Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ယခင်အစိုးရမှ လုပ်ငန်းရှင်များသို့ ရောင်းချခဲ့သည့် စက်သုံးဆီဆိုင်ကိစ္စ လက်ရှိအစိုးရတာဝန်ယူရန် ပြောကြား
  2. ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဥက္ကဋ္ဌရာထူး ဦးသူရရွှေမန်း လွှဲပြောင်းရယူ
  3. နိုင်ငံရေးပါတီများ ရန်ပုံငွေရယူခြင်းအတွက် တိကျသော နည်းဥပဒေများလိုအပ်
  4.  မြန်မာ-သြစတြေးလျနှစ်နိုင်ငံ လွှတ်တော်ချင်းပူးပေါင်းရေးဆွေးနွေး

ယခင်အစိုးရမှ လုပ်ငန်းရှင်များသို့ ရောင်းချခဲ့သည့် စက်သုံးဆီဆိုင်ကိစ္စ လက်ရှိအစိုးရတာဝန်ယူရန် ပြောကြား

ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံး ဆီဆိုင်များကို ဈေးနှုန်းအနိမ့်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ရောင်းချရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် အဆိုပါ ကိစ္စအား လက်ရှိအစိုးရမှ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တာဝန်ဖြေရှင်းပေးရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနမှ ရောင်းချပေးခဲ့သည့် စက်သုံးဆီဆိုင်များသည် တပ်မတော်အစိုးရပိုင်ဆီဆိုင်များ မပာုတ်ဘဲ ပြည်သူ ပိုင်ဖြစ်သည့်အတွက် ရောင်းချရာတွင်လည်း ပြည်သူများသိရှိနိုင်စေရန် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရောင်းချသင့်ပြီး ထိုသို့ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် အခွန်ဘဏ္ဍာငွေနစ်နာဆုံးရှုံးခဲ့သည့်အပြင် တရားမဝင်ရောင်း ဝယ်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်မှ ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ရောင်းချ ပေးခဲ့သည့် စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းမှာ ကာလပေါက်ဈေးထက် အဆမတန်လျော့နည်းလျက်ရှိကြောင်း လေ့လာတွေ့ရှိ ရသည့်အတွက် ယင်းအား လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ တာဝန်ယူရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့်လည်း လွှတ်တော်သက်တမ်းမကုန်မီ ယင်းကိစ္စအား ပွင့်လင်း မြင်သာမှုရှိရေးနှင့် အမှန်တရားပေါ်ပေါက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြော ကြားသည်။

ယခင်တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အစိုးရစက်သုံးဆီဆိုင် ၂၇၂ ဆိုင်အနက် ၂၆၀ ကျော်အား စက်သုံးဆီသိုလှောင်ရောင်းချခွင့်လေလံအောင်မြင်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်ကြီးများအား ဈေးနှုန်းအနိမ့်ဖြင့် ရောင်းချခဲ့ ကြောင်း သိရသည်။

YC


 

 

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဥက္ကဋ္ဌရာထူး ဦးသူရရွှေမန်း လွှဲပြောင်းရယူ

ပါတီဥက္ကဋ္ဌရာထူးရယူထားခြင်းကြောင့် ဝေဖန်မှုများခံနေရသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပါတီဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူလိုက်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒု - ဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်းယူလိုက်ကြောင်းကို ယနေ့ ကျင်းပပြု လုပ်ခဲ့သည့် ကြံခိုင်ရေးပါတီလူငယ်ညီလာခံတွင် တရားဝင်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးအောင်သိန်းလင်း ကအတည်ပြုပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ကြံခိုင်ရေးပါတီဗဟိုညီလာခံတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးချယ်ခံခဲ့ရပြီး အခြေခံဥပဒေပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် ပါတီ တစ်ခု၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့်မရှိသောကြောင့် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များ လွဲအပ်ထား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌသစ် သူရဦးရွှေမန်းသည် ယနေ့နံနက်တွင်ကျင်းပခဲ့သည် ပါတီ၏ လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စွမ်းရည်မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး သဘာပတိ ပြု လုပ်ကာ အဖွင့်မှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

၎င်း၏အမှာစကားတွင် ပါတီစတင်တည်ထောင်ခဲ့သော ၁၉၉၃ ခုနှစ် ကတည်းကပင် လူငယ်များနှင့်စတင်ဖွဲ့ စည်းခဲ့ ခြင်းဖြစ်ကာ ပါတီ၏ သမိုင်းကြောင်းကို ကြည့်ပါက လူငယ်များကို မဏ္ဍိုင်ပြု၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး  အဆိုပါအစဉ်လာ ကောင်း ကို ဆက်လက်ထိန်းသိမ်းရန်အတွက် လူငယ်များနှင့် အားသစ်လောင်းရန်လိုအပ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော ကြားခဲ့သည်။

ပါတီ၏ ရည်မှန်းချက်ဖြစ်သည့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောင်နိုင်ရန်အတွက် လွှတ်တော် အသီးသီးတွင် နေရာယူထားကြသော ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အစိုးရ အကောင်အ ထည်ဖော်နေသော ကဏ္ဍများတွင် အဆင်ပြေချောမွေ့နိုင်ရန် ကူညီဆောင်ရွက်ရမည်ဖြစ်ပြီး သို့မှသာလျှင် ပါတီ၏အစဉ်လာကောင်းကို ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒီမိုကရေစီစနစ် အောင်မြင်ရန်အတွက် ဦးနှောက်နှင့်တွေး၊ ပါးစပ်နှင့်ပြောနေရုံဖြင့် မရဘဲ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှသာ အောင်မြင်မည်ဖြစ်ပြီး အပြောနှင့်အလုပ်မညီပါကလည်း ပြည်သူလူထုမှ ပါတီအပေါ် ယုံကြည်မှုကျဆင်းသွားမည်ဖြစ်ကြောင်းနှင့် ယခင်ကာလများကဖြစ်ပွားခဲ့သည့် မကောင်းသည့် အစဉ်အလာကိစ္စရပ်များကို သင်ခန်းစာယူကာ ဖျောက်ဖျက်ရမည်ဖြစ်ပြီး ထိုသို့ဖျောက်ဖျက်နိုင်ရာတွင် အကြံပြုချက်များကို နားထောင်ရန်၊ ဆွေးနွေးချက် များကို လက်ခံရန်၊ အပြန်အလှန်ဆွေးနွေးမှုအပေါ်မူတည်ပြီး အကောင်းဆုံးရလဒ် တို့ကိုအကောင် အထည်ဖော်ရမည် ဖြစ် ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို မိမိတို့ပါတီအနေဖြင့် မပြတ်နားစွင့်နေရမည်ဖြစ်ပြီး လူပုဂ္ဂိုလ် တစ်ယောက်၏ အကျိုးနှင့် ပါတီ၏ အကျိုးကိုယှဉ်လာမည်ဆိုပါက ပါတီ၏အကျိုးကိုဦးစားပေးမည်၊ ပါတီ၏ အကျိုးနှင့် နိုင်ငံ၏ အကျိုးယှဉ်လာပါက နိုင်ငံ၏အကျိုးကိုဦးစားပေးမည် ဟူသည့် ပါတီ၏ခံယူချက်အတိုင်း လက်တွေ့ဆောင်ရွက်နိုင်ပါက ပြည်သူ များ၏ ယုံကြည်လေးစားမှုကို ရရှိလာမည်ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့ကြောင်းသိရှိရသည်။

အဆိုပါအစည်းအဝေးသို့ ဦးသူရရွှေမန်းအပါအဝင် ပါတီဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီဥက္ကဋ္ဌများ(ဝန်ကြီးချုပ်)၊ ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယများ အပါအဝင် ဖိတ်ကြား ခံရသူ ၆၂၇ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


နိုင်ငံရေးပါတီများ ရန်ပုံငွေရယူခြင်းအတွက် တိကျသော နည်းဥပဒေများလိုအပ်

နိုင်ငံရေးပါတီကြီးအချို့သည် လူမှုရေးကွန်ရက်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် နိုင်ငံခြား ထောက်ပံငွေနှင့် အကူအညီများ ရယူလျှက်ရှိခြင်း၊ ပါတီစည်းရုံးရေးနှင့် အောင်နိုင်ရေးလုပ်ငန်းများ အတွက် သွယ်ဝိုက်၍ အကျိုးပြုစေခြင်း၊ အချို့ပါတီများက နိုင်ငံပိုင်ငွေကြေးများ၊ ပစ္စည်းများ သုံးစွဲလျှက်ရှိခြင်းတို့ အပေါ် ပွင့်လင်းမြင်သာပြီး မဲဆန္ဒ ရှင်ပြည်သူများ သိရှိနိုင်ရန်အတွက် ပိုမိုတိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ညွှန်ကြားချက်များ၊ နည်းဥပဒေများ လိုအပ်နေ သေးကြောင်း  သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ  ဦးသိန်းညွှန့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရန်ပုံငွေ ရယူသော ကိစ္စများ၊ နိုင်ငံပိုင်ငွေနှင့် ပစ္စည်း သုံးစွဲသောကိစ္စများကို အတိအကျ အဓိပ္ပာယ်ဖွင့် ဆိုပေးရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဆောင်ရွက်ပေးရန် လိုအပ်ပြီး ထိုသို့ ဆောင်ရွက်ရန် လက်ရှိဥပဒေများအရပြည့်စုံမှုမရှိပါက လွှတ်တော်တွင် ဥပဒေအသစ် တင်သွင်းရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

Financing of Political Parties ( ပါတီရန်ပုံငွေအရင်းအမြစ်များ) နှင့်ပတ်သက်ပြီး ပြည်ထောင်စုရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်၏ ရှင်းပြချက်အရ ပါတီရန်ပုံငွေအရင်းအမြစ်များတွင် ပါတီဝင်ကြေး၊ လစဉ်ကြေး၊ ပုဂ္ဂလိက လှူဒါန်းငွေ၊ နိုင်ငံတော်မှ ပံ့ပိုးငွေနှင့် ပါတီပိုင် စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသော ငွေ နှင့် အမြတ်အစွန်း များဟူ၍ ရှိပြီး ပုဂ္ဂလိကလှူဒါန်းငွေဆိုရာတွင် တစ်ဦးချင်းလှူဒါန်းငွေ၊ အဖွဲ့အစည်းလှူဒါန်း ငွေ၊ အစိုးရထံမှ ကန်ထရိုက် ရရှိထားသော ကော်ပိုရေးရှင်းများမှ လှူဒါန်းငွေ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ သုံးစွဲမှုနှင့် အမည်မဖော်သော လှူဒါန်းငွေ၊ နိုင်ငံတော် ပံ့ပိုးငွေ ( Public Funding) တွင်လည်း တိုက်ရိုက်ငွေ ကြေးပံပိုးခြင်း တို့ရှိကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းရှိ ရန်ပုံငွေစည်းမျဉ်း များနှင့်ပတ်သက်၍ IDEA က သုတေသနပြု ထားသော နိုင်ငံများအနက် နိုင်ငံပေါင်း ၁၁၆ နိုင်ငံက တိုက်ရိုက်ပံ့ပိုးငွေ ပေးအပ် ခြင်းတို့ရှိကြောင်း သိရှိရသည်။

ပါတီငယ်များရှင်သန်နိုင်ရေးအတွက် ချင်းအမျိုးသားပါတီမှ ဝင်ရောက်ဆွေးနွေးရာတွင် ကိုယ်စားလှယ်လောင်း များ အတွက် ရွေးကောက်ပွဲမှတ်ပုံတင်ကြေးကို လျော့ပေါ့ပေးစေလိုကြောင်းနှင့် ရွေးကောက်ပွဲတွင် အရေးသည့် မဲရုံကိုယ်စားလှယ် များ ခန့်အပ်ရာတွင် သုံးစွဲရမည့်အသုံးစရိတ်အတွက် နိုင်ငံတော်က Public Funding အဖြစ် ထောက်ပံ့ ကူညီထောက်ပံ့ ပေးစေလိုပြီး ပြည်ပသို့ရောက်ရှိနေသော ချင်းအမျိုးသားဆွေမျိုးများထံမှ အထောက် အပံ့များ ရယူခွင့်ပြုစေလိုကာ ဘဏ္ဍာငွေ ရှာဖွေခွင့်ဆိုင်ရာ တင်းကျပ်ထားမှုများကိုလည်း လျော့ချပေးစေလို ကြောင်း အကြံပြုတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံရေးပါတီ ၂၁ ပါတီ၊ အမျိုးသမီးရေးရာ၊ ၈၈ မျိုးဆက်အဖွဲ့၊ Myanmar Egress ၊ ငြိမ်းဖောင်ဒေးရှင်း၊ လောကအလင်း၊ Pandita Development Institude၊ Yangon School of Political Science၊ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ရက် စသည့် လေ့လာရေး အရပ်ဘက် အဖွဲ့အစည်းကိုးဖွဲ့ နှင့် နိုင်ငံ တော်သမ္မတ နိုင်ငံရေးအကြံပေး၊ ဥပဒေ အကြံပေး၊ Facilitati or, EU – ENGOST, UNDP, IFES, UKAID, AUSAID, IDEA , Asia Foundation စသည့်အစိုးရနှင့် NGOs အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

YC

 


 

 မြန်မာ-သြစတြေးလျနှစ်နိုင်ငံ လွှတ်တော်ချင်းပူးပေါင်းရေးဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဧပြီလ ၂၇ ရက်နေ့တွင် ရောက်ရှိလာ သည့် သြစတြေးလျဥပဒေပြု အထက်လွှတ်တော်ဥက္ကဋ္ဌ ဆီနိတ်တာ Hon. John. Joseph Hogg ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ လွှတ်တော်ချင်း ခင်မင် ရင်းနှီးမှုမှ နိုင်ငံချင်း၊ ပြည်သူချင်း ခင်မင်ရင်းနှီးအောင် ထူထောင်ရေး၊ လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့ လွှတ်တော် စာကြည့်တိုက်နှင့် လွှတ်တော်ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးအတွက် သြစတြေးလျနိုင်ငံမှ ကူညီပေးရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လွှတ်တော်နှစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပိုမိုပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ယူမှုများ ရှိလာနိုင် စေရေး အတွက် သြစတြေးလျပါလီမန်မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သြစီပါလီမန်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

ထို့ပြင် ၎င်း၏ခရီးစဉ်အတွင်း ပါလီမန်တစ်ခု အလုပ်လုပ်ပုံများ၊ နိုင်ငံရေးသမားများ လုပ်ဆောင်သင့်သည့် အချက်များ နှင့် ပြည်သူများ၏အကျိုးသယ်ပိုးနိုင်စေရန် ဆောင်ရွက်ရမည့် အချက်များ၊ လိုအပ်ချက်များအား သြစတြေးလျနိုင်ငံမှ ထောက်ပံ့ ကူညီပေးသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြန်မာ-သြစတြေးလျနှစ်နိုင်ငံ၏ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)နှင့် Inter-Parlimentary Union တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည့်အပြင် လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုအဆင်ပြေနိုင်စေရန် ကြားနေဆောင်ရွက် ပေးမည့် သုတေသန ပညာရှင်များပါဝင်သော အေဂျင်စီ တစ်ခုထားရှိရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ သြစတြေးလျနိုင်ငံလွှတ်တော်မှ အဆင့်မြင့်အရာရှိတစ်ဦး မြန်မာနိုင်ငံသို့လာရောက်ခြင်း လည်ပတ်ခြင်း သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment