Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ရွှေသဘာဝဓာတ်ငွေ့ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ပြည်တွင်းပါတီများနှင့်ဆွေးနွေးရန် တရုတ် ဖိတ်ခေါ်
  2. ပြည်တွင်းရှိ စက်မှုဇုန်လုပ်သားများအား သမဝါယမဝန်ကြီးဌာနမှ ငွေထုတ်ချေးပေးမည်
  3. ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးတိုးတက်လာကြောင်း ကန်ဝန်ကြီးပြောကြား

ရွှေသဘာဝဓာတ်ငွေ့ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ပြည်တွင်းပါတီများနှင့်ဆွေးနွေးရန် တရုတ် ဖိတ်ခေါ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်ကုမ္ပဏီ(CNPC)မှတာဝန်ယူ တည်ဆောက်လျက်ရှိသည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်နေမှုများနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီမှပြည်တွင်းရှိပါတီအချို့နှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

ရွှေသဘာဝဓာတ်ငွေ့အရေး ဆွေးနွေးရန် ဖိတ်ကြားခံရသည့် ပါတီများမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် ရှမ်းတိုင်းရင်းသား များ ဒီမို ကရက်တစ်ပါတီ(ကျားဖြူ) စသည်တို့ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံပိုင်(CNPC)ကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း ရွှေသဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းများ ဆောင်ရွက် လျက်ရှိသည့်အတွက် ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ မြေယာသိမ်းဆည်း မှုများ၊ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် အဆိုပါဒေသခံရွာသား ၈၀၀ ကျော်မှ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် နေ့တွင် တောင်းဆိုချက် ၉ ချက်ဖြင့် ကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းနိုင်ငံရေး ပါတီများအနေဖြင့် တရုတ်အာဏာပိုင်များနှင့်ဆွေးနွေးရာတွင် လူမှုစီးပွား ပေါ်လစီများ ကို နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီထားရှိရန်၊ သိမ်းဆည်းခံမြေယာ လျော်ကြေးပေးမှုများ ပြုလုပ်ရန်၊ တည်ငြိမ်အေးချမ်း သည့် ပတ်ဝန်းကျင်နှင့် လူထုအကျိုးခံစားခွင့်များ ရရှိနိုင်စေရန် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိတ်ကြားခံရသည့် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက် (၂၀၀၉)ခုနှစ်တွင် တရုတ်နိုင်ငံပိုင်(CNPC)ကုမ္ပဏီမှ ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်း စီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှတစ်ဆင့် တရုတ်ပြည်သို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့များ သွယ်တန်းပေးပို့ရန် ရည်ရွယ်ကြောင်း သိရသည်။

YC


ပြည်တွင်းရှိ စက်မှုဇုန်လုပ်သားများအား သမဝါယမဝန်ကြီးဌာနမှ ငွေထုတ်ချေးပေးမည်

ပြည်တွင်းရှိ စက်မှုဇုန်အသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အလုပ်သမားများ၏ ဘဝနေထိုင် စားသောက်ရေး အဆင်ပြေနိုင်စေရေးအတွက် သမဝါယမဝန်ကြီးဌာနမှ အသေးစားချေးငွေ ထုတ်ပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း သမဝါယမဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ စက်မှုဇုန် လုပ်သားများအား ချေးငွေထုတ်ပေးရခြင်းမှာ ၎င်းတို့ ရေတိုအဆင်ပြေစေရန်အတွက် သာမကပဲ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက်ရည်ရွယ်၍ အသေးစားချေးငွေများ ထုတ်ချေးပေးရခြင်းဖြစ်ပြီး ထိုသို့ ထုတ်ချေးရာတွင် ငါးဦး တစ်ဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် စည်းကမ်းသုံးရပ်သတ်မှတ်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သမဝါယမဝန်ကြီးဌာနမှ အသေးစားချေးငွေထုတ်ချေးရာတွင် ထုတ်ချေးပေးမည့် ငွေကြေးများအား အလွဲသုံးစား ပြု လုပ်ခြင်းများကို တားမြစ်ထားပြီး စက်မှုဇုန်လုပ်သားများ အနေဖြင့် ရရှိလာသည့်ချေးငွေများကို ဒုတိယဝင်ငွေရ လုပ်ငန်းများ ထူထောင်၍ချေးယူထားသည့် ငွေကြေးပမာဏနှင့်ဝန်ဆောင်မှုစရိတ်အတိုးကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရ မည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

သမဝါယမဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဦးစီးဌာနအသီးသီးနှင့် ညှိနှိုင်း၍ မိသားစုတစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စက်မှုဇုန် လုပ်သားများအား ချေးငွေထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC


၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးတိုးတက်လာကြောင်း ကန်ဝန်ကြီးပြောကြား

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံသားများ လူ့အခွင့်အရေး ပိုမိုတိုးတက်ရရှိနိုင်စေရန် အစိုးရမှ ဖော်ဆောင်ပေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ၂၀၁၂ ခုနှစ်၏ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ကို ဧပြီလ ၁၉ ရက်နေ့၌ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသည် အစိုးရသစ် လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ လူ့အခွင့်အရေး ကာကွယ်ပေးမှုများနှင့်ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အတွက် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ ဖြစ်မလာ သေးသော်လည်း ယခင်အထီးကျန် နိုင်ငံတစ်နိုင်ငံအဖြစ်မှ တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် လက်ရှိအခြေအနေထိတိုင် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် တိုင်းရင်းသားဒေသအချို့တွင် ဖြစ်ပေါ်လျက်ရှိသော ပြဿနာစိန်ခေါ်မှုများကိုမူ ဖြေရှင်းရန် လိုအပ်နေသေးကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် လက်ရှိမြန်မာအစိုးရသစ်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသည် တစ်ဦးပေါ် တစ်ဦးအာဃာတများ ထားရှိခြင်းမရှိဘဲ မြန်မာနိုင်ငံတိုးတက်ရေး၊ လွတ်လပ်ရေးပိုမိုရရှိရေးအတွက် လက်တွဲပူးပေါင်း ဆောင် ရွက်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment