Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အရင်နှစ်ကတော့ ဝန်ကြီးဌာနအစီအစဉ်နဲ့ တင်ဒါစနစ်နဲ့ဆောင်ရွက်ခဲ့တယ်။ ဒီနှစ်တော့ သမ္မတရုံးက ကုမ္ပဏီအားလုံးအပေါ် တင်ဒါစနစ်ကို တစ်ပြေးညီဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်။ အဲဒီအတွက် ဝန်ကြီးဌာန ပြန်ပြင်ရတာတွေရှိတဲ့အတွက် ဒီနှစ် ဘဏ္ဍာနှစ်မှာ ဆောင်ရွက်မယ့်ကိစ္စတွေကတော့ ချက်ချင်းမဆောင်ရွက် နိုင်သေးဘူး။ ဝန်ကြီးဌာနတွေကလည်း အသေးစိတ် ညွှန်ကြားမှုတွေ ပြန်ချမပေးသေးပါဘူး”

မေလ ၁ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် သတင်းစာ အတွဲ(၁) အမှတ်(၀၂၆) တွင်ပါရှိသော “ကျေးလက်ဖွံ့ဖြိုးဖို့ ကုမ္ပဏီတွေကို တစ်ပြေးညီလုပ်ခိုင်း”သတင်းမှ နယ်စပ်ရေးရာဝန်ကြီးဌာနရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆန္ဒဖော်ထုတ်နေရတဲ့အပေါ်မှာ ထူးခြားတဲ့တစ်စုံတစ်ရာရှိတယ်လို့ တိတိကျကျပြောလို့ မရသေးဘူး။ လက်ပံတောင်းတောင် ကိစ္စပာာ ဒေသခံတွေနဲ့ပဲ သက်ဆိုင်တာမပာုတ်ဘူး။ ပြည်သူလူထု တစ်ရပ်လုံးနဲ့ဆိုင်တဲ့အတွက် ပြည်သူနဲ့ အစိုးရကြား တစ်စုံ တစ်ရာညှိနှိုင်းမှု အဆင်ပြေမှသာ ထူးခြားမှုရှိပြီး၊ ပြီးဆုံးတယ်လို့ ပြောလို့ရမှာပါ”

မေလ ၃ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ(၁) အမှတ်(၃၁)တွင်ပါရှိသော “လက်ပံတောင်းအရေးပြည်သူနှင့် အစိုးရကြား ညှိနှိုင်းမှုရှိမှသာ ပြီးဆုံးနိုင်ပာုဆို”သတင်းမှ လက်ပံတောင်းအရေး (၅)လပြည့် ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သူ ကိုမိုဃ်းသွေး ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီမှာရှိတဲ့ဒေသခံတွေရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွေ၊ သူတို့ရဲ့အနာဂါတ်တွေကို ထည့်စဉ်းစားပြီး ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက် လက်ရှိ လောလောဆယ်မှာတော့ ကော်မရှင်ကဆောင်ရွက်နေတဲ့ အချက်အလက်၊ ဒေသခံတွေရဲ့ လိုအပ်ချက် တွေကို တခြားပူးပေါင်း ဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းတွေကို ဖွင့်ပေးပြီးတော့ ညှိနှိုင်းဆောင်ရွက်ခြင်းပုံစံနဲ့ သွားစေချင် တယ်”

မေလ ၃ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ်(၁၀၇) တွင်ပါရှိသော “လက်ပံတောင်းတောင် ပဋိပက္ခအရေးကို အတက်နိုင်ဆုံးပြေလည်သော နည်းလမ်းသုံးပြီး ဖြေရှင်းသင့်ပာု ၈၈ မျိုးဆက်အဖွဲ့ပြောကြား”သတင်းမှ ၈၈ မျိုးဆက် ကျောင်းသား ကိုပြုံးချို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစ်မပာိုတလောက ထိုင်းဘက်ကို ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့သွားတော့ အဲဒီက ရွှေ့ပြောင်းအလုပ်သမားတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိချင်တယ်လို့ ပြောတယ်။ သူတို့ဆီမှာက ပာိုကနေမဲပေးဖို့ဆိုတဲ့ အခွင့်အလမ်းက အရမ်းနည်း တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့မဲပေးနိုင်ဖို့အတွက် အစ်မကိုမေးကြတယ်။ သူတို့က ဒီကိုလာပြီးတော့ မဲလာပေးမယ် ဆိုရင် အလုပ်ရှင်တွေက ခွင့်မပြုတာရှိတယ်။ ငွေရေး၊ကြေးရေး အဆင်မပြေတာရှိတယ်။ မဲပေးဖို့ဒီမှာ သန်းခေါင်စာရင်း လာလုပ်ရတာ မလွယ်ဘူး။ အဲ့တာကြောင့် သူတို့ကမဲပုံးလေး လာထောင်စေချင်တယ်လို့ အစ်မကိုပြောပြခဲ့တယ်”

မေလ ၃ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ(၃) အမှတ်(၁၃၈)တွင်ပါရှိသော “ရွှေ့ပြောင်းအလုပ်သမားများ ၂၀၁၅ ရွေးကောက်ပွဲမဲပေးနိုင်ရေး ဆောင်ရွက်ပေးစေလို”သတင်းမှ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ မသက်သက်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကေအိုင်အိုဘက်ကလည်း နိုင်ငံတကာကို တက်ရောက်စေချင်တယ်။ တရုတ်ကိုလည်း မဖိတ်ဘူးဆိုရင်တော့ တစ်မျိုးပေါ့။ တရုတ်လည်း နားလည်ပေးရမယ့် အပိုင်းတော့ရှိတာပေါ့။ အစိုးရကလည်း တရုတ်ရော၊ ကေအိုင်အိုကိုပါ ညှိနှိုင်းပြီး အားလုံး ပါဝင်မယ်ဆိုရင် အမြန်ဆုံးနိုင်ငံရေးစားပွဲပေါ်ကို ရောက်မှာပါ”

မေလ ၄ ရက်နေ့ထုတ် Trade Time ဂျာနယ် အတွဲ(၂) အမှတ်(၅၅) တွင်ပါရှိသော “KIO နှင့်ငြိမ်းချမ်းရေး တရုတ်နှင့် ညှိနှိုင်း ရန်လို” သတင်းမှ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီဆုနှစ်ဆုချီးမြှင့်မည်

Community Of Democracies ၏ ဝန်ကြီးဆိုင်ရာ ညီလာခံသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီစနစ် အောင်မြင်စွာဖော်ဆောင်နိုင်မှုအတွက် ဆုနှစ်ဆုချီးမြှင့်မည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ သတင်းထုတ်ပြန် သည်။

Xpress Money မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုစတင်

မြန်မာနိုင်ငံသားများဘဏ်နှင့် အသေးစား အလတ်စား စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်သည် ဗြိတိန်အခြေစိုက် Xpress Money ပူးပေါင်း၍ နိုင်ငံပေါင်း ၁၅၀ မှမြန်မာနိုင်ငံသို့ ငွေလွှဲပို့သည့် ဝန်ဆောင်မှုကို ဧပြီလ ၂၉ ရက်နေ့တွင် စတင်လိုက်ကြောင်း သိရသည်။

Korea Bank မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်

အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း SME များအတွက် ဝန်ဆောင်မှုပေးမည့် Industrial Bank of Korea က မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲကို ဧပြီလ ၂၉ ရက်နေ့တွင်စတင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

သီလဝါစီမံကိန်း အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်မည်

သီလဝါ အထူးစီးပွားရေး စီမံကိန်းဇုန်သည် မြေဟက်တာ ၂၄၀၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်နေရာ ပထမအဆင့်တွင် မြန်မာ-ဂျပန်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများသာရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဒုတိယအဆင့် တွင်မူ နိုင်ငံတကာကုမ္ပဏီများကို ရင်းနှီးမြှပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

NLD မှစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အား ဧပြီလ ၂၉ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်၍ ဖွဲ့စည်းခဲ့သည်။၎င်းအဖွဲ့တွင် ဦးဉာဏ်ဝင်း(ဥက္ကဌ)ဖြစ်ပြီး အဖွဲ့ဝင်များမှာ ဒေါက်တာမျိုးအောင်၊ ဒေါ်လဲ့ လဲ့၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး တို့ဖြစ်ကြောင်းသိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment