Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဆိုင်ကလုန်းအားပျော့သွားသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် တပ်လှန့်ထားဆဲ

(AFP မှ 15 May 2013 ရက်စွဲပါ “Cyclone weakens but Bangladesh, Myanmar on alert:UN” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ရေနံလုပ်ကွက်များရရှိရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကုမ္ပဏီများ ပူးပေါင်းဆောင်ရွက် ကြရန် အိန္ဒိယအစိုးရ တိုက်တွန်း

(The Economic Times မှ 16 May 2013 ရက်စွဲပါ “Put joint effort for Myanmar oil blocks: Govt to private cos, PSUs” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာခေါင်းဆောင်နှင့် အိုဘားမားတွေ့မည်

(USA Today မှ 16 May 2013 ရက်စွဲပါ Obama to meet leader of Burma(Myanmar) ကိုဘာသာပြန်ဆိုသည်)


ဆိုင်ကလုန်းအားပျော့သွားသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် တပ်လှန့်ထားဆဲ

(AFP မှ 15 May 2013 ရက်စွဲပါ “Cyclone weakens but Bangladesh, Myanmar on alert:UN” သတင်းကို ဘာသာပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကမ်းခြေ မြေနိမ့်ပိုင်းများသို့ ခြိမ်းခြောက်နေသည့် ဆိုင်ကလုန်းမဟာဆင် အားလျော့သွားပုံ ရ သော်လည်း ၎င်းဒေသမှ လူ ၈ သန်းခန့်ကို အန္တရာယ်ပြုနိုင်ဆဲပင် ဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုပါသည်။

“ဆိုင်ကလုန်းသည် အားပျော့သွားပုံရပြီး အဆင့် ၁ Category ဆိုင်ကလုန်းအဖြစ်သို့လျှော့သွားသည်”ဟု ကုလလူ သားချင်း စာနာမှုညှိနှိုင်းရေးဌာန UN OCHA က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။

သို့သော်လည်း အရှေ့မြောက် အိန္ဒယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာအနောက်ပိုင်းမှ လူ ၈ သန်းခန့်ကို အန္တရာယ်ပြုနိုင်ဆဲ ဖြစ်ပြီး စစ်တကောင်းနှင့် ကော့ဘဇားခရိုင်သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ၃ သိန်းခန့် နေထိုင်ရာဒေသ ဖြစ်သည်။

ဆိုင်ကလုန်းဒဏ်ကို ကိုင်တွယ်ရန်အတွက် ဆေးကုသရေးအဖွဲ့ ၁၁၃ ဖွဲ့ကို စုစည်းပြင်ဆင်ထားပြီး အစိုးရ ဝန်ထမ်းများ အားလုံးခွင့်မယူရဟု ဘင်္ဂလားဒေ့ရှ်ဒေသအာဏာပိုင်များက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးဝန်ကြီး မာမွတ်အလီက ကမ်းခြေခရိုင် ၁၃ ခုစလုံးတွင် ဆိုင်ကလုန်း အတွက် ပြင်ဆင်မှုအားလုံးလုပ်ဆောင်ပြီးပြီဟု ပြောကြားပါသည်။

ဆိုင်ကလုန်းကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ရာတွင် ရခိုင်နယ်စပ်မှ အာဏာပိုင်များထက် ဘင်္ဂလားဒေ့ရှ်က ပိုမို ကောင်းမွန်သည်ဟု ကျွမ်းကျင်သူအကဲခတ်များက မှတ်ချက်ပေးကြသည်။

မြန်မာနိုင်ငံတွင်လည်း အစိုးရအကြီးတန်း တာဝန်ရှိသူများကိုယ်တိုင် ရခိုင်တွင်ရုံးထိုင်၍ ကြိုတင်ကာကွယ်ရေး အစီ အမံများ ပြုလုပ်လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းလမ်းကြောင်း မလွတ်သည့် နေရာမှ ဒုက္ခသည် ၃၈၀၀၀ ခန့်ကို အင်္ဂါနေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း အမှန်တကယ်ရွှေ့ပြောင်းသည့်အရေအတွက်ကို တိကျစွာ မသိရဟု OCHA ကပြောကြားသည်။

အချို့သောရိုဟင်ဂျာများက နေရာရွှေ့ရန် ငြင်းဆန်ကြသည်ဟု သိရှိရပြီး၊ တိတ်တဆိတ်ထွက်ပြေးသူ ရိုဟင်ဂျာများ မှာလည်း စက်လှေနစ်မြှုပ်ကာ ၅၈ ဦးပျောက်ဆုံးနေသည် တရားဝင်သတင်းများအရ သိရှိရသည်။

ယခုနှစ် မုန်သုံရာသီမစမှီကပင် မုန်တိုင်းအန္တရာယ်ရှိကြောင်း ကြိုတင်သတိပေးခဲ့သော်လည်း မြန်မာအာဏာပိုင်များ ၏ အစီအမံများ နောက်ကျလွန်းသည်ဟု လူ့အခွင့်အရေးအုပ်စုများက ထောက်ပြဝေဖန်ထားကြသည်။


မြန်မာ့ရေနံလုပ်ကွက်များရရှိရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကုမ္ပဏီများ ပူးပေါင်းဆောင်ရွက် ကြရန် အိန္ဒိယအစိုးရ တိုက်တွန်း

(The Economic Times မှ 16 May 2013 ရက်စွဲပါ “Put joint effort for Myanmar oil blocks: Govt to private cos, PSUs” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Economic Time

အိန္ဒိယအစိုးရသည် အိမ်နီးချင်းမြန်မာနိုင်ငံမှ ရေနံနှင့် ဓါတ်ငွေ့လုပ်ကွက်များကို လေလံဆွဲရာတွင် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်ကုမ္ပဏီများ ညှိနှိုင်းလုပ်ဆောင်သည့် နည်းလမ်းကိုလိုလားလျက်ရှိပြီး၊ သို့မှသာလျှင် တရုတ်ကုမ္ပဏီများ၏ စက်ကွင်း မလွတ်သည့် မဟာဗျူဟာမြောက်ဒေသမှ အရေးပါသော စွမ်းအင်ရင်းမြစ်များကို အိန္ဒိယနိုင်ငံက ရရှိနိုင်လိမ့်မည်ဟု ဆိုပါ သည်။

မြန်မာနိုင်ငံမှ ရေနက်ပိုင်လုပ်ကွက် ၁၉ နေရာနှင့် ရေတိမ်ပိုင်းလုပ်ကွက် ၁၁ နေရာအတွက် လေလံဆွဲရာတွင် အိန္ဒိယကုမ္ပဏီအနည်းဆုံး ၆ ခုခန့် ပါဝင်ပတ်သက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် လုပ်ကွက် ၃၀ တင်ဒါခေါ်မည့် အစီအစဉ် ကို ဇန်နဝါရီလက ထုန်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး၊ စိတ်ဝင်စားသော ကုမ္ပဏီများအနေဖြင့် နောက်လလယ် နောက်ဆုံးထား၍ အဆိုပြုလွှာ တင်သွင်းကြရမည်ဖြစ်သည်။

ပြီးခဲ့သော သတင်းပတ်အတွင်း အိန္ဒိယရေနံနှင့် သဘာဝဓါတ်ငွေ့ဝန်ကြီးဌာနက အိန္ဒိယကုမ္ပဏီများ မြန်မာ ကမ်းလွန်ရေနံ၊ ဓါတ်ငွေ့ လုပ်ကွက်များတင်ဒါဆွဲရာတွင် ပါဝင်နေသည့် ကိစ္စနှင့်ပတ်သက်၍ဆွေးနွေးရန် Chirn India, Jubilant Oil and Gas, Prize Petroleum Company, Gugarat Natural Resources ကုမ္ပဏီများမှ အမှုဆောင်များကို တောင်းဆိုလိုက်ပါသည်။

အလားအလာကောင်းသော အိန္ဒိယကုမ္ပဏီများအနေဖြင့် နိုင်ငံတကာနှင့် ပြိုင်ဆိုင်နိုင်ရန်အတွက် အချင်းချင်း ညှိနှိုင်း၍ဆောင်ရွက်ကြရန် ဝန်ကြီးဌာနကတိုက်တွန်းခဲ့သည်ဟု ၎င်းကိစ္စနှင့်နီးစပ်သူ ရေနံကုမ္ပဏီအမှုဆောင် အရာရှိတစ်ဦး က ပြောကြားသည်။

၎င်းအမှုဆောင်အရာရှိက “တရုတ်နိုင်ငံသည် မြန်မာစွမ်းအင်နယ်ပယ်တွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်နေကြောင်း၊ အိန္ဒိယ အစိုးရအနေဖြင့် မဟာဗျူမြောက် အကြောင်းရင်းများကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံမှ စွမ်းအင်ရင်းမြစ်များ ရရှိရေးကို အဆုံးရှုံးမခံလိုကြောင်း” ဆက်လက်ပြောကြားသည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်တို့သည် စီးပွားရေးဖွံ့ဖြိုးမှုကြောင့် မြန်မြန်ဆန်ဆန် ကြီးထွားလာသည့်စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် ကမ္ဘာ့နေရာအနှံရေနံနှင့်ဓါတ်ငွေ့ ရှာဖွေထုတ်ယူခွင့်အတွက် ပြိုင်ဆိုင်လျက်ရှိကြသည်။

Oil India နှင့် ONGC Videsh Ltd တို့သည်လည်းမြန်မာ နိုင်ငံမှ လုပ်ကွက်များကို စိတ်ဝင်စားနေကြသည်။ မြန်မာနိုင်ငံ၏ ရေနံလုပ်ကွက်တင်ဒါပြိုင်ဆိုင်ရာတွင် သြစတြေးလျ၊ အိန္ဒိယ၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ တရုတ်၊ မလေးရှား၊ ပါကစ္စတန်အပါအဝင် နိုင်ငံများစွာမှ ရေနံရှာဖွေရေး ကုမ္ပဏီ ၆၈ ခန့် ပါဝင်နေသည်။

ကုမ္ပဏီအများစုသည် မြန်မာနိုင်ငံ၏ စည်းမျဉ်းအတိုင်း ကမ်းခြေရေတိမ်ပိုင်းလုပ်ကွက်များ လုပ်ကိုင်နိုင်ရန်အတွက် လက်တွဲရမည့် ပြည်တွင်းမြန်မာကုမ္ပဏီများကို လေ့လာစုံစမ်းနေကြပြီဖြစ်သည်။ ရေနက်ပိုင်း လုပ်ကွက်များတွင်မူ ပြည်တွင်း ကုမ္ပဏီနှင့် လက်တွဲရန် မလိုအပ်ဟု သိရသည်။

Petronas, Total, Mitsui, Korea Gas, Esso ကဲ့သို့သော ကုမ္ပဏီကြီးများက စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုပြီးနောက်ပိုင်းတွင် မြန်မာ့စွမ်းအင်ဝန်ကြီးဌာနက ၎င်း၏ စည်းမျဉ်းစည်းကမ်းများကို အလျှော့အတင်း ညှိနှိုင်းမည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ လေလံစည်းကမ်းများအရ ကုမ္ပဏီများအနေဖြင့် လုပ်ကွက်သုံးခုထက်ပို၍ တင်ဒါဆွဲခွင့်မရှိပေ။


မြန်မာခေါင်းဆောင်နှင့် အိုဘားမားတွေ့မည်

(USA Today မှ 16 May 2013 ရက်စွဲပါ Obama to meet leader of Burma(Myanmar) ကိုဘာသာပြန်ဆိုသည်)

“Myanmar” နှင့် “Burma” ဟု အမည်နှစ်မျိုးရှိသည့် မြန်မာနိုင်ငံခေါင်းဆောင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန် ပြည်ထောင်စုသမ္မတ အိုဘားမားတို့ လာမည့်တနင်္လာနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့သတင်း ထုတ် ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အမည်ကို Burma ဟုခေါ်ဝေါ်သုံးစွဲကာ အမေရိကန် ပြည်ထောင်စု ၏ မူဝါဒသဘောထားကို ထုတ်ဖော်ထားသည့်တိုင် သမ္မတအိုဘားမားအနေဖြင့် ဦးသိန်းစိန်နှင့် တွေ့ဆုံစကားပြောဆိုမည် ဖြစ် သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။

“အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံတ ကာအသိုင်းအဝိုင်းများနှင့် အနီးကပ်ပူးပေါင်းကာ သမ္မတဦးသိန်းစိန်အစိုးရက ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲမှု ဖြစ် စဉ်များ ဆက်လက်ဖြစ်ပေါ်ရေးအတွက် တိုက်တွန်းသွားမည် ဖြစ်သည်” ဟု အိမ်ဖြူတော်ကဆိုသည်။

“ဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်းသားလူမျိုးစုများအကြားတင်းမာမှုများဖြေရှင်းရေး အစရှိသည့်အရေးကိစ္စများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးပမ်းရာတွင် ကျန်ရှိနေသေးသော စိန်ခေါ်ချက်များစွာကို သမ္မတဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့ ဆွေးနွေးသွားမည် ဖြစ်သည်။ ထို့ပြင် မြန်မာပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်းများ ဆောင်ကြဉ်း ပေးရေး၊ အမေရိကန်ပြည်ထောင်စုအနေဖြင့်  မည်သို့မည်ပုံအကူအညီပေးနိုင်မည် ဟူသောအချက်ကို သိရှိနားလည်နိုင်ရေး တို့ နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားကြမည်ဖြစ်သည်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။

အမျိုးသားလုံခြုံရေးကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် Caitlin Hayden က “အမေရိကန် ပြည်ထောင်စုအစိုးရဟာ မြန်မာ နိုင်ငံရဲ့ နာမည်ကို Myanmar လို့အနည်းအကျဉ်းမျှသာ အသုံးပြုခဲ့ပါတယ်။ အဲဒါကလည်း ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံကို သံတမန်ရေးရာ မျက်နှာသာပေးတဲ့အနေနဲ့ သုံးတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

“မြန်မာနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသား ၈၅၀ ကျော် လွှတ်ပေးခြင်း၊ မီဒီယာထိန်းချုပ် ကန့်သတ်မှုများ ဖြေလျှော့ပေး ခြင်း၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ပြုခြင်း၊ စည်းရုံးခွင့်ပြုခြင်း၊ လှုပ်ရှားခွင့်ပြုခြင်း စသည်တို့အပါအဝင် အပြုသဘော ဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်မတို့ဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ခဲ့ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ချပေးသလို သင့်တင့်လျှောက်ပတ် သလို Myanmar ဆိုတဲ့နာမည်ကို ခေါ်ဝေါ် အသုံးပြုပေးတာတွေလုပ်ခဲ့ပါတယ်” ဟု ဆိုသည်။

“Myanmar လို့ တရားဝင်ခေါ်ဆိုဖို့ ကျွန်မတို့ရဲ့ မူဝါဒမပြောင်းလဲသေးပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ရည်မှန်း ချက်ကြီးစွာ အားသွန်ခွန်စိုက်လုပ်ကိုင်နေတဲ့ အစိုးရတစ်ရပ်ကို လေးစားမှုပြသရမယ်ဆိုတာ ကျွန်မတို့ယုံကြည်ထားပါတယ်။ အဲဒီလိုလုပ်တာကလည်း မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကိုထောက်ပံ့ပေးနိုင်မယ့် အရေးကြီးတဲ့ အချက်ပြမှုတစ်ခုဖြစ်သလို အသွင်ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်အောင် အကူအညီပေးရေးအတွက် ကျွန်မတို့ရဲ့ဆန္ဒတစ်ရပ်ဖြစ်တယ်လို့ ယုံကြည်ထား ပါတယ်”

“Burma ဆိုတာ မြန်မာနိုင်ငံရဲ့ နာမည်ဆိုတဲ့ ကျွန်မတို့ရဲ့မူဝါဒဆက်ရှိနေပါဦးမယ်”



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment