Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခက်အခဲ အတားအဆီးတွေကတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်ကြီးကြီးမားမားတော့ ဟုတ်မယ်မထင်ပါဘူး။ ဗိုလ်ချုပ်တွေဟာ တချိန်ကသူတို့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီး ဒီမိုကရေစီ ဖြစ်ထွန်းရေးv အတွက် လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စိတ်ကူးတောင် မယဉ်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ အတော့်ကိုဆိုးဆိုးရွားရွား ပြုမူဆက်ဆံခံနေရသူတွေ ကိစ္စအပါအ၀င် စစ်တပ်ကိစ္စနဲ့ တခြားကိစ္စရပ်တွေအပေါ် ကျနော်စိုးရိမ်တကြီးရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ထွန်းရေး အတွက် ပိုပြီးဆောင်ရွက်နိုင်ဖို့၊ ကတိအတိုင်းပဲ ဖြစ်ပေါ်လာဖို့ ကျနော်တို့အနေနဲ့ အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက် သွားမှာပါ။ သမ္မတအိုဘားမား သွားတုန်းကလည်း ဒီရည်ရွယ်ချက်ပါပဲ။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာပြုပြင်ပြောင်းလဲမှုကို အမေရိကန်စိုးရိမ်နေဆဲ” သတင်းမှ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တရုတ်တွေက ဗကပကိုထောက်ခံခဲ့တယ်ဆိုပေမယ့် အများစုက တိုင်းရင်းသားတွေပါပဲ။ တကယ်တော့ တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသားဒေသတွေနဲ့ပိုပြီး ဆက်ဆံသင့်တယ်။ သူတို့ဆက်ဆံရေးဗျူပာာ ပြောင်းသွားတာသေချာတယ်။ အရင်ကလို ပါတီကြီးတစ်ခုတည်းမပာုတ်ဘဲ အခြားပါတီတွေကိုပါ ဂရုစိုက်လာတယ်”

ဧပြီလ ၂၂ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၄၈) တွင်ပါရှိသော “တရုတ်နိုင်ငံ၏ ဆက်ဆံရေး ပုံစံပြောင်းလဲလာမှုအပေါ် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးမည်” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ပြောကြားချက်အားကောက်နှုတ်ချက်။


         

“အလုပ်သမားတစ်ယောက်ရဲ့လစာကနည်းပြီး မန်နေဂျာတစ်ယောက်ရဲ့လစာက အများကြီးကွာနေလို့လည်း မဖြစ်ဘူး။ ပြီးတော့ အလုပ်သမားတစ်ယောက်ရဲ့လစာက နိုင်ငံတကာအဆင့်ရှိရမယ်။ အခုဆိုရင် နိုင်ငံခြားမှာ မြန်မာအလုပ်သမား တွေက အနှိမ်ခံရတယ်။ ကိုယ့်နိုင်ငံမှာတော့ ရတဲ့ပိုက်ဆံက အများကြီးဖြစ်ပြီး သူများနိုင်ငံနဲ့ယှဉ်ရင် တော်တော်ကြီးကို ကွာနေတယ်”

ဧပြီလ ၂၂ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၄၈) တွင်ပါရှိသော “အနိမ့်ဆုံးလုပ်ခလစာ တစ်ပြေးညီသတ်မှတ်ရန်လိုအပ်”သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


                                “ရွေးကောက်ပွဲကော်မရှင်က PR စနစ်ကို လွှတ်တော်တွင်းတင်လာမယ်ဆိုရင် အခြားပါတီတွေ ဘယ်လိုပဲကန့်ကွက်ကန့်ကွက် ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်အရေအတွက်ကို တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အတိုက်အခံပါတီ ကိုယ်စားလှယ်တွေ မနိုင်ပါဘူး”

ဧပြီလ ၂၂ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၄၈) တွင်ပါရှိသော “အချိုးကျမဲပေးစနစ်(PR)ကို လွှတ်တော်သို့တင်သွင်းပါက အကျေအလည်ဆွေးနွေးနိုင်ရန် အချိန်လုံလောက်စွာလိုအပ်”သတင်းမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြောင်းလဲလာတဲ့အခြေအနေတွေကြောင့် နိုင်ငံတော်မှာလိုအပ်လာတဲ့ အာမခံလုပ်ငန်းအမျိုးအစားတစ်ချို့ရှိလာပြီး အရင်တုန်းက စီးပွားရေးအခြေအနေအရ မစဉ်းစားတာတွေရှိတယ်။ အခုတော့ စဉ်းစားရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ပေးတာပာာ SME တွေပဲရှိတယ်။ ဒါကြောင့် တိုးတက်အောင်လုပ်ဆောင်သွားရမယ်”

ဧပြီလ ၂၂ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၄၈) တွင်ပါရှိသော “စီးပွားရေးကောင်းမွန်လာစေရန် အသေးစားနှင့်အလတ်စားလုပ်ငန်းများကို တိုးတက်အောင်လုပ်ဆောင်ရမည်ပာု ဒုတိယဝန်ကြီးပြော”သတင်းမှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်သိန်းပြောကြားချက်အား ကောက်နှုတ်ချက်။


                    သတင်းတိုများ

 စက်မှုဇုန်မှ အခြေခံအလုပ်သမားများအတွက် အသေးစားချေးငွေ ထုတ်ပေးမည်

သမဝါယမဝန်ကြီး ဦးကျော်ဆန်းသည် အထည်ချုပ်လုပ်ငန်းပိုင်ရှင်များအပြင် စက်ရုံအလုပ်ရုံ အသီးသီးမှ အလုပ်သမားပြည်သူများ၏ လိုအပ်သောအရင်းအနှီးမရှိမှုများ ပြေလည်စေရန်အတွက် အသေးစားချေးငွေများကို အလုပ်သမား ၅ ဦးပါဝင်သော အစုအဖွဲ့စုဖွဲ့ပြီး ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေများထုတ် ပေးမည်ဖြစ်ကြောင်း မနေ့က ဧပြီလ ၂၀ ရက်နေ့တွင် လှိုင်သာယာစက်မှုဇုန် (၁) ကနောင်းခန်းမတွင် အလုပ်သမားများနှင့်တွေ့ဆုံစဉ်တွင် ပြောကြား ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး လှုပ်ရှားမှုလမ်းလျှောက်ပွဲပြုလုပ်

ပြည်ထောင်စုငြိမ်းချမ်းရေး လှုပ်ရှားမှု လမ်းလျှောက်ပွဲကို ယနေ့ ၂၁ ရက်နေ့ မနက် ၈နာရီခန့်တွင် လူအင်အား ၄၀ကျော်ဖြင့် ပြုလုပ်ခဲ့ကြပြီး မြေနီကုန်းမှ ရန်ကုန်-ပြည် လမ်းမအတိုင်း အင်းလျားကန် အနီးထိလမ်းလျှောက်ခဲ့ ကြကြောင်းသိရသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်ဆွေးနွေးမှုပြုလုပ်မည်

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လာမည့် ဧပြီလ ၂၆ ရက်နေ့ မနက်(၉)နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ကော်မရှင်ရုံးမှ နိုင်ငံရေး ပါတီများထံသို့ ဖိတ်စာများပေးပို့ဖိတ်ကြားခဲ့ပြီး ၎င်းဖိတ်စာတွင် မဲဆန္ဒစာရင်း တင်သွင်းမှု နိုင်ငံရေး ပါတီများ၏ ရန်ပုံငွေ ထောက်ပံ့မှု၊ နိုင်ငံရေး ပါတီများ၏ (Code of Conducts) လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း၊ ဆန္ဒမဲပေးရန် ပညာပေးမှု ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ပါဝင်လေ့လာပေးနိုင်မှုများ စသည့် ကိစ္စရပ်များကို ဆွေးနွေးရန် ပါဝင်ကြောင်းသိရသည်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment