Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဖန်ခွက်ထဲ၌ ရေတစ်ဝက်လျော့နေသော မြန်မာနိုင်ငံအခြေအနေ

(8 May 2013)ရက်စွဲပါ Asia Time မှ Sina schuessler ရေးသားသော Glass half empty in Myanmar ကို ဘာသာပြန်ပါသည်)

  1. မြန်မာတက္ကသိုလ်များအတွက် ဗြိတိန်ထံမှ ဒေါ်အောင်ဆန်းစုကြည်အကူအညီတောင်း

(BBC News မှ 9 May 2013 ရက်စွဲပါ “Daw Aung San Suu Kyi seeks UK help for Burma Universities” သတင်းကိုဘာသာပြန်ဆိုသည်။)

မှတ်ချက် - သတင်းအပြည့်အစုံကို မြင်ရရန်အတွက် View Entire Message မှ ကြည့်နိုင်ပါသည်။


ဖန်ခွက်ထဲ၌ ရေတစ်ဝက်လျော့နေသော မြန်မာနိုင်ငံ အခြေအနေ

(8 May 2013)ရက်စွဲပါ Asia Time မှ Sina schuessler ရေးသားသော Glass half empty in Myanmar ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ အသွင်ကူးပြောင်းရေးကို ခြားနားသော ကျယ်ပြန့်သည့်ရှုထောင့်နှစ်ခုမှ မြင်နိုင်ပါသည်။ ပထမရှုထောင့် အနေဖြင့် ယခင်ကစစ်တပ်အုပ်ချုပ်ခဲ့ဖူးသော တိုင်းပြည်သည် စစ်မှန်သော ဒီမိုကရေစီ အသွင်ပြောင်းရေး လမ်းကြောင်းပေါ်တွင် ကောင်းစွာသွားနေပြီဟု ရှုမြင်ခြင်းဖြစ်ပါသည်။ အဆိုပါရှုထောင့်သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာရန် ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်၌ တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌခန့်အပ်ခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာလွှတ်ပေးခြင်း၊ ပြည်သူများဆန္ဒပြခွင့်ပြုသည့် ဥပဒေကိုကျင့်သုံးခြင်း အစိုးရကအမည် မည်းစာရင်းများပယ်ဖျက်ပေးခြင်း၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေခြင်းများ လုပ်ဆောင်နေမှုကို မီးမောင်းထိုးပြပါသည်။

အစိုးရညှိနှိုင်းသူများနှင့်  တိုင်းရင်းသားသူပုန်ကိုယ်စားလှယ်များသည်   အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (13) ဖွဲ့ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ 2011 ခုနှစ်နှစ်လယ်က ကချင်ပြည်နယ်တွင် တိုက်ပွဲများမဖြစ်ပွားမီက အစိုးရစစ်တပ်နှင့်တိုက်နေသော အဓိက တိုင်းရင်းသား အုပ်စုသုံးခုရှိရာ ၄င်းတို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA), ရှမ်းပြည်တပ်မတော် တောင်နှင့်မြောက် (SSA) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ကရင်နီတပ်တို့ ဖြစ်ပါသည်။

ယနေ့တွင် အဓိကတိုင်းရင်းသားစစ်တပ်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ် KIA ၊ ရခိုင်တပ် ABSDF နှင့် Ta`ang အမျိုးသား လွတ်မြောက်ရေးတပ် TNLA တို့သာ ကျန်ရှိပါသည်။

အကောင်းမြင်ကြည့်ရမည်ဆိုပါက အဆိုပါအပစ်အခတ်ရပ်စဲမူများသည် တိုင်းရင်းသားဒေသများတွင် ဆယ်စုနှစ်များစွာ ဖြစ်ပေါ်နေသော ပြင်းထန်သည့်ပဋိပက္ခများ ချုပ်ငြိမ်းသွားစေမည့် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းများအဖြစ် ရှုမြင်နိုင်ပါသည်။ ကချင်ပြည်နယ်မှ လက်ရှိတိုက်ပွဲဖြစ်ပွားနေမူများကို အာဏာပိုင်များက အဓိကစိန်ခေါ်မူတစ်ခုအဖြစ် ရှုမြင်နေသော်လည်း အခြားတိုင်းရင်းသားအုပ်စုများနှင့် လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နှောင့်နှေးစေမည့် ကိစ္စတစ်ခုတော့ မဟုတ်ပေ။ သဘာဝသယံဇာတများအပေါ် ထိန်းချုပ်ခွင့်ရရေးအပါအ၀င် စီးပွားရေးအရ အကျိုးစီးပွားသည် အဆိုပါပဋိပက္ခများ၏ အဓိကဖြစ်ရသည့် အကြောင်းရင်းဟု အစိုးရ ရှုမြင်ပါသည်။

ယခုရူဒေါင့်သည် အပေါင်းလက္ခဏာဆောင်သော အောင်မြင်မူများကို မီးမောင်းထိုးပြပြီး ဖြေလျော့ပေးမှုများ ကိုလည်း ငြိမ်းချမ်းရေးနှင့် ကြီးထွားရေးအတွက် သီးသန့်အခွင့်အလမ်းများအဖြစ် ဖော်ထုတ်ပေးပါသည်။ အဆိုပါ အကောင်းမြင်ရူထောင့်ကို ဘရပ်ဆဲအခြေစိုက် နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးအုပ်စု (ICG)၊ ဂျာမန်နိုင်ငံရေး ဖောင်ဒေးရှင်းဖြစ်သော Friedrich Ebert Foundation နှင့် ဥရောပ သမဂ္ဂတို့က လက်ခံမျှဝေပေးပါသည်။

အထက်ပါရှုထောင့်နှင့်ဆန့်ကျင်ဖက် ရှုမြင်မူများကလည်း အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် ပိုမိုအရေးပါပါသည်။ တိုင်းရင်းသားအုပ်စုများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးကာကွယ်သူများက အမည်ခံအရပ်သားအစိုးရ၏ ရည်ရွယ်ချက်များအပေါ် သံသယရှိနေကြဆဲ ဖြစ်ပါသည်။

သေချာအောင်ပြောရလျှင် စစ်အုပ်ချုပ်ရေးအပေါ် အကြမ်းနည်းနှင့်ရော အကြမ်းမဖက်သည့်နည်းနှင့်ရော တိုက်ခိုက်လာခဲ့သည့် လူတိုင်းက အထက်ပါ အကောင်းမြင်ရှုထောင့်ကို လက်ခံခဲ့သည် မဟုတ်ပေ။

သို့သော်   ၄င်းမှာသက်ဆိုင်ပြီး အရေးကြီးသော ရှုမြင်မူတစ်ခုဖြစ်ပါသည်။   အကြောင်းမှာ အနောက်မှ အစိုးရအများစုနှင့် အဖွဲ့အစည်းများက အခြားအကြောင်းပြချက် အတော်များများကို လစ်လျူရှုပြီး စီးပွားရေးကိစ္စရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေသည် ဟူသော ရိုးရှင်း သည့်ဆင်ခြေကိုသာ လက်ခံရန် နှစ်သက်ကြခြင်းကြောင့် ဖြစ်ပါသည်။

မကြာသေးမီက ဒီမိုကရေစီပြုပြင်ပြောင်းလဲမူများသည် အစိုးရကို နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုရေးကို ရည်ရွယ်သော အပေါ်ယံသနပ်ခါးလိမ်းသည့် မဟာဗျူဟာ၏ အစိတ်အပိုင်းဖြစ်ကြောင်း အရေးပါသော ရှုမြင်မှုတစ်ခုက မြင်ပါသည်။ ထိုရှုထောင့်ကြောင့် ယခုပြောင်းလဲမူများသည်  သနပ်ခါးလိမ်းသည့် လုပ်ဆောင်မှုသာဖြစ်ပြီး၊ လိုအပ်သည်ဟုထင်ပါက အလွယ်တကူ နောက်ပြန်လှည့်နိုင်သည်ဟု ဆိုနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်တပ်လွှမ်းမိုးသောနိုင်ငံရေးဝန်းကျင် ထူထောင်မှုတွင် ပါဝင်နေပါသည်။

တစ်ချိန်က   ဒီမိုကရေစီအတွက်   လုပ်ဆောင်ပေးခဲ့သည့်  အဓိကဇာတ်ကောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် သည်ပင် စစ်တပ်၏ စည်းရုံးမူကိုခံရသည်ဟု အများကရူမြင်နေကြပါပြီ။ သူသည် ကချင်ပြည်နယ်မှ တိုက်ပွဲများနှင့် ဗုဒ္ဓဘာသာများ ဦးဆောင်သောမူဆလင်များအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ပြောကြားရန် အကြိမ်ကြိမ်ပျက်ကွက်မှု ကြောင့် ထိုသို့ရှုမြင်လာကြခြင်း ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း နိုင်ငံရေးအရတက်ကြွ၍ အသစ်ဖမ်းဆီးမူ (200) ခန့်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေးအဖွဲ့ (AAPP)က အထောက်အထားများ စုဆောင်းထားပါသည်။ စစ်အစိုးရလက်ထက်က အသုံးပြုခဲ့သော ရက်စက်ပြင်းထန်လှသည့် မတရားသင်းအက်ဥပဒေကို ဆက်လက်၍သုံးနေဆဲဖြစ်ပြီး ပြီးခဲ့သည့်လများအတွင်း တိုင်းရင်းသား လက်နက်ကိုင်များကို ထောက်ပံ့သည်ဟု ယုံကြည်ရသည့် တိုင်းရင်းသားများကို ဖမ်းဆီးရာတွင် အသုံးပြုခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရှိသော်လည်း ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပါသည်။

အဆိုပါလုပ်ရပ်များကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ဆိုင်သော တိုင်းရင်းသားများရော မဆိုင်သူတိုင်းရင်းသားများကပါ အစိုးရ၏ရိုးသားမူအပေါ် သံသယရှိစေပါသည်။ အရေးပါသော ပြောင်းလဲမူများမရှိသော ၄င်းတို့၏ နေ့စဉ်ဘ၀များတွင် အဆိုပါခံယူချက်က အမြစ်တွယ်လာပါသည်။ ဝေးလံခေါင်းပါးသော ဒေသများတွင် နေထိုင်သော တိုင်းရင်းသားများသည် မကြာသေးမီက အစိုးရက ခွင့်ပြုခဲ့သော ပိုမိုလွတ်လပ်သော သတင်းစာလွတ်လပ်ခွင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်များ၏ အကျိုး အမြတ်ကို ခံစားနိုင်ခြင်းမရှိသေးပေ။ အများစုသည် အကြောက်တရားနှင့်သာနေနေရပြီး ပြည်တွင်းတွင် အိုးပစ် အိမ်ပစ် တရုတ်နှင့် ထိုင်းနယ်စပ်များတွင် ဒုက္ခသည် အဖြစ်နေရသော အခြေအနေတွင်သာ ရှိဆဲဖြစ်ပါသည်။

ဆယ်စုနှစ်ခြောက်ခုကျော်ကျော် လက်နက်စွဲကိုင်လာခဲ့သော ကရင်အမျိုးသားယူနီယံ (KNU) သည်ပင် အစိုးရ၏ အကောင်းရောအဆိုးပါ အဓိပ္ပါယ်ကောက်နိုင်သည့် တရားဝင်ရောထွေးနေသည့် သတင်းစကားများကြောင့် ၄င်း၏ ခေါင်းဆောင်များအနေဖြင့် “စောင့်ကြည့်” ဆိုသည့် မဟာဗျူဟာကို သာ လက်ကိုင်ထားရန်ဖြစ်လာပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု ပထမပိုင်းတွင်ပါဝင်ခဲ့သော KNU,KNLA မှ သဘောထားပျော့ပြောင်းသူများမှာ အဖွဲ့တွင်း၌ အငြင်းပွားမူများကို ရင်ဆိုင်ရပါသည်။ အစိုးရတွင် နောက်ကွယ်တွင်ဖွက်ထားသော အစီအစဉ်များ ရှိနိုင်သောကြောင့် KNUထိပ်ပိုင်းခေါင်းဆောင်များက ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ၀င်ရောက်ရန် တုံ့ဆိုင်းနေခဲ့ကြပါသည်။ တိုင်းရင်းသားအုပ်စုများ စုပေါင်းထားသည့် ကိုယ်စားလှယ်များ နှင့် မတွေ့ဆုံပဲ အုပ်စုများခွဲ၍ဆွေးနွေးခြင်းသည် အစိုးရ၏တိုင်းရင်းသားအုပ်စုများကို ခွဲခြားရန်မဟာ ဗျူဟာ ဖြစ်မည်ဟု KNU ခေါင်းဆောင်များက ရှုမြင်ပါသည်။

2011 နှစ်ကုန်ပိုင်းကကျင်းပသော ပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အစိုးရ၏ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရ၏ငြိမ်းချမ်းရေးအဖွဲ့က သဘောတူညီချက်လက်မှတ်ရေးထိုးရန် ဖိအားပေးခဲ့သည်ဟု KNU ကိုယ်စားလှယ်အဖွဲ့က ခံစားရပါသည်။ အဆိုပါသဘောတူညီချက်သည် နိုင်ငံရေးအရ အဖြေရှာမှုကို အဆိုမပြုနိုင်ခဲ့ပေ။ ပြီးခဲ့သောနှစ်အတွင်း KNU ခေါင်းဆောင်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်ပတ်သက်လာခဲ့ပါသည်။ သို့သော် ယခုအထိ မရှင်းလင်းသေးသော အချက်မှာ အစိုးရငြိမ်းချမ်းရေးအဖွဲ့သည် ညှိနှိုင်းသဘောတူညီချက်များကို အကောင်အထည်ဖော်နိုင် သည့် စွမ်းရည်နှင့် အာဏာရှိမရှိဆိုသည့် အချက်ဖြစ်ပါသည်။ ထို့အပြင် အစိုးရဖက်မှ ညှိနှိုင်းသူများသည် တိုင်းရင်းသားများ၏ လိုအပ်ချက်နှင့်နေရာများကို နားလည်နိုင်ခြင်းမရှိမည်ကိုလည်း စိုးရိမ်ကြ ပါသည်။

သေချာအောင်ပြောရလျှင် သူပုန်အုပ်စုများနှင့် တပ်မှူးများသည် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေရခြင်းကြောင့် ပင်ပန်းနေပြီဖြစ်ပါသည်။ ၄င်းတို့သည် မိသားစုဝင်များဆုံးရှုံးရခြင်း၊ အရပ်သားဘ၀များဆုံးရှုံးရခြင်းနှင့် တိုက်ပွဲရှုံးရခြင်း များလည်း ရှိခဲ့ပါသည်။

သို့သော် ၄င်းတို့သည် ၄င်းတို့တောင်းဆိုချက်များ မပြည့်ဝပါက အညံ့ခံလိုခြင်းမရှိကြပေ။ တိတိပပဆိုရသော် အချို့တိုင်းရင်းသားခေါင်းဆောင်များသည် စစ်ရေးအရ အောင်ပွဲရရန်ဖြစ်နိုင်သေးကြောင်း ယုံကြည်နေဆဲ ဖြစ်ပါသည်။

2013 ဖေဖော်ဝါရီလက အစိုးရငြိမ်းချမ်းရေးအဖွဲ့သည် စုစည်းညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ၏ ၄င်းတို့၏ဗဟိုအာဏာပိုင်အဖွဲ့ဖြင့် ဆွေးနွေးရန် တောင်းဆိုမူကို တုန့်ပြန် ခဲ့ပါသည်။ UNFC မှာ တိုင်းရင်းသား လက်နက်ကိုင် အမျိုးမျိုးကို ကိုယ်စားပြုထားသော အဖွဲ့ဝင် (11) ဦး ပါဝင်သော မဟာမိတ်အဖွဲ့ဖြစ်ပါသည်။ ယခင်က အစိုးရငြိမ်းချမ်းရေးအဖွဲ့က UNFC၏ အဆိုပြုချက်ကို ငြင်းပယ်ခဲ့ဖူးပါသည်။ UNFC အဖွဲ့ဝင်များသည် ၄င်းတို့၏ ကိုယ်ရေးအကျိုးစီးပွားကိုသာ မြှင့်တင် လိမ့်မည်ဟု ၄င်းတို့က ယုံကြည်သောကြောင့်ဖြစ်ပါသည်။

သို့သော် UNFC နှင့် ဆွေးနွေးခြင်းသည် တိုင်းရင်းသားအုပ်စုများနှင့် အစိုးရကြား ယုံကြည်မူ တည်ဆောက်ရေးအတွက် အရေးကြီးသောခြေလှမ်းဖြစ်ပါသည်။ အချို့သုံးသပ်သူများက တိုင်းရင်းသားအုပ်စုများအားလုံး တူညီသောရည်မှန်းချက်နှင့် လုပ်ဆောင်မှသာ နိုင်ငံရေးအရ အဖြေရှာနိုင်မည် ဟု ယုံကြည်ကြပါသည်။

ကချင်ပြည်နယ်မှ အခြေအနေမှာတစ်မျိုးခြားနားပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးမူများ လုပ်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရနိုင်သေးပေ။ နှစ်နှစ်ခန့် စစ်တိုက်လာရပြီး နောက် KIA အနေဖြင့် အပစ်အခတ်ရပ်စဲရေးသည် ၄င်းတို့၏တောင်းဆိုမူနှင့် အကျိုးစီးပွားကို ဆောင် ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ခြင်းမရှိဖြစ်လာပါသည်။

၎င်းတို့၏အမြင်တွင် မြန်မာစစ်တပ်က စတင်ချိုးဖောက်ခဲ့သည်ဟုဆိုပါသည်။ တိုက်ပွဲအရှိန်များမြင့်လာပြီး ပြီးခဲ့သည့် ဒီဇင်ဘာက လေယာဉ်ဖြင့်ဗုံးကြဲမူများ ပါဝင်လာသောအခါ KIA နှင့် ဒေသခံ ကချင်ပြည်သူများသည် ၄င်းတို့ ဘ၀တည်ရှိမူအတွက်ပင် စိုးရိမ်လာရပါသည်။

သမ္မတဦးသိန်းစိန်သည် စစ်တပ်အား ပစ်ခတ်မူများရပ်ဆိုင်းရန် အမိန့်ပေးခဲ့သော်လည်း စစ်တပ်က လိုက်နာခဲ့ခြင်းမရှိပေ။ ထိုသို့ဖြစ်ရခြင်းကြောင့် ကချင်ပြည်နယ်တွင်မည်သူကအမှန်တကယ် စစ်သားများကို ထိန်းချုပ်သနည်းဆိုသည့် ခက်ခဲသောမေးခွန်းထွက်ပေါ်လာရပါသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလနှောင်းပိုင်းက မြန်မာအစိုးရသည် စစ်တပ်အနေဖြင့် KIA အပေါ် စစ်ဆင်ရေးများရပ်ဆိုင်း ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။ ကြေငြာချက်တွင်လက်ရှိုတိုက်ပွဲများမှာ မိမိကိုယ်မိမိ ကာကွယ်ခြင်းသာဖြစ်ပြီး၊ သတင်းများ၏တိကျမူအပေါ်လည်း မေးခွန်းထုတ်ထားပါသည်။

အကြမ်းဖက်မူသံသရာကို ရပ်ပစ်နိုင်မည့်နည်းလမ်းနှစ်ခု စဉ်းစားနိုင်ပါသည်။ ပထမတစ်ခုမှာ အစိုးရစစ်တပ်သည် ကချင်ပြည်နယ်မှဆုတ်ပေးရေးဖြစ်ပါသည်။ သို့မဟုတ် ဒုတိယတစ်ခုအနေဖြင့် ကုလသမဂ္ဂကြီးကြပ်မူအောက်ရှိ နိုင်ငံတကာကာကွယ်ရေးတပ်များ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များက စောင့်ကြည့်ရန်ဖြစ်ပါသည်။ တပ်များကို ကချင်ပြည်နယ်မှသာမက တိုင်းရင်းသား ဧရိယာများမှ ဆုတ်ပေးခြင်းဖြင့် အစိုးရသည် ပဋိပက္ခဖြေရှင်းရေးတွင် စစ်ရေးဖြင့်မဟုတ်ပဲ ညှိနှိုင်းအဖြေ ရှာရေးကို အစိုးရက ဦးစားပေးမည်ဆိုသည်ကို သရုပ်ပြနိုင်ပါလိမ့်မည်။

အထက်ပါအရေးပါသော စိန်ခေါ်မူများ ရှိသော်လည်း တိုးတက်မူလက္ခဏာများကိုလည်း တွေ့ရပါသည်။ ဖေဖေါ်ဝါရီလက အစိုးရနှင့် KIA တို့ကြား ဆွေးနွေးမူများအပြီးတွင် KIA ထိန်းချုပ်နယ် မြေအတွင်းရှိ အိုးမဲ့အိမ်မဲ့ဖြစ်ရသူများကို လူသားချင်းစာနာသောအကူအညီပေးရန် ကုလသမဂ္ဂအနေဖြင့် ခွင့်ပြုချက်ရရှိခဲ့ပါသည်။ ယခင်ကအစိုးရသည် KIA ထိန်းချုပ်နယ်မြေများတွင် နိုင်ငံတကာက အကူ အညီများပေးဝေမူကို ပိတ်ပင်ထားခဲ့ပါသည်။

ပစ္စည်းများခွင့်ပြုခြင်းနှင့်အတူ ကုလသမဂ္ဂပစ္စည်းပေးပို့မူများကို အကြောင်းပြု၍ အစိုးရတပ်များ အင်အားဖြည့်တင်းမူများလုပ်ခဲ့သည်ဟု မြန်မာတိုင်း(မ်) သတင်းက ဆိုပါသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအပေါ် အကြမ်းဖက်မူများကို ရပ်တန့်အောင် အစိုးရအနေဖြင့် မစွမ်းဆောင်နိုင်ခြင်း (သို့) လုပ်ဆောင်လိုခြင်းမရှိခြင်းသည်လည်း သံသယဖြစ်မူကို ဖြစ်စေသောအကြောင်းများတွင် ပါဝင်လာပါသည်။ Human Rights Watch ၏ အစီရင်ခံစာသစ်တင် ရိုဟင်ဂျာဆန့်ကျင်ရေးအစီအစဉ်များမှာ အစိုးရကထောက်ခံသော တိုင်းရင်းသားများ အပြတ်ရှင်းရေး စီမံချက်ဖြစ်ပြီး လူသားချင်းစာနာမူမရှိသည့် ရာဇ၀တ်မူများ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်လျက်ရှိသည် ဟုဖော်ပြထားပါသည်။ အစီရင်ခံစာအရ စစ်တပ်သည် အကြမ်းဖက်မှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

Human Rights Watch အပါအ၀င် လူ့အခွင့်အရေးအဖွဲ့များက ရိုဟင်ဂျာများကိုပေးသည့် လူသားချင်းစာနာမှု အကူအညီများအား ရည်ရွယ်ချက်ရှိရှိ တားဆီးထားသည်ဟု ဆိုပါသည်။ ယခု အကြမ်းဖက်မူများသည် အရေးကြီးသည့် နောက်ပြန်လှမ်းသည့် ခြေလှမ်းများကို ကိုယ်စားပြုပြီး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွင်း ပဋိပက္ခအသစ်များ သည်လည်း ထွက်ပေါ်နိုင်ကြောင်း ပြသနေပါ သည်။ နိုင်ငံရေးအရ တံခါးဖွင့်မူကြောင့်  တိုင်းရင်းသားနှင့် ဘာသာရေး အုပ်စုများ စုစည်းလှုံ့ဆော်ရေး အတွက် နေရာကွက်လပ်များ ထွက်ပေါ်လာပါသည်။

မြန်မာနိုင်ငံမှပြဿနာအများစုသည် ယုံကြည်မူပျောက်ဆုံးခြင်းသို့သာ ဦးတည်ဖြစ်စေပါသည်။ တိုင်းပြည်၏ ပဋိပက္ခဖြစ်နေသော နှစ်ဖက်စလုံးအနေဖြင့် သဘောတူညီချက်များသည် ယုံကြည်စိတ်ချရကြောင်း သရုပ်ဖော်ပြကြရမည်ဖြစ်ပြီး၊ လူအခွင့်အရေးနှင့် ပြည်သူများ၏ဘ၀များကောင်းမွန်ရေးမှာ ၄င်းတို့၏ ထိပ်တန်းဦးစားပေး ဖြစ်ကြောင်း ပြသရမည် ဖြစ်ပါသည်။ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များရပြီးပါက အစိုးရအနေဖြင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အာဏာရှိကြောင်း သက်သေပြရပါမည်။ ဆိုလိုသည်မှာ အရပ်သားအစိုးရသည် စစ်တပ်ကို အမှန်တကယ် ထိန်းချုပ်နိုင်ခြင်းကို ဆိုပါသည်။

မြန်မာနိုင်ငံ၏ အသွင်ပြောင်းမူဆိုင်ရာ စိန်ခေါ်မူများသည် တည်ဆောက်ပုံပြောင်းလဲမူ များထက်ပို၍ကြီးမားပါသည်။ တိုင်းရင်းသားဧရိယာများတွင် ငြိမ်းချမ်းရေးမရပါကအသိအမှတ်ပြုမူရ လိမ့်မည်မဟုတ်ပေ။ သို့သော် မြန်မာနိုင်ငံမှ ပြည်သူများသည် ဘာသာရေးအရလည်းကောင်း၊ တိုင်းရင်းသားကိစ္စအတွက်လည်းကောင်း ဆက်လက်သေဆုံးနေဦးမည် ဆိုပါက နိုင်ငံတကာမျက်နှာစာရှိ သြဇာရှိသည့် ပုဂ္ဂိုလ်များအနေဖြင့် မြန်မာအစိုးရအပေါ်ခံယူချက်များ ပြောင်းပစ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

(စာရေးသူ Dr Sina Schuessler  သည် ဂျာမနီ၏ Marburg တက္ကသိုလ်၏ ပဋိပက္ခလေ့လာ ရေးဗဟိုဌာနမှ အကြီးတန်းသုတေသနပြုသူ အမျိုးသမီးဖြစ်ပါသည်)


မြန်မာတက္ကသိုလ်များအတွက် ဗြိတိန်ထံမှ ဒေါ်အောင်ဆန်းစုကြည်အကူအညီတောင်း

(BBC News မှ 9 May 2013 ရက်စွဲပါ “Daw Aung San Suu Kyi seeks UK help for Burma Universities” သတင်းကိုဘာသာပြန်ဆိုသည်။)

Photo Credit by Lee Jae-Won/ Reuters

တပ်မတော်အစိုးရလက်ထက်တွင် ဖျက်ဆီးခံလိုက်ရသော မြန်မာတက္ကသိုလ်များ ပြန်လည်ထူထောင်ရေးအတွက် အကူအညီရရန်ဗြိတိန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါသည်။ လန်ဒန်မြို့တက္ကသိုလ် အဓိပတိများစုဝေးပွဲသို့ မိန့်ခွန်းပြောကြားရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းပေးပို့ခြင်းဖြစ်သည်။

“တပ်တော်အစိုးရရဲ့ ဦးတည်ချက်က စည်းကမ်းထိန်းသိမ်းဖို့သာဖြစ်ပြီး၊         ပညာရေးပံ့ပိုးပေးဖို့ မဟုတ်ပါ ဘူး”ဟု သူမကပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာတက္ကသိုလ်စနစ်ကို နိုင်ငံတကာအထက်တန်းပညာရေး လမ်ကြောင်းပေါ်သို့ ပြန်လည်တွန်းတင်ရန်လိုအပ်နေကြောင်း၊ လက်ရှိတက္ကသိုလ်ပညာရေးစနစ်မှာ လွန်စွာနိမ့်ကျနေကြောင်း ဘွဲ့ရသူများထံတွင် ဘွဲ့နှင်းသဘင်ဓါတ်ပုံမှလွဲ၍ ဘာမှမကျန်ကြောင်း” ရှင်းလင်းပြောကြားသည်။

 အစိုးရအတွက် ဆူးညှောင့်ခလုတ်

ပညာရေးပြုပြင်ပြောင်းလဲရေးဥပဒေကို ရေးဆွဲနေသည့် လွှတ်တော်ကော်မတီကို ဦးဆောင်သူ ဒေါ်အောင်ဆန်း စုကြည်က  “မြန်မာနိုင်ငံတွင် နိုင်ငံရေးအရှုပ်အထွေးများကြောင့် အထက်တန်းပညာရေးစနစ် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားခဲ့ရကြောင်း၊ ပညာတတ်နှင့် ကျောင်းသားများမှာ အစိုးရအတွက် အနှောင့်အယှက်များဟု ရှုမြင်ခံခဲ့ရကြောင်း၊ တက္ကသိုလ်စနစ်နှင့် တက္ကသိုလ်ဘဝမှာ နှစ်ပေါင်း ၅၀ အတွင်း ပျက်စီးရပ်ဆိုင်းသွားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးအာမခံချက်မရှိသော ခေတ်မီလွတ်လပ်သည့် တက္ကသိုလ်စနစ်ဖွံ့ဖြိုးရန် လိုအပ်နေကြောင်း ဆက်လက်ပြောကြားသည်။

“ပညာရေးလွတ်လပ်ခွင့်ဆိုတာ ရှင်တို့အတွက်မထူးဆန်းပေမယ့် ကျွန်မတို့အတွက်အလှမ်းဝေးနေတဲ့ အိပ်မက်တစ်ခုပါ။ လူငယ်တွေလွှတ်လွှတ်လပ်လပ်တွေ့ဆုံ အသိဥာဏ်ဖလှယ်ဖို့အတွက် တက္ကသိုလ်ကျောင်းနယ်မြေ နေထိုင်မှုဘဝကိုလည်း ပြန်လည်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ လူငယ်တွေအညွန့်ကျိုးသွားအောင် တက္ကသိုလ်ကျောင်းသားဘဝကိုဖျက်ဆီးဖို့ ကြိုးစားတာဟာ တိုင်းပြည်ရဲ့အနာဂါတ်ကိုဖျက်ဆီးလိုက်တာပါပဲ။” ဟု သူမက ဆိုသည်။

ဗြိတိသျှကောင်စီက စီစဉ်သော မြန်မာကိုယ်စားလှယ်များ၏ ဗြိတိန်တက္ကသိုလ်ပညာရေးအကြာင်း ရှင်းလင်းဟောပြောပွဲအပြီးတွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြာခဲ့ခြင်းဖြစ်ပါသည်။

ရှေးကတည်းက ဆက်ဆံခဲ့မှုကိုအလေးထား

မြန်မာတက္ကသိုလ်များ အထီးကျန်အသင်းကွဲဖြစ်နေချိန်တွင် နိုင်ငံတာအထက်တန်းပညာရေးနယ်ပယ်တွင် ကူးလူးဆက်သွယ်မှုများနှင့် ပြိုင်ဆိုင်မှုများ ဆက်လက်တိုးတက်မြင့်မားလျှက်ရှိသည်။ ယခုအချိန်တွင်မူ မြန်မာတက္ကသိုလ်များနှင့် အခြားနိုင်ငံများ ပြန်လည်ချိတ်ဆက်ရန် ကြိုးပမ်းမှုအချို့ ရှိလာပြီဖြစ် ပါသည်။ ယခုနှစ်အတွင်း အမေရိကန်တက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ လက်တွဲလုပ်ဆောင်မည့် အစီအစဉ်များကိုကြေညာခဲ့သည်။

သို့သော် မြန်မာနှင့်ဗြိတိန်အကြား ယခင်ကတည်းက ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောကြားသွားပါသည်။ “တစ်ချိန်က မြန်မာ့ပညာရေးစနစ်ဟာ ဗြိတိသျှပညာရေးစနစ်နဲ့ တော်တော်နီးစပ်ခဲ့ပါတယ်။ ခေတ်မီ ပညာရေးစနစ်ကို ဗြိတိန်အစိုးရက မိတ်ဆက်ပေးခဲ့တယ်လို့တောင် အမှန်တကယ် ပြောနိုင်ပါတယ်။ အခုတော့ နောက်တစ်ကြိမ် အကုန်လုံးပြန်လည်သင်ယူရတော့မှာပေါ့”ဟု သူမကဆိုပါသည်။

“ကျွန်မတို့နိုင်ငံအနေနဲ့ ဗြိတိန်နိုင်ငံဆီသာမကဘဲ၊ ခေတ်နဲ့အညီ ပညာရေးစနစ်ပါ လိုက်ပါပြောင်းလဲနေတဲ့ အခြားနိုင်ငံတွေဆီကပါ လေ့လာသင်ယူရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment