Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပထမဆုံး ဦးစားပေးက လျော်ကြေးပေါ့။ လျော်ကြေးတွေ ကျွန်တော်တို့ အများကြီးပေးခဲ့ပြီးပြီ။ ကုမ္ပဏီနဲ့ ဦးပိုင်နဲ့လည်း စာချုပ်ပြင်ဆင်ချုပ်ဖို့ ဆွေးနွေးနေပြီ။ နောက်ပြီး ကော်မရှင်ရဲ့ အစီရင်ခံစာဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်အတွက် သစ်ပင်တွေ ဘာတွေပြန်စိုက်ဖို့လည်း လုပ်နေပြီ။ ကျွန်တော်ထင်တယ် ဒီ အစီရင်ခံစာတင်သွင်းတာနဲ့ အခုလုပ်တဲ့ကာလတိုလေးကြားမှာ ကျွန်တော်တို့ နောက်ကျတယ်လို့ ပြောလို့မရပါဘူး။ သစ်ပင်စိုက်တာမျိုးတော့ မိုးမကျဘဲ စိုက်လို့မရပါဘူး။ လုပ်လို့ရတာ အားလုံးတော့ ကျွန်တော်တို့ လုပ်နေပါပြီ”

မေလ ၁၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂) အမှတ် (၉) တွင်ပါရှိသော “လက်ပံတောင်းတောင် စီမံကိန်းကော်မရှင်အစီရင်ခံစာအတိုင်း ဆောင်ရွက်နေဟုဆို” သတင်းမှ နိုင်ငံတော် သမ္မတပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သင်တန်းကိုတော့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သင်ကြားသွားမှာပါ။ လူငယ်တွေအနေနဲ့ အနာဂတ်မှာ နိုင်ငံတည်ဆောက်ရေး ကာလတစ်လျှောက်မှာ ဒီ့ထက်ပိုပြီးတော့ စွမ်းဆောင် ရည်မြှင့်တင်ရန် ပြည်သူလူထုက မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးကို ပိုမိုသိရှိလာစေရန်၊ ပိုမိုသိရှိလာသည်နှင့် တစ်ပြိုင်နက် လူငယ်တွေပါဝင်မှုပိုများလာပြီးတိုင်းပြည်အတွက် ပိုကောင်းလေပဲ။ အဲဒီ ရည်ရွယ်ချက်တွေနဲ့ ဖွင့်ဖြစ်တာပါ။ ကျွန်တော်တို့ အစည်းအရုံးအနေနဲ့လည်း မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) နဲ့ ပူးပေါင်းပါဝင်ဖို့ ရှိပါတယ်။”

မေလ ၁၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂) အမှတ် (၉) တွင် ပါရှိသော “ငြိမ်းချမ်းရေးကဏ္ဍတွင်ပါဝင်ဆောင်ရွက်နိုင်ရန် လူငယ်များစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်မည်” သတင်းမှ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန်နိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုတာ ဘာမှန်းတော်တော်များများကမသိဘူး။ လူ့အခွင့်အရေးကို တောင်းရမယ်ပဲ ထင်နေတာ။ လိုချင်တဲ့ လူ့အခွင့်အရေးကဘာလဲဆိုတော့လည်း မပြောတတ်။ အမှန်က လူ့အခွင့်အရေးလို့ ပြောလိုက်တာနဲ့ တာဝန်နဲ့ဝတ္တရားရှိတယ်။ ‘Right and Responsibility’  ကို သဘောပေါက်ဖို့လိုတယ်။ ပြည်သူတိုင်းက လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့လိုသလို အစိုးရမှာလည်း တာဝန်ရှိတယ်။ ဒါပေမယ့် အစိုးရဘက်က လုပ်ပေးနိုင်တာရှိသလို မလုပ်ပေးနိုင်တာလည်း ရှိတယ်။”

မေလ ၁၀ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁) အမှတ် (၀၃၅) တွင် ပါရှိသော “လူ့အခွင့်အရေးမှာ လူထုကတာဝန်သိရမယ်၊ အစိုးရကတာဝန်ရှိတယ်၊ ဒါပေမယ့် အစိုးရကလုပ်မပေးနိုင် တာတွေရှိနေတယ်” သတင်းမှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အစိုးရနဲ့သဘောတူညီချက်က လက်မှတ်ထိုးတဲ့အချိန်ပဲဖြစ်နေတယ်။  တိုက်ပွဲဆက်ဖြစ်နေရင် ငြိမ်းချမ်းရေးကို ထိခိုက်မယ်။ ကျွန်တော်တို့က နိုင်ငံရေးနဲ့ပဲ ဖြေရှင်းချင်တယ်။ စစ်ရေးနဲ့ မဖြေရှင်းနိုင်ဘူး”

မေလ ၁၀ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၆) တွင်ပါရှိသော “တပ်မတော်နှင့် အာစီအက်စ်အက်စ် နမ့်ခမ်း အနီးတဝိုက် တိုက်ပွဲဖြစ်” သတင်းမှ RCSS/SSA မှ ဗိုလ်မှူးစိုင်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အခုချပြမယ့် ဥပဒေမူကြမ်းအတွက် လုပ်နည်းလုပ်ဟန်နဲ့ လက်ရှိ အနေအထားအရဆိုရင် ပြဿနာဖြစ်လာမယ့် အခြေနေမှာရှိပါတယ်။  ဘာလို့လည်း ဆိုတော့ ဥပဒေမူကြမ်းကို အများသိအောင်ချမပြတဲ့ အပြင်၊  လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရာမှာ အကန့်အသတ်ရှိပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေနဲ့ တိုင်ပင်တာမျိုးမတွေ့ရလို့ ဖြစ်ပါတယ်။"

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတင်သွင်းမည်” သတင်းမှ ANNI အမျိုးသားလူ့အခွင့်အရေးဆိုင်ရာအာရှ NGO ကွန်ယက်အဖွဲ့ပြောခွင့်ရ  Joses Kuan ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment