Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အစဉ်အဆက်ကျင့်သုံးခဲ့သလို နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးပါတီတွေ့ခြင်းဟာ ပြည်သူနဲ့ ပြည်သူတွေ့တဲ့ သဘောပါပဲ။ တရုတ် ပြည်ဟာ မြန်မာပြည်သူတွေကို ပိုပြီးဆက်ဆံဖို့ ငြင်းပယ်လို့မရဘူး ဆိုတာတွေ့ရပါတယ် ”

Mizzima Media Group တွင်ပါရှိသော “ရွှေဂတ်စ်ပိုက်လိုင်းလမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ် များအား တရုတ်အစိုးရဖိတ်ခေါ်”သတင်းမှ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)မှဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ကျွန်တော်ကတော့ ဆွေးနွေးပွဲမှာ ပေါ်ပေါက်လာတဲ့အခြေအနေမှာ မူတည်ပြီးတော့ ကျွန်တော်စိတ်ဝင်စားတဲ့ issue (အကြောင်းအရာ)အပေါ်မှာ ဆွေးနွေးပါမယ်။ ကြိုတင် ပြင်ဆင်ထားတာတော့   မရှိပါဘူး”

Mizzima Media Group တွင်ပါရှိသော “ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ပါက ဘဏ္ဍာရေးကိစ္စများကို အဓိက ဆွေးနွေး မည်”သတင်းမှ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုဆန္ဒပြရတာက ကျွန်တော်တို့တောင်းထားတဲ့ အချက်ကိုးချက်ကို လိုက်လျောခြင်းမရှိတဲ့ အတွက်ပါ။ ကျွန်တော်တို့ ခံစားနေရတဲ့ ဒုက္ခတွေကို ကမ္ဘာကြီးက သိရှိပြီးတော့ လူသားချင်းစာနာမှုကို လိုချင်လို့ အခုလိုဆန္ဒဖော်ထုတ်ရတာဖြစ်တယ်။ တောင်းဆိုချက်တွေကို လိုက်လျောမှုမရှိရင်တော့ ဆက်ပြီးဆန္ဒဖော်ထုတ်ပွဲတွေ လုပ်သွားဖို့ဆုံးဖြတ်ထားတယ်”

Facebook တွင်ပါရှိသော “ဒေသခံများ၏ တောင်းဆိုချက် ကိုးချက်ကို လိုက်လျောခြင်းမရှိသည့်အတွက် မဒေးကျွန်း ရေနက်ဆိပ်ကမ်းစီမံကိန်း CNPC ကုမ္ပဏီရုံးရှေ့၌ ဒေသခံများဆန္ဒပြ”သတင်းမှ ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာပြီး လူ့အခွင့်အရေးကိုလည်း အရင်ကထက် လေးစား လာတဲ့အတွက် အရင်က အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ အခုတိုးတက်မှုတွေ ရှိလာပါပြီ။ ကျနော်တို့ ရောက်စေချင်တဲ့ အခြေအနေရောက်ပြီလား ဆိုရင်တော့ မရောက်သေးပါဘူး၊ သွားတော့သွားနေပါတယ်။ လူတွေပိုပြီး စီးပွားရေး လုပ်လာ နိုင်ကြတယ်။ အစိုးအဖွဲ့ထဲမှာ ပိုပြီးပါဝင်လာနိုင်ကြတဲ့အတွက် မြန်မြန်ဆန်ဆန်နဲ့ စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု လမ်းဆီကို ဦးတည်နေပါတယ်။ နိုင်ငံတကာကစံထားတဲ့ လူ့အခွင့်အရေးတွေကို မြန်မာခေါင်းဆောင်တွေ စတင်ကျင့်သုံးလာ တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေတင်မက တကမ္ဘာလုံးကနိုင်ငံတွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေကို လမ်းဖွင့်ပေးရာ ရောက်ခဲ့ပါတယ်။”

ဗီအိုအေ (မြန်မာ) သတင်းဌာနတွင်ပါရှိသော “မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး” သတင်းမှ နိုင်ငံခြားရေးဝန်ကြီး Kerry၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

_____________________________________________________________________________

“အကယ်၍ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲ အလွန်ကာလတွင် အန်အယ်လ်ဒီပါတီသည် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုလျင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် ယခုထက် ပေါ်ပေါ်ထင်ထင် မြင့်တက်အရေးပါလာဖွယ်ရှိနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ၂၀၁၅ ခုနှစ်အလွန် နိုင်ငံတော် သမ္မတသည် အန်အယ်လ်ဒီပါတီမှ ရွေးချယ်သူတစ်ဦးဦးဖြစ်လာပါက နိုင်ငံတော်သမ္မတ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ ပြန်လည် ထိန်းညှိလာနိုင်ဖွယ်ရှိနေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် (၁၁) ဦးပါဝင်သော်လည်း အဖွဲ့ဝင်ခြောက်ဦးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသူများဖြစ်သဖြင့် တပ်မတော်ကိုယ်စားလှယ်များက ကောင်စီတွင် အမြဲတမ်း အသာစီးရနေမည်မှာ ငြင်းမရသော အချက်ဖြစ်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကိုတပ်မတော်အကြီးအကဲများက အများစုနေရာရရှိထားသဖြင့် ထိန်းချုပ်ထားနိုင်သည့် အသွင်ဆောင်နေသည်ဟု လည်း မှတ်ချက်ပြုကြသည်။”

Eleven Media Group တွင်ပါရှိသော “၂၀၁၅ ခုနှစ်အလွန် NLD သမ္မတဇာတ်လမ်း”ဆောင်းပါးမှ ဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်း၏ ရေးသားမှုအား ကောက်နှုတ်ချက်။


အများပြည်သူပိုင်ပန်းခြံနေရာတွင် အာဏာရပါတီ၏ ကွန်ဒိုစီမံကိန်းဆောင်ရွက်မှု အရေးယူနိုင်ရန် လွှတ်တော်သို့တင်ပြမည်

လက်ရှိ လွှတ်တော်တွင်းအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တလမ်းနှင့် သစ္စာလမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့ပန်းခြံတွင် ကွန်ဒိုအိမ်ရာစီမံကိန်းတစ်ခု တည်ဆောက်နေမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ ပါတီတစ်ခုမှ အများပြည်သူပိုင်ပန်းခြံအားသိမ်းယူ ကွန်ဒိုတိုက်ခန်းစီမံကိန်း တည်ဆောက်နေမှုများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်လျက်ရှိသည့်အတွက် ဒေသခံပြည်သူများ အနေဖြင့်လည်း တရားဝင်ဆန္ဒထုတ်ဖော် ပွဲများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 

မြန်မာနိုင်ငံအား ကုန်သွယ်မှုအထူးခံစားခွင့်ပြန်လည်ပေးအပ်ရန် အမေရိကန်နိုင်ငံစီစဉ်

အမေရိကန်နိုင်ငံ၏ ဈေးကွက်တွင် မြန်မာနိုင်ငံ ထွက်ကုန်ပစ္စည်းများ အကောက်ခွန်မဲ့တင်ပို့ ရောင်းချနိုင်ရေးအတွက် မြန်မာ နိုင်ငံအား ကုန်သွယ်မှုအထူးခံစားခွင့် ပြန်လည်သတ်မှတ်ပေးရန် အမေရိကန်အစိုးရ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး (USTR)မှ ကြားနာပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့်အတူ နိုင်ငံရေးအကျဉ်း သားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံမှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် ကုန်သွယ်မှု အထူးခံစားခွင့်များလည်း ပြန်လည် ပေးအပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


ကယားပြည်နယ်တွင်း တပ်မတော်မှသိမ်းဆည်းထားသည့် လယ်ယာမြေများပြန်ရရန် ဆုတောင်းပွဲပြုလုပ်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း စစ်လေ့ကျင့်ရေးကျောင်းများတ်ဆောက်ရန် မာခရှော်ရှေ့၊ မြို့မ၊ ကေးလျား၊ ထီးပေါ်ဆို၊ မိုဆို၊ ဒိုးပရယ်ကျေးရွာအုပ်စုတွင်းရှိ လယ်မြေများအား အာဏာပိုင်များက အဓမ္မသိမ်းပိုက်ခဲ့သည့်အတွက် ဧပြီလ ၁၉ ရက်နေ့တွင် ဒေသခံတောင်သူ ၆၀၀ ကျော်မှ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆုတောင်းပွဲ တစ်ခုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်အာဏာပိုင်များမှ လယ်ယာမြေများသိမ်းဆည်းစဉ် ဒေသခံများအား အတင်းအဓမ္မ လက်မှတ်ရေးထိုး ခိုင်းခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် အချက်(၁၂)ချက်ပါ သဘောထားကြေညာချက် တစ်စောင်ကို ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment