုင်ရေး၊ ဘာသာရေးအဓိ ကရုဏ်းများ ထပ်မံမဖြစ်ပွားရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူဗပာိုပြုသော ရဲလုပ်ငန်းစနစ် ဖွဲ့စည်း ဆောင်ရွက် ပေးရေးစသည့်ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးရဲချုပ်ဗိုလ်မှူးချုပ် ကျော် ကျော်ထွန်းနှင့် တာဝန်ရှိသူများက ပြည်သူဗပာိုပြုသည့် ရဲလုပ်ငန်းစနစ်အား  တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


 

 ပြည်သူများအား သစ်ခွဲသားလွတ်လပ်စွာ ရောင်းချတော့မည်

 

နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ ပြည်သူတို့၏ ဘဝလုံခြုံမှုရှိစေရေး အတွက် နေထိုင်ရေးကိစ္စရပ်များအဆင်ပြေနိုင်စေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြန်မာ့သစ်လုပ်ငန်းမှပြည်သူများထံသို့ သစ်ခွဲသားများ လွတ်လပ်စွာရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်သူများအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သစ်လုပ်ငန်းပိုင် သစ်စက်၊ သစ်ဆိုင်တည်ရှိသည့် နေရာများတွင် မည်သည့် ထောက်ခံချက်မျှမလိုအပ်ဘဲသစ်ခွဲသားများအားဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူခွင့်ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


 

 ကရင်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကော်မတီဖွဲ့စည်း

ကရင်တစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် ကရင် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီကို မတ်လ ၁၉ နှင့် ၃၀ ရက်နေ့တွင်ပြုလုပ်ခဲ့ သော ကရင်တွေ့ဆုံပွဲ့တစ်ရပ်တွင် ဖွဲ့စည်းလိုက်ကြောင်း KNU မှ ဗဟိုကော်မတီဝင်ဦးမန်းငြိမ်းမောင်၏ ပြောကြားချက်မှ သိရသည်။


စင်ကာပူကုန်သွယ်စီးပွားမြှင့်တင်ရေးဌာန မြန်မာနိုင်ငံတွင်ဖွင့်မည်

 

မြန်မာနိုင်ငံတွင် စင်ကာပူမှ ကုန်သွယ်စီးပွားမြှင့်တင်ရေးဌာနခွဲကို ရန်ကုန်မြို့၌ တရားဝင်ဖွင့် လှစ်ကာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှပ်နှံမှု စာချွန်လွှာ တစ်ခုကိုလည်း လက်မှတ်ရေးထိုးရန်ရှိကြောင်း သိရ သည်။


 

 ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်လိုငွေပြမှု ပြည်ထောင်စုလွှတ်တော်မှခွင့်ပြု

 

၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်အတွက်ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်လိုငွေကျပ်ငါးဘီလီယံကျော် ကို ပြည်ထောင်စု လွှတ်တော်က ထပ်မံခွင့်ပြု လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထ အကြိမ် ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ယခင် ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြုထားသည့် ဘတ်ဂျက်ငွေကျပ် ၁၃၃ ဒဿမ ၁၉၆ ဘီလီယံခွင့်ပြုထားပြီး သုံးငွေ ကျပ် ၁၆၁ ဒဿမ ၃၂၆ ဘီလီယံဖြစ်သည့်အတွက် ဘတ်ဂျက်လိုငွေ ၂၈ ဒဿမ ၁၃ ဘီလီယံ ရှိခဲ့ပြီး ယခု အသစ်ုပြန်လည်ရေးဆွဲရာတွင် ရငွေ ကျပ် ၁၃၄ ဒဿမ ၇၅၂ ဘီလီယံ၊ သုံးငွေ ကျပ် ၁၆၈ ဒဿမ ၆၈၂ ဘီလီယံ၊ ဘတ်ဂျက်လိုငွေ ကျပ် ၃၃ ဒဿမ ၉၃၀ ဘီလီယံ ရှိခဲ့ သည့်အတွက် ကျပ် ၅ ဒဿမ ဘီလီယံ ထပ်မံ လိုအပ်နေခြင်း ကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြခဲ့ရာ ခွင့်ပြုခဲ့ကြောင်း သိရသည်။


နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့သွားရောက်မည်

 

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မကြာမီကာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက်၍ တရုတ်နိုင်ငံ ပာိုင်နန်ကျွန်း၊ ဘိုအောင်းမြို့တွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

 

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment