Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“OIC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို နိုင်ငံတကာ သတင်းတွေအရပဲ သိရပါတယ်။ အစိုးရဆီကို အခုအချိန်အထိ တရားဝင်ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ ကျနော့်အမြင်ပြောရရင်တော့ မကြာခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြည်တွင်း ရေးကိစ္စတွေသာ ဖြစ်ပါတယ်၊ ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတခု က ၀င်ရောက်ဆောင်ရွက်ဖို့ အကြောင်း မရှိဘူးလို့ပဲ ယူဆပါတယ်”

ဧရာဝတီ သတင်းဌာနတွင်ပါဝင်သော “မြန်မာပြည်အရေး OIC ပါဝင်ရန် မလိုအပ်” သတင်းမှ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါဘူး၊ လက်တွေ့လုပ်ဆောင် မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်း ဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရ တာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည် ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး”

RFA သတင်းဌာနတွင်ပါရှိသော “မြန်မာအစိုးရပြုပြင်ပြောင်းလဲရေးကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


"ဆိုရှယ်လစ်ခေတ်၊ န၀တ၊ နအဖခေတ်တွေမှာ အဲ့ဒီခေတ်တွေရဲ့ အကျိုးစီးပွား ကာကွယ်နိုင်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေ ရှိတယ်။ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ကြော်ငြာစာတွေ ရှိတယ်။ ဒါတွေကို ပယ်ဖျက်သင့်တာတွေကို ပယ်ဖျက်ဖို့ စီစဉ်ရမယ်။ မပယ်ဖျက်သင့်ဘဲ ပယ်ဖျက်မိတာမျိုး မဖြစ်အောင်လည်း တတ်သိနားလည်တဲ့ ဥပဒေပညာရှင်တွေ ပါဝင် ဆွေးနွေးဖို့ လိုပါတယ်"

Eleven Media Group သတင်းဌာနတွင်ပါရှိသော “နှုတ်မိန့်ဖြင့် ညွှန်ကြားမှုများသည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တင်းမာမှုတွေအမြင့်ဆုံးရောက်နေတဲ့အချိန်မှာ အမျိုးသားအစွန်းရောက်တစ်ချို့ရဲ့နှောင့်ယှက်မှု၊ ခြိမ်းခြောက် မှုတွေကြောင့် မြန်မာဝန်ထမ်းတွေကို ဆက်လက်ထိန်းထားဖို့နဲ့ခန့်ထားဖို့ကတော့ အကူအညီပေးရေးအဖွဲ့တွေ ရင်ဆိုင်ရတဲ့ အကြီးအမားဆုံး အခက်အခဲဖြစ်နေတယ်”

ဧရာဝတီသတင်းဌာနတွင်ပါဝင်သော “ဥရောပသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုရုတ်သိမ်းတော့မည်” သတင်းမှ European Commission Humanitarian Aid and Civil Protection department (ECHO) မှ အရှေ့တောင် အာရှဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Matthias Eick ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ပါတီတွေက သူတို့ရဲ့ရည်ရွယ်ချက်တွေကို ပြည်သူတွေကို သေသေချာချာအသိပေးဖို့နဲ့ ကတိပေးဖို့လိုအပ် တယ်။ ကတိပေးတဲ့နေရာမှာလည်း ဖြစ်နိုင်တဲ့ကတိတွေပေးဖို့လိုအပ်တယ်”

မြန်မာတိုင်းမ်သတင်းဌာနတွင်ပါရှိသော “လူငယ်များ၏ မဲဆန္ဒကရွေးကောက်ပွဲတွင် အဆုံးအဖြတ်ပေးနိုင်” သတင်းမှ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာမောင်မောင်စိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment