Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီဆွေးနွေးပွဲက မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးသူတွေကို တရားဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးနိုင်မယ့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် ကာကွယ်ပေးမှုစနစ်တစ်ခုကို လုပ်ဆောင်ရာမှာ တွေ့ကြုံမယ့် စိန်ခေါ်မှုတွေနဲ့ ပက်သတ်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဥပဒေကျွမ်းကျင်သူပညာရှင်များ ဆွေးနွေးနိုင်ခွင့်ရစေပါလိမ့်မယ်။ ဒီလိုအရေးပါတဲ့ လုပ်ငန်းစဉ် တစ်ခုမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါ တယ်။”

မေလ ၂၃ ရက်နေ့ထုတ် News Week ဂျာနယ် အတွဲ (၂) အမှတ် (၈၃) တွင်ပါရှိသော “International Bridges to Justice (IBJ) နှင့် စင်ကာပူဆက်သွယ်ရေးကုမ္ပဏီ Sing Tel တို့ပူးပေါင်း၍ ဥပဒေရေးရာဆွေးနွေး ပွဲ ကျင်းပ” သတင်းမှ IBJ တည်ထောင်သူ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ms.Karen Tse ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“KIO ဘက်ကတော့ ကချင်ပြည်နယ်ထဲမှာတွေ့မှာဖြစ်တဲ့အတွက် ခိုင်မာတဲ့လေ့လာစောင့်ကြည့်သူတွေကို ထည့်သွင်းချင်နေ တယ်။ KIO အဆိုပြုထားတဲ့ စောင့်ကြည့်လေ့လာသူ အဖွဲ့လေးဖွဲ့က UN,US,UK နဲ့ တရုတ် တို့ဖြစ်ပါတယ်။”

မေလ ၂၃ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၃) တွင်ပါရှိသော “အစိုးရနှင့် KIO မြစ်ကြီးနားတွင် ပထမဆုံးတွေ့ဆုံမည်” သတင်းမှ ဖက်ဒရယ်ကောင်စီမှ အထွေထွေအတွင်းရေးမှူး ဦးခွန်ဥက္ကာ ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“အဓိကကတော့ ပြည်သူလူထုအတွက် အကျိုးမရှိတာဘဲ၊ ဒေသခံတွေကထုတ်ပြောမှ တစ်ခုပြီးတစ်ခုပေါ်လာ တယ်။ ပွင့်လင်းမြင်သာမှုရှိစေရမယ်လို့ ပြောပေမဲ့ အခုလုပ်နေတဲ့ သဘာဝရင်းမြစ်ဆိုင်ရာ စီမံကိန်းတိုင်းလိုလို ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုကို မလာနဲ့လို့ပြောလို့မရဘူး။ ကိုယ့်မှာရှိနေတဲ့ ဥပဒေအခြေအနေတွေကို သူတို့လေ့လာပြီး ကိုက်ရင်လာမှာပဲ။ ကိုယ့် အစိုးရဘက်က ရင်းနှီးမြှုပ်နှံမှုကို စနစ်တ ကျ ဘယ်လိုခန့်ခွဲသလဲ၊ ဘယ်လို လက်ခံသလဲအပေါ်မှာ မူတည်တယ်။”

မေလ ၂၁ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၇) တွင်ပါရှိသော “မြန်မာနိုင်ငံကို သဘာဝအရင်း အမြစ်စီမံခန့်ခွဲမှုမှာ အညံ့ဖျင်းဆုံးနိုင်ငံအဖြစ် ထုတ်ပြန်” သတင်းမှ စီးပွားရေးပညာရှင်ဒေါက်တာ မြင့်သန်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် ABSDF နဲ့ မြန်မာငြိမ်းချမ်းရေး အဖွဲ့နဲ့ ၂ ဖက် ကျနော်တို့ ညှိနှိုင်းဆွေးနွေးပွတွေကို ဒီကနေ့ စပြီးတော့ လုပ်ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ကျနော်တို့ Peace Center မှာပဲ ဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ကျနော်တို့ တွေ့ပြီးတော့၊ နေ့လည်ပိုင်းမှာတော့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ technical team နဲ့ ဆက်ဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ နိုင်ငံရေ တွေ့ဆုံပွဲတွေ ဖြစ်ပေါ်လာရေးအတွက်၊ တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ အကြိုညှိနှိုင်း ဆွေးနွေးပွဲပါ။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “ABSDF နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေး” သတင်းမှ ABSDF အထွေထွေ အတွင်းရေးမှူး ဦးဆန်နီ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“တိုင်းပြည်တစ်ပြည်မှာ အခြေခံဥပဒေရှိဖို့လိုပါတယ်။ ဒီထက်ပိုအရေးကြီးတာက အခြေခံဥပဒေသည် တရား မျှတရပါမယ်။ အရေးကြီးဆုံးကတော့ အခြေခံဥပဒေကိုလိုက်နာကျင့်သုံးဖို့ပါပဲ။ အခြေခံဥပဒေကို ဘယ်လိုပဲ ပြင်ပြင်၊ ဘယ်လောက်ပဲပြင်ပြင် အဲဒီအခြေခံဥပဒေကိ မလိုက်နာရင်တော့ အလကားပဲ။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို ကိစ္စတော်တော်များများရှိနေပါတယ်။”

မေလ ၂၁ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အစိုးရသစ်တက်ပြီးနောက် တိုင်းပြည်ကို ပြုပြင်ပြောင်းလဲခဲ့သော်လည်း အောင်မြင်မှုမရခြင်းက အခြေခံဥပဒေကြောင့်ဟုဆို” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းညွှန့်လွင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment