Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တပ်မတော်နှင့် ရှမ်းတောင်ပိုင်း RCSS/SSA တို့၏တိုက်ပွဲများကြောင့် ထွက်ပြေးသည့်စစ်ရှောင်ဒုက္ခသည်များအား တရုတ် လက်မခံ
  2. ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်မည်
  3. ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က သမ္မတထက် အာဏာပိုရှိကြောင်း ပညာရှင်တစ်ဦး သုံးသပ်


တပ်မတော်နှင့် ရှမ်းတောင်ပိုင်း RCSS/SSA တို့၏တိုက်ပွဲများကြောင့် ထွက်ပြေးသည့် စစ်ရှောင်ဒုက္ခသည်များအား တရုတ် လက်မခံ

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် အစိုးရ၏တပ်မတော်မှ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အား ဖောက်ဖျက်၍ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA စခန်းချရာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ အမှတ်(၇၀၁)နယ်မြေအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ဘေးရှောင် ဒေသခံ ပြည်သူများမှာ တရုတ်ပြည် အတွင်းသို့ထွက်ပြေးသော်လည်း တရုတ်အာဏာ ပိုင်များက လက်မခံဘဲ ပြန်လွှတ်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပတ်ခတ်သည်အထိ တိုက်ပွဲပြင်းထန်မှုများကြောင့် တပ်မတော်ဘက်မှ ကျဆုံးသူ ၉ ဦး၊ ဒဏ်ရာအကြီးအကျယ်ရရှိသူ ၈ ဦးအထိရှိနေပြီး ရှမ်းတောင်ပိုင်း SSA ဘက်မှအကျအဆုံးစာရင်းကိုမူ အတိအကျ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ ထို့ပြင် တပ်မတော်နှင့် ရှမ်းပြည်တောင်ပိုင်းတပ်မတော်တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နမ့်ခမ်းမြို့တစ်ဘက်ကမ်းရှိ နောင်မကျေးရွာအုပ်စု ဝမ်တာပေား၊ ပာိုဆိုင်း၊ ဝမ်ကွန် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀ ကျော်ခန့်မှ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်သကဲ့သို့ နမ့်ခမ်းမြို့ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်းများနှင့် မြို့ပေါ်ရှိ ဆွေမျိုးမိတ်ဆွေအိမ်များထံတွင် သွားရောက်ခိုလှုံလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် မြန်မာစစ်တပ်မှ စစ်ထောက်လှမ်းရေး(၄)ဦးပျောက်ဆုံးမှာ ရှမ်းပြည်နယ်တောင်ပိုင်း တပ်မတော်မှဖမ်းဆီသွားခြင်းဖြစ်သည်ပာု စွပ်စွဲခဲ့ပြီး မေလ ၅ ရက်နေ့တွင် အစိုးရတပ်မတော်မှ ရှမ်းတောင်တပ်မတော်ပိုင် ဒင်းခါးစခန်းအား ဝင်ရောက်ရှာဖွေမီးရှို့ရာမှ အစပြု၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်တွင် အစိုးရ၏ တပ်မတော်မှ ပာတ်ကြီးရေကာတာစီမံကိန်းနယ်မြေအတွင်းမှ ရှမ်းပြည်နယ်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့(SSA)တပ်ဖွဲ့များအား နေရာရွှေ့ပြောင်းခိုင်းခြင်းမှအစပြု၍ ရှမ်းမြောက်(SSA) အဖွဲ့များနှင့် သဘောထားတင်းမာကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတပ်မတော်(RCSS/SSA) အဖွဲ့များသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ပဏာမသဘောတူညီချက်(၈)ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

YC


ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်မည်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် ကမ္ဘော့ဘဏ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ လက်ရှိဆောင်ရွက် နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာနိုင်စေရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၉ ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂပာပိာုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအရ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအတွင်း အရည်အသွေးနှင့် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန် ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများသို့ အတိုးမဲ့ချေးငွေများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိသော အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(International Development Association)၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးမှုရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် စီမံဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့ဘဏ် စီမံကိန်းလုပ်ငန်းများ၏ လှည့်ပတ်မှုဖြစ်စဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ ပညာရေးနှင့် ပညာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော်ကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းဖြင့် အုပ်စုနှစ်ခုအကြား လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုသိရှိလာနိုင်ပြီး ဆောင်ရွက်မည့် စီမံကိန်းများကိုလည်း ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ထို့ပြင် ကမ္ဘာဘဏ်မှ မြန်မာအစိုးရ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်            ကတိကဝတ်ပြုထားသည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုအားကောင်းလာနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ် ဖန်တီးပေးခြင်း စသည့်လုပ်ငန်းစဉ်များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ မစ္စတာခန်သန်ရှင်ကာက ပြောကြား ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကုညီမှုများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်မှ ၂၀၁၃ ခုနှစ်မတိုင်မီကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုအပြီးသတ်တိုက်ဖျက်ခြင်းနှင့်ကမ္ဘာပေါ်ရှိ လူဦးရေ(၄၀)ရာခိုင်နှုန်း ဝင်ငွေတိုးတက်လာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။           

YC


ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က သမ္မတထက် အာဏာပိုရှိကြောင်း ပညာရှင်တစ်ဦး သုံးသပ်

လက်ရှိ ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်နေပြီး ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတထက် အာဏာပိုမိုအသုံးပြုနိုင်ရန် ပြဋ္ဌာန်းထားကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်နှိုင်းယှဉ်ကာ National University of Singapore ဥပဒေရေးရာ ဌာနမှ ဒေါက်တာမစ်စ် မယ်လီဆာက မေလ ၉ ရက်နေ့က မီကာဆာဟိုတယ်တွင် ပြုလုပ်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော်၏ အခန်းကဏ္ဍကို လေ့လာရာ၌ ၂၀၀၈ အခြေခံဥပဒေ၏ အခန်း(၇)တွင် တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ်မှသာ ထိန်းချုပ်ထားခြင်း၊ ကာကွယ်ရေးဦးစီးချုပ်အား ရွေးချယ်ရာတွင် ကာ/လုံ မှ ရွေးချယ်ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အတွက် တာဝန်သက်တမ်းအချိန် အကန့်အသတ်မရှိခြင်း၊ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရန် အရည်အချင်းသတ်မှတ်ချက်မရှိခြင်း၊ ကာကွယ်ရေးဦးစီးချုပ်အား ရာထူးမှဖယ်ရှားရန်အတွက် မည်သည့်နည်း ဥပဒေနှင့် ဆောင်ရွက်ရမည်ဆိုသည့် အချက်များမှာ ၂၀၀၈ အခြေခံဥပဒေ တွင်ပါဝင်ခြင်းမရှိကြောင်း မစ်စ်မယ်လီဆာမှ ပြောကြားခဲ့သည်။

တပ်မတော်သည် လွတ်တော်၏ ထိန်းချုပ်မှုအောက်တွင်သာရှိသင့်ပြီး တပ်မတော်အနေဖြင့် ဥပဒေပြုလွှတ်တော်တွင် မပါဝင်သင့်ကြောင်း စသည့်အချက်များကို တိကျစွာရေးဆွဲသင့်သည်ဟု မစ်စ်မယ်လီဆာက အကြုံပြုတင်ပြခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ပင် စစ်အာဏာရှင်များ၏လက်အောက်တွင် နေထိုင်ခဲ့ရသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်၏အခန်းကဏ္ဍကို လွှတ်တော်မှဖယ်ရှားနိုင်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံတွင်လည်း တပ်မတော်သားများ နိုင်ငံရေးလှုပ်ရှားမှုကို တိုက်ရိုက်ပါဝင်ခွင့်အား အခြေခံဥပဒေတွင် ထည့်သွင်း တားမြစ်ရေးဆွဲ ထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

သမ္မတမှ နယ်စပ်ရေးရာဝန်ကြီးခန့်အပ်ရန်အတွက် ကာ/ချုပ်၏ အကြံကို ယူရသည်ဆိုသည်မှာ လွှတ်တော်သည် ကာ/ချုပ် မပါဘဲ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်မရှိကြောင်းကို ပြသရာရောက်သည်ဟု ၎င်းကပြောကြားခဲ့သည်။

မစ်စ်မယ်လစ်ဆာခရော့ခ်ျ မှာ စင်ကာပူနိုင်ငံ NUS ဥပဒေရေးရာဌာနမှ ပါရဂူဘွဲ့ရတစ်ဦးဖြစ်ပြီး ၎င်း၏အဓိက သင်ကြားရေးနယ်ပယ်မှာ ပြည်သူ့ဥပဒေနှင့် အုပ်ချုပ်ရေးဥပဒေ တို့ဖြစ်ကာ သြစတေးလျနှင့် NUS တို့တွင် သင်ကြားပို့ချမှုများပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment