Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မဲခေါင်မြစ်အတွင်း မူးယစ်ပူးတွဲနှိမ်နင်းရေး စီမံချက်ပြန်လည်စတင်

(Xinhua မှ 19 Apr 2013 ရက်စွဲပါ “Joint anti-drug campaign on Mekong River begins” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနှင့်လာအိုကို GSP ကုန်သွယ်မှုအထူးခံစားခွင့်အလားအလာအတွက် အမေရိကန်ပြန်လည် သုံးသပ်နေ

(Tax News မှ 19 Apr 2013 ရက်စွဲပါ “US Reviews Burma,Laos as possible GSP beneficiaries” သတင်းကို ဘာသာပြန်ဆိုသည်)


မဲခေါင်မြစ်အတွင်း မူးယစ်ပူးတွဲနှိမ်နင်းရေး စီမံချက်ပြန်လည်စတင်

(Xinhua မှ 19 Apr 2013 ရက်စွဲပါ “Joint anti-drug campaign on Mekong River begins” သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းတို့၏ မဲခေါင်မြစ်ကြောင်း မူးယစ်ဆေးဝါးပူးတွဲနှိမ်နင်းရေး စီမံချက်ဆိုင်ရာ ဌာန ချုပ်များသည် သောကြာနေ့က ဆမ်ဆောင်ပနားတွင် ပြန်လည်လှုပ်ရှားလာကြသည်။

ယင်းသို့ လှုပ်ရှားမှုသည် မူးယစ်ရာဇဝင်မှုများ ဆက်လက်ဖြစ်ပွားနေသော အရှေ့တောင်အာရှ အဓိကကုန်သွယ် လမ်းကြောင်းဖြစ်သည့် မဲခေါင်ဖြစ်တစ်လျှောက် လုံခြုံရေးအတွက် ရည်ရွယ်ထားသော နှစ်လကြာစီမံချက် တရားဝင်စတင် လိုက်ခြင်းပင်ဖြစ်သည်။

၂၀၁၁ အောက်တိုဘာလ ၃၁ ရက်နေ့က လေးနိုင်ငံကြေညာချက် ထုတ်ပြန်ခဲ့ကြသည့်အတိုင်း ယခုစီမံချက်သည် အာဏာပိုင်များ၏ မူးယစ်မှုခင်း ပူးတွဲတိုက်ဖျက်ရေးဆန္ဒပြင်းပြမှုကို ထင်ဟပ်နေသည်ဟု သောကြာနေ့အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များက ဆိုပါသည်။

မူးယစ်ရာဇဝတ်မှု ပူးတွဲတိုက်ဖျက်ရာတွင် သတင်းအချက်အလက် ဖလှယ်ရေး၊ ညှိနှိုင်း လှုပ်ရှားရေးအတွက် လေး နိုင်ငံမှ ဆက်ဆံရေးအရာရှိများကို ဌာနချုပ်များတွင် တာဝန်ပေးထားသည်ဟု သိရှိရသည်။

ယခုစီမံချက်အရ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ဒေသတွင်းမူးယစ် ဆက်စပ်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကွင်းဆက်များ၊ သယ်ယူပို့ဆောင်မှု ကွန်ယက်များ၊ မူးယစ်ဆက်စပ် တရားခံပြေးကိစ္စများကို ဌာနချုပ်များတွင် တာဝန်ပေး ထားသည်ဟု သိရှိရသည်။

မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦး အသတ်ခံရမှုကြောင့် လေးနိုင်ငံပူးတွဲကင်းလှည့် စီမံချက်ကို တရုတ်နိုင်ငံက ဖိအားပေးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ကျန်သုံးနိုင်ငံက စိတ်ဝင်စားခြင်းမရှိဟု နယ်စပ်သတင်းများက ဆိုသည်။


မြန်မာနှင့်လာအိုကို GSP ကုန်သွယ်မှုအထူးခံစားခွင့်အလားအလာအတွက် အမေရိကန်ပြန်လည် သုံးသပ်နေ

(Tax News မှ 19 Apr 2013 ရက်စွဲပါ “US Reviews Burma,Laos as possible GSP beneficiaries” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ်ဌာန(USTR)သည်  ကုန်သွယ်မှု အထူးအခွင့်အရေး စနစ် (GSP)အရ အကျိုးခံစားခွင့်ရှိသော နိုင်ငံများအဖြစ် မြန်မာနှင့်လာအိုတို့၏ ဖြစ်နိုင်ခြေပုံစံလူသိရှင်ကြား ပြန်လည်သုံးသပ်ခြင်း ကို စတင်ပြုလုပ်နေပြီဖြစ်သည်။

USTR သည် လူသိရှင်ကြား စစ်ဆေးကြားနာမှုကို ဇွန်လ ၄ ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး၊ ဇွန် ၂၅ ရက်ကို အချက်အလက် နောက်ဆုံးပိတ်တင်ပြရန် သတ်မှတ်ထားကာ၊ မြန်မာနှင့်လာအိုတို့ကို GSP အစီအစဉ်အရ အကျိုးခံစားခွင့် ရှိသည့်နိုင်ငံများအဖြစ် သတ်မှတ်ရမလား(သို့မဟုတ်)ထိုသို့သတ်မှတ်ပါကလည်း ဖွံ့ဖြိုးမှုနိမ့်သော အကျိုးခံစားခွင့်ရှိသည့် နိုင်ငံများအဖြစ် သတ်မှတ်ရမလားဆိုသည်ကို ဆွေးနွေးတိုင်ပင် မှုစတင်နေပြီဖြစ်သည်။

၁၉၇၄ ကုန်သွယ်ရေးအက်ဥပဒေအရ အာဏာသက်ရောက်မှုရှိသော US GSP အစီအစဉ်အရ GSP အထူး ကုန်သွယ်ခွင့် ခံစားခွင့်ရှိသော နိုင်ငံများအဖြစ် အမေရိကန်သမ္မတ၏ သတ်မှတ်ခြင်းခံရသော နိုင်ငံတိုင်းမှ ပို့ကုန်များကို အခွန် ကင်းလွတ်ခွင့် ပေးထားပါသည်။

မြန်မာနိုင်ငံသည် ယခင်က GSP အထူးကုန်သွယ်ခွင့်ရ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း GSP စည်းကမ်းများဖြစ်သော နိုင်ငံတကာ အလုပ်သမားအခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီမှုမရှိဟု အမေရိကန် သမ္မတ၏ ဆုံးဖြတ်မှုကြောင့် ၁၉၈၉ တွင် GSP အဆင့်အတန်းမှ ရပ်ဆိုင်းခံခဲ့ရခြင်းဖြစ်သည်။

လာအိုမှာမူ ယခင်ကတည်းကပင် GSP အဆင့်အတန်းခံစားခွင့်ရှိသော နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်း မရှိခဲ့ပါ။

သို့သော် ယခုအခါ မြန်မာနှင့်လာအို အစိုးရများက GSP ကုန်သွယ်ရေး အထူးခံစားခွင့်ရရှိရန် စိတ်ဝင်စားကြောင်း USTR သို့ အသီးသီးတင်ပြလာခဲ့ကြပါသည်။

US GSP အစီအစဉ်သည် ဖွံ့ဖြိုးမှုနိမ့်သော ၄၂ နိုင်ငံအပါအဝင် အထူးကုန်သွယ်ခွင့်ရ ၁၂၈ နိုင်ငံမှတင်သွင်းသော ကုန်ပစ္စည်း အမျိုးအမည် ၅၀၀၀ ခန့်အပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြင့် ဖွံ့ဖြိုးဆဲ ကမ္ဘာ၏ စီးပွားရေးတိုးတက်အောင် ဆောင်ရွက် ဖြည့်ဆည်းပေးနေသော အစီအစဉ်တစ်ခု ဖြစ်သည်။

အမေရိကန်ကုမ္ပဏီများသည် GSP အစီအစဉ်အရ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလျံ တန်ဖိုး ခန့် ကုန်ပစ္စည်းများ တင်သွင်းခဲ့ကြပြီး ၎င်းပစ္စည်းအများစုကို အမေရိကန်ကုန်ထုတ်လုပ်မှုတွင် အသုံးပြုခဲ့ကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment