Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး (အပိုင်း - ၅)

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

  1. ပြည်ပ အဖွဲ့အစည်းများ လာရောက်စုံစမ်းခွင့်မပြုဟု မြန်မာပြောကြား

(UPI မှ 18 April 2013 ရက်စွဲပါ No meddling allowed, Myanmar says သတင်းကို ဘာသာပြန်ဆိုသည်)

  1.  မွတ်ဆလင်များ လုံခြုံစိတ်ချမှုကိုခံစားရအောင် လုပ်ပေးဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(Reuters မှ 18 Apr 2013 ရက်စွဲပါ “Muslims must be made to feel secure: Suu Kyi”သတင်းကိုဘာသာပြန်ဆိုသည်)


အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

အပိုင်း ၅

မိတ္ထီလာလူသတ်ပွဲကြီးတွင် မျက်မြင်တစ်ဦးဖြစ်သူ ဦးလှသိန်းကပြောကြားရာတွင် အာဏာပိုင်များသည် အဆိုပါ ဖြစ်ရပ်များကို ဘာမှမလုပ်နိုင်ခဲ့ခြင်းမှာ အံ့သြဖွယ်ဖြစ်ကြောင်း ဆိုပါသည်။

“သူတို့ကြည့်ရတာ ဘယ်တော့မှ လာမှာမဟုတ်တဲ့ အထက်အမိန့်ကို စောင့်နေပုံပဲ”ဟု ၎င်းက ဆိုပါသည်။

အကြီးတန်းရဲအရာရှိကြီးတစ်ဦးက Reuters သို့ ပြောကြားရာတွင် ၎င်းအနေဖြင့် အဓိကရုဏ်းလုပ်ဆောင်နေသော လူအုပ်ကြီးကို အင်အားသုံးရပ်တန့်ရန် အမိန့်ပေးလာချိန်ကို မျှော်လင့်နေသော်လည်း ရဲများသုံးသည့် နံပါတ်တုတ် အသုံးပြုရန်ပင် ညွှန်ကြားလာခြင်းမရှိကြောင်း ဆိုပါသည်။

ယခုပုံစံမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော မူဆလင်ဆန့်ကျင်ရေးဖြစ်ရပ်များတွင် Reuters သတင်းထောက်များ တွေ့ရှိခဲ့သော ပုံစံနှင့် တထေရာတည်း ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော သေလောက်အောင် ဆိုးဝါးသည့်ဖြစ်ရပ်များမှာ စနစ်တကျလုပ်ဆောင်ထားသော ဖြစ်ရပ်များဖြစ်ကြောင်း ဗဟိုအစိုးရစစ်တပ် သတင်းရင်းမြစ်များအရ သိရပါသည်။ အဆိုပါဖြစ်ရပ်များကို ဗုဒ္ဓဘာသာမျိုးချစ်ရခိုင်များက ပြည်နယ်တွင်းရှိ အင်အားကြီး ရခိုင်ပါတီနှင့် ပူးပေါင်းကာ ဘုန်းတော်ကြီးများ၏ လှုံ့ဆော်မှုလည်း ရှိခဲ့ပြီး ဖြစ်စဉ်အတွင်း ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၏ အကူအညီပင် ပါဝင်ကြောင်း အချို့မျက်မြင်များက ပြောပါသည်။

နောက်ဆုံး မိတ္ထီလာဖြစ်ရပ်မှာ စဖြစ်ကတည်းက ရပ်တန့်အောင်လုပ်လျှင် ရနိုင်ကြောင်း NLD လွှတ်တော်အမတ် ဦးဝင်းထိန်က ပြောပါသည်။ ၎င်းက ပြောကြားရာတွင် ဒေသဆိုင်ရာ တပ်မှူး ဗိုလ်မှူးကြီးအောင်ကျော်မိုးသည် အမိန့်ပေး၍ အဓိကရုဏ်းကို ရပ်အောင်လုပ်နိုင်ကြောင်း၊ မိတ္ထီလာနှင့် အနီးတဝိုက်တွင် စစ်သားထောင်ပေါင်းများစွာ အခြေစိုက်ထား ကြောင်း ဆိုပါသည်။

ဗိုလ်မှူးကြီးအောင်ကျော်မိုးကမူ အာဏာပိုင်များသည် ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့ကြပါသည်ဟု ဆိုသည်။ “စစ်ပွဲတစ်ပွဲလိုပေါ့။ အစပိုင်းမှာ လူအင်အား ဘယ်လောက်လိုမယ်၊ အဓိကရုဏ်း ဘယ်လောက်ထိကြီးလာမယ်ဆိုတာ မသိနိုင် ပါဘူး။ ကာကွယ်မှုတော့ ရှိပါတယ်”ဟု ၎င်းကပြောပါသည်။

မင်းကိုနိုင်သည် မိတ္ထီလာဖြစ်စဉ် စတင်သည်နှင့် ရောက်ရှိသွားခဲ့ပါသည်။ လူသတ်ပွဲပြီးနောက် ၎င်းကပြောကြားရာ တွင် ယခုဖြစ်စဉ်မှာ စနစ်တကျ စီစဉ်ထားခဲ့ခြင်းဖြစ်မည်ဟု ဆိုပါသည်။ မိုဘိုင်းဖုန်းများ လက်ထဲတွင် ရှိကြကြောင်း၊ ဘုန်းကြီးများကလည်း မြို့မှထွက်သောကားများကို စစ်ဆေးကြကြောင်း၊ အချို့အဆောက်အဦးများကို ဘူဒိုဇာဖြင့် ဖျက်ကြကြောင်း ဆိုပါသည်။ “သာမန်လူက ဘူဒိုဇာဘယ်လိုသုံးရမလဲ ဘယ်သိမလဲ”ဟု ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ပတ်သက်သော ကုလသမဂ အထူးကိုယ်စားလှယ်က အဆိုပါပြင်းထန်သော ဖြစ်ရပ်များတွင် နိုင်ငံတော်၏ပါဝင်မှု ရှိကြောင်း သတင်းပေးပို့မှုများ လက်ခံရရှိကြောင်း ဆိုပါသည်။ ဗုဒ္ဓဘာသာလူအုပ်ကြီးမှာ စနစ်တကျလုပ်ဆောင်ထားပြီး ဖျက်ဆီးမှုများပြုလုပ်နေသည်ကို စစ်သားများ ရဲများက ကြည့်နေသည်ဟု ဆိုပါသည်။ “ဒါဟာ ဘာကိုပြသလဲဆိုတော့ နိုင်ငံတော်ရဲ့ အချို့အစိတ်အပိုင်းတွေ ပါဝင်ပတ်သက်မှု ရှိရမယ်။ ဒါမှမဟုတ် သံသယဖြစ်ဖွယ်မရှိ လျှို့ဝှက်သဘောတူညီမှု ရှိမယ်။ ဒါမှမဟုတ် သံသယဖြစ်ဖွယ်မရှိ လျှို့ဝှက်သဘောတူညီမှု ရှိမယ်။ ဒီလုပ်ရပ်တွေကို ပံ့ပိုးမယ်ဆိုတာ ပြပါတယ်။”ဟု ကင်တားနားက ပြောပါသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂိုလ်နှင့် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကမူ အဆိုပါစွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါသည်။ “ဒီဖြစ်ရပ်နဲ့ စစ်တပ်၊ အစိုးရတို့ ဘာမှပတ်သက်မှု မရှိပါဘူး”ဟု ၎င်းက ပြောပါသည်။

(ဆက်လက်ဖော်ပြပါမည်)


ပြည်ပ အဖွဲ့အစည်းများ လာရောက်စုံစမ်းခွင့်မပြုဟု မြန်မာပြောကြား

(UPI မှ 18 April 2013 ရက်စွဲပါ No meddling allowed, Myanmar says သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လုံခြုံရေးကိစ္စရပ်များကို ပြည်ပ အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးရန် မလိုကြောင်း မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူက ကြာသာပတေးနေ့တွင် ပြောကြားလိုက်ပါသည်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း OIC အတွင်းရေးမှူးချုပ် အက္ကမီလီဒင် အီဆန်နိုဂလူးက မြန်မာအစိုးရသည် ဗုဒ္ဓဘာသာနှင့် မူဆလင်အသိုင်းအဝိုင်းကြား အဓိကရုဏ်းဖြစ်ပွားမှုကို ကောင်းစွာ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်း မရှိဟု တနင်္ဂနွေနေ့က ပြောကြားထားသည်။

“မြန်မာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်တာဟာ လက်ခံနိုင်စရာ မရှိပါဘူး”ဟု ၎င်းကဆိုပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ရလဒ်များကြောင့် ယခင်ချမှတ်ထားခဲ့သော အရေးယူပိတ်ဆို့မှု Sanction များကို ယခုရုတ်သိမ်းပေးရန် ဥရောပသမဂက စဉ်းစားသုံးသပ်နေပြီဖြစ်သည်။

သို့သော်လည်း မကြာသေးမီ လပိုင်းအတွင်း ဘာသာရေး အဓိကရုဏ် ဖြစ်ပွားမှုများက မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ စိတ်ပါလက်ပါမရှိကြောင်းကို ပြသနေသည်ဟု လူ့အခွင့်အရေးအုပ်စုများက ထောက်ပြထားသည်။

မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “အမျိုးသားလုံခြုံရေးကိစ္စသည် ပြည်တွင်းရေးသာဖြစ်သည်”ဟု ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။

“ပြည်ပနိုင်ငံတကာအဖွဲ့အစည်းတွေ လာရောက်စုံစမ်းစစ်ဆေးစရာအကြောင်းမရှိဘူးလို့ ကျွန်တော်ယူဆပါတယ်”ဟု ပြောကြားသော ဦးရဲထွဋ်က မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် OIC က အစိုးရအား တရားဝင် တောင်းဆိုထားခြင်းမရှိဟု ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ နောက်ပိုင်း ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားမှုကြောင့် လူပေါင်း ၂၀၀ နီးပါးသေဆုံးခဲ့ရပြီး ခန့်မှန်းခြေအိုးမဲ့အိမ်မဲ့ ဒုက္ခသည် ၁၂၇,၀၀၀ ခန့်ရှိနေပြီဟု အစီရင်ခံစာများအရ သိရှိရသည်။


 

 မွတ်ဆလင်များ လုံခြုံစိတ်ချမှုကိုခံစားရအောင် လုပ်ပေးဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(Reuters မှ 18 Apr 2013 ရက်စွဲပါ “Muslims must be made to feel secure: Suu Kyi”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ မွတ်ဆလင်များခံစားနေရသော ခွဲခြားပစ်ပယ်ခံရမှုသည် အလွန်ဝမ်းနည်းစရာကောင်းသော ကိစ္စဖြစ်ပြီး ၎င်းတို့လုံခြုံစိတ်ချမှုကို ခံစားရအောင် ပြုပြင်ဖို့လိုသည်ပာု မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓပာူးနေ့တွင် ပြောကြားလိုက်ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာ မွတ်ဆလင်၊ ပဋိပက္ခတွင် မှတ်ချက်ပေးမှုနည်းခြင်း၊ တင်းမာမှုလျော့ပါးအောင် အားထုတ်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ကျင့်ဝတ်သိက္ခာပြည့်စုံသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် သူမ၏ ပုံရိပ်ကို ထိခိုက်စေခဲ့ပုံရပါသည်။

သို့သော် ဂျပန်ခရီးစဉ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သူမက “ကျွန်မနဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ မကြာသေးခင်ကပဲ တွေ့ဆုံခဲ့ပါတယ်။ သူတို့ပာာ ကျွန်မတို့တိုင်းပြည်နဲ့ မဆိုင်တဲ့သူတွေလို ခံစားကြရတာပာာ တကယ် စိတ်မကောင်းစရာကိစ္စပါ။ ကျွန်မတို့ပာာ အမြင်မတူသူတွေနဲ့ ယှဉ်တွဲနေထိုင်နိုင်အောင် သင်ယူဖို့လိုအပ်နေပါပြီ”ပာု ပြောကြားခဲ့သည်။

သူမက ရိုပာင်ဂျာများကို နိုင်ငံသားအဖြစ် သတ်မှတ်ပါသလားပာူသော မေးခွန်းကို တိုက်ရိုက်ဖြေဆိုရန် ထပ်မံပျက်ကွက်ခဲ့သော်လည်း မြန်မာနိုင်ငံသားဥပဒေများကို ပြည်လည်သုံးသပ်သင့်သည်ပာု ပြောကြားပါသည်။

ရခိုင်ပြည်နယ်တွင် ရိုပာင်ဂျာ မွတ်ဆလင် ၈၀၀,၀၀၀ ခန့် နေထိုင်လျက်ရှိသော်လည်း ၎င်းတို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံစလုံးက နိုင်ငံသားအဖြစ် လက်ခံထားခြင်းမရှိပေ။ ၎င်းတို့ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများပာု မြန်မာအများစုက သတ်မှတ်ထားကြသည်။

မနှစ်က ရခိုင်ပြည်နယ်မှ အကြမ်းဖက်အဓိကရုဏ်းအတွင်း လူပေါင်း ၁၁၀ ခန့်သေဆုံးခဲ့ရပြီး လူပေါင်း ၁၂၀,၀၀၀ ခန့် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ကြရာတွင် အများစုမှာ ရိုပာင်ဂျာများဖြစ်ကြသည်။

“နိုင်ငံသားဥပဒေတွေက နိုင်ငံတကာစံညွှန်းတွေနဲ့မညီဘူးဆိုရင် ဖြစ်နိုင်ချေကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီလိုလုပ်ဖို့၊ နိုင်ငံသားကိစ္စကို မျှမျှတတဖြစ်အောင် ရင်ဆိုင်ဖြေရှင်းဖို့အတွက် မြန်မာအစိုးရအနေနဲ့ သတ္တိရှိဖို့လိုပါတယ်”ပာု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားသည်။

စောစောပိုင်းက တိုကျိုတက္ကသိုလ်တွင် ကျောင်းသားများအား မိန့်ခွန်းပြောရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူမသည် ပဉ္စလက်တန်ခိုးရှင်မပာုတ်ကြောင်း၊ ကာလရှည်အမြစ်တွယ်နေသော လူမျိုးရေး၊ ပြဿနာများကို ချက်ခြင်းလက်ငင်း ဖြေရှင်းပေးရန်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“အရေးကြီးဆုံးကတော့ တရားဥပဒေစိုးမိုးမှုထူထောင်ရေးဖြစ်တယ်လို့ ကျွန်မပြောခဲ့ပါတယ်။ ဒါပာာ တရားစီရင်ရေးကိစ္စတစ်ခုတည်း မပာုတ်ပါဘူး။ အုပ်ချုပ်စီမံခန့်ခွဲမှုနဲ့လည်း ဆိုင်တယ်။ အစိုးရနဲ့လည်းဆိုင်တယ်။ ရဲတပ်ဖွဲ့နဲ့လည်းဆိုင်တယ်။ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း လေ့ကျင့်သင်ကြားပေးဖို့ လိုတယ်”ပာု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment