Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. လယ်ယာမြေသိမ်းဆည်းမှုအချို့ ဥပဒေနှင့်မညီကြောင်း စစ်ဆေးတွေ့ရှိ
  2. ယခုနှစ်သင်္ကြန် အစိုးရမှ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် စီစဉ်
  3. ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား One Stop Service ဖြင့် တစ်နေရာတည်းတွင် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်

လယ်ယာမြေသိမ်းဆည်းမှုအချို့ ဥပဒေနှင့်မညီကြောင်း စစ်ဆေးတွေ့ရှိ

လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိသော လယ်ယာမြေသိမ်းဆည်းမှုအချို့တွင် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် မညီညွှတ်စွာ သိမ်းဆည်းခဲ့သည်များကို အထောက်အထားများနှင့်တကွ စစ်ဆေးတွေ့ရှိရကြောင်း လယ်ယာ မြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိရေး စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း တောင်သူများ၏ လယ်ယာမြေအချို့ သိမ်းဆည်းရာတွင် နိုင်ငံတော်နှင့်အများပြည်သူ အကျိုး စီးပွားဖြစ်ထွန်းစေရန် စီမံကိန်းများ လုပ်ဆောင်မည့်ကိစ္စရပ်အား ပွင့်လင်းမြင်သာမှုရှိစွာ ဆွေးနွေးခဲ့ခြင်းမရှိခဲ့သည့်အပြင် တောင်သူများနှင့်ညှိနှိုင်း၍ သိမ်းဆည်းခဲ့ခြင်းမပာုတ်ဘဲ တောင်သူတို့၏ လယ်ယာမြေများပေါ်တွင် အလံတိုင်များလာရောက် စိုက်ထူပြီး ယင်းမြေများပေါ်ရှိ တောင်သူများအား အချိန်ကာလအတိုင်းအတာ တစ်ခုပေး၍ ဖယ်ရှားခိုင်းလေ့ရှိကြောင်း သိရ သည်။

ပြည်ထောင်စုလွှတ်တော်မှ ပြည်တွင်းရှိ တောင်သူလယ်သမားများ အဆင်ပြေနိုင်စေရန် လယ်ယာမြေဥပဒေကို ၂၀၁၂ မတ်လ ၃၀ ရက်နေ့ကတည်းက ပြဋ္ဌာန်းပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိတိုင် မြန်မာနိုင်ငံအတွင်း လယ်ယာမြေသိမ်း ဆည်းမှုများ လျော့ပါးသွားခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်လျက်ပင်ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့များတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ လယ်ယာမြေဥပဒေ ဆွေးနွေးပွဲကိုပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် လယ်သမားများအတွက် အကျိုးနှင့်အခွင့်အရေးနည်းပါးလျက် ရှိသည့် လယ်ယာမြေဥပဒေအား ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းများကို ပြုလုပ်နိုင်ရန် အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

 

YC


ယခုနှစ်သင်္ကြန် အစိုးရမှ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် စီစဉ်

ယခုနှစ် နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း နိုင်ငံတော်အစိုးရမှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်များအတွင်း အကျဉ်းကျခံလျက်ရှိသော လက်ကျန်နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားပောာင်းတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက် ၂၄၀ ဦးခန့် ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားပောာင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ကောက်ခံရရှိထားသည့် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ စာရင်းတွင် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းတင်ပြထားသော စာရင်းပါလူအချို့ ရှာဖွေ တွေ့ရှိခြင်းမရှိသေးသည့်အတွက် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး  နိုင်ငံရေးအကျဉ်းသား လွတ် မြောက်ရေး အဖွဲ့အစည်းမှစာရင်းနှင့် နိုင်ကျဉ်းစိစစ်ရေးကော်မတီမှ ကောက်ခံရရှိထားသည့် ကျန်ရှိနိုင်ငံရေး အကျဉ်းသား စာရင်းမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက်အယောက် ၁၀၀ခန့် ကွာဟလျက်ရှိနေကြောင်း တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ နိုင် ကျဉ်းဟောင်းအဖွဲ့မှ ကိုတင်မောင်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ ခဲ့သည့်အပြင် နိုင်ငံရေးကြောင့် အကျဉ်းကျခံနေသူများဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မင်းကိုနိုင်၊ ဇာဂနာ၊ ကိုကိုကြီး၊ ကိုဂျင်မီ အစရှိသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီရှင်ကို အဖွဲ့ဝင် ၁၆ ဦး ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

YC


ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား One Stop Service ဖြင့် တစ်နေရာတည်းတွင် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်

ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းမှုများ သက်သာစေရန်နှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကို အထောက်အကူကောင်းများ ပေးနိုင်စေရန် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအား တစ်နေရာတည်းတွင် One Stop Service ဖြင့် အပြီးအစီးဆောင်ရွက်ပေးနိုင်မည့် ဌာနကြီးကို သက်ဆိုင်ရာဌာန အသီးသီးနှင့်ပူးပေါင်း၍ ရန်ကုန်မြို့၊ ကန်ဘဲ့ရှိ သစ္စာလမ်းတွင် ဧပြီလ (၁၀)ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် မှတ်ပုံတင်ပြုလုပ်ရန် ဌာနတစ်ခုမှတစ်ခုသို့ ကူးပြောင်း၍ သွားလာနေရသည့်အတွက် မလိုလားအပ်သည့် အချိန်ကုန်လူပန်းမှုများကို ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ အဆိုပါဌာနကြီးမှ ဗီဇာကိစ္စမှ စတင်၍ လိုင်စင်ရရှိသည်အထိ တစ်နေရာတည်းတွင် ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဌာနကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗပာိုဘဏ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၂ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြဋ္ဌာန်းပြီးဖြစ်သည့် အတွက် ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာတော့မည်ဖြစ်ပြီး အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာပါက အဓိကအခက်အခဲအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများ၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်းနှင့် ပြည်တွင်း မငြိမ်သက်မှုများမှာ ဖြစ်ပေါ်လျက်ပင်ရှိနေသေးကြောင်း သိရသည်။

YC


 

 

       

 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment