Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက မွတ်ဆလင်များအား တိုက်ခိုက်မှုကို ဒလိုင်းလားမား ကန့်ကွက်

( Reuters မှ 7 May 2013 ရက်စွဲပါ “ Dalai lama  decries Buddhists attacks on Muslims in Myanmar“ သတင်းကို  ဘာသာပြန်ဆိုသည် )

ဟတ်ကာများ၏ လာမည့်စီမံချက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ပစ်မှတ်ဖြစ်လာနိုင်

( 7 May 2013 ရက်စွဲပါ  The Independent  မှ  Eric Randolph  ရေးသားသော  Aung San Suu Kyi may become target as hackers launch Burma Campaign  ကို ဘာသာပြန်ပါသည်။)


မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက မွတ်ဆလင်များအား တိုက်ခိုက်မှုကို ဒလိုင်းလားမား ကန့်ကွက်

( Reuters မှ 7 May 2013 ရက်စွဲပါ “ Dalai lama  decries Buddhists attacks on Muslims in Myanmar“ သတင်းကို  ဘာသာပြန်ဆိုသည် )

Photo Credit by AFP

မြန်မာနိုင်ငံတွင် မွတ်ဆလင်များအား ဗုဒ္ဓဘာသာ ဘုန်းကြီးများက တိုက်ခိုက်မှုကို တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက အင်္ဂါနေ့တွင် ကန့်ကွက်လိုက်ပြီး ဘာသာရေး အကြောင်းပြု သတ်ဖြတ်မှုကို စိတ်ကူးထဲမှာပင် လက်မခံနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

အမေရိကန်ခရီးစဉ်အတွင်း မေရီလန်းတက္ကသိုလ်၌ ပရိတ်သတ်များကို ဟောပြောသော ဒလိုင်းလားမား က မြန်မာနိုင်ငံမှ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှု၏ ဇစ်မြစ်သည် ဘာသာရေးကိုင်းရှိုင်းမှု နှင့်မပတ်သတ်ပဲ နိုင်ငံရေး ပယောဂသာ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသည်။

မေရီလန်းတက္ကသိုလ်တွင် ငြိမ်းချမ်းရေးအတွက် အန်နဝါဆဒတ် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချပြီးနောက် ဒလိုင်းလားမားက “ အမှန်တကယ်တော့ ဘာသာရေးအကြောင်းပြ သတ်ဖြတ်တာဟာ စဉ်းစားဖို့တောင် မသင့်တဲ့စိတ်မ ကောင်းစရာကိစ္စပါ။ အခုတော့မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေတောင် ပါဝင်ပတ်သတ်နေကြပါပြီ “ ဟု ပြောကြား သည်။

“ မွတ်ဆလင်တွေကို အကာအကွယ်ပေးခဲ့တဲ့ ဗုဒ္ဓဘုရားရဲ့ မျက်နှာကိုထောက်ရှုပြီး တွေးတောဆင်ခြင် ကြပါလို့ မြန်မာဘုန်းကြီးတွေကို မေတ္တာရပ်ခံပါတယ် “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သော မတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တီလာတွင်  ဘာသာရေးခုတုံးလုပ် အကြမ်းဖက် အဓိက ရုဏ်း ဖြစ်ပွားခဲ့ရာ ၄၄ ဦး သေဆုံး၍ လူပေါင်း ၁၂၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ကြရပြီး၊ ဒုက္ခသည် အများစုမှာ မွတ်ဆလင် များ ဖြစ်ကြသည်။

မြန်မာနိုင်ငံတစ်ဝှမ်း မွတ်ဆလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုများတွင် ဘာသာရေး အစွန်းရောက် မြန်မာဘုန်းကြီးများ တက်တက်ကြွကြွ ပါဝင်ပတ်သတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက စုံစမ်း သိရှိခဲ့ရသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး အဆုံးသတ်၍ အရပ်ဖက်အစိုးရ အာဏာရလာပြီး နောက်ပိုင်းတွင် လူဦးရေ၏ ၅ရာခိုင်နှုန်း ရှိသော မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား အပြန်အလှန် ပဋိပက္ခများ အကြိမ်ပေါင်း များစွာ ဖြစ်ပွားခဲ့သည်။

အသက် ၇၇ နှစ်အရွယ် ဒလိုင်းလားမားက တက္ကသိုလ်ကျောင်းသား ပရိတ်သတ် ၁၅,၀၀၀ ခန့်အား ၂၁ ရာစုတွင် ကမ္ဘာအသစ်ကို ဖန်တီးကြရန် တိုက်တွန်းလိုက်ပြီး၊ ၎င်းမှာမူ ပြီးခဲ့သော ရာစုနှစ်၏ လူသားတစ် ယောက်သာဖြစ်သည်ဟု ပြောကြားပါသည်။

“ နှစ်ဆယ်ရာစု လူသားတွေကတော့ တာ့တာ့လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ခင်ဗျားတို့ကတော့ လူသားဆိုတာ တစ်မျိုးထဲပဲရှိတယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး ကမ္ဘာအသစ်ကို ဖန်တီးကြဖို့ တာဝန်ရှိ ပါတယ် “ ဟု ကမ္ဘာကျော် တိဘက်ဘာသာရေး ခေါင်းဆောင်က ဆိုပါသည်။

တရုတ်အုပ်စိုးမှုကို ဆန့်ကျင်အုံကြွမှုကြောင့် ၁၉၅၉ တွင် အိန္ဒိယ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒလိုင်းလားမား ကို တရုတ်အာဏာပိုင်များက ခွဲထွက်ရေးလှုပ်ရှားသူ အဖြစ် တံဆိပ်ကပ်ပေးထားသည်။ ဒလိုင်းလားမားကမူ မိမိ၏ ဟိမဝန္တာ ဇာတိဒေသ အတွက် ပိုမိုလွတ်လပ်ခွင့်ကို ကြိုးပမ်းခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

 


ဟတ်ကာများ၏ လာမည့်စီမံချက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ပစ်မှတ်ဖြစ်လာနိုင်

( 7 May 2013 ရက်စွဲပါ  The Independent  မှ  Eric Randolph  ရေးသားသော  Aung San Suu Kyi may become target as hackers launch Burma Campaign  ကို ဘာသာပြန်ပါသည်။)

Photo Credit by www.independent.co.uk

အမည်မဖော်လိုသူ ဟတ်ကာများအုပ်စုတစ်ခုက ၎င်းတို့၏နောက်ထပ်အင်တာနက်စီမံချက်တစ်ခုသည် ပြီးခဲ့သည့် နှစ်မှစ၍ လူမျိုးတုံးရှင်းလင်းရေး၏ ခြိမ်းခြောက်မှုနှင့် တိုး၍တိုက်ခိုက်မှုများကို ခံနေရသော မြန်မာနိုင်ငံ မှ မွတ်ဆလင် အသိုင်းအဝိုင်းကို ကာကွယ်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့ပါသည်။

အဆိုပါအုပ်စုကပြောကြားရာတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ပစ်မှတ်ဖြစ်လာ နိုင်ကြောင်း ပြောပါသည်။

အဆိုပါအုပ်စုအဖွဲ့ဝင်တစ်ဦးက  The Independent  သို့ပြောကြားရာတွင် မြန်မာနိုင်ငံအား ကန့်ကွက် ဆန္ဒပြမှုကို ဇွန်လ (၁) ရက်နေ့၌ လော့အိန်ဂျလစ်မြို့ရှိ  CNN  အဆောက်အဦးအပြင်ဘက်တွင် စာရွက်များဝေ ၍ စတင်မည်ဖြစ်ပြီး၊ အဆိုပါကိစ္စကို ပိုမိုအရေးယူကိုင်တွယ်ရေး တောင်းဆိုမည်ဖြစ်ပါသည်။မြန်မာအစိုးရ ဝက် ဆိုဒ်များကိုလည်း ဝင်ရောက် တိုက်ခိုက်ရန် မျှော်လင့်ရပါသည်။

အဆိုပါ စီမံချက်သည် တစိတ်တပိုင်းအားဖြင့် ကုလသမဂ္ဂကို ရည်ညွှန်းပြီး၊ ကုလသမဂ္ဂ အနေဖြင့် ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ ဖြည့်ဆည်းပေးသင့်ကြောင်း အမည်မဖော်လိုသည့် Twitter အကောင့် @ CassandraRules တွင် ဖော်ပြ ထားပါသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း မွတ်ဆလင်များကို တိုက်ခိုက်ခြင်းများအပေါ် တိုက်ရိုက်ဆန့်ကျင်ရန်ငြင်းဆိုမှုကြောင့် အဆိုပါအုပ်စု၏ ဖိအားပေးမှုကို ရင်ဆိုင်ရဖွယ် ရှိပါသည်။

“ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပစ်မှတ်ထားမယ့်ကိစ္စကတော့ စကားအခြေအတင်ပြောရဦးမှာပါ။ ဖြစ်နိုင်ပါတယ် လို့ပဲ ပြောနိုင်ပါမယ်။” ဟု အခြားအမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးက  Global Post သို့ပြောပါ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များက  The Independent သို့ ဧပြီလက ပြောကြားရာတွင် ရွေးကောက်ပွဲ ကြောင့် ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ တိုင်းပြည်မှာ မူဆလင်တွေကို ဗြောင်ထောက်ခံဖို့ ခက်ခဲပါသည် ဟု ဆိုပါသည်။

“ ဒါအမှန်ပါပဲ။ လူနည်းစုတွေ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို သူ မပြောနိုင်ပါဘူး။ ဒါပေမယ့် မြန်မာ လူထုက ဘာတွေစဉ်းစားကြတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့စိုးရိမ်ပါတယ်။” ဟု ပါတီအဖွဲ့ဝင် တစ်ဦးက ပြောပါသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင်များသည် ပြီးခဲ့သည့်နှစ်မှစ၍ တိုး၍မတရားဖိနှိပ်မှုများနှင့် ကြုံတွေ့လာ ရပါသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာမွတ်ဆလင်များမှာ မနှစ်က ဇွန်လနှင့် အောက်တိုဘာလတွင် လူမျိုးရေးအဓိကရုဏ်းများနှင့် ကြုံရပြီး လူပေါင်း (၁၈၀)ခန့်သေဆုံးပြီး၊ (၁၂၅၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။ ပြီးခဲ့သည့်လက Human Rights Watch  ၏ အစီရင်ခံစာတွင် အစိုးရသည် လူသားချင်းစာနာမှုမရှိသည့် တရားမျှတမှုမရှိသည့် ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲထားပါသည်။

ရိုဟင်ဂျာများမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသော တိုင်းရင်းသားအုပ်စုများဖြစ်ပြီး၊ တရားမဝင် ဝင်ရောက်လာ သူများဟု ရှုမြင်ပြီး အခြေအနေဆိုးရွားသော ဒုက္ခသည်စခန်းများတွင်သာ နေထိုင်ကြရပါသည်။


                    

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment