Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ရန်ကုန်မြို့ဗလီမီးလောင်မှုကိုစုံစမ်းစစ်ဆေးရန် အီးယူကော်မရှင်နာမင်းကြီး အက်ရှ်တန် တိုက်တွန်း

(Euro News မှ 3 April 2013 ရက်စွဲပါ Ashton urges investigation သတင်းကို ဘာသာပြန်ဆိုသည်)


ရန်ကုန်မြို့ဗလီမီးလောင်မှုကိုစုံစမ်းစစ်ဆေးရန် အီးယူကော်မရှင်နာမင်းကြီး အက်ရှ်တန် တိုက်တွန်း

(Euro News မှ 3 April 2013 ရက်စွဲပါ Ashton urges investigation သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ ဗလီစာသင်ကျောင်းတစ်ခုတွင် အိပ်ဆောင်မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ကြေကွဲဝမ်းနည်းကြောင်း အီးယူကော်မရှင်နာမင်းကြီး ကက်သရင်းအက်ရှ်တန်က ထုတ်ဖော် ပြောဆိုလိုက်ပါသည်။ ဤကိစ္စသည် မတော်တဆမဟုတ်ဟု သံသယများထွက်ပေါ်နေသောကြောင့် အခင်းဖြစ်ရပ် ဖြစ်ပွားပုံ အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန် မြန်မာအာဏာပိုင်များကို သူမကတိုက်တွန်းခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ရန်ကုန်မြို့ရှိ ဗလီစာသင်ကျောင်းတစ်ခု မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသည် ဟူသောသတင်းများကြောင့် ကော်မရှင်နာမင်းကြီးအနေဖြင့် အထူးပင်စိုးရိမ်သောကရောက်လျှက် ရှိကြောင်း၊ သူမ၏ ဝမ်းနည်းမှုကို သေဆုံးသူ၏ မိသားစုများကိုအသိပေး ပြောကြားလိုကြောင်း၊ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်ပွားရသည့် အကြောင်းရင်းများကို သံသယမြူမှုန် ကင်းစင်သွားစေမည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် အာဏာ ပိုင်များကို တိုက်တွန်းကြောင်း ဖော်ပြထားပါသည်။

သနားစရာကလေးငယ် ၁၃ ဦးသည် မီးခိုးများကြောင့် အသက်ရှူရပ်ကာ သေဆုံးရခြင်းဖြစ်သည်။ အဆောင်တွင် ထားသော မီးအားမြှင့်စက်မှာ အပူရှိန်လွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ခြင်းဖြစ်သည်ဟု ဒေသခံ မီးသတ်ဌာနက ပြောကြားပါ သည်။

မြန်မာအာဏာပိုင်များ၏ တရားဝင် ထုတ်ပြန်ကြေညာချက်အရ“အခင်းဖြစ်ရာ အဆောက်အဦး၏ လှေကားအောက် တွင်ထားသော မီးအားမြှင့်စက်အပူရှိန်လွန်ကဲ မီးလောင်မှုကြောင့် အပေါ်ထပ်တွင်အိပ်နေသော ကလေးများပိတ်မိသွား ကြောင်း၊ ထို့ကြောင့် ၁၂ နှစ်အရွယ် ကလေး ၁၃ ဦး သေဆုံးခဲ့ရကြောင်း” သိရှိရသည်။

သို့ရာတွင် မကြာသေးမီက မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုဖြစ်ရပ်သည် တမင် ရည်ရွယ်၍ မီးရှို့မှုသာဖြစ်သည်ဟု မူဆလင်အချို့က ပြစ်တင်စွပ်စွဲထားသည်။

ဗလီဝင်းအတွင်းရှိ အဆိုပါအိပ်ဆောင်တွင် အိပ်နေသောကလေးငယ် ၇၀ ခန့်ရှိပြီး မီးသတ်ဝန်ထမ်းများက အိပ်ဆောင်သော့ကိုဖျက်ကာ တံခါးဖွင့်ပေးလိုက်ခြင်းကြောင့် အသက်ရှင် လွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်။ ယခုဖြစ်ရပ်တွင် အိပ်ဆောင် တံခါးသော့ဖွင့်၍ ကလေးများကိုလွှတ်ပေးရန် ပျက်ကွက်ခဲ့သော ဗလီဆရာမှာမူ ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရှိရသည်။

ယခုဖြစ်ရပ်သည် မတော်တဆမီးလောင်မှုသာ ဖြစ်သည်ဟူသော ကနဦးစုံစမ်းစစ်ဆေးမှုရလဒ်ကို မူဆလင်အသင်း အဖွဲ့တာဝန်ရှိသူ ခေါင်းဆောင်များက လက်ခံခဲ့ကြသည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment