Transparency Myanmar

transparency.myanmar@gmail.com

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

ယခုတစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ  Yangon Chronicle မှ စုစည်းတင်ပြအပ်ပါသည်။

သတင်းအဖွဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆောက်အဦးပြိုကျမှုနှင့် ဘာသာရေးဆိုင်ရာပဋိပက္ခများ

Photo Credit by Reuters

ဧပြီလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သော အဆောက်အဦးပြိုကျမှုတွင် သေဆုံးသူအရေအတွက်သည် ယနေ့တွင် ၇၈၂ ယောက်အထိရှိနေပြီ ဖြစ်သည်။ အဆောက်အဦး ပိုင်ရှင်လည်းဖြစ်၊ အဆောက်အဦးထဲတွင်ရှိသော အထည်ချုပ်ပိုင်ရှင်လည်းဖြစ်သူ မိုဟာမက် ဆိုဟဲလ် ရာနာ (Mohammed Sohel Rana) ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းထိန်းချုပ် ထားရန် အာဏာပိုင်များက အင်္ဂါနေ့တွင် အထက်တရားရုံးမှ အမိန့်ချခဲ့သည်။ အဆောက် အဦးပြိုကျခြင်းနှင့် ပတ်သက်၍ အဆောက်အဦး အင်ဂျင်နီယာ အပါအ၀င် လူ ၉ ယောက် ထက်မနည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

ထို့အပြင်  ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် ဘာသာရေးကိုစော်ကားပြောဆိုခြင်းဆိုင်ရာ ဥပဒေသစ် တစ်ရပ်တောင်းဆိုမှုဖြင့် များစွာသော အစ္စလာမ်မ္မစ်များနှင့် ရဲများကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ပြင်းထန်သော ဆန္ဒပြမှုများတွင် ရဲများ၏နှိမ်နှင်းမှုကြောင့် အစ္စလာမ်မ္မစ် ပေါင်း ၂၂ ဦးထက် မနည်းသေဆုံးခဲ့ရကြောင်း သိရှိရသည်။ ယင်းအကြမ်းဖက်မှုများသည် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းမှဖြစ်ပွားခဲ့ကာ တနလာင်္နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

 

မလေးရှားနိုင်ငံ၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲ ရလဒ်

 

Photo Credit by AFP

မေလ ၅ ရက်နေ့ စနေနေ့တွင် ကျင်းပခဲ့သော မလေးရှားရွေးကောက်ပွဲတွင် လက်ရှိ အုပ်ချုပ်နေသည့် ၀န်ကြီးချုပ် ဘက်ဒူလာ ဘာဒါဝီ (Abdullah Badawi) ၏ ညွှန့်ပေါင်း အစိုးရအဖွဲ့ အနိုင်ရရှိခဲ့သည်။ အဓိကယှဉ်ပြိုင်ခဲ့သော အဖွဲ့နှစ်ခုမှာ ညွန့်ပေါင်းအဖွဲ့နှင့် ပိုမိုလွတ်လပ်သော လူမှုပတ်ဝန်းကျင်ကို ဖန်တီးမည်ဟု ကတိပြုထားသည့် အတိုက်အခံအဖွဲ့တစ်ဖွဲ့ တို့ဖြစ်သည်။   မလေးရှား နိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၏ မဲပေးစနစ်များသည် အားနည်းချက်များ များစွာရှိနေပြီး တရားမျှတမှု မရှိဟု လွတ်လပ်သောရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။ အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်သူ အန်ဝါအီဘရာဟင် ကမူ မဲမသမာမှုများကို ဖော်ထုတ်၍ ရွေးကောက်ပွဲ၏ ဆိုးရွားသော ရလဒ်ကို ဆန့်ကျင်ဆန္ဒပြမှုများလုပ်ဆောင်သွားမည် ဟုပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဆန္ဒပြမှုများကို ရဲတပ်ဖွဲ့ က အရေးယူမည်ဟုပြောကြားထားခဲ့သော် လည်း လူပေါင်းလေးသောင်းလောက်ဟာ ကွာလာလမ်ပူမြို့၏ အားကစားရုံတွင် စုဝေးခဲ့ကြကြောင်းသိရသည်။

 

ပါကစ္စတန်ရွေးကောက်ပွဲမကျင်းပမီ ဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခများ

              မေ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါကစ္စတန်ရွေးကောက်ပွဲတွင် အသေခံဗုံးဖောက်ခွဲမှုများ လုပ်ဆောင် သွားမည်ဟု တာလီဘန်များက ခြိမ်းခြောက်နေသည်။ ယခု ရွေးကောက်ပွဲတွင် ယခင်ဝန်ကြီးချုပ်ဟောင်း  နာဝပ်ဇ် ရှာရစ်ဖ် သာအနိုင်ပြန်ရရန် ရှိနေသည်။    တာလီဘန်ခေါင်းဆောင် ဟာကီမူလာဆွတ်သည် တာလီဘန်စစ်သွေးကြွများ အား နိုင်ငံတစ်ဝန်းရွေးကောက်ပွဲကျင်းပမည့်နေရာများတွင်  အသေခံဗုံးဖောက်ခွဲ မှုများပြုလုပ်ရန် ညွှန်ကြားထားသည်ဟု သိရှိရသည်။ ယင်းကဲ့သို့ သတင်းများကြောင့် ပါကစ္စတန်အစိုးရသည် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် လုံခြုံရေး ၆၀၀၀၀၀ ကျော်ချထားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။ တာလီဘန်များသည် ပါကစ္စတန်ပြည်သူ့ပါတီ (PPP) နှင့် ၎င်းတို့၏ အဓိကမိတ်ဖက်များ မဲဆွယ်စဉ် အချိန်အတွင်းတွင်လည်း တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ ယင်းကဲ့သို့ တိုက်ခိုက်မှု များကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ဒဏ်ရာအများအပြားလည်း ရရှိခဲ့ကြပါသည်။ တာလီဘန်များသည်  ပါကစ္စတန် ၏ဒီမိုကရေစီလမ်းလျှောက်လှမ်းခြင်းကို ဆန့်ကျင်သောအနေဖြင့် ရွေးကောက်ပွဲတွင်ပါဝင်သူများအား  ပစ်မှတ်ထား၍တိုက်ခိုက်နေခြင်း ဖြစ်သည်။့

ယင်းကဲ့သို့ ခြိမ်းခြောက်မှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပင် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ယူဆွတ်ရာဇာဂီနီ ၏သားဖြစ်သူ အလီ ဟေဒါ ဂီလာနီ အား သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်၍ ပြန်ပေးဆွဲခြင်း ဖြစ်ပွားခဲ့သည်။ မူလ်တန်မြို့ထဲတွင် ကျင်းပမည့် လူထုစုဝေးပွဲသို့အသွား လမ်းတွင် တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်ပါသည်။ တိုက်ခိုက်မှုများတွင် မစ္စတာဂီလာနီ၏ လူတစ်ဦးလည်း သေဆုံးခဲ့ရပါသည်။ ယင်းတိုက်ခိုက်မှုအား တာလီဘန်များက ယင်းတို့လုပ်ဆောင်သည်ဟု ပြောကြားခြင်းမရှိသေးပေ။

မြောက်ကိုရီးယားနိုင်ငံတွင် ထိန်းသိမ်းထားခံရသော အမေရိကန်နိုင်ငံသား

              အစိုးရဆန့်ကျင်ရေးပြစ်မှုဖြင့် မြောက်ကိုရီးယားနိုင်ငံတွင် ၆ လကြာထိန်းသိမ်းထားခံရသော ကိုရီးယား-အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ကန်းနက်ဘေး အားအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ပြစ်ဒဏ်ချမှတ် လိုက်ကြောင်းသိရှိရသည်။ မြောက်ကိုရီးယားမီဒီယာသည် ကန်နက်ဘေးသည် အစိုးရဖြုတ်ချရန် ကြိုးပမ်းမှုနှင့် မြောက်ကိုရီးယားနိုင်ငံအား ဆန့်ကျင်သည့် ပြစ်မှုများအားဝန်ခံကြောင်းဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ တတိယမြောက်နျူကလီးယားစမ်းသပ်မှုအပြီး အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား တင်းမာမှု များဖြစ်ပေါ်နေစဉ် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုကိစ္စရပ်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ ပြစ်ဒဏ်ပေး ထောင်ချမှုအား အမေရိကန်နိုင်ငံမှ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

ဆီးရီးယားနိုင်ငံငြိမ်းချမ်းရေး ပူးတွဲဆောင်ရွက်ရန် အမေရိကန်နှင့် ရုရှား သဘောတူ

ဆီးရီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက်နိုင်ငံတကာ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်နိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်ရုရှားသမ္မ ဗလာဒီမာပူတင်တို့ မေလ ၇ ရက်နေ့က သဘောတူ ညီခဲ့ကြသည်။ အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံတို့ ပူးပေါင်း၍ ဆီးရီးယားအစိုးရနှင့် အတိုက်အခံအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ကြိုးစားသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများ

မေလ ၅ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်အစိုးရအဖွဲ့အား လူပေါင်း နှစ်သောင်းကျော် ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့သည်။ မေလ ၅ ရက်နေ့သည် ရုရှားအစိုးရမှ အတိုက်အခံများအား ဖမ်းဆီးထောင်ချ သည့် တစ်နှစ်ပြည့်သည့်နေ့လည်း ဖြစ်သည်။ ပူတင်အစိုးရလက်ထက်တွင် ဖြစ်ပေါ်နေသည့် အကျင့်ပျက်မှုများ အဆုံးသတ်ရန်၊ နိုင်ငံရေးလွတ်လပ်ခွင့်များရရှိရေးနှင့် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ယင်း ဆန္ဒပြမှုတွင် မော်စကိုမြို့ရှိ ရဲ ၈၀၀၀ နီးပါး လုံခြုံရေးရယူခဲ့ရပြီး ဆန္ဒပြသူ ၆ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

WTO ၏အကြီးအကဲအဖြစ်ရွေးချယ်ခံရသော ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို

Photo Credit by AFP

WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ လက်ရှိ အကြီးအကဲဖြစ်သူ ပတ်စ်ကယ်လ် လမီ ၏နေရာအား လက်တင် အမေရိကတိုက်သားတစ်ဦးဖြစ်သူ ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို အား တာဝန်ထမ်းဆောင်ရန် ရွေးချယ်လိုက်ပါတယ်။ ပထမဆုံး လက်တင်အမေရိကတိုက်သားအား ရွေးချယ်ခြင်း ဖြစ်ပြီး စက်တင်ဘာလတွင် တာဝန်လွှဲပြောင်းထမ်းဆောင်ရမည် ဖြစ်ပါသည်။ BRIC ဟုခေါ်သော စီးပွားရေး ထွန်းသစ်စနိုင်ငံများ အဖွဲ့ဝင်နိုင်ငံ တစ်ခုမှ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးအား ဦးဆောင်ရန် ပထမဆုံး ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။ လယ်ယာထွက်ကုန်တွေများအတွက်  အထောက်အပံ့ပေးရေးကိစ္စ၊ ထုတ်ကုန်ပစ္စည်းများအပေါ် အခွန်သတ်မှတ်သည့် ကိစ္စနှင့်  ကမ္ဘာ့ဈေးကွက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများဝင်ရောက်နိုင်ရန် အခွင့်အလမ်းများနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ ကြားတွင်  သဘောတူညီမှု ရရှိရန် အခက်အခဲများ၂၀၀၁ ခုနှစ်ထဲက ညှိနှိုင်း၍မရသေးသော ကိစ္စရပ်များဖြစ်သည်။ ယင်းကိစ္စရပ်များသည် WTO ၏ အကြီးအကဲအသစ်အဖြစ်တာဝန်ထမ်းဆောင်ရာတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများလည်း ဖြစ်ပါသည်။ ၆ လခန့်ကြာမြင့်အောင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အကြီးအကဲသစ်ရွေးချယ်မှုတွင် မစ္စတာ ရိုဘာတို အဇေဗီရဲဒို အားရွေးချယ်ခံရမှုအပေါ်တွင် ဘရာဇီးသမ္မတ Dilma Rousseff ကကြိုဆိုခဲ့ပြီး WTO အဖွဲ့ကြီးအတွက် အောင်မြင်ဖြစ်သည်ဟု ထုတ်ပြောပြောကြားခဲ့ကြောင်း သိရှိရပါသည်


 

 

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment