Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဧပြီလတွင် တရုတ်၏ ထုတ်လုပ်မှုကြီးထွားနှုန်းနှေးကွေး

(1 May 2013 ရက်စွဲပါ BBC News မှ China manufacturing growth slows in April ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံက စင်္ကာပူရေကြောင်းဥပဒေပညာရှင်များဖြင့် ရေကြောင်းဥပဒေပြင်ဆင်ရန်လုပ်ဆောင်

(2 March 2013 ရက်စွဲပါ Business Times မှ George Joseph ရေးသားသော Yangon taps expertise of Singapore သတင်းကိုဘာသာပြန်ဆိုသည်)

  1.  မြန်မာနိုင်ငံတွင်ကျင်းပမည့် ဒေသတွင်း အဓိကသော့ချက်လုံခြုံရေးအစည်းအဝေး ရွှေ့ဆိုင်း

(1 May 2013 ရက်စွဲပါ The Economic Times မှ Key regional security meeting in Myanmar postponed သတင်းကို ဘာသာပြန်ဆိုသည်)


ဧပြီလတွင် တရုတ်၏ ထုတ်လုပ်မှုကြီးထွားနှုန်းနှေးကွေး

(1 May 2013 ရက်စွဲပါ BBC News မှ China manufacturing growth slows in April ကိုဘာသာပြန်ဆိုသည်)

Photo Credit by BBC

တရုတ်နိုင်ငံထုတ်လုပ်မှုကဏ္ဍ၏ ကြီးထွားမှုမှာ ဧပြီလတွင် မမျှော်လင့်ပဲ နှေးကွေးခဲ့ရာ ၎င်း၏စီးပွားရေးပြန်လည် နလံထမှုမှာ ခိုင်မာမှုမရှိသေးကြောင်း စိုးရိမ်ဖွယ်အခြေအနေကိုဖော်ပြပါသည်။

ထုတ်လုပ်မှုကို အဓိကတိုင်းတာသည့် ဝယ်ယူမှုမန်နေဂျာညွှန်းကိန်း(Purchasing Managers’ Index-PMI)အရ မတ်လတွင် ၅၀.၉ မှ ၅၀.၆ သို့ကျဆင်းသွားခဲ့ပါသည်။

ပို့ကုန်မှာယူမှုများမှာလည်း ကျဆင်းခဲ့ရာ တစ်ကမ္ဘာလုံး ဝယ်ယူမှုအားနည်းခြင်းကို ပြသနေခြင်းဖြစ်ပါသည်။

၂၀၁၂ ခုနှစ်က တရုတ်နိုင်ငံသည်(၁၃)နှစ်အတွင်း ကြီးထွားမှုနှုန်း ကျဆင်းခဲ့ရာ ထုတ်လုပ်မှုကဲ့သို့သော အဓိက ကဏ္ဍများတွင် တိုးချဲ့နိုင်ရန်မြှင့်တင်ရေးများ ကြိုးစားလုပ်ဆောင်နေပါသည်။

“ဧပြီလ PMI အရကျဆင်းနေမှုပာာ တရုတ်ရဲ့စီးပွားရေးနလံထမှုအခြေခံများ ခိုင်မာမှုမရှိသေးဘူးဆိုတာ ကိုပြသ နေပါတယ်”ပာု Beijing ရှိ အစိုးရ၏ထိပ်တန်း ဉာဏ်ကြီးရှင်အဖွဲ့ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေးသုတေသနဗပာိုမှ စီးပွားရေး ပညာရှင် Zhang Liqun ကပြောကြားခဲ့ပါသည်။

ပြည်တွင်းကိုအာရုံပြုခြင်း

ကမ္ဘာတွင် ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးတိုးတက်ကြီးထွားမှုအတွက် ထုတ်လုပ်မှုနှင့် ပို့ကုန်ကဏ္ဍကိုကြီးစွာမှီခိုရပါသည်။

သို့သော် အမေရိကန်နှင့် ဥရောပဇုန်ကဲ့သို့သော အဓိကဈေးကွက်များမှ ဝယ်လိုအားကျဆင်းလာခြင်းသည် မကြာ သေးမီကာလအတွင်း ၎င်း၏ကြီးထွားမှုကိုထိခိုက်ခဲ့ပါသည်။

တရုတ်၏စီးပွားရေးသည် ယခုနှစ် ပထမသုံးလတွင် နှစ်စဉ်နှုန်း ၇.၇% ဖြင့်ကြီးထွားလာခဲ့ရာ ပြီးခဲ့သည့် ကွာတားက ၇.၉% ရှိခဲ့ခြင်းမှ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

သုံးသပ်သူများက သတိပေးရာတွင် စီးပွားရေးနှေးကွေးရာမှ ပြန်လည်အားယူ၍တက်လာရန် လက္ခဏာအချို့ တွေ့ရ သော်လည်း ပြန်လည်နလံထမှုမှာ အားနည်းလျက်ရှိမည်ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် အဓိကပို့ကုန် ဈေးကွက်သည် အဆိုပါဒေသများမျ ဝယ်ယူမှုထိခိုက်သည့် စီးပွားရေးပြဿနာများကို ဆက်လက်ကြုံတွေ့ နေရဆဲဖြစ်ခြင်း ကြောင့်ပာု ဆိုပါ သည်။

အချို့သုံးသပ်သူများက တရုတ်၏ကြီးထွားမှုနှုန်းမှာ လာမည့်ကွာတားများတွင်လည်း နှေးကွေးနိုင်သေးကြောင်း သတိပေးခဲ့ပါသည်။

ရလဒ်အားဖြင့် ပို့ကုန်အပေါ်မှီခိုရမှု လျှော့ချရန်၊ စီးပွားရေးရေချိန်ပြန်လည်ညှိရန်နှင့် ကြီးထွားမှုနှုန်း ဆက်ထိန်းထား နိုင်ရန် ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးအတွက် Beijing အပေါ်တောင်းဆိုမှုများ ရှိလာပါသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်တွင်းဝယ်လိုအား တည်ငြိမ်အောင်နဲ့ စီးပွားရေးနလံထမှုအဆက်မပြတ်ဖြစ်ရေးအတွက် အလုပ်လုပ် ရပါမယ်”ပာု Mr. Zhang ကပြောပါသည်။


မြန်မာနိုင်ငံက စင်္ကာပူရေကြောင်းဥပဒေပညာရှင်များဖြင့် ရေကြောင်းဥပဒေပြင်ဆင်ရန်လုပ်ဆောင်

(2 March 2013 ရက်စွဲပါ Business Times မှ George Joseph ရေးသားသော Yangon taps expertise of Singapore သတင်း ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် ၎င်း၏ရေကြောင်းဆိုင်ရာ ဥပဒေများကိုသုံးသပ်၍ ခေတ်မှီအောင် ပြင်ဆင်ရေးအတွက်ကူညီရန် စင်္ကာပူမှအတွေ့အကြုံရှိ ရေကြောင်းဆိုင်ရာဥပဒေပညာရှင်ရှေ့နေ Jude Benny အားကမ်းလှမ်းခဲ့ပါသည်။

မြန်မာနိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းဦးစီးဌာန၏ ခန့်အပ်မှုအရ Mr.Bunny သည်ရေကြောင်းဥပဒေ စည်းမျဉ်းများကို ပြန်လည်သုံးသပ်ရန်အကြံပေးအဖြစ် ထမ်းဆောင်မည်ဖြစ်ပါသည်။

၎င်းသည် အသက်(၅၅)နှစ်ရှိပြီဖြစ်ပြီး စင်္ကာပူနိုင်ငံဥပဒေအကြံပေးအဖွဲ့ဖြစ်သော Joseph Tan Jude Benny LLP မှမန်နေဂျင်းပါတနာတစ်ဦးဖြစ်ပြီး ရန်ကုန်တွင်ရုံးထိုင်မည်ဖြစ်ပါသည်။

၎င်းသည် မကြာခင်က သွားရောက်သော ရန်ကုန်ခရီးစဉ်တွင် ၎င်းသည်ပို့ဆောင်ရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ပါသည်။ Mr.Benny ကပြောကြားရာတွင် မြန်မာအာဏာပိုင်များသည် ၎င်းတို့၏ဥပဒေများကို ခေတ်မှီအောင် ပြုပြင်ရန်နှင့် နိုင်ငံတကာ စံများနှင့်အမှီလိုက်ရေးကို ဆုံးဖြတ်ထားသည်ပာုဆိပါသည်။

မြန်မာနိုင်ငံသည်လည်း စင်္ကာပူနှင့်အခြားဓနသပာာယနိုင်ငံများကျင့်သုံးသော ဗြိတိသျှဥပဒေကိုပင် ဆယ်စုနှစ်များစွာ ကတည်းက ကျင့်သုံးခဲ့သော်လည်း ၎င်း၏ရှုပ်ထွေးသောသမိုင်းကြောင်းတစ်လျှောက် မည်သည့်အခါကမျှ ပြင်ဆင်ဖြည့်စွက် ခြင်းများမပြုလုပ်ခဲ့ပေ။

ယခုအခါ မြန်မာနိုင်ငံတွင် ဒီမိုကရေစီမှာ အနေအထားသစ်တစ်ခုအဖြစ် ပေါ်ထွက်လာရာ ကုန်သွယ်မှုများ တိုးတက် လာပြီး မြန်မာဆိပ်ကမ်းများတွင် ကုန်ပစ္စည်းများ သင်္ဘောများ ပမာဏများစွာတိုးတက်သည်ပာု Mr.Bunny က BT သို့ပြောပါ သည်။

ရေကြောင်းဥပဒေများကို ပြင်ဆင်ခြင်းသည် တိုင်းပြည်၏ရေကြောင်းလုပ်ငန်းကို ကြီးမားစွာမြှင့်တင်ပေးသည်သာမက ဘဏ်များ၏ကဏ္ဍကို မြှင့်ပေးသွားနိုင်မည်ဖြစ်ပါသည်။

Mr.Bunny ကဥပမာပေး၍ပြောကြားရာတွင် “သင်္ဘောကို အာမခံပစ္စည်းထားတဲ့ကိစ္စ တောင်သူတို့မှာ မရှိပါဘူး။ ဒါကြောင့် ဘဏ်တွေရဲ့ ငွေချေးလုပ်ငန်းကို နှေးကွေးစေပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ သင်္ဘောအုပ်စုတွေက ဘဏ်က ငွေချေးမရတော့ သင်္ဘောပိုင်ရှင်တွေ သင်္ဘောဝယ်ဖို့ ဒါမှမပာုတ် သင်္ဘောဆောက်ဖို့မလုပ်နိုင်တော့ ကြီးထွားမလာနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ အရမ်းလိုအပ်နေတဲ့ tugs and barges တွေကို ဘဏ်မှာပေါင်းပြီး ငွေချေးပြီး မဝယ်နိုင်တော့ပါဘူး”ပာု ၎င်းက ပြောပါသည်။

Mr.Bunny သည်စင်္ကာပူရေကြောင်းဘုတ်အဖွဲ့တွင် အစပထမပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ၏သင်္ဘောလုပ်ငန်း အတော် များများမှာ စင်္ကာပူကုမ္ပဏီများမှတစ်ဆင့်သာ လုပ်ကိုင်ရကြောင်း ၎င်းကညွှန်ပြပါသည်။

၂၀၀၁ ခုနှစ်က ဂရိနိုင်ငံဆိပ်ကမ်းမြို့ဖြစ်သော Paireus တွင်ရုံးခန်းဖွင့်ခဲ့သော ပထမဆုံးစင်္ကာပူရှေ့နေများ တွင်ပါဝင် ပါသည်။ ၎င်းက ၎င်း၏ကုမ္ပဏီသည် ရန်ကုန်တွင်ရုံးခန်းဖွင့်မည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့ပါသည်။

 


 မြန်မာနိုင်ငံတွင်ကျင်းပမည့် ဒေသတွင်း အဓိကသော့ချက်လုံခြုံရေးအစည်းအဝေး ရွှေ့ဆိုင်း

(1 May 2013 ရက်စွဲပါ The Economic Times မှ Key regional security meeting in Myanmar postponed သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ရန် ဇူလိုင်လ အစောပိုင်း၌ နေပြည်တော်တွင် ကျင်းပမည့် ဒေသတွင်းအဓိက ကျသည့် လုံခြုံရေး ဆိုင်ရာ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက် သည်။

အရှေ့တောင်အာရှ၏ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်၏ သော့ချက်ကျသောလက္ခဏာများကို  အဓိကထား ဆွေးနွေး မည့် အတူယှဉ်တွဲနေထိုင်ကြသော ဒေသတွင်းလုံခြုံရေးဆိုင်ရာအခြေအနေ အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပရန်အစီအစဉ်ဆွဲထားခဲ့သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲသည် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်မည့် မြန်မာနိုင်ငံ၏ အရည်အသွေး အား ထိထိရောက်ရောက်ဖြစ်စေရန် မြှင့်တင်ပေးရန်လည်း ရည်ရွယ်ထားသည်။ ယင်းအဖြစ်အပျက်သည် မြန်မာ့တပ်မတော် နှင့် အမေရိကန်ပြည်ထောင်စုတို့ကြားရှိ ဆက်ဆံရေး တဖြည်းဖြည်းချင်းစီ တိုးသွားမည့် အတွဲလိုက် အစီအစဉ်တို့ထဲမှ တစ်ခုလည်းဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment