Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များ သတ်ဖြတ်ရေးဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး

(8 April 2013 ရက်စွဲပါ Reuters မှ Jason szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ရေနံပိုက်လိုင်းသည် နှစ်ဖက်လုံးအတွက် အကျိုးရှိပာု တရုတ်ပြော

(19 April 2013 ရက်စွဲပါ Xinhua ၏ China says Oil Pipeline in Myanmar mutually beneficial ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဝိုင်းဝန်းဖော်ဆောင်ရန် ဗြိတိန်စိတ်ဝင်စား

(UPI သတင်းဌာနမှ 18 April 2013 ရက်စွဲပါ UK shares Myanmar interest in peace ကိုဘာသာပြန်ဆိုသည်။)


အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များ သတ်ဖြတ်ရေးဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး

(8 April 2013 ရက်စွဲပါ Reuters မှ Jason szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ဆိုသည်)

အပိုင်း(၆) (နောက်ဆုံးပိုင်း)

အာဏာပိုင်များသည် တတိယနေ့ဖြစ်သော မတ်လ(၂၂)ရက်နေ့တွင် မာရှယ်လော ကြေညာခဲ့ပါသည်။ ထိုအခါမှစ၍ လူသုံးဦးသာဖမ်းဆီးခဲ့ရာ လက်နက်များ ကိုင်ဆောင်ထားသောကြောင့်ပာု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ၎င်းတို့ ပိုမိုဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် မငြိမ်သက်မှုမှာ နောက်တစ်နေ့တွင် ပြီးဆုံးသွားခဲ့ပါသည်။ အဆောက်အဦး စုစုပေါင်း (၁၅၉၄)လုံး ဖျက်ဆီးခံရကြောင်း ဒေသဆိုင်ရာ အစိုးရကပြောပါသည်။

နောက်တစ်ရက်တွင် နေပြည်တော်၏ အစွန်ရှိ တပ်ကုန်းတွင် စတင်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ အဓိကရုဏ်းများသည် တောင်ပိုင်းရှိ ပဲခူးတိုင်းသို့ ပျံ့နှံ့သွားခဲ့ပါသည်။ မတ်လ(၂၉)ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရွာနှင့်မြို့များ(၁၅)ခုခန့် မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ၏ဒဏ်ကို ခံကြရပါသည်။ ရန်ကုန်တွင်လည်း အချို့မူဆလင်များသည် ဆိုင်များ ပိတ်ခြင်း၊ အခြားသို့ ရှောင်ရှားခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ဧပြီလ(၂)ရက်နေ့တွင် ရန်ကုန်၌ ဘာသာရေးကျောင်းတစ်ခု၌ မီးလောင်မှုဖြစ်ပွားရာ မူဆလင် ကလေးငယ်(၁၃)ဦး သေဆုံးခဲ့ပါသည်။ သေဆုံးသူများ၏ ဆွေမျိုးအများစုက အဆိုပါမီးမှာ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ပာု ယုံကြည်နေကြပါသည်။ အဆောက်အဦးကြမ်းပြင်မှာ မီးလောင်စဉ်တွင်ဒီဇယ်ဆီများဖြင့် အံ့သြဖွယ် စိုစွတ်နေပါသည်။ ရန်ကုန် မှ တာဝန်ရှိသူများကမူ လျှပ်စစ်မီးချို့ယွင်းမှုကြောင့်ဖြစ်သည်ပာုဆိုကြပါသည်။

အချို့က ယခုပြင်းထန်သော ဖြစ်ရပ်များသည် ပြုပြင်ပြောင်းလဲရေးများကို နောက်ပြန်ဆွဲလိုသူများက စီစဉ်မှု ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါသည်။ သို့မပာုတ် ယခင်အစိုးရနှင့် ပတ်သက်သော ခရိုနီစီးပွားရေးသမားများက မူဆလင် စီးပွားရေးသမားများကို အလဲထိုး၍ ၎င်းတို့နေရာတွင်ဝင်ယူရန် ရည်ရွယ်လုပ်ဆောင်သည်ပာု ယူဆကြပါသည်။ နောက်ဆုံး ယူဆချက်ကို အသက်(၆၇)နှစ်ရှိ ဦးအုန်းသွင်ကဲ့သို့သော မူဆလင်စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြပါသည်။

“ဒါပာာ ဘာသာရေးအရ ဒေါသရော၊ စီးပွားရေးအရကော ပါပါတယ်”ပာု ၎င်းကဆိုပါသည်။ ၎င်းသည် အဝေးပြေး လမ်းသုံးခုဆုံရာ မပာာဗျူပာာကျသည့် မိတ္ထီလာ၏လူကြိုက်များသော ဒေါင့်တစ်ခုတွင် သံလုပ်ငန်းကို နှစ်ပေါင်းသုံးဆယ်ကြာ လုပ်ကိုင်ခဲ့ပါသည်။ ၎င်းသည် အခြားမူဆလင်များကဲ့သို့ပင် မျိုးဆက်များကို ပြန်ကြည့်နိုင်ပါသည်။ ၎င်းသည် အမြတ် ရနိုင်သော စီးပွားရေးလုပ်ငန်းကို ထူထောင်ထားပြီး၊ ဗုဒ္ဓဘာသာ မိတ်ဆွေများလည်း များစွာရှိရာ၊ ယခုလည်း ဗုဒ္ဓဘာသာ မိတ်ဆွေတစ်ဦးက ထွက်ပြေးရန်ကူညီခဲ့ပါသည်။

မိတ္ထီလာမြို့အနှံ့ နှစ်ထပ်အထက်တန်းကျောင်းတွင် လူနှစ်ထောင်ခန့်ထားရှိပြီး ယာယီတဲများဖြင့် မူဆလင် (၁၁၀၀၀၀)ခန့်နေသော အရပ်တွင်လည်းထားရှိကာ၊ အများစုကို အားကစားကွင်းတွင်ထားရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုရေးရာ ညှိနှိုင်းရေးမှူး၏အဆိုအရ သိရှိရပါသည်။

ဖျက်ဆီးခံရသော မူဆလင်များသည် ၎င်းတို့၏မူလနေရာများ ပြန်လည်ရရှိနိုင်ခြင်း ရှိ၊ မရှိ မသဲကွဲသေးပေ။ ဒေသ ဆိုင်ရာ ဝန်ကြီးချုပ် ဦးရဲမြင့်ကမူ နေရာသစ်သို့ ရွေ့ကောင်းရွေ့ပေးနိုင်ကြောင်းဆိုပါသည်။ ရခိုင်ပြည်နယ်တွင် ပြဿနာဖြစ်  သည့် မူဝါဒမျိုးဖြစ်ပြီး ယင်းသို့ခွဲခြားခြင်းသည် နောက်ထပ်လူမျိုးရေးအရ ပြင်းထန်သောဖြစ်ရပ်များ ဖြစ်လာနိုင်ပါသည်။

“အချိန်တစ်ခုမှ တည်ငြိမ်ပြီး၊ တရားဥပဒေစိုမိုးမှုရှိပြီဆိုရင် ပြန်လည်နေရာချထားရေးကို စဉ်းစားပါမယ်”ပာု ဦးရဲမြင့် က ပြောပါသည်။

အထက်တန်းကျောင်းတွင် ထားရှိသူများမှာ ထောင်ထဲတွင် ထည့်ထားသကဲ့သို့ရှိပါသည်။ ထိုအထဲမှ မူဆလင်များ ထွက်သွား၍မရပေ။ မိတ်ဆွေများ ဆွေမျိုးများက အပြင်မှစောင့်ရပါသည်။ သတင်းထောက်များမတွေ့ရန် ရဲများက တားထား ပါသည်။ ဂိတ်မှပင် အော်ပြော၍မရပေ။

“ကျွန်တော် ညဆိုမအိပ်နိုင်ဘူး။ နောက်တစ်ကြိမ် တိုက်ခိုက်ခံရမှာ စိုးရိမ်နေတယ်။ အကြောက်တရားနဲ့ နေနေ ရပါတယ်”ပာု ၎င်း၏ဆွေမျိုးများကို လာတွေ့သော အသက်(၄၀)အရွယ်ရှိ အောင်ကျော်မိုးက ပြောပါသည်။

ဖမ်းဆီးခံရသူများ မည်သူဆိုသည်မှာမသဲကွဲပေ။ ရဲများ၏အဆိုအရ ထိုအထဲတွင် ရွှေဆိုင်ပိုင်ရှင်ပါသည်ပာု ဆိုပါ သည်။

ရွှေဆံထိုးပိုင်ရှင် အေးအေးနိုင်မှာ ထိုဖြစ်ရပ်အတွက် တုန်လှုပ်နေဆဲဖြစ်ပါသည်။ “အသတ်ခံရတဲ့ မူဆလင်တွေ အတွက် ဝမ်းနည်းပါတယ်။ လူသားတွေအားလုံးအတူတူပါပဲ။ ကျွန်မမှာလည်း မူဆလင်မိတ်ဆွေတွေရှိပါတယ်”ပာု သူကပြော ပါသည်။

ဤမျှလောက် ဖြစ်လာလိမ့်မည်ပာု မထင်ကြောင်း သူကပြောပါသည်။


 

မြန်မာနိုင်ငံမှ ရေနံပိုက်လိုင်းသည် နှစ်ဖက်လုံးအတွက် အကျိုးရှိပာု တရုတ်ပြော

(19 April 2013 ရက်စွဲပါ Xinhua ၏ China says Oil Pipeline in Myanmar mutually beneficial ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ တရုတ်ပိုက်လိုင်းသည် ဒေသစီးပွားရေးကို မြှင့်တင် ပေးနိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက သောကြာနေ့က ပြောကြားခဲ့ပါသည်။

“ပိုက်လိုင်းစီမံကိန်းပာာ သိပ္ပံနည်းကျလေ့လာခြင်း၊ တင်းကျပ်တဲ့စစ်ဆေးမှု၊ ဒေသဆိုင်ရာ ဥပဒေစည်းမျဉ်းများနဲ့ အညီ လုပ်ဆောင်ထားပါတယ်”ပာု ပြောခွင့်ရအမျိုးသမီး Hua Chunying ကနေ့စဉ် သတင်းအကျဉ်းတင်ပြမှုတွင် ပြောပါ သည်။

တရုတ်၏ ပိုက်လိုင်းအခြေအနေကို မေးမြန်းခြင်းကြောင့် Hua က အထက်ပါမှတ်ချက်ကို ပြောကြားခဲ့ခြင်း ဖြစ်ပါ သည်။

Hua က ပြောကြားရာတွင် တရုတ်နှင့် မြန်မာသည် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဦးနှစ်ဖက် ညီတူညီမျှ အကျိုးအမြတ်ရရှိရေးကို အခြေခံ၍ လုပ်ဆောင်နေကြောင်းပြောပါသည်။

“အဲဒီလို နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုပာာ မြန်မာစီးပွားရေးအတွက် အလုပ်ဖြစ်ပါလိမ့်မယ်။ ဒီ စီမံကိန်း ကလည်း ချောချောမွေ့မွေ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”ပာု Hua ကပြောပါသည်။

                                                    ***************************************

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဝိုင်းဝန်းဖော်ဆောင်ရန် ဗြိတိန်စိတ်ဝင်စား

 (UPI သတင်းဌာနမှ 18 April 2013 ရက်စွဲပါ UK shares Myanmar interest in peace ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားလျက်ရှိသော ဘာသာရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုများ ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် တူညီသောစိတ်ဝင်စားမှုရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်က ဆိုသည်။

မစ္စတာဟေ့ဂ်သည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းနှင့်တွေ့ဆုံပြီး တိုင်းပြည်၏ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ပြည်တွင်း လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရှိသည့်အနက် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့ခြင်းကြောင့် မိမိအနေဖြင့် များစွာအားတက်မိပါကြောင်း၊ သို့သော် ရှေ့ဆက်လုပ်ကိုင်သွားရန် လုပ်ငန်းစဉ်များစွာ လိုအပ်လျက်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်ကဆိုသည်။

“ကချင်ပြည်နယ်မှာ ထာဝရအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးအတွက် ဆက်လက်လုပ်ကိုင်ဆောင် ရွက်သွားရမယ်ဆိုတဲ့ အချက်ရယ်၊ မိတ္ထီလာမှာ လတ်တလော မွတ်စလင်ဆန့်ကျင်ရေး ဆူပူအုံကြွမှုကြီးရဲ့ နောက်ကွယ်က ရန်ငြှိုးထား မုန်းတီးမှုတွေနဲ့ ပြဿနာတွေကို ဖြေရှင်းရမယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ သဘောတူညီမှုရရှိခဲ့ကြပါတယ်”ဟု ဝီလီယံဟေ့ဂ်က ဆိုသည်။

“မြန်မာနိုင်ငံက ယုံကြည်မှုမတူညီကြတဲ့ အဖွဲ့အစည်းတွေအတွက် ဗြိတိန်အစိုးရက ထောက်ပံ့မှုတွေ ဆက်လက် ပေးသွားမှာဖြစ်ပါတယ်”

မိတ္ထီလာမြို့တွင် မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများနှင့် ဆူပူအုံကြွမှုများဖြစ်ပေါ်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်က မြို့နယ်အချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သည်။ ယမန်နှစ်က ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အပါအဝင်  မြန်မာနိုင်ငံ၏ နေရာအချို့တွင် အလားတူပဋိပက္ခများဖြစ်ပေါ်ခဲ့သည်။

ထိုင်းအခြေစိုက် Irrawaddy သတင်းဌာနအဆိုအရ ဝန်ကြီးဦးအောင်မင်းသည် သမ္မတဦးသိန်းစိန်ကို International Crisis Group က ချီးမြှင့်သောဆုအား ၎င်း၏ကိုယ်စား ရယူရန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများက ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ နောက်ပိုင်း အကောင်အထည် ဖော်လျက်ရှိသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ် လောင်းရိပ်ကျလျက်ရှိသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment